KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Jan- 2026 -
    9 January
    သတင်း

    မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြော

    စစ်ကော်မရှင်က အကော်အထည်ဖော်ဖို့လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ဝန်ကြီးချုပ် ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ပြည်သူလူထုနဲ့သတင်းစကားပြောကြားခြင်း အစီအစဥ်မှာ ဦးနေဘုန်းလတ်က အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။ “အခုလိုအချိန်မှာ မြစ်ဆုံစီမံကိန်းကိုပြန်စဖို့ကြိုးစားတာဟာ ၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေး လိုက်တာပဲဖြစ်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးအနေနဲ့ ပြည်သူ့အသံကိုနာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မဆို အတည်ဖြစ်မှာမဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုနဲ့နစ်နာမှုတွေက လည်း စစ်အုပ်စုနဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့တာဝန်သာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။…

    Read More »
  • 9 January
    သတင်း

    နယ်မြေကျူးကျော်ဝင်ရောက်မှုကြောင့် နာဂလက်နက်ကိုင်အချင်းချင်းကြားတိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-Kယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့ ပန်ဆောင်မြို့နယ်ထဲကို  NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ NSCN-K အန်းမိုင်းအဖွဲ့ဟာ နာဂဒေသမှာ မူလရှိနေတဲ့ NSCN-K(ခပ္ပလန်)အဖွဲ့ကနေခွဲထွက်ထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့ဖြစ်တာကြောင့် NSCN-K ယုန်းအောင်အဖွဲ့နယ်မြေထဲမဝင်လာကြဖို့အကြိမ်ကြိမ်သတိပေးတားမြစ်ထားတဲ့ကြားကနေ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီကနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ယုန်းအောင်အဖွဲ့ကသတိပေးတယ် အန်းမိုင်းအဖွဲ့မင်းတို့ ဒုံဟီးအထိပဲလှုပ်ရှား ဒုံဟီးကိုမကျော်လာတဲ့ဆိုပြီးသတိပေးထားတယ်။ အဲ့ကြားကနေ နန်းယွန်းမြို့အထိရောက်လာတယ် အဲ့မှာတစ်ခါထပ်သတိပေးတယ် နန်းယွန်းက ယုန်းအောင်အဖွဲ့စိုးမိုးနယ်မြေဖြစ်တယ်။ ပြန်ခေါက်ပါဆိုပြီး သတိပေးတာကိုဂရုမစိုက်ဘူး ပန်ဆောင်မြို့ပေါ်အထိဝင်လာတယ်လေး သူတို့ပန်ဆောင်ရောက်တာနဲ့ချက်ချင်းတော့မတိုက်ဘူးပြန်ခေါက်ဖို့ အချိန်ပေးသေးတယ် သတိပေးတယ် မပြန်တဲ့အပြင်ရွာတွေဘက်ထိဝင်လာတော့ ယုန်းအောင်အဖွဲ့က ဝင်တိုက်တာ”လို့ပြောပါတယ်။…

    Read More »
  • 9 January
    သတင်း

    ဝန်းသိုမြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းနဲ့ကချင်အစပ်က ဝန်းသိုမြို့ နမ်းခမ်းကျေးရွာကြီးကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း၈ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်အိမ်မီးလောင်ပျက်ဆီးခဲ့ရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ်းခမ်းကျေးရွာအုပ်စုက အရှေ့စက်ရပ်ကွက်နဲ့ဘူတာစုရပ်ကွက်တွေတစ်ဝှိုက်ကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိဘဲ ရုတ်တရက်ဆိုသလို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတာ။ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးက ၁၀ မိနစ်လောက်ပဲခြားတာ။ လေကြောင်းတိုက်ခိုက်မှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရတာပဲရှိခဲ့တယ်။ လူသေဆုံးမှုကတော့မကြားသေးဘူး”လို့ ဝန်းသိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေထွက်ခဲ့ပါတယ်။…

    Read More »
  • 8 January
    သတင်း

    နမ့်အွမ်ထိန်းသိမ်းနယ်‌မြေမှာ နေရာယူထားတဲ့ကိုးကန့်တပ်နဲ့ဒေသခံတို့ကြား မြေနေရာကိစ္စသဘောတူညီမှုမရရှိသေး

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့…

    Read More »
  • 7 January
    သတင်း

    တနိုင်းပယင်း‌မှော်ဘက်ကျန်နေတဲ့ပြည်သူတွေထွက်လာကြဖို့ စစ်တပ်က ဒုတိယအကြိမ်သတိပေး

    ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေမှော်၊ပယင်းမှော်တွေဘက် စစ်ကောင်စီတပ်က…

    Read More »
  • 7 January
    သတင်း

    ဝန်းသိုနယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးနေ‌ပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သေး

    စစ်ကိုင်းနဲ့ကချင်အစပ် ဝန်းသိုမြို့နယ်ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပေမယ့်…

    Read More »
  • 7 January
    သတင်း

    NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ထဲ ဝင်ရောက်လာပြီး တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေ

    ကချင်ပြည်နယ် အနောက်ဖက် စစ်ကိုင်း–အိန္ဒိယ နယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ…

    Read More »
  • 6 January
    သတင်း

    ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ

    ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေး‌ရှောင်တွေအပေါ်…

    Read More »
  • 6 January
    သတင်း

    စစ်ဘေးရှောင်တွေများလာတဲ့တနိုင်းမြို့ပေါ်မှာ အိမ်ငှားခတွေ စျေးမြင့်တက်လာ

    ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ မှော်ဒေသက ထွက်ပြေးတိမ်းရှောင်လာတဲ့…

    Read More »
  • 5 January
    သတင်း

    နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းများပြန်ယူတဲ့ ကသာစစ်ဘေးရှောင် တချို့ သေဆုံး

    ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ…

    Read More »
Back to top button