• Oct- 2024 -
    22 October
    သတင်း

    လားရှိုးမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တစ်လုံးပျက်ဆီး

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၁၂ မန်ဆူဘုရားတစ်ဝှိုက်ကို စစ်ကောင်စီက လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ရပ်ကွက် ၁၂ မန်ဆူဘက်ကိုကြဲသွားတာပေါ့နော်။ အိမ်တစ်လုံးပျက်ဆီးသွားတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ ဘူး။ သန်းခေါင်ကျော်အချိန်လို့ပြောရမယ် ၂၂ ရက်နေ့ထဲတောင်ရောက်လာပါပြီ ၁၂ နာရီနဲ့ ၁ နာရီကြားမှာ ဖြစ်သွားတာ” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့နယ်က အီနိုင်ကျေးရွာနဲ့ မြို့ပြင်ကနားမခေါ်ကားကြီးကွင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကပဲ လေကြောင်းတိုက်ခိုက်ခဲ့သေးပြီး အဲ့ဒီဖြစ်စဥ် ၂ ခုမှာလည်း အမျိုးသား ၄ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။ အခုလို စစ်ကောင်စီတပ်က လားရှိုးမြို့ကို မကြာခဏ လေကြောင်းတိုက်ခိုက်နေတဲ့အတွက် မြို့သိမ်းတိုက်ပွဲ အလွန် နေရပ်ပြန် နေထိုင်ကြတဲ့ ဒေသခံတွေအကြားစိုးရိမ်မှုတွေဆက်တိုက်မြှင့်တက်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။ “မြို့ကတော့ ဒေသခံတွေတော်တော်များများလည်း ပြန်ထွက်နေကြတယ်။ ခဏခဏ လေကြောင်းလာနေ တော့ အများစုကတော့ မြို့ထဲပြန်မနေကြဘူးပြန်ထွက်သွားကြတာများတယ်။ နေအိမ်မှာပဲနေကြတဲ့ တစ်ချို့လည်းရှိတာပေါ့နော်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် လားရှိုးမြို့နယ်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ တစ်နေ့တည်းမှာပဲ တအာင်းတပ်မ တော် TNLA ရဲ့ ဌာနချုပ်ရှိရာ နမ့်ဆန်မြို့လည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့အတွက် အရပ်သားတစ်ချို့ အပါအဝင် TNLA တပ်ဖွဲ့တစ်ချို့ပါသေဆုံးခဲ့ရတယ်လို့ သတင်းတွေထွက်နေပေမဲ့ KNG က စုံစမ်းနေဆဲ ဖြစ်ပါတယ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ လူနေ အိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်တာ ၁၆ ကြိမ်တိတိရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ  စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ By – အမိုး

