KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Apr- 2024 -
    12 April
    သတင်း

    လွယ်ဂျယ်နယ်စပ်ဂိတ်ဖွင့်လိုက်ပြီး KIO အစိုးရ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားပြီဖြစ်တဲ့ လွယ်ဂျယ်မြို့မှာ…

    Read More »
  • 12 April
    သတင်း

    ဆယ်ဇင်းပြည်သူတွေကို KIA အရေးပေါ်ပြောင်းရွေ့ခိုင်း

    ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ဆယ်ဇင်းဒေသခံပြည်သူတွေကို KIA ဘက်ကအရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာတပ်ထိုင်ထားတဲ့ စစ်တပ်နဲ့SAN ပူးပေါင်းတပ်စခန်းကို KIA၊KPDF မဟာမိတ်ပူးပေါင်းတပ်တွေ ဧပြီလ ၉ ရက်နေ့မနက်ကနေ ထိုးဆင်နွဲတိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိတိုက်ပွဲပိုပြီးပြင်းထန်လာနေတဲ့အတွက် အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာဖြစ်တယ်လို့ ဆယ်ဇင်းစစ်ရှောင်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်မတို့…

    Read More »
  • 12 April
    သတင်း

    ကားမိုင်းမှာ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ ပစ်သတ်ထား

    ဖားကန့်မြို့နယ် ကားမိုင်းမြို့ လမောင်ကထောင်(Lamawng Kahtawng)ရွာအဝင်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့က ကချင်အမျိုးသားတစ်ဦးကို ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီလောက်မှာပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အသက် ၄၃ နှစ်ရွယ် ဦးဂျန်မော်တူးအောင်ဆိုသူဟာ လယ်ခင်းကိုသွားတဲ့ လမ်းခုလပ်မှာ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးပြီးပစ်သတ်ပေးလိုက်တာဖြစ်တယ်လို့ မိသားစုနဲ့ နီးတဲ့ ကားမိုင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • 12 April
    သတင်း

    မိုးညှင်း ကစ်သစ်လစ်သာသနာပြု ဘုန်းတော်ကြီးတစ်ပါးသေနတ်ခတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေ (၂)ရပ်ကွက် ကတ်သစ်လစ်ဘုရားကျောင်းမှာကတ်သစ်လစ်ဘုန်းတော်ကြီးတစ်ပါး ဝတ်ပြုကိုးကွယ်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ စိန်ပတ်ထရစ်ဘုရားကျောင်းထဲအသင်းသားတွေနဲ့ဝတ်ပြုကိုးကွယ်နေတဲ့အချိန် အမည်မသိလူ ၂…

    Read More »
  • 12 April
    သတင်း

    ဗန်းမော်မှာ မြို့စွန့်ခွာတိမ်းရှောင်သူများလာပြီး ကားခ၊လေယာဉ်ခစျေးအဆမတန်မြင့်တက်နေ

    ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေကြောင့် မြို့စွန့်ခွာတိမ်းရှောင်သူတွေများလာပြီး  ကားခ၊…

    Read More »
  • 11 April
    သတင်း

    ကျွန်းကုန်းရွာဘက် ထိုးစစ်ဆင်လာတဲ့စစ်ကြောင်း PDF ကြားဖြတ်တိုက်ခိုက် 

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို ဟုမ္မလင်း PDF ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကျွန်းကုန်းကျေးရွာကို ပြန်သိမ်းယူချင်တာကြောင့် ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင် ဖောင်းပြင်ကနေကျွန်းကုန်းဘက်ကိုတက်လာချိန် မန်မော်ကျေးရွာအဝင် လမ်းခုလတ်မှာ ကာကွယ်ရေးတပ်ဘက်ကစောင့်ကြိုတိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးကKNG ကိုပြောပါတယ်။ “စစ်ကြောင်းကဖောင်ပြင်ကနေတက်လာတာ ညကတောထဲမှာညအိပ်တယ်မနက်အစောကြီး ကျွန်းကုန်းဘက်ကိုလာတဲ့အချိန် ဖောင်းပြင်နဲ့ကျွန်းကုန်းကြားထဲက မန်မော်ကျေးရွာအရောက်မှာ ဒီဘက်ကနေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့အထိနာတော့ ပြန်ဆုတ်သွားတယ် တချို့လည်းဒဏ်ရာကြီးကြီးမားမားရတဲ့စစ်သားတွေကိုဖောင်းပြင်ထိပို့လးတယ်ကြားတယ် တိုက်ပွဲ ကမနက် ၆နာရီကနေ မနက်၁၀ နာရီထိကြာတယ်”လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။…

