• Oct- 2024 -
    25 October
    သတင်း

    နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ

    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး…

    Read More »
  • 25 October
    အင်တာဗျူး

    တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူချင်တဲ့လူငယ်တွေကို ကူညီပေးမယ့် Hpaji Mahkrai 

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူငယ်တွေအများစုရဲ့ အနာဂတ်နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း နည်းပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ မိမိရဲ့အနာဂတ်အတွက် ပညာရေးအခွင့်အလှမ်းတွေရှာဖွေဖို့ နိုင်ငံရပ်ခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီးပညာသင်ကြားကြသူတွေ ပိုမိုများပြားလာခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုနိုင်ငံရပ်ခြားမှာပညာသင်ကြားသူတွေ များပြားလာတာကြောင့် နိုင်ငံခြားကျောင်းတွေမှာတတ်ရောက်နေကြတဲ့ စီနီယာကျောင်းသားတွေကနေပြီးတော့ ကျောင်းသားအချင်းချင်းကူညီဖေးမဖို့အတွက် ကျောင်းသားအဖွဲ့အစည်းတချို့ကို ဖွဲ့စည်းလာကြပါတယ်။ အဲဒီထဲမှာ လက်ရှိတရုတ်နိုင်ငံမှာတက်ရောက်နေကြတဲ့ ကချင်ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ Hpaji Mahkrai ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Hpaj Mahkrai အဖွဲ့ကိုတော့ တရုတ်ပြည်မှာကျောင်းတက်နေတဲ့ ကချင်ကျောင်းသား ၉ ဦးကနေပြီးတော့ ၂၀၂၄ မေလ၂၆ရက်နေ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ၂၈ရက်နေ့မှာတော့ Hpaji Mahkrai အဖွဲ့အစည်း မိတ်ဆက်ပွဲနဲ့ ကျောင်းသားသစ်ကြိုဆိုပွဲကို ကျင်းပခဲ့တာဘဲဖြစ်ပါတယ်။ Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းအနေနဲ့ လက်ရှိဘာတွေလုပ်ဆောင်နေလဲ အနာဂတ်ပန်းတိုင်ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ ပက်သက်ပြီး Hpaji Mahkrai အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး ကိုဂျန်မော်ဂမ်ဖန်( Jangmaw Gam Hpang)ကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး–ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါအုံးဗျ။ ဖြေ–ကျွန်တော်နာမည်ကတော့ဂမ်ဖန်ဖြစ်ပါတယ်..ကျွန်တော်က Hpaji Mahkraiကျောင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေပြီးတော့ လက်ရှိကူမင်း ယူနန်တက္ကသိုလ်မှာ International Relationship ဘာသာရပ်နဲ့ပက်သက်ပြီး အဓိကသင်ယူနေတာဘဲ ဖြစ်ပါတယ်”။ မေး-Hpaji Mahkrai ရဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါအုံး။ ဖြေ–ဒီအဖွဲ့အစည်းကိုမလုပ်ခင်ကတည်းကနေ ကျွန်တော်တို့စိတ်ထဲမှာကိုက တရုတ်ပြည်ကကျောင်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဆက်သွယ်ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကတော့လိုနေပြီလို့အကုန်လုံးကတွေးမိကြတဲ့အတွက် လက်ရှိHpaji…

