-
Dec- 2025 -16 Decemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
KIO နဲ့ အိန္ဒိယတို့အကြား လျှို့ဝှက်စာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်း KIO ပြော
မြေရှားသတ္တုတူးဖော်ရေးနဲ့ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှုစာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မမှန်တဲ့သတင်းသာဖြစ်တယ်လို့ KIO ပြောပါတယ်။ ဒီသတင်းဟာ ဒီဇင်ဘာလဆန်းပိုင်း ‘Silicon Valley Times’ ဆိုတဲ့ Website တစ်ခုကနေစတင်ပြန့်နှံ့လာပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ မြန်မာပြည်တွင်း မီဒီယာတချို့က ပြန်လည်ဖော်ပြလာကြတာဖြစ်ပါတယ်။…
Read More » -
16 Decemberသတင်း
ပူတာအိုမှဖမ်းဆီးထားတဲ့ Starlink Wifi စက်တွေ ရွေးကောက်ပွဲပြီးမှပြန်ပေးမယ်လို့ဆို
ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်မှာ စစ်ကောင်စီဖမ်းဆီးသွားတဲ့ Starlink Wifi စက်အားလုံး ရွေးကောက်ပွဲပြီးမှ ပြန်ပေးမယ်လို့ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပူတာအိုမြို့ပေါ်က Starlink Wifi စက် အလုံး ၆၀ ဝန်းကျင်ခန့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလိုက်လံဖမ်းဆီးခဲ့ပြီး အဲ့ဒီ Starlink…
Read More » -
16 Decemberသတင်း
ကချင်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေက စစ်တပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေပြော
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကနေပြီးတော့ အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ KNGကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ရဲ့ ပြောကြားချက်အရကတော့ ကချင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့်ထိခိုက် သေဆုံးတဲ့ ဖြစ်စဥ်တွေဟာ တစ်လကို ပျှမ်းမျှအားဖြင့် ၁၀ခုထက် မနည်းရှိနေပြီး အများစုကတော့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်မတို့ နေရာဒေသမှာတော့ လက်ရှိအချိန် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက နံပါတ် ၁ဖြစ်နေတယ်။ ကျွန်မတို့ ပြည်သူအချင်းချင်း ချိုးဖောက်တဲ့ လူ့အခွင့်အရေးတွေတောင် ကျွန်မတို့မှာ ရှိနေတာလေနော် ဖိနှိပ်တယ်။ လုပ်ခလစာ မပေးတာတွေ၊ လူကုန်ကူးတာတွေလည်း ကျွန်မတို့မှာ အများကြီးရှိနေတယ်။ ဒါပေမယ့်လည်း ရာခိုင်နှုန်းနဲ့ စစ်ကောင်စီကျူးလွန်တဲ့အရာနဲ့ ယှဉ်လိုက်လို့ရှိရင် အရမ်းနည်းနေတယ်”လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ ဒါရိုက်တာ ဖြစ်သူ ဆရာမဆိုင်းမိုင်က ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း အများအပြား ကျူးလွန်နေတယ်လို့ သိရပါတယ်။…
Read More » -
16 Decemberသတင်း
လန်ဟီဆင်ဘက်စစ်ကြောင်းထိုးနေတဲ့ ပြည်သူ့စစ်အဖွဲ့ တပ်စိတ်လိုက်အဆုံးစီရင်သွားတယ်လို့ သတင်းထွက်ပေါ်
ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ထဲက လန်ဟီဆင်စခန်းကုန်းဘက်ကို ထိုးစစ်ဆင်နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်စိပ်တစ်စိပ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဟာ…