    Read More »
  • 11 April
    သတင်း

    ဆယ်ဇင်းရွာကစစ်ဘေးရှောင်တစ်ချို့ စားနပ်ရိက္ခာခက်ခဲနေ

    ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကနေ ဘကြီးကွင်းဘက် တိမ်းရှောင်နေတဲ့စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာခက်ခဲနေပြီး ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဝင်တိုက်နေတာကြောင့် ဒေသခံရာချီစစ်ဘေးရှောင်နေရပြီး အစားသောက်ရေးအခက်အခဲဖြစ်နေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။…

    Read More »
  • 11 April
    သတင်း

    လုံးခင်းမှာ အမှိုက်ပုံမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်း

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အများပြည်သူစွန့်ပစ်နေတဲ့ အမှိုက်ပုံမီးရှိူ့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေကနေ သိရပါတယ်။ လုံးခင်းကျေးရွာအရှေ့ဘက် လုံးခင်းနဲ့လယ်ပြင်ကျေးရွာကြားမှာ နေထိုင်တဲ့ပြည်သူတွေစွန့်ပစ်နေတဲ့အမှိုက်ပုံကို  ဧပြီ ၁၀ ရက်နေ့ညမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေရာအကျယ်အဝန်းပေပေါင်း ၃၀၀၀ ကျော်မီးလောင်သွားတယ်လို့ လုံးခင်းကျေးရွာအနေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။ “စရှို့တာက ည ၃ နာရီဝန်းကျင်လောက်ဟုတ်တယ် နေတော့နည်းနည်းကျသွားပြီအဲ့ချိန်ရှို့တာ ဒါပေမယ့်အမှိုက်ပုံကပြန့်ကျဲနေတော့သူ့နားမှာလည်းကိုင်းတောကြီးရှိတယ် အဲ့ကိုင်းတောကိုမီးကူးစက်သွားတာ တောကျယ်တယ် ပေ ၃၀၀၀ ၊၄၀၀၀ လောက်ထိကိုမီးလောင်သွားတယ်”လို့ အသက် ၃၀ ကျော်အရွယ်အမျိူးသားတစ်ဦးက ပြောပါတယ်။…

    Read More »
  • 11 April
    သတင်းphoto- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    ဆော့လော် ဒု-တပ်ရင်းမှူးကို ဖမ်းဆီးပြီးနောက် ဆော့လော် ပြည်သူ့စစ်စခန်းတစ်ခု KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ဆော့လော်မြို့နယ်််မှာ စစ်ကောင်စီတပ် အဝင်အထွက်ပြုလုပ်နေတဲ့ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • 11 April
    သတင်း

    ပူတာအိုမှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းပြတ်လပ်

    မြစ်ကြီးနား– ပူတာအိုသွားတဲ့ ကားလမ်းပိုင်းပိတ်ထားတာတစ်လကျော်ကြာမြင့်လာတာနဲ့အမျှ ပူတာအိုမြို့မှာစက်သုံးဆီနဲ့ ကုန်စည်ပစ္စည်းတွေလုံးဝပြတ်လတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပူတာအို–မြစ်ကြီးနားသွား ကားလမ်းပိုင်းကိုပိတ်လိုက်တဲ့နေ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း စက်သုံးဆီတွေကိုအကန့်အသတ်နဲ့ဝယ်ယူခွင့်ရခဲ့ပေမဲ့ ဧပြီလ ၁၀ ရက်နေ့ကစ ဆီဆိုင်တွေအားလုံးနီးပါးပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဆီတွေက လုံးလုံးပြတ်သွားတာပေါ့နော်၊ အရင်က ရောင်းလက်စလူတွေက လက်ကျန်လေးတွေပေါ့ တစ်ဂါလံနှစ်ဂါလံ အဲ့တာလေးတွေကို ဒီဘက်မှာတော့ ပုလင်းလေးတွေနဲ့ လီတာနဲ့ရောင်းတာမဟုတ်ဘူး ပုလင်းထဲမှာထည့်ပြီး တစ်လုံးကို တစ်သောင်း၊ တစ်သောင်းခွဲ ရောင်းပေးနေတာပေါ့၊ ကိုယ်က ၅ ဂါလံလောက်လိုချင်တယ်ဆိုရင် လုံးဝမရဘူး”လို့ပြောပါတယ်။ ပူတာအိုမြို့မှာ စက်သုံးဆီမပြတ်ခင်  တစ်ဂါလံ ၆သောင်း၊ တစ်ပုလင်းကို ၁၀၀၀၀ ကျပ်ထိရှိခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်သွားတဲ့အတွက် မြို့တွင်း ဆိုင်ကယ်၊ ကားတွေနဲ့ သွားလာသူတွေမရှိသလောက်နည်းပါးနေပြီး သွားရေးလာရေးအခက်အခဲတွေ ကြုံနေရတယ်လို့ မချမ်းဘောဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…

    Read More »
Back to top button