-
Nov- 2025 -7 Novemberသတင်း
ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်
ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ…
Read More » -
6 Novemberသတင်း
ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ယူမာကျေးရွာနဲ့ ဖားကန့် – ဆိုင်းတောင်သွားလမ်းမကြီးပေါ်မှာ သေဆုံးနေတဲ့ရုပ်အလောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ည မရှီကထောင်၊ ဆိုင်းတောင်ဘက်ခြမ်းမှာ ပစ်ခတ်သံတွေကြားရတယ်။ ဘယ်အဖွဲ့ကပစ်တာဆိုတာမသိသေးဘူး။ သေဆုံးသူနှစ်ဦးလည်း ဘယ်သူရယ်မသိသေးဘူးဗျ”လို့ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အမျိုးသား နှစ်ဦးအနက် ဆိုင်ကယ်အပါ လမ်းမပေါ်မှာ သေဆုံးသူက ယူမာကျေးရွာတွင်းဖြစ်ပြီးတော့ နောက်ထပ်အမျိုးသားတစ်ဦးကတော့ ဖားကန့် – ဆိုင်းတောင်သွား လမ်းမပေါ်မှာ သွေးထွက်သံယိုများပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
6 Novemberသတင်း
မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ် ၂…
Read More » -
5 Novemberသတင်း
ဗန်းမော်တိုက်ပွဲရပ်တန့်မှုမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲငြိမ်သက်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ လက်ရှိ ဗန်းမော်ကနေ မိုးမောက်သွားတဲ့လမ်း ဗန်းမော်တက္ကသိုလ်ဝင်းနေရာ၊ ၃ မိုင်နေရာနဲ့ ခလရ ၄၇ တပ်ရင်းအနီးတဝိုက်တွေမှာ နှစ်ဖက်တပ်အကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုတိုက်ပွဲရှိပါတယ် နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ ဘက်ခြမ်း လက်နက်ကြီးတွေပစ်ပြီး ခြေလျင်နဲ့ ထိုးတော့တိုက်ပွဲဖြစ်တယ်။ ပြီးရင် ၃ မိုင် ၊ ခလရ ၄၇ သွားတဲ့လမ်း တစ်လျှောက် နေ့တိုင်းလိုဖြစ်နေတယ်။ စစ်တပ်ဘက်ကနေ ထိုးနေပေမယ့် KIA နေရာယူထားတဲ့ဘက်ကို ထိုးဝင်လာနိုင်တာမျိုးတော့မရှိဘူး။ KIA ဘက်ကလည်း နေရာအသစ်သိမ်းယူနိုင်တာမရှိသလို လက်လွတ်လိုက်ရတဲ့နေရာလည်းမရှိပါဘူး”လို့ပြောပါတယ်။…
Read More » -
3 Novemberသတင်း
၆၀ မမ ဗုံးသီးကိုထုရိုက်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်း…
Read More » -
3 Novemberသတင်း
ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း အတက်အဆင်းခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေများစွာရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ စစ်ကောင်စီတပ်ဘက်နေ ရုတ်တရက်ပိတ်ချလိုက်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပေမယ့် အချိန်နဲ့ကုန်တစ်ချို့သယ်ယူခွင့်ကန့်သတ်ထားတယ်လို့…
Read More » -
Oct- 2025 -31 Octoberသတင်း
ကောလင်းနဲ့ထီးချိုင့်ဒေသမှာ စစ်တပ်က Spy Balloons ကင်းထောက်မီးပုံးပျံတွေ အသုံးပြုလာ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ထီးချိုင့်မြို့နယ်တွေမှာ ဒီကနေ့ အောက်တိုဘာလ…
Read More » -
31 Octoberသတင်း
တိုင်းရင်းသားဒေသက ရိုးရာဆေးကုနည်းရဲ့နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ
ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လက်ရှိချိန်ထိ နာမကျန်းဖျားနာတဲ့အခါ မိရိုးဖလာ ရိုးရာဆေးကုသနည်းတွေကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒီဆေးကုသနည်းတွေက မက်ခလောခြစ်တာ၊အပ်နဲ့သွေးဖောက်တာ၊ တောတောင်တွေမှာတွေ့တဲ့ သစ်ဖုသစ်ဥ ဆေးရွက်စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ဆေးမြီတိုသဘောနဲ့ ဆေးကုသတာတွေ ဖြစ်ပါတယ်။ အဲဒီဆေးကုသမှုတွေထဲက မက်ခလောင်ခြစ်တာနဲ့ အပ်စိုက်ကုသတာတွေဟာ သာမန်အဖျားတက်ပြီး ဖျားနာတာတွေ ၊ မူးဝေခေါင်းကိုက်တာတွေ၊ ညောင်းကိုက်တာတွေကို ပျောက်ကင်းစေတယ်လို့ ယုံကြည်ထားကြပြီး သစ်ဖုသစ်ဥ ဆေးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ တောင်ပေါ်ဆေးတွေကို အသုံးပြုတာက ၉၆ပါးသော ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီရိုးရာဆေးကုသမှုတွေနဲ့ ရိုးရာဆေးဝါးတွေကို ဆေးသိပ္ပံအရကြည့်ရင် သေချာ သုတေသနပြုလုပ်ထားခြင်းလဲမရှိသလို ထောက်ခံအသိအမှတ်ပြုထားခြင်းလည်း မရှိဘူးလို့ စစ်ဒေသ(၁ ) တိုက်ခိုက်ရေးနှင့် ကယ်ဆယ်ကုသရေး ဆေးတပ်ဖွဲရဲ့ ဆေးတပ်ဖွဲ့မူးဖြစ်တဲ့ ဒေါက်တာ Jacobက ခုလိုပြောပါတယ်။…
Read More » -
31 Octoberသတင်း
မြစ်ကြီးနားမြို့က တောင်းရမ်းတဲ့ကလေးငယ်တွေ အနိုင်ကျင့်ခံရတာတွေရှိနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ တောင်းရမ်းတဲ့ကလေးတွေ အနိုင်ကျင့်ခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့နေပြည်သူတွေ…
Read More » -
30 Octoberသတင်း
ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က…
Read More »