    Read More »
  • 24 October
    သတင်း

    တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက်

    မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက်  မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့ကို KIA၊KPDF ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီးနောက် ကံပိုက်တည်၊ လွယ်ဂျယ် ၊ ပန်ဝါနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ၊စားသုံးကုန်နဲ့ လူသုံးကုန်၊အခြေခံစားသောက်ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တရုတ်ဘက်ကလာတဲ့ပစ္စည်းတွေတက်တာပါ အခုလောလောဆယ် ဒီဇယ်၊ ဓာတ်ဆီလည်းတရုတ်ကပဲဝင်တာလေး မနေ့ကထိတော့ ၆၀၀၀ ကနေ ဒီနေ့ ၇၀၀၀၊ ၈၀၀၀ အထိတက်သွားတယ်။ ကြက်ဥလည်းဈေးတက်တယ်၊အာလူးတို့ဈေးတက်တယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ တရုတ်နယ်စပ်ဂိတ် မပိတ်ခင် ဓာတ်ဆီတစ်လီတာ ၆၀၀၀ (ခြောက်ထောင်) သာရှိပေမယ့် ဒီနေ့ တစ်လီတာ ၈၀၀၀ (ရှစ်ထောင်)၊ ကြက်ဥ တစ်လုံး ၈၀၀ (ရှစ်ရာ) ကနေ ၁၀၀၀ (တစ်ထောင်) ကျပ်၊ အားလူး ၁၀၀၀၀ (တစ်သောင်း) ကနေ ၁၃၀၀၀၊ (တစ်သောင်းသုံးထောင်)ကျပ် ၊ လက်ဖက်ခြောက်တစ်ထုတ် ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ကနေ ၂၀၀၀ (နှစ်ထောင်) ဈေးတက်သွားပြီး အချိန်နဲ့အမျှ ဈေးတက်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “လောလောဆယ်တော့မပိတ်သေးဘူး နောက် လေးငါးဆယ်ရက်လောက်အေးဆေးရောင်းလို့ရတယ်။ ဆီလက်ကျန်က လမ်းဒီထက်ပိုကြာကြာပိတ်သွားရင်တော့ဆီလက်ကျန်ကုန်ပြီပိတ်ရမှာ အခုကတရုတ်ဆီပဲရောင်းနေရတာကိုး”လို့ ဆီပန့်အရောင်းဆိုင်တစ်မှအရောင်းဝန်ထမ်းတစ်ဦးရပြောပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည် နယ်လုံးမှာသုံးနေတဲ့စက်သုံးဆီတွေဟာ တရုတ်ဘက်ကဝင်လာတဲ့ဆီတွေဖြစ်ပြီးနယ်စပ်ဂိတ်ပေါက်တွေ ရက်ရှည်ပိတ်ထားရင်တော့ စက်သုံးဆီစျေးအဆမတန်မြင့်တက်တာ၊ စက်သုံးဆီပြတ်လပ်တာမှုတွေဖြစ်လာမှာကိုမြစ်ကြီးနားမြို့ခံတွေအထူးစိုးရိမ်နေကြပါတယ်။ ကချင်ပြည်နယ်ထဲက မြန်မာ–တရုတ်နယ်စပ်ဂိတ်သုံးခုကို ပန်ဝါမြို့သိမ်းတိုက်ပွဲ အပြီးမှာပဲ တရုတ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 24 October
    သတင်း

    ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်လက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေ

    ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပိတ်လိုက်ပေမယ့်  ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ၊ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေတယ်လို့ ဖီမော်မြို့ဒေသခံတွေ ပြောပါတယ်။ KIA ထိန်းချုပ်မှုအောက် တရုတ်–မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ ၁ အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ ကမ့်ဖန့်နယ်စပ်ဂိတ်ရှိပါတယ်။ အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ ၁ အောက်မှာရှိနေသေးတဲ့  ကံပိုင်တည်မြို့နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကမ်းဖန့်ဂိတ်နဲ့အမှတ် ၇ နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာဖြစ်ပါတယ်။  သို့သော် ဖီမော်မြို့နယ်စပ်ဂိတ်ကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ကျောက်ဖြူတူးဖော်ရေးလုပ်ငန်းတွေ ဆက်လည်ပတ်နေဆဲဖြစ်တယ်လို့ ဖီမော်ဒေသခံအမျိုးသားတစ်ဦး  KNG ကိုပြောပါတယ်။ “ ဖီမော်နယ်စပ်ဂိတ်ကတော့ဖွင့်ပါတယ်။ ဒီမှာတော့ ပစ္စည်းပုံမှန်ယူနေကြတယ်။ ပန်ဝါဘက်ကပိတ်သွားပေမဲ့ ဒီမှာတော့ပုံမှန်အတိုင်းပဲ။ ဖီမော်မှာက ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းတွေရှိတယ်။ ဒါတွေလည်း ဆက်လုပ်နေတုန်းပဲ” လို့ ပြောပါတယ်။ ကချင်အထူးဒေသ ၁ ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကမ့်ဖန်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊  တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိတ်တွေမှာ ၂၀၂၀ ကိုဗစ်ကူးစက်ရောဂါဖြစ်ချိန်ကစလို့ တရုတ်နိုင်ငံထဲကိုတော့ မြန်မာနိုင်ငံသားတွေကို ဒီနေ့အထိပေးမဝင်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်ပြည်သားတွေတော့ ဒီဂိတ်တွေမှာအဝင်အထွက်လုပ်လို့ရတယ်။ မြန်မာပြည်သားတွေတော့မရဘူး။ ဒီဘက်ကမှာ တရုတ်ကနေဈေးရောင်းတဲ့သူတွေ၊ သံသတ္တုလုပ်တဲ့သူတွေ၊ ကျောက်ဖြူလုပ်ငန်းလုပ်တဲ့ သူတွေတော့ဝင်လာကြတယ်။ မြန်မာပြည်သားတွေကတော့ ကိုဗစ်ပြီးကတည်းကပဲဝင်လို့မရတော့တာ”လို့ ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။ ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက်မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ တောက်လျှောက် အရှိန်မြင့်လာတာနဲ့ အတူ ကံပိုင်တည်နယ်စပ်ဂိတ်မြို့ကိုပါ KIA ပူးပေါင်းတပ်ဘက်က ဆက်လက်သိမ်းပိုက်ဖို့ ဦးတည်နေပြီး တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်ကို အောက်တိုဘာ ၁၈ ရက်နေ့မှာပိတ်လိုက်ထားပါတယ်။ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ မြို့တွေကို KIA မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာနဲ့တစ်ပြိုင်နက်ထဲ တရုတ်နိုင်ငံဘက်က KIA ကို ထိုးစစ်ရပ်ဖို့ ဖိအားပေးတာမျိုးလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ ပြောနေတဲ့ တရုတ်ဟာ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ ပြည်တွင်းရေးကိုပေါ်ပေါ်တင်တင်ဝင်စွက်ဖက်နေတယ်လို့  နိုင်ငံရေးသုံးသပ်သူတွေပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၄ ရက်နေ့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ထပ်လောင်း ပြောဆိုထားပါတယ်။ By – အမိုး

    Read More »
  • 24 October
    သတင်း

    KIA သိမ်းပိုက်ထားတဲ့ပန်ဝါဒေသကို တရုတ်ကလျှပ်စစ်မီးဖြတ်တောက်၊ မြေရှားသတ္တုလုပ်ငန်းအားလုံး ရပ်နား

