သတင်း

နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။

၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

တံတားကမထိုးပေးသေးဘူးဗျာ။ဒီတိုင်းပဲစက်လှေနဲ့ကူးနေရတာ လူတစ်ယောက်ငါးထောင်ပေးရတယ် ဆိုင်ကယ်လည်းအလွတ်ဆိုရင်တစ်စီးငါးထောင်ကုန်နဲ့ဆိုရင်တော့တစ်စီး ၁၀၀၀၀ ၊၁၅၀၀၀ အထိပေးရတယ်လို့သူကပြောပါတယ်။

ကျိုးသွားတဲ့တံတားဟာ နန်းယွန်းမြို့နဲ့၃ မိုင်ကျော်အကွာမှာရှိတာဖြစ်ပြီး ဒေသခံတွေအဓိကအသုံးပြုနေတဲ့တံတားဖြစ်သလို ရှင်ဗွေယန်နန်းယွန်းကြားလီဒိုကား လမ်းမပေါ်မှာတည်ရှိတဲ့ အရေးပါတဲ့တံတားတစ်ခုလည်းဖြစ်ပါတယ်။

ကျွန်တော်တို့နန်းယွန်းသားတွေကအဓိက တောင်ယာခုတ်စားကြတာလေ။တံတားဟိုဘက်ကမ်းမှာတောင်ယာခင်တွေအများကြီးရှိတယ် တစ်နေ့တစ်နေ့မပေးနိုင်ဘူးလေပိုက်ဆံအဲ့တော့တောင်ယာခုတ်တဲ့လူတွေလည်း ဘာမှလုပ်လို့မရတော့ဘူးဖြစ်နေတယ်လို့  နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးဆက်ပြောပါတယ်။

ဒါ့အပြင် နန်းယွန်းဒေသအတွက် ကုန်စည်တွေ တင်သွင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းမှာရှိပြီး ခုလိုတံတားကျိုးသွားတာကြောင့် ကုန်တွေကိုနှစ်ဆင့်ခံပြီးသယ်ယူနေရတယ်လို့ သိရပါတယ်။

ဒါကြောင့် နန်းယွန်းဒေသထဲမှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့အခြားကုန်စျေးနှုန်းမဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။

တံတားပြန်ဆောက်ပေးဖို့အတွက် စစ်ကောင်စီဘက်က စတင်လုပ်ဆောင်တာမျိုးမတွေ့ရသလို ဒေသအာဏာပိုင်တွေကလည်းလုပ်ဆောင်တာမျိုးမတွေ့ရဘူးလို့ နန်းယွန်းဒေသခံတစ်ဦးပြောပါတယ်။

တုတ်တုတ်တောင်မလုပ်သေးဘူး အခုအစိုးရလို့ပြောတဲ့ဟာစစ်ကောင်စီကလည်းဘယ်ပျောက်နေလည်းမသိဘူး။ ပျဥ်တစ်ချောင်း အုတ်တစ်ချပ်တောင်မရောက်လာသေးဘူး NSCNK တို့ရိုးရာအဖွဲ့တို့ကလည်းဘာမှပြင်ဆင်ပေးတာမတွေ့ရသေးဘူးခုထိတော့လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျိုးသွားတဲ့တံတားဟာ နန်းယွန်းချောင်းကူးတံတားဖြစ်ပြီး အစားထိုးတံတားပြန်ဆောက်မယ်ဆိုပါက ကမ်းပါးရေတိုက်စားခံထားရမှုတွေကြောင့်အနည်းဆုံးပေ ၁၀၀၀ လောက်ရှည်တဲ့တံတားတစ်စင်းလိုအပ်မယ်လို့သိရပါတယ်။

နန်းယွန်းဒေသဟာ စစ်ရေးတည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်ပေမယ့် အခုလိုလမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ စစ်ကောင်စီကဖုန်းလိုင်းတွေဖြတ်တောက်ထားတာတွေကြောင့် ဒေသခံပြည်သူတွေအဘက်ဘက်က ခက်ခဲနေဆဲလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button