-
Jul- 2024 -3 Julyသတင်း
မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေပြီး ရပ်ကွက်အားလုံး ရေဘေးအန္တရာယ်ကြုံတွေ့နေရ
ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်မှာ ရေကြီးရေလျှံဖြစ်နေပြီး စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေတာကြောင့် မြို့တွင်းရပ်ကွက်အားလုံးနီးပါ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီလို့ သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်မှစတင်ပြီး မိုးကောင်းမြို့ထဲ ရေစတင်ဝင်ရောက်လာပြီး ဒီကနေ့မှာတော့ မြို့တွင်းကားလမ်းမကြီးသာကျန်ရှိပြီးတော့ လမ်းမကြီးရဲ့ တစ်ဖက်ခြမ်းစီရှိတဲ့ လူနေအိမ်ရပ်ကွက် အားလုံး ရေနစ်မြုပ်လာတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မြို့တစ်ခုလုံးကြီးနေပါတယ် ကယ်ဆယ်ရေးတွေလည်း အခုလုပ်ဖို့ စီစဉ်နေကြတယ်။ ရေကြီးတဲ့ အခြေအနေက ကားလမ်းဘဲကျန်တော့တယ်။ မြို့ရဲ့ ဒီဘက် ဟိုဘက်ခြမ်း ရပ်ကွက်အကုန်လုံးမှာ ရေပြည့်သွားပြီ။ စတင်များလာတာက ညနေပိုင်း ၄ နာရီလောက်မှ ရေစတင်များလာတာဟုတ်။ မိုးကောင်းမှာက ကားလမ်းမကြီးက ကုန်းလိုဖြစ်နေတော့ ကားလမ်းပဲပေါ်တော့တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မြို့ဦး၊ စျေးကုန်း၊ ကိုးတန်း၊ ကျွန်းတော၊ ဖိုးချစ်ကုန်း၊ ဘူတာဇွပ်နဲ့ နောင်ကိုင်တော စတဲ့ ရပ်ကွက်နေရာတွေမှာ ရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေက သွားလို့မရဘဲ နေအိမ်အတွင်းမှာပဲ ရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။…
Read More » -
3 Julyသတင်း
လားရှိုးမှာ လက်နက်ကြီးကျပေါက်ကွဲလို့ မိသားစုဝင် ၆ ဦးသေဆုံး
ရှမ်းမြောက် လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မိသားစု ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၃ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့ ရပ်ကွက်(၁)ဗျူဟာလမ်းထဲက နေအိမ်တစ်အိမ်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီး ၂ ဦး၊ ကလေး ၃ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ အိမ်နီးချင်းက ဒေသခံတွေဆီကနေ သိရပါတယ်။ “လက်နက်ကြီးသံတွေပဲ ကြားနေရတယ်။ ဒီမနက်တော့ ဘယ်ကပစ်လိုက်တဲ့လက်နက်ကြီးလည်း မသိဘူး အိမ်တစ်အိမ်မှာလာကျပြီး မိသားစု ၅ ဦးသေဆုံးသွားတာ။ လက်နက်သံတွေ ဆိုးဆိုးရွားရွားမြည်လာတော့ အိမ်နဲ့လည်းအရမ်းနီးတာနဲ့ ကျမတို့လည်း ကတုတ်ကျင်းထဲပဲပြေးဝင်နေချိန် အိမ်နားကပဲ အဲလိုဖြစ်သွားတာ။” လို့ အနီးနားရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။…
Read More » -
2 Julyသတင်း
မိုးကောင်းမှာ လျှပ်စစ်မီးပျက်တာ ၄ ရက်ရှိပြီ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ…
Read More » -
2 Julyသတင်း
ချီဖွေမှာ မြေပြိုမှုကြောင့် လမ်းပိတ်နေပြီး လျှပ်စစ်မီးပြတ်တောက်နေ
ကချင်ပြည်နယ် ချီဖွေမြို့မှာ မိုးသည်းထန်စွာရွာပြီး မြေပြိုတာတွေကြောင့်…