Read More » -
12 Decemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
လုံးခင်းဆေးရုံမြေ၊ သင်္ချိုင်းမြေနေရာ မြေကွက်ဖော်ဆောင်တာ ရပ်တန့်ပေးဖို့ ဖားကန့်ပြည်သူတွေတောင်းဆို
အများပိုင်သင်္ချိုင်းမြေနေရာဖျက်ဆီးရောင်းချဖို့ စက်ယန္တရားကြီးတွေနဲ့ဖဲ့ထွင်ရှင်းလင်းတဲ့လုပ်ငန်းဖော်ဆောင်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကနေ ဖားကန်ပြည်သူတွေစတင် မြင်တွေ့လာရတာဖြစ်ပြီး ဇွန်းလနောက်ပိုင်း ပိုပြီးဆိုးရွာလာတယ်လို့ သိရပါတယ်။
Read More » -
12 Decemberသတင်း
ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခု အခွန်အဆမတန်ကောက်နေလို့ ဆိုင်ကယ်ကယ်ရီသမားမျာအခက်တွေ့
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက် ဆိုင်ကယ်နဲ့စျေးရောင်းပြီးလုပ်ကိုင်စားသောက်နေတဲ့ ဆိုင်ကယ်၊ ကယ်ရီသမားတွေ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေပြောပါတယ်။ မိုးညှင်းမြို့ကနေ တနိုင်းရွေမှော်ဒေသဘက် လက်နက်ကိုင်တပ်တွေဂိတ် စုစုပေါင်း ၂၂ ခုထက်မနည်းရှိတဲ့ထဲက မိုးညှင်းခရိုင်ထဲက ပြည်သူ့စစ်ဂိတ် ၃ ခုအဆိုးဆုံးဖြစ်တယ်လို့ ဆိုင်ကယ် ကယ်ရီသမားတွေ ပြောပါတယ်။ “ကျန်တဲ့ဂိတ်တွေကညှိလို့ရတယ် တစ်ချို့ဂိတ်ဆိုရင် စေတနာရှိသလောက်ပဲပေးဆိုတဲ့ဂိတ်ရှိတယ်။ ခုပြောတဲ့ ရှမ်းနီဂိတ်တွေကဘယ်လိုမှညှိမရဘူး။အရင်က ဆိုင်ကယ်တစ်စီးကို ၅၀၀၀ တောင်းရင် ခု အဲဒီ ၅၀၀၀ ပေးရတဲ့ဂိတ်က ၂၀၀၀၀ လောက်ဖြစ်နေပြီ။ ၅၀၀၀ ပေးရတဲ့ဂိတ်မရှိတော့ဘူး”လို့ ပြောပါတယ်။ လမ်းပိုင်းဖြတ်သန်းသွားလာခွင့် အခွန်အများဆုံးတောင်းတဲ့ ဂိတ်တွေဟာ ဆားမှော်ကျေးရွာအနီး ပြွန်သုံးလုံးရွာအနီးကဂိတ်၊ ပင်းဘောဂိတ်၊ မိုးကောင်းမြို့အနီးဂိတ်တွေက အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
10 Decemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ပူတာအို နမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားနဲ့ရွှေလုပ်သားတစ်ချို့ကို စစ်တပ်ဖမ်းဆီး
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက နာမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားတစ်ချို့နဲ့ရွှေလုပ်သားတစ်ချို့စစ်ကောင်စီဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်…
Read More » -
10 Decemberဖမ်းဆီးခံရမှု
ပူတာအိုမှာ ဖမ်းဆီးခံလိုက်ရတဲ့ Starlink wifi စက်အလုံးရေ ၆၀ အထိရှိလာပြီး ဆက်ပြီးလိုက်လံဖမ်းဆီးနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်ဖမ်းနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေမှာ ဖွင့်ထားတဲ့ Starlink wifi စက်တွေကို ဒီဇင်ဘာလ ၈ ရက်နေ့…
Read More » -
9 Decemberသတင်း
ဟိုပင်၊ မိုးကောင်းက KIA တပ်စခန်းနှစ်ခုလက်လွတ်လိုက်ရ
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်နယ် မိုးညှင်းခရိုင်…
Read More » -
9 Decemberလူ့အခွင့်အရေးချိုးဖောက်မှု
ကသာမြို့က အလယ်တန်းကျောင်းလေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် နမ့်စမ်းကျေးရွာက အလယ်တန်းကျောင်းလေကြောင်းကနေ…
Read More »