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက လျှပ်စစ်မီးအားလုံးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုလုပ်ငန်းအားလုံးရပ်တန့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေဟာ ပန်ဝါမြို့မှာရှိတဲ့ ဗျူဟာကုန်၊ ပြည်သူ့စစ်စခန်း၊ စစ်တပ်စခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပန်ဝါမြို့ကို ကေအိုင်အေသိမ်းပိုက်ပြီးတဲ့ နောက်နေ့ အောက်တိုဘာ ၁၉ ရက်နေ့မနက်ကစပြီးတော့ တရုတ် အစိုးရက ပန်ဝါမြို့ကိုပေးထားတဲ့ လျှပ်စစ်မီးတွေအားလုံးကိုဖြတ်တောက်လိုက်သလို နယ်စပ်ဂိတ်ကိုပါပိတ် လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “ပန်ဝါမှာ မီးတွေအကုန်ဖြတ်လိုက်ပြီ။ တရုတ်ပြည်ဘက်ကပေးတဲ့မီးတွေ။ ပန်ဝါမှာက တရုတ်ပြည်ဘက် ကပေးတဲ့မီးတွေပဲရှိတာ။ သတ္တုလုပ်ငန်းတွေကတော့ ကေအိုင်အေကပိတ်တာမဟုတ်ဘူး။ မီးဖြတ်လိုက် တော့ တရုတ်တွေလည်း ဘာမှလုပ်လို့မရတော့တာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ ကချင်အထူးဒေသ ၁ ပန်ဝါဒေသမှာ မြေရှားသတ္တုလုပ်ငန်းဆိုက်ပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့က ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာပန်ဝါနယ်စပ်ဂိတ်ကိုလည်းတရုတ်ဘက်ကပိတ်လိုက်တဲ့အတွက် စက်သုံးဆီဈေးနှုန်းတွေက လည်းမြှင့်တက်သွားပြီး ဒေသခံအများစုဟာလည်း မြစ်ကြီးနားမြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ဒေသခံ တွေကပြောပါတယ်။ “အခုကသတင်းတွေအမျိုးမျိုးထွက်နေတော့အကုန်စွန့်ခွာကုန်ပြီ။အဓိကကတော့ဒေသခံတွေက မြစ်ကြီးနား ဘက်ကိုအကုန်ပြေးကုန်ကြတယ်။ ကေအိုင်အေကတော့ ချီဖွေမှာစစ်ဆေးရေးတင်းကြပ်ထားတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့အတွင်းမြေရှားသတ္တုလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်လူမျိုး လုပ်ငန်းရှင် အားလုံးဟာ လည်း တရုတ်နိုင်ငံထဲပြန်ဝင်သွားကြပြီလို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၀၂ နဲ့ ပန်ဝါမြို့တို့အပါအဝင် မြန်မာ–တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်မြို့ကို လုံခြုံရေးယူထားတဲ့ BGF ၁၀၀၃ တပ်ရင်းကိုပါ သိမ်းပိုက်ခဲ့ပြီး ကန်ပိုက်တည်မြို့နဲ့ BGF ၁၀၀၁ တပ်ရင်းရှိရာ ဖီမော်မြို့ကိုသာ သိမ်းပိုက်ဖို့ကျန်ရှိတော့တာ လည်းဖြစ်ပါတယ်။ တစ်ဖက်မှာ ဖီမော်၊ လဂွေ နဲ့ ကန့်ဖာဒေသတို့မှာတော့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် တပ်စခန်း ၈ ခုထက်မနည်းကျန်ရှိနေသေးပြီး KIA ဘက်က ထိုးစစ်ဆင်တိုက်ပွဲတွေဆက်လုပ်လာ နိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကသုံးသပ်နေကြပါတယ်။ ဒါ့အပြင် ပန်ဝါမြို့မသိမ်းပိုက်ခင် တရုတ်ဟာ KIA ကို ထိုးစစ်ရပ်ဖို့ဖိအားပေးခဲ့ပေမယ့် KIA ဘက်က ထိုးစစ်ရပ်တန့်ခြင်းမရှိဘဲ ပန်ဝါမြို့ကိုထပ်ပြီး သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ပန်ဝါမြို့ကို သိမ်းပိုက်လိုက်ပြီး နာရီပိုင်းအကြာမှာဘဲ တရုတ်နိုင်ငံဘက်က KIA ထိန်းချုပ်အောက်ရှိ နယ်စပ်ဂိတ်အားလုံး ပိတ်လိုက်ပြီဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၁၂၀ ဝန်းကျင်အကွာမှာရှိပြီး ကချင်အထူးဒေသ ၁…