Read More » -
2 Julyသတင်း
ရေဘေးကြုံတွေ့နေကြတဲ့ နောင်းချိန်းနဲ့လဘန်ရွာ စစ်ဘေးရှောင်များ အစားသောက်နဲ့ဆေးဝါးကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေ
ဝိုင်းမော်မြို့နယ် နောင်းချိန်းနဲ့ လဘန်ကျေးရွာမှာ ရေဘေးဒုက္ခကြုံနေတဲ့ စစ်ရှောင်ပြည်သူများတွက် အစားအသောက်နဲ့ ဆေးဝါးအကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တာဝန်ခံတွေကပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့ ဒီနေ့မနက်ပိုင်းကစပြီး ဧရာ၀တီမြစ်ရေတဖြည်းဖြည်းကျဆင်းသွားပြီဖြစ်ပေမဲ့ ရေကြီးမှုကြောင့်ပျက်စီးသွားတဲ့ အဆောင်တွေရှိသလို တစ်ချို့စစ်ရှောင်စခန်းမှာတော့ ရေပြည့်နေသေးတယ်လို့ ပြောပါတယ်။ “လောလောဆယ် ရေကျပြီဆိုပေမဲ့ နေစရာခက်သွားပြီ။ ဟိုတလောကပဲ စစ်ရှောင်ကူညီရေးအဖွဲ့ကပဲ ဆောက်ပေးထားတဲ့ အဆောင်တွေလည်း ရေထဲမျှောသွားတဲ့ဟာတွေလည်း ပါတယ်။ အခုက နောင်းချိန်းအထကကျောင်းမှာ အားလုံးစုပြုံနေကြသေးတယ်။ ရေကျနေတယ်ဆိုပေမဲ့ စစ်ရှောင်စခန်းတွေမှာ နေလို့မရသေးဘူး ရေပြည့်နေသေးတယ်။”လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဇွန် ၃၀ ရက်နေ့ညနေပိုင်းကစပြီး ကချင်ပြည်နယ်အထက်ပိုင်းကို မိုးသည်ထန်စွာရွာသွန်းတာကြောင့် ဧရာ၀တီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့အားလုံးနီးပါး ရေဘေးအန္တရယ်ကြုံနေရပြီး နောင်းချိန်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းနဲ့ လဘန်ကျေးရွာကစစ်ဘေးရှောင်စခန်းတွေမှာရေဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင်များ ရေလွတ်ရာ ရွှေ့ခဲ့ကြတာဖြစ်ပါတယ်။…
Read More » -
2 Julyသတင်း
ဗန်းမော်မြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်နီးကပ်လာတဲ့အတွက် ဒေသခံ တစ်ထောင်နီးပါးဘေးလွှတ်ရာရွှေ့ပြောင်း
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်နီးကပ်လာတာနဲ့အတူ မြေနိမ့်ပိုင်း ရပ်ကွက်ကဒေသခံတစ်ထောင်နီးပါး ဘေးလွှတ်ရာတွေမှာကြိုတင်ရွှေ့ပြောင်းနေကြရပြီလို့ လူမှုကူညီရေး အသင်းတွေဆီကသိရပါတယ်။ လက်ရှိ ဗန်းမော်မြို့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်ရောက်ရှိနေပြီး နောက်ထပ် ၆နာရီအတွင်း စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုး/ဇလက ဒီကနေ့ ညနေ ၂ နာရီခွဲမှာပဲ ထုတ်ပြန်ထားပါတယ်။ ဗန်းမော်မြို့နယ်အတွင်းမှာတော့ ရေဘေးရှောင်ရန်အတွက်လို့ဆိုကာ စခန်း ၄ ခုလောက်ပြင်ဆင်ထားပြီး လက်ရှိမြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတစ်ထောင်လောက်ရွှေ့ပြောင်းလာကြပြီလို့ သုညသုခပရဟိတ လူငယ်အသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကျနော်အခုလာခဲ့တဲ့စခန်းကပဲကို လူဦးရေ ၄၀၀ လောက်ရွှေ့ပြောင်းလာခဲ့ပြီ။ အနိမ့်ပိုင်းရပ်ကွက် တွေကပဲပေါ့။ ရေတွေတော့ဝင်တာတွေရှိတယ်။ ဗန်းမော်ရဲ့စိုးရိမ်ရေအမှတ်ကိုလည်းရောက်နေပြီ။ ခန်းမှန်းဆိုရင် ၁ ထောင်ကျော်လောက်ပြီ ဘာလို့ဆို ကျနော်ရောက်ခဲ့တဲ့ စခန်းကပဲ လူဦးရေ ၄၀၀ ဆိုတော့ လေ” လို့ပြောပါတယ်။…