    Read More »
  • 22 October
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ

    မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့်  မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့တက်လာတုန်းကတော့လမ်းမှာ သုံးညအိပ်ခဲ့ရတယ် လေးရက်ကြာတာပေါ့။ အရင်ဆိုရင်တစ်ညအိပ်နောက်မနက်ဆိုရောက်ပြီအခုက အိပ်တာကလည်းကြုံတဲ့နေရာအိမ်ရတာ။ မြို့တွေရွာတွေထဲအိပ်ရတာမဟုတ်ဘူးဗျ တောတောင်တွေထဲအိပ်ရတာအဆင်မပြေဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဇူလိုင်လကစပြီး  စစ်ကိုင်းတိုင်းထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာတိုက်ပွဲအခြေအနေအရ အိပ်ရတာဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသည်တင်ကားမောင်းနှင်နေတဲ့ကားသမားတစ်ဦးကပြောပါတယ်။ “ညအိပ်ရတာကဒီစစ်ကိုင်းတိုင်းထဲမှာပဲညအိပ်ရတာ ဘယ်နေရာမှာညအိပ်ရမယ်လို့သတ်မှတ်မထားဘူး  အဖွဲ့အစည်း(KIA၊KPDFနှင့်စစ်ကောင်စီတပ်) တွေကလမ်းပိတ်ထားတဲ့နေရာအိပ်ရတာပဲ။ သူတို့သွားခိုင်းမှသွားရတာသူတို့ကလည်းစစ်ရေးအရပိတ်ချင်တဲ့နေရာမှာပိတ်လိုက်တာပဲ”လို့အသက် ၃၀ ကျော်အရွယ်ကားသမားတစ်ဦးကပြောပါတယ်။ KIA၊KPDF တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မြစ်ကြီးနား–မန္တလေးလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနေအခြေအပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ နာရီပိုင်းနဲ့ပိတ်ထားတာမျိုးရှိသလို တချို့နေရာတွေကို တစ်ရက်(သို့မဟုတ်)တစ်ညအထိကြာပိတ်ထားတာမျိုးရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကြီးနားမန္တလေးလမ်းပိုင်းမှာအရင်ကထက် သုံးရက်ခန့်ကြာအောင်သွားနေရတာကြောင့်အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “လမ်းမှာကြာမယ်တော့သိထားတယ်။ဒါပေမယ့် နှစ်ည သုံးညကြာမယ်လို့တော့မထင်ထားဘူးလေ လေယာဥ်ခများလို့ကားနဲ့သွားရတာ ဒါပေမယ့်ကုန်ကျစရိတ်တွေကလမ်းမှာစားရတာနဲ့ဆိုအတူတူလောက်ပဲကုန်မှာဗျ တောထဲမှာ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ပိုတောင်ဒုက္ခရောက်သေးတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနား –မန္တလေးလမ်းပိုင်း မော်တော်ယာဥ်စီးခဟာ လူတစ်ဦးကို ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကနေ ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) အထိရှိတယ်လို့ မြစ်ကြီးနားမြို့ High Class ကားဂိတ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အံစာတုံးလိုမျိုးကားသေးလေးတွေကတော့ တစ်သိန်းခွဲပါ နောက်ပြီးကျ မှန်ကားအကြီးတော့မဟုတ်ဘူးမှန်လုံကားအလတ်ပေါ့အဲ့တာကျတော့ နှစ်သိန်းဗျတစ်ယောက်ကိုလမ်းမှာ သုံးလေးရက်တော့ကြာနိုင်တယ်ဗျအာမခံလို့မရဘူးအခြေအနေပေါ်မူတည်တယ်”လို့ သူကပြောပါတယ်။ ခရီးသည်တင်ကားတွေနဲ့အလားတူ ကုန်တင်ကားတွေလည်းမန္တလေး– မြစ်ကြီးနားလမ်းပိုင်းမှာ အနည်းဆုံး ၈ရက်ကနေ ၁၃ရက်လောက်အထိကြန့်ကြာနေတာကြောင့် လက်ရှိကချင်ပြည်နယ်ထဲမှာ မန္တလေးဘက်က ကုန်စည်အဝင်နှေးတာကြောင့် ကုန်ပစ္စည်းအချို့ရှားပါးတာ၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်ထဲမှာတိုက်ပွဲတွေကြောင့်မန္တလေး–မြစ်ကြီးနားကုန်သွယ်ရေးလမ်းမကြီးကို အင်းတော်မြို့နယ်ထဲမှာသြဂုတ်လကတည်းကပိတ်ထားလိုက်တာဖြစ်ပြီး အင်းတော်မြို့နယ်ကိုပတ်တဲ့ဖြတ်လမ်းနဲ့ခက်ခက်ခဲခဲ သွားလာနေကြရကြောင်းကားသမားတွေဆီကနေသိရပါတယ်။ By – Zaw Zaw

