-
Apr- 2024 -11 Aprilသတင်း
နန့်ယားစခန်းသိမ်းတိုက်ပွဲ အရာရှိတစ်ချို့နဲ့အင်အား ၃၀ ခန့်အလံဖြူထောင်လက်နက်ချ
ဖားကန့်မြို့နယ် နန့်ယား(Namya) စခန်းသိမ်းတိုက်ပွဲ ၃ ရက်နေ့မြောက်မှာ စစ်တပ်ဘက်ကအလံဖြူထောင်လက်နက်ချခဲ့ပြီး အရာရှိတစ်ချို့ပါအဝင် အင်အား ၃၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းစတင်ဝင်ရောက်တိုက်ခိုက်ခဲ့နေတဲ့ နန့်ယားစစ်တပ်စခန်းက စစ်တပ်သားတွေဟာ ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အလံဖြူထောင်လက်နက်ချခဲ့တာကြောင့် KIA ကအပြီးသတ်သိမ်းပိုက်ထားပြီလို့ KIA နဲ့ နီးစပ်တဲ့ နန့်ယားဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဒီမနက် ၇ နာရီလောက်မှာ စစ်သားအယောက် ၃၀ လောက်က အလံဖြူထောင်ပြီးထွက်လာကြတယ် အားလုံးကို KIA ခေါ်သွားပြီ။ တပ်ထဲကိုပြန်ဖို့လည်း မပြန်ရဲဘူးလို့ပြောတယ်တဲ့။ KIA ကအမြန်ထွက်လာဖို့ တပ်ဆုတ်ပေးဖို့ ပြောနေတဲ့ကြားက သူတို့က အထက်အမိန့်နဲ့ ပစ်ရမယ်လို့ပြောလို့ ပစ်ကြတယ်လို့ကြားတယ်”လို့ပြောပါတယ်။ နန့်ယားစစ်ကောင်စီတပ်သားတွေ အလံဖြူထောင်လက်နက်ချအပြီးမှာပဲ KIA က တပ်တွင်းရှိ စစ်လက်နက်၊ ခဲယမ်းတွေကို ကားနဲ့သယ်ယူနေကြပြီလို့ ပြောပါတယ်။…
Read More » -
10 Aprilသတင်း
နန့်ယားတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေမီးလောင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ
ဖားကန့်လမ်း နန့်ယားကျေးရွာ (Namya Mare)မှာ…
Read More » -
10 Aprilသတင်း
ငွေကြေးတောင်းခံတဲ့ဂိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုးကောင်း PDF ပြော
မိုးကောင်းမြို့နယ် မြို့ဝင်၊ မြို့အထွက်တွေမှာ စစ်ကောင်စီတပ်နဲ့…
Read More » -
10 Aprilသတင်း
MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့…
Read More » -
10 Aprilသတင်း
ကျောက်စခန်းရွာစစ်ဘေးရှောင်များအတွက် စားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ
မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့အပြင် စစ်တပ်ဘက်ကမိုးမောက်ဘက်ကနေလက်နက်ကြီးအပြင် လေကြောင်းတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဧပြီလ ၅ ရက်နေ့ ဒေသခံပြည်သူတွေမိုးမောက်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ကျောက်စခန်း ဒေသခံပြည်သူတွေအနေနဲ့ ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်းရှောင်လာခဲ့ ကြတာဖြစ်တဲ့အတွက် စားနရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်မတို့က ထွက်ပြေးလာတဲ့ချိန် ပစ္စည်းတွေဘာတွေယူဖို့ ဘာမှအချိန်မရခဲ့ဘူး၊ ကိုယ်လွတ်ထွက်ပြေးလာခဲ့ရတာ၊ အဝတ်အစားတွေလည်းမပါ၊ စားစရာတွေလည်းမယူလာခဲ့ရဘူး၊ အိပ်တဲ့အချိန် စောင်တွေလည်းမလောက်၊ အခင်းတွေလည်းမလောက်ဘူး၊ ခြင်တွေက ပြန်ကိုက်နဲ့ အခက်အခဲတွေအများကြီးကြုံနေရတယ်”လို့ပြောပါတယ်။…
Read More » -
10 Aprilသတင်း
ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်စတင်တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF မဟာမိတ်ပူးပေါင်းတပ်က ဒီနေ့မနက်ပိုင်းကနေစပြီး စတိုက်ခိုက်နေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံတွေဆီကနေ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တို့အထိုင်ချထားတဲ့တပ်စခန်းကုန်းက စစ်သားတွေကိုလက်နက်ချအညံ့ခံဖို့ KIA ပူးပေါင်းတပ်တွေသတိပေးထားပေမယ့် လက်နက်ချအညံ့မခံတာမရှိတဲ့အတွက် ဒီနေ့ ၁၁ နာရီတိတိမှာစပြီး တိုက်ခိုက်နေပြီလို့ ဆယ်ဇင်းကျေးရွာအမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဒီဘက် (KIA၊PDF)ဘက်က လက်နက်တွေချထားပြီးထွက်လာကြဖို့ပြော အဲ့တာမထွက်ဘူးလို့ပြောတာတဲ့ မထွက်လို့အခုတိုက်နေကြပြီ ခုနလေးတင်ပဲ ဗုံးသံတွေကောကြားနေရတယ် ခုထိပစ်နေကြတုန်း”လို့ ဖားကန့်KPDF နဲ့နီးစပ်တဲ့အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကုန်းထဲမှာ လက်ရှိစစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်အင်အား ၅၀ ဝန်းကျင်ရှိတယ်လို့သိရပြီး ထိခိုက်သေဆုံးမှုမရှိချင်တာကြောင့် လက်နက်ချဖို့ KIA ပူးပေါင်းတပ်တွေမနေ့ကတည်းကပြောဆိုထားတာဖြစ်တယ်လို့ ဖားကန့်KPDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။…
Read More » -
10 Aprilသတင်း
လွယ်ဂျယ်မြို့ ခလရ ၁၄၂ တပ်ရင်းထဲက ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော် KIA ရရှိ
ကျပ်သိန်းပေါင်းများစွာရှိတဲ့ ငွေတွေကို စစ်တပ်ထဲက သိမ်းဆည်းရရှိတာဖြစ်တဲ့အတွက် ငွေတွေအားလုံးကို KIA ရဲ့ စခန်းသိမ်းပိုက်မှုမှာရရှိတဲ့ ပစ္စည်းအဖြစ် သိမ်းယူထားပြီလို့ သူကဆက်ဆိုပါတယ်။
Read More » -
9 Aprilသတင်း
မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်းအကြိမ် ၇၀ နီးပါးဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း…
Read More » -
9 Aprilတိုက်ပွဲ
နန့်ယားမှာတိုက်ပွဲပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA သတိပေး
ဖားကန့်သွားလမ်းမပေါ် နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » -
9 Aprilသတင်း
KIA သတိပေးထားတဲ့နောက်ဆုံးရက်မတိုင်မှီ လွယ်ဂျယ်စစ်တပ်တရုတ်သို့ထွက်ပြေး
“စစ်သားတွေကို မနေ့ကနောက်ဆုံးထွက်ဖို့ သတိပေးထားတယ်။ မထွက်ရင် ပစ်မယ်ဆိုပြီး KIA က အင်အားတွေ ထပ်တိုးထားပြီးတော့ ဝိုင်းရံထားတာဟုတ်တယ်။ သူတို့ဘက်ကလည်း ကြောက်လာလို့ထင်တယ်။ မနေ့ညက အကုန်ထွက်သွားကြပြီ”လို့ပြောပါတယ်။
Read More »









