-
Nov- 2025 -14 Novemberသတင်း
တရုတ်ငွေစက္ကူအတု ကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ KIO ပြော
တရုတ်နယ်စပ်တစ်လျှောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တချို့မှာ တရုတ်ငွေ စက္ကူအတု တွေ့ရှိလာပြီးနောက် ကြပ်မတ် စစ်ဆေး အရေးယူဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကနေ KIO လိုင်ဇာ နဲ့ မိုင်ဂျာယန် စတဲ့မြို့တွေမှာ တရုတ်ငွေအတုတွေ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်တွေအကြောင်း KIO သတင်းနှင့်…
Read More » -
13 Novemberသတင်း
ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး
ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ ယခုပတ်အတွင်း တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ဆက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ လုံးခင်းအုပ်စု တောမှော်အတက်လမ်း ကုဋေမှော်၊ မားဆားဘက်ကို အကြောင်းမဲ့ လက်နက်ကြီး ၁၂၀ မမ ၄ ကြိမ်ထက်မနည်းလှမ်းပစ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိတဲ့ ပြည်သူတစ်ချို့တွေလည်းရှိခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လှမ်းပစ်တာက ၁၂ နာရီခွဲကျော်ကျော်လောက်ရှိမယ်။ တောမှော်အတက်လမ်းရှိတဲ့ ဘက်ကို ဦးတည်ပြီးပစ်တာ။ အဲ့မှာ မားဆားကျေးရွာထဲမှာ လက်နက်ကြီးကျကွဲလို့ ကလေးငယ်တစ်ဦးထပ်ဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့တစ်ချို့လည်းရှိသေးတယ်လို့ ကြားပါတယ်။ ဒါပေမယ့် သေးစိတ်တော့မသိရသေးဘူး။ အခုလက်နက်ကြီးပစ်တဲ့ နေရာဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး”လို့ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးခန့်က မားဆားကျေးရွာတဝိုက်ကျမှန်ပေါက်ကွဲခဲ့ပြီးတော့…
Read More » -
13 Novemberသတင်း
KIA ကလုံခြုံရေးအရ မီးရှို့စွန့်ခွာသွားတဲ့ စခန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်လာပြီးအောင်ပွဲခံနေ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA…
Read More » -
13 Novemberသတင်း
လက်နက်နဲ့ အတူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး KIA ပူးပေါင်းတပ်ဆီဘက်ပြောင်းလာ
စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂…
Read More » -
13 Novemberသတင်း
မိုးကောင်းမြို့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေထဲမှာ အထက်တန်းကျောင်းသားများလည်းပါဝင်လာ
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အရင်နှစ်တွေထက်…
Read More » -
12 Novemberရွေးကောက်ပွဲဆိုင်ရာ
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို တော်လှန်ရေးလမ်းစဉ်အတိုင်း ဆန့်ကျင်သွားမယ့်လို့ တော်လှန်ရေးတပ်ဖွဲ့တွေပြော
ရွေးကောက်ပွဲကို အပိုင်း (၃)ခုနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်ထဲက မြို့နယ် (၉) နေရာလောက်မှာ ကျင်ပဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြို့နယ်တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲပါဝင်နေပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ အပိုင်း(၁) ကြေညာချက်မှာ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး မြို့နယ်(၆)ခုပါဝင်ပြီး အောက်တိုဘာလ (၂၈) ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ရွေးကောက်ပွဲ အပိုင်း(၂) ကြေညာချက်ထဲမှာ မချမ်းဘော၊ မိုးကောင်းနဲ့ ဝိုင်းမော်မြို့နယ်တို့ပါဝင်လာပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်ရှိတဲ့ ထဲကနေ မြို့နယ် ထက်ဝက်ခန့် ၉ နေရာလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီးဖြစ်တဲ့ ခေါင်လန်ဖူးနဲ့ ဝိုင်းမော်မြို့နယ်တွေက KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်သလို အဓိကတိုက်ပွဲနေရာလည်းဖြစ်နေပါတယ်။ စစ်တပ်အာဏာသိမ်းပြီး အာဏာရှင်ကျဆုံးဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဆက်လက်ပြီး ဆန့်ကျင်တော်လှန်သွားမှာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
12 Novemberသတင်း
လစ်လပ်သွားတဲ့ အင်းတော်မြို့နယ် (ပအဖ)တာဝန်ခံကို NUG အစိုးရကတိုက်ရိုက်ခန့်အပ်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေး…
Read More » -
11 Novemberသတင်း
ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်တစ်ကြိမ်သာဖွင့်ပေး
စစ်ကောင်စီတပ်ဘက်က ပိတ်ထားတဲ့ ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းသွားလာခွင့်…
Read More » -
11 Novemberသတင်း
ဖားကန့်မှာ စစ်တပ်က အရပ်ပြည်သူတွေရှိတဲ့ အဆောက်အဦး ဟိုတယ်တွေအထိ တပ်စွဲလာ
ဖားကန့်မှာ စစ်ရေးအသာရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်က…
Read More » -
11 Novemberသတင်း
ပွဲခင်းထဲ လျှောက်လည်နေတဲ့ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပွဲလမ်းသဘင် တစ်ခုမှာ…
Read More »