    Read More »
  • 24 October
    သတင်း

    အင်းတော်မြို့နယ် စစ်ဘေးရှောင်တွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့အနီးဝန်းကျင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အင်းတော် PDF၊ ABSDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ အင်းတော်မြို့ပေါ်အထိရောက်လာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက  စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊ မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ အင်းတော်မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အခုကနှစ်လကျော်ပြီစစ်ရှောင်နေတာ တစ်လလောက်အထိကတော့မသိသာဘူး ခက်ခဲမှန်း ကြာလာတော့ တစ်နေ့တစ်နေ့ ဘာစားလို့ဘာသောက်ရမှန်းမသိဖြစ်နေကြတာ။ ရွာတွေကလည်းဒီလောက်အကြာပြီးမကျွေးနိုင်ဘူးလေ တစ်ချို့ လူငါးယောက်လောက်ကိုနို့ဆီဗူးနှစ်ဗူးသုံးဗူးလျော့စားနေရတယ်။ တချို့ဆန်ပြုတ်သောက်ရတဲ့ဘဝရောက်နေကြပြီဗျ။ ကျန်တာမထောက်ပံတောင်ဆန်လေးတော့တတ်နိုင်တဲ့လူဝင်ပြီးကူညီကြပါရှင့်”လို့ အသက် ၄၀ ကျော်အရွယ်အင်းတော်မြို့ခံစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ လတ်တလော စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်နေတဲ့ ကျေးရွာတွေဟာ နားနောင်၊ ကျော်ရွာ၊ နားသဲ၊နဘား၊ နန့်ကင်စတဲ့ရွာပေါင်း ၂၀ ကျော်ဝန်းကျင် ပြည်သူ သောင်းဂဏန်း မော်တိတ်ဒေသ အောင်းကုန်း၊နန့်သာ၊ အင်ပင်စတဲ့ကျေးရွာတွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ခက်ခက်ခဲခဲနဲ့စစ်ရှောင်နေကြပြီး စက်တင်ဘာလစလို့ ရာသီတုပ်ကွေးဖျားနာသူတွေများလာတာကြောင့် ဆေးဝါးအကူအညီတွေလည်း အရေးပေါလိုအပ်နေတယ်လို့ အင်းတော်မြို့ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “အားလုံးနီးပါးကမော်တိတ်ဒေသထဲ ရှောင်နေကြတာပဲ ဒီချိန်မော်တိတ်ဒေသကအေးနေပြီရာသီကူးရောင်းဆိုတော့ ဖျားတဲ့လူဖျား နှာစေးချောင်းဆိုးကတော့ကလေးလူကြီးအားလုံးဖြစ်နေကြတာ ဆေးကပါရာတောင်မရနိုင်ဘူး ဒီကသမားတော်တွေပေးတဲ့သစ်ဥသစ်ဖုတွေပြုတ်သောက်နေရတာပါ့”လို့ ပြောပါတယ်။ အင်းတော်မြို့နယ်ထဲဆေးဝါးသယ်ယူမယ်ဆိုခွင့်ကို အင်းတော်မြို့အဝင် စစ်ကောင်စီဂိတ်တွေ ခွင့်ပြုချက်ပြရမှသာ သယ်ခွင့်ရနေတာဖြစ်လို့ အင်းတော်နယ်ထဲဆေးဝါးသယ်ယူဖို့ခက်ခဲနေပြီး ဝယ်ယူဖို့လည်းခက်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့ကို စစ်ကောင်စီတပ်ကထိန်းထားဆဲဖြစ်တဲ့အတွက် မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ ရွာထဲ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေဝင်ရောက်သယ်ယူဖို့ ခက်ခဲနေတာကြောင့် အကူအညီများစွာလိုအပ်နေတာလို့ ဆိုပါတယ်။ အင်းတော်မြို့ ရဲစခန်းကို ပြီးခဲ့တဲ့သြဂုတ်လက တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်သိမ်းထားပြီး လက်ရှိ အင်းတော်မြို့တွင်းအထိုင်တပ်စစ်တပ်ကုန်းတစ်ခုနဲ့မြို့နီး ဂျပန်လှိုင်ဂူသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ အင်းတော်မြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိပြီး မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်ရှိကာ စစ်ရေးအရ အချက်ချာကျတဲ့မြို့နယ်ဖြစ်ပါတယ်။  By – Zaw Zaw