Read More » -
2 Julyသတင်း
မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေကျနေပြီဖြစ်လို့ အောက်ဘက်ပိုင်းကမြို့တွေ ကြိုတင်ပြောင်းရွှေ့တာတွေ လုပ်ဖို့ မိုး/ဇလ အသိပေး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတစ်နာရီကို ၄ လက်မနှုန်းနဲ့ကျနေပြီဖြစ်လို့ ဧရာဝတီမြစ်အောက်ဘက်ပိုင်းမြို့တွေက ဒေသခံတွေကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ ကချင်ပြည်နယ် မိုး/ဇလ ဦးစီး အရာရှိကအသိပေးထားပါတယ်။ ဧရာဝတီမြစ်ရေဟာ မနေ့က ည ၉ နာရီခွဲအထိကို စိုးရိမ်ရေအမှတ် ၆ ပေခွဲအထိရှိခဲ့တာဖြစ်ပြီးတော့ ဒီကနေ့ မနက် ၇ နာရီ စိုးရိမ်ရေအမှတ် လေးပေခွဲဝန်းကျင်အထိဆက်ရှိနေပြီး တစ်နာရီကို ၄ လက်မနှုန်းနဲ့ မြစ်ရေပြန် ကျနေတယ်လို့ မိုး/ဇလ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဆက်ကျလာတာနဲ့အတူ အောက်ဘက်ပိုင်းက မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်၊ တကောင်း ၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့မြို့တွေက ဒေသခံတွေ ကြိုတင်ပြင်ဆင်တာ တွေလုပ်ကြဖို့ မိုး/ဇလက အသိပေးထားပါတယ်။ ဒါ့ကြောင့် ကသာဒေသခံတစ်ယောက်ကို KNG က ဆက်သွယ်မေးမြန်းတဲ့အခါ မြစ်ရေအရှိန်နဲ့တက်လာနေပြီး မြေနိမ့်ပိုင်းရပ်ကွက်ကဒေသခံတွေတော့ ရွှေ့ပြောင်းနေကြပြီလို့ အခုလိုပြောပါတယ်။…
Read More » -
2 Julyသတင်း
ဖားကန့်မြို့မှာ လှေတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ
ဖားကန့်မြို့ ငှက်ပျော်တောရပ်ကွက်မှာ ရေဘေးရှောင်တွေစီးလာတဲ့ လှေတစ်စီးတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးရေစီးနဲ့မျှောပါသွားတယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ မနေ့က ၇နာရီ ၂၀ မိနစ်ဝန်းကျင် ငှက်ပျော်တောရပ်ကွက်၊ အောက်လမ်း ဦးဝေလင်းအကင်ဆိုင်နားမှာ ပြည်သူ ၅ ဦးလိုက်ပါလာတဲ့ လှေတစ််််စီး တိမ်းမှောက်ခဲ့တာဘဲ ဖြစ်ပါတယ်။ လှေတိမ်းမှောက်မှုမှာ လူ ၄ ဦးကိုသာ အသက်ရှင်လျက်ပြန်ကယ်ဆယ်နိုင်ခဲ့ပြီး ငှက်ပျော်တောရပ်ကွက်နေ ဒေါ်မိုးအေးဆိုတဲ့ အမျိုးသမီးကတော့ရေစီးနဲ့ အတူမျှောပါသွားပြီး ခုထိပျောက်ဆုံးနေဆဲဖြစ်တယ်လို့ လှေတိမ်းမှောက်မှုမှာပါလာတဲ့ အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။…
Read More » -
Jun- 2024 -30 Juneသတင်း
မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ပြည်နယ်မိုးဇလသတိပေး
ကချင်တစ်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခု နှစ်မိုးရာသီရဲ့ဧရာဝတီမြစ်ရေမှတ်ဟာ…
Read More » -
28 Juneသတင်း
ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့ ဒေသခံကျောင်းသားမိဘတွေ နဲ့ TNLA ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။…
Read More »