    Read More »
  • 22 October
    သတင်း

    BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော

    ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာကို  KIA ပူးပေါင်းတပ်ဘက်က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ခုလိုနယ်ခြားစောင့်တပ်တွေရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာအပါအဝင်  BGF စခန်းတွေအချိန်တိုအတွင်းသိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “စခန်းကိုတော့ မနေ့ ညနေ ၅ နာရီလောက်မှာ သိမ်းပိုက်လိုက်တယ်။ တိုက်ပွဲက ဘယ်အချိန်လောက်မှာ စဖြစ်တာလဲတော့မသိဘူး။ စခန်းသိမ်းတာမကြာလိုက်ဘူး အဓိကတော့ BGF ၁၀၀၃ တပ်ရင်းဌာနချုပ်ဖြစ်တယ်။ အဲမှာက ကျနော်တို့ လူမျိုးချင်းတူတဲ့ အဖွဲ့တွေရှိတဲ့ တပ်ရင်းနေရာဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း KIO/KIA ရဲ့ နိုင်ငံရေး၊ စစ်ရေးကို နားလည်သဘောပေါက်ပြီးတော့ တိုက်ပွဲက အရမ်းကြီးခုခံတိုက်ခိုက်တာတွေသိပ်မလုပ်ဘဲ အမြန်သိမ်းပိုက်လိုက်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ နယ်ခြားစောင့်တပ်တွေဟာ KIO/KIA ရဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေကို နားလည်သဘောပေါက်ရုံတင်မကပဲ လူမျိုးအချင်းအချင်း ခိုက်ရန်မလိုလားတဲ့အတွက်လည်း အချိန်အကြာကြီးခုခံတိုက်ခိုက်တာမလုပ်တဲ့အတွက် အမြန်ဆုံးသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၁၀၀၂ လုပီတပ်ရင်းဌာနချုပ်၊ အောက်တိုဘာလ ၁၉ ရက်မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါမြို့သိမ်းလိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ကံပိုင်တည်မြို့အနီး စင်ကြိုင် ၁၀၀၃  တပ်ရင်း အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ စင်ကြိုင်ကျေးရွာရှိ ၁၀၀၃ တပ်ရင်းဌာချုပ်မသိမ်းခင် ရှေ့တန်းကာကင်းစခန်းတွေဖြစ်တဲ့  လဖိုင် (Lahpai) ဝေါ့ချုံး (Waw Hkyung) ၊ မဂါး(Maga) စတဲ့စခန်းတွေကို KIA ဘက်က အောက်တိုဘာလ ၁၆ ရက်နေ့စပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ အောက်တိုဘာလ ၂၁ ရက်သိမ်းပိုက်နိုင်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်ထားတဲ့ အမှတ် ၁၀၀၃ တပ်ရင်းနေရာဟာ နှစ်ပေါင်းကြာရှည်စွာ ကံပိုင်တည်ဒေသအတွင်း ဘိန်းစိုက်ပျိုးရေးအတွက်လည်း အဓိက လုံခြုံရေးယူထားပေးတဲ့ နယ်ခြားစောင့်တပ်ရင်းတစ်ခုဖြစ်သလို စစ်ရေးဗျူဟာအရလည်း အလွန်အရေးပါတဲ့ တပ်ရင်းနေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “ဒီနယ်ခြားစောင့်တပ်ရင်းက ကန်ပိုင်တည်သွားလမ်းနဲ့ မြို့နေရာကို အဓိက ကာကွယ်ပေးထားတဲ့ တပ်ရင်းဖြစ်တယ်။ ပြီးရင် နောက်တစ်ခုက အဲဒီဒေသမှာ ဘိန်းအရမ်းစိုက်ကြတယ်။ စင်ကြိုင်၊ ဝေါ့ခရုန်း(Waw Hkyung) ၊ မဂါး(Maga) တစ်ကြောပတ်ပတ်လည်လည် ဘိန်းစိုက်တဲ့ နေရာတွေပဲ။ အဲဒီ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေကိုလည်း လုံခြုံရေးပေးနေတဲ့ တပ်လည်းဖြစ်တယ်”လို့ပြောပါတယ်။ အဲဒီဒေသတစ်ခုလုံကို ယခင်က KIO/KIA က ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး(Pat Jasan Magam)လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့်  ထိရောက်မှုမရှိဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အလွန်ခက်ခဲတဲ့ နေရာဒေသတွေဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့  ၂၀၁၆ ဝန်းကျင်ကတည်းမှာ KIA အဖွဲ့တွေ အဲဒီဒေသမှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်းနေရာတွေကို လိုက်လံ ခုတ်ထွင်ရှင်းလင်းချိန်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်တာတွေ၊ Pat Jasan အဖွဲ့တွေကိုလည်း မိုင်းနဲ့ ချိန်ပစ်ဖောက်ခွဲခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် KIA ပူးပေါင်းတပ်တွေဟာ ဆဒုံးနဲ့ ကန်ပိုင်တည်ကြားက စင်ကြိုင် နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်လိုက်တာဟာ စစ်ရေးအရတင်မဟုတ်ဘဲ ကံပိုင်တည်ဒေသအတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးတဲ့ လုပ်ငန်းတွေကိုပါ တားဆီးလာနိုင်တော့မှာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်ပြောဆိုနေကြပါတယ်။ စင်ကြိုင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် KIA ရဲ့ စစ်ဆင်ရေးက ကံပိုင်တည်မြို့ အနီးတဝိုက်မှာ ရောက်ရှိနေသလို တိုက်ပွဲတွေလည်းဆက်ဖြစ်နေပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့အတွက်လည်း တာဝန်ရှိသူတွေ ညှိနှိုင်းမှုတွေရှိနေတယ်လို့ သိရပြီးတော့ တစ်ချို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဒီရက်ပိုင်းအတွင်းမှာတင် ကံပိုင်တည်မြို့ကိုပါ ထပ်သိမ်းလာနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။…

    Read More »
  • 22 October
    သတင်း

    ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ

    ပန်ဝါမြို့ပြည်သူတွေလေကြောင်းအန္တရာယ်ကို စိုးရိမ်လို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒီနေ့အထိ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမဲ့ ပြည်သူတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် အားလုံးထွက်ခွာနေကြတယ်လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “ပြည်သူအများပိုင်း ပြန်သွားကြပြီ နယ်ခံတွေလည်း တိမ်းရှောင်ကုန်ပြီ။ အခုကျမတို့တောင် ပြန်ဖို့အဆင်သင့် အဝတ်ထုတ်တွေသိမ်းပြီး ကားစောင့်နေတာ။ ကားတွေ လမ်းမှာအရမ်းခက်လို့ဆိုပြီး စောင့်နေတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေက အကုန်ပြန်ကုန်ပြီ။ သုံးပုံ ၁ ပုံပဲရှိတော့တယ်။ ကျန်တဲ့သူတွေလည်း ရှောင်ဖို့ ထွက်ဖို့ အားဆုံးအဆင်သင့်စောင့်နေသူတွေပဲ။ အဓိကတော့ လေကြောင်းအန္တရာယ်ကြောင့်ပါ” လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပန်ဝါမြို့ ပြည်သူထောင်ချီဟာ မြို့တွင်းသေနတ်သံတွေ ဆူညံလာချိန် တရုတ်နယ်စပ်ခြံစည်းရိုးနားတစ်လျှောက် စုပြုံတိမ်းရှောင်ကြပေမယ့် တရုတ်ဘက်က ဝင်ခွင့်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ပြည်သူအားလုံးနီးပါး ပန်ဝါကနေ ဝိုင်းမော်– မြစ်ကြီးနားဘက်ခြမ်းကို အဓိက ထွက်ခွာနေတယ်လို့ ဆိုပါတယ်။ “အားလုံးက လေကြောင်းရန်ကို အဓိကစိုးရိမ်လို့ဟုတ်တယ်။ အခြေအနေတည်ငြိမ်ရင် ပြန်လာကြမယ်ဆိုပြီး အားလုံးထွက်ခွာနေတာဟုတ်တယ်။ ဒီနေ့တောင် လေယာဉ်လာမလိုသတင်းတွေက ပျံ့နှံ့ပြီး ကျမတို့လည်း စိုးရိမ်ပြီးပဲ စောင့်နေကြတယ်။ စျေးဆိုင်းအားလုံးလည်း ပိတ် ပန်ဝါမြို့က မြို့ပျက်လိုပဲ တိတ်ဆိတ်နေတယ်။ တိုက်ပွဲသံတွေတော့ ငြိမ်သွားပေမဲ့ ဆက်လက်စိုးရိမ်ကြသေးတာပေါ့”လို့ ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပန်ဝါဒေသခံတွေအပါအဝင် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအားလုံး ကိုယ်ပိုင်ကား၊ဆိုင်ကယ်ရှိတဲ့သူတွေကတော့ မိမိယာဉ်တွေနဲ့ ထွက်ခွာနေပြီး ကားလမ်းပိုင်းကြပ်တဲ့အခက်အခဲတွေရှိနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ပန်ဝါမြို့အလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် ပန်ဝါဒေသနဲ့တစ်ဆက်တည်း ဖီမော်၊ကမ်းဖန်နဲ့ နိုဇွန်ဘွမ်တပ်ရင်းကြီးတစ်ချို့ကျန်ရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း သဘာ၀အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ပန်ဝါမြို့ဟာ ချီဖွေမြို့နဲ့မိုင် ၄၀ ဝန်းကျင်ရှိပြီး မြေရှားသတ္တုတူးဖော်မှုကြောင့် နာမည်ကျော်တဲ့အပြင် မြန်မာ–တရုတ်နယ်စပ် ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိရာမြို့ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 21 October
    သတင်း

    ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ကောလင်းမြို့နယ် အနောက်ခြမ်းက ဥက္ကံကျေးရွာ၊ ချောင်းနားကျေးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီးတော့ ဒီကျေးရွာတစ်ဝှိုက်တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “အဲ့နားမှာ ဘာတိုက်ပွဲလည်းမဖြစ်ဘူးလို့သိရပါတယ်။သေဆုံးသူက ကနဦးတော့ ၂ ယောက်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူတွေရှိတယ်လို့လည်းကြားရတယ်။အခုကတော့ ရှင်းလင်းရေးတွေလုပ်နေကြတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ လက်ရှိနောက်ဆုံးသိရှိရတဲ့အခြေနေအရတော့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ၃ ဦးအထိရှိပြီ ဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာတော့ KNG ကအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဥက္ကံကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ သေးပြီး အမျိုးသမီး ၂ ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ ကောလင်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဂျက်ဖိုက်တာဟာ တံတားဦးလေတပ်ကနေ ကန့်ဘလူမြို့ကို ဖြတ်ပြီးတော့ ကောလင်းနယ်အနောက်ခြမ်းကကျေးရွာတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်း တိုက်ခိုက်ပြီး မိနစ် ၂၀ အကြာမှာပဲ လာရာလမ်းအတိုင်း ပြန်လည်ဆင်းသက်သွားတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာကြောင့် ကောလင်းမြို့နယ်အနောက်ခြမ်းထဲက ကျေးရွာတစ်ချို့က ဒေသခံ တွေဟာ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 21 October
    သတင်း

    နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ကံပိုင်တည်မြို့ပြည်သူတွေ ကြိုတင်တိမ်းရှောင်

    နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကံပိုင်တည်မြို့အနီးရှိ  ၁၀၀၃ စင်ကြိုင်တပ်ရင်းချုပ်မှာတိုက်ပွဲပြင်းထန်နေတာကြောင့် မြို့တွင်းနေထိုင်တဲ့ပြည်သူတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တရုတ်နယ်စပ်– ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်မှာရှိတဲ့ နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ထိုးစစ်ဆင်နေပြီး ရှေ့တန်းကာကင်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲဟာ မြို့အနီးရောက်ရှိလာပြီဲဖြစ်တာကြောင့် ကံပိုင်တည်မြို့ပြည်သူတွေဟာ မြစ်ကြီးနား– ဝိုင်းမော်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို တစ်ချို့က နီးစပ်ရာတောထဲမှာ တိမ်းရှောင်တာတွေလည်း ရှိနေတယ်လို့ ကံပိုင်တည်မြို့နေ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။  “မနေ့ညနေပိုင်းကနေ ပြေးတဲ့သူပြေးကုန်ကြပြီ  ငွေကြေးတတ်နိုင်တဲ့သူတွေအများပိုင်းက မြစ်ကြီးနားနဲ့ဝိုင်းမော်ဘက်တိမ်းရှောင်ကြတယ်”လို့ ပြောပါတယ်။ KIA ရှေ့တန်းသတင်းရင်းမြစ်တွေပြောဆိုချက်အရ အောက်တိုဘာလ ၁၇ ရက်နဲ့ ၁၈ ရက်အတွင်း လဖိုင်ပြည်သူ့စစ်စခန်းနဲ့ဝေ့ါချုံးကာကင်းစခန်းတွေကို သိမ်းပိုက်ထားပြီး လမ်းတစ်လျှောက်လုံးကို  KIA ဘက်က ထိန်းချုပ်ထားနိုင်ပြီလို့သိရပါတယ်။ လဖိုင်ပြည်သူစစ်ခန်းနဲ့ဝေါ့ချုံးရွာမှာရှိတဲ့ ကာကင်းစခန်းတွေဟာ ဆဒုံးမြို့နဲ့ ကံပိုင်တည်မြို့ကြား နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်တပ်ရင်းမရောက်ခင် ရှိတဲ့ရှေ့တန်းစခန်းတွေဖြစ်ပါတယ်။ ဒါ့အပြင် ဆဒုံးမြို့ကို KIA ပူးပေါင်းတပ် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာသိမ်းပိုက်ထားပြီး အောက်တိုဘာလ ၁၇ ရက်နေ့ ဆဒုံးမြို့အကျော် ၁၀မိုင်ဝန်းကျင်မှာရှိတဲ့ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ရှိက ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးမြို့ကို လုံခြုံရေးယူပေးတဲ့ တပ်ရင်းဌာနချုပ်ဖြစ်ပြီး  KIA ထိုးစစ်ဆင်နေတာ ၄ ရက်ရှိလာတဲ့အပြင် စစ်တပ်ဘက် လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာလည်း တရုတ်ဘက်က ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ အင်အား ၁၀၀ ဝန်းကျင်ကို ကံပိုင်တည်မြို့ထဲလာပို့တာတွေရှိတယ်လို့သိရပြီး ပြည်သူ့စစ်တွေ ကံပိုင်တည်မြို့ထဲရောက်လာပြီးနောက် စစ်တပ်ကဘက် ရဟတ်ယာဉ်နဲ့လက်နက်လာပို့သွားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကံပိုင်တည်မြို့ပြည်သူတစ်ဦးပြောတာက” ပန်ဝါဘက်ကနေ တရုတ်ဘက်ကို ဝင်သွားတဲ့ပြည်သူ့စစ်တွေဖြစ်နိုင်တယ်။ တရုတ်ဘက်က လက်နက်တွေသိမ်းပေးလိုက်ပြီး ကံပိုင်တည်ကိုလာပို့တာလို့ ယူဆရတယ်။ အဲဒီပြည်သူ့စစ်တွေကိုလာပို့ပြီးနောက် ရဟတ်ယာဉ်တစ်စီးနဲ့လက်နက်တွေလာပို့သွားတယ်လို့ သတင်းရထားတယ်”လို့ ပြောပါတယ်။ KNG အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်နေပေမယ့် ညနေပိုင်း  ၅ နာရီဝန်းကျင်အထိ ဖုန်းဆက်သွယ်လို့မရပါဘူး။ KIA ပူးပေါင်းတပ် ထိုးစစ်ဆင်နေတဲ့ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်ဟာ ဆဒုံးမြို့ကနေ မိုင် ၂၀ ဝန်းကျင်သာကွာဝေးပါတယ်။ ဒါ့အပြင် ကံပိုင်တည်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်မှာရှိပြီး တရုတ်– မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးဇုန်အဖြစ် တည်ဆောက်နေပြီး နှစ်နိုင်ငံစီမံကိန်း သဘောတူစာချုပ် MOA ထိုးနိုင်ဖို့ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 21 October
    သတင်း

    ဆေးဝါးသယ်ယူဖို့ ခွင့်ပြုချက်ပါပေမဲ့ နှစ်ဖက်တပ်ဆီအခွန်ဆောင်နေရဆဲ

    မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆေးဝါသယ်ယူဖို့ ခွင့်ပြုချက်ထောက်ခံစာပါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အခွန်ပေးဆောင်နေရဆဲဖြစ်တယ်လို့ မြစ်ကြီးနား–မန္တလေး ကားသမား တွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမကြီးက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် မြို့ရှောင်လမ်းကနေ ကားအသေးနဲ့ပဲ ပြေးဆွဲနေရတဲ့ ဒီလမ်းပိုင်းမှာ နှစ်ဖက်လက်နက်ကိုင်ဂိတ် ၁၀ ခုထက်မနည်းရှိပြီး ဆေးဝါးသယ်ယူခွင့် ထောက်ခံစာပါပေမဲ့ ပေးဆောင်ရတဲ့အခွန်ကများနေဆဲဖြစ်