    Read More »
  • 23 October
    သတင်း

    ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ

    ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့  ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကံပိုင်တည်မြို့ လက်မလွှတ်ရေး စစ်အင်အား ၅၀၀ ဝန်းကျင်ထပ်ဖြည့်ထားပြီး ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေပြီး တစ်ဖက်မှာလည်း မြို့အနိီးဝန်းကျင် စစ်ရှောင်နေတဲ့ပြည်သူတွေကို လိုက်ဖမ်းဆီးနေတယ်လို့ ကံပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ကန်ပိုင်တည်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေက အားလုံးပြေးကုန်ပြီ မရှိတော့ဘူး။ ပြေးလို့မရတဲ့ တစ်ချို့လူတွေလောက်ပဲရှိတော့တယ်။  ဘယ်လိုဖြစ်လာသလဲဆိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပို့ထားတဲ့ စစ်ကောင်စီတပ်သားအများကြီးရှိလာတယ်။ သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ပြည်သူ့စစ်တွေပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ်ထင်တယ်။ အဲ့ကြောင့် အားလုံးကို ပြန်လာဖို့ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက  ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်။ လူကြီးပိုင်း အားလုံးကို လိုက်ဖမ်းနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့ ကစတင်ပြီး ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့အနီးတဝိုက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မြို့ထဲကို ပြန်ဝင်လာဖို့ လိုက်လံပြောဆိုနေသလို လူငယ်နဲ့ လူကြီးတွေကိုတော့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေနဲ့  ထွက်ပြေးနေတဲ့ BGF တပ်တွေအနေနဲ့ ရွာထဲကို ဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီရှို့ဖျက်ဆီးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ကံပိုင်တည်မြို့ထဲမှာ စစ်ကောင်စီတပ်သား စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိနေပြီး KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေ လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ “စစ်သားတွေ ကိုယ်တိုင်လည်း ကံပိုင်တည်မြို့ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘောပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ။ KIA ဘက်ကလည်း တကယ်လို့ ဝင်လာပြီဆိုတာနဲ့ အခြေအနေတော်တော်ဆိုးသွားနိုင်ပါတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကတည်းကနေ လိုက်လံဖမ်းဆီးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံထားရပြီးတော့ ခြိမ်းခြောက်မှုထဲမှာ အမျိုးသမီးတွေကိုပါ ထပ်မံဖမ်းဆီးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ ရှိရင်းစွဲစစ်ကောင်စီတပ်သားတစ်ချို့နဲ့ ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ်ယာဉ်နဲ့ပို့ထားတဲ့ စစ်သား စုစုပေါင်း စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ဒေသခံသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပန်ဝါဘက်က လုပီနယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ တပ်ရင်းနဲ့ စင်ကြိုင် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်က တာဝန်ရှိသူ အရှာရှိအားလုံးနီးပါး တရုတ်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ပြောပြပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာပဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လုပီ၊ စင်ကြိုင် စတဲ့ စစ်ဌာနချုပ်ရှိတဲ့ မြို့တွေကို KIA ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်ရင်းနဲ့ ချန်းမောခုန်း ဒေသတွေသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 23 October
    သတင်း

    မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ

    ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “၂၀ ရက်နေ့ကစပြီး စစ်တပ်က တစ်ဖန်တင့်ကားတွေ တဖန်စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်တော့ရှိလာပြီး ဒီကနေ့ အထိတော့ သေချာမသိရသေးဘူး။ အခုဖြစ်နေတဲ့ စစ်ရေးခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်းပြန်ထိုးနေတာ။ ဒရုန်း လက်နက်ကြီးမျိုးစုံ နဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျနော်တို့ဘက်က တန်ပြန်ခုခံတိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ်ဆုတ်သွားကြတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့ သဘောပါ”လို့ပြောပါတယ်။ စစ်တင့်ကား ၄ စီးအပါအဝင် ခြေလျင်စစ်ကြောင်းနဲ့အင်အားအလုံးအရင်းသုံးပြီး KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိတဲ့ ဘက်ကို ဦးတည်ပြီးတော့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ KIA တပ်အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း ဗန်းမော်ကာကွယ်ရေးတပ်ဘက်ကလည်း ပြောပါတယ်။ “လေကြောင်းကနေပစ်တာတွေလည်းရှိနေတယ် ၇ မိုင်မှာမဟုတ်ပဲ ၆ မိုင်အထက်ဘက်မှာဖြစ်တယ် တပ်ဘက်က ဗျူဟာမှုးတယောက်ကျသွားတယ်လို့ကြားရတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာလို့ပြန်ဆုတ် ပြန်တက်လုပ်နေတယ်”လို့ပြောပါတယ်။ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗျူဟာမှူးကျသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မKIA တပ်သိမ်းပိုက်လိုက်ပြီးနောက်  စစ်တပ်ဘက်က စစ်အင်အား ၄၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့နယ်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ …

    Read More »
  • 23 October
    သတင်း

    မြန်မာနိုင်ငံနိုင်ငံတစ်ဝှမ်းမှာ သုံးလအတွင်း အရပ်သားတစ်ထောင်ကျော်သေဆုံးခဲ့ရ

    မြန်မာနိုင်ငံတစ်ဝှမ်းမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း အရပ်သား ၁၀၄၄ ဦး သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကပဲ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် အဲ့ဒီ ၃ လအတွင်း အရပ်သား ၁၃၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တဲ့ အရပ်သားတစ်ထောင် ကျော်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်သားသေဆုံးမှုအများဆုံနဲ့ ၃၆၀ ဦး အထိသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ သုံးလအတွင်း အရပ်သားသေဆုံးတာအများဆုံးဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့အတော်များများကို စစ်ကောင်စီလက်ထဲကနေ မြောက်ပိုင်းညီနောင် ၃ ဖွဲ့အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တို့က သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့လည်း လက်ရှိအခြေနေအရ စစ်ကောင်စီက မြို့အတော်များများကိုလက်လွှတ်လိုက်ရပေမဲ့ ရှမ်းမြောက်ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေအကြား စိုးရိမ်မှုတွေနဲ့သာနေနေရတယ်လို့ဆိုပါတယ်။ “အဓိက လုံခြုံမှုနည်းနည်းမှမရှိတာက လေကြောင်းတိုက်တဲ့အခြေနေပါ။ လေကြောင်းတိုက်ခိုက်တာ ကြောင့် အသက်ဆုံးရှုံးတာ၊ လက်နက်ကြီးကြောင့် သေဆုံးတာက အင်မတန်ဆုံးရှုံးမှုကြီးမားတဲ့အနေအထား ပါ။ ဒုတိယတစ်ချက်က ဘယ်နေ့ဘယ်အချိန်မှာ အပြောင်းအလဲပြန်လာမယ်ဆိုတာ အာမခံချက်မရှိတော့ အကုန်လုံးက ကျီးလန့်စာစား ရင်းနဲ့ပဲ သွားရင်းလာရင်းနဲ့ပဲဒီအနေအထားရှိပါတယ်။” လို့ ရှမ်းမြောက်ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ဒေသခံတွေဟာ မိမိလုံခြုံရေးအတွက် ကိုယ်တိုင်သာဖြေရှင်းနေကြရတဲ့အပြင် လုံခြုံမှုမရှိပေမဲ့ လည်း ဘေးကင်းရာနေရာတွေမှာရွှေ့ပြောင်းနေထိုင်နိုင်ခြင်းမရှိကြဘူးလို့သိရပါတယ်။ ဒါ့အပြင် မြို့တွေကိုသိမ်းပိုက်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လည်း အရပ်သားတွေ အများအပြားနေထိုင်ရာဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေလုပ်တဲ့အခါ သိုသိုသိပ်သိပ် သွားလာသင့်တယ် လို့ ဒေသခံတွေကထောက်ပြကြပါတယ်။ “လက်နက်ကိုင်ပြီးတော့ ဝတ်စုံနဲ့မြို့ထဲမှာဒီတိုင်းတရုန်းရုန်းဖြစ်နေတာက လုံခြုံမှုမရှိဘူးပေါ့ အဲ့တာကို တော့မဖြစ်ခိုင်းစေချင်ဘူးပေါ့ လုံလုံခြုံခြုံနဲ့လှုပ်ရှားတာကပိုပြီးအဆင်ပြေမယ်ထင်တယ်။ မြင်သာထင်သာ နဲ့လှုပ်ရှားတာကအားလုံးအတွက်အဆင်မပြေဘူးပေါ့”လို့ပြောပါတယ်။ တစ်ဖက်မှာ တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်းမှာ အရပ်သား ၂၀၀ ကျော်၊ စစ်ကိုင်းတိုင်း မှာ အရပ်သား ၁၈၀ ကျော် နဲ့ မကွေးတိုင်းတို့မှာ အရပ်သား ၃၀ ကျော်အထိသေဆုံးခဲ့ရတယ်လို့ ဥာဏ်လင်း သစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ နိုင်ငံတစ်ဝှမ်းမှာတော့ ဒီ ၃ လအတွင်း စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပေါင်း ၂ထောင်ကျော်ဖြစ်ပွားခဲ့ပြီး ကချင်၊ ရှမ်းမြောက် ကမြို့တွေအပါအဝင် မြို့ပေါင်း ၁၂ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • 23 October
    သတင်း

    KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က စက်တင်ဘာလ ၂၂ ရက်နေ့ရက်စွဲနဲ့ KIA  ဖမ်းဆီးထားတဲ့သတင်းသမား ၂ ဦးကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ KIA အနေနဲ့ စစ်ကောင်စီတပ်လို သတင်းသမား တွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့လည်း ဆိုထားပါတယ်။ “မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့အဖွဲ့တိုင်းဟာ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ သတင်းထောက်တွေကို ပစ်မှတ်ထားခွင့်မရှိဘူး ကချင်လွတ်ရေးတပ်မတော်က သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလိုမလုပ်သင့်ပါဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခု လွှတ်ပေးသင့်တယ်”လို့ CPJ ရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အဆိုပါ သတင်း သမား ၂ ဦးကို ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေမှာဖမ်းဆီးထားပြီး လက်ရှိအခြေနေနဲ့ပတ်သက်လို့ KNG ကို အခုလိုပြောပါတယ်။ “ဘာကြောင့်ဖမ်း တယ် သူတို့အပြစ်ကဘာရှိတယ်ဆိုတာကို စစ်ဆေးမေးမြန်းနေတဲ့ အနေအထား ထင်တယ်  ဖမ်းတဲ့ကိစ္စနဲ့တော့ သတင်းဌာနနဲ့တော့ တိုက်ရိုက်ပတ်သက်မှုမရှိဘူး တပ်ပိုင်းဆိုင်ရာကနေဖမ်းတာဆိုတော့။ ဘာကြောင့် ဖမ်းတယ်ဆိုတာကတော့ ကျနော်မသိတာကိုပြောတာပါ။ သူတို့ကတော့သိမှာပါ။ သူတို့ရဲ့ စားရေးသောက်ရေးနဲ့တစ်ခြားကိစ္စတွေကတော့ စိုးရိမ်စရာတော့မရှိပါဘူး KIA ကတော့ အဲ့တာ မျိုးတွေ ဘယ်တော့မှအလေးမထားတာကိုမတွေ့ရဘူး အလေးထားပြီးတော့မှ သူတို့လိုအပ်တာတွေကို ဖြည့်ဆည်း ပြီးမှ ထိန်းထိန်းသိမ်းသိမ်းခေါ်ထားတယ်ထင်တယ် ဒါက ကျနော်သူတို့ရဲ့အခြေနေကို သုံးသပ်ပြီးမှ ပြောတာ ပါ။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ သတင်းထောက် ၂ ဦးဖမ်းဆီးခံထားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက တိတိကျကျဖြေဆိုနိုင်တာမရှိပေမယ့် သတင်းထောက် ၂ ဦးကို အလေးနက်ထားပြီး သေချာထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ ဖားကန့်မြို့နယ် နယ်ခံသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို KIA တပ်က စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ ပတ်ရှိလာပြီ ဖြစ်ပါတယ်။ သတင်းသမား ၂ ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးပြောတာကတော့ “ အဲဒီ ဖားကန့်တပ်မဟာက ၉ တပ်မဟာမှူး ပြောတာကတော့ ဆိုင်းတောင်တိုက်ပွဲပြီးရင် လွှတ်ပေးမယ်ပြောတယ်။ ဒါပေမယ့်ခုချိန်ထိ မလွှတ်ပေးသေး ဘူး” လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့သူလို့သိရပါတယ်။ သတင်းထောက်ကိုတာလင်းမောင်ကတော့ အာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်အလုပ်ကို လုပ်ကိုင်နေတာလို့သိရပါတယ်။ သတင်းသမား ၂ ဦးပြန်လွတ်ပေးဖို့ ဖားကန့်တော်လှန်ရေးအင်အားစုနဲ့ မိသားစု၊ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ ၊တပ်မဟာမှူးကို စာပေးပို့တောင်းဆိုထားကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက KIA တပ်ဟာ သတင်းသမားတွေကိုပထမဆုံးအကြိမ်ဖမ်းဆီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းကိုလည်း CPJ ကဆိုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။ By –…

    Read More »
Back to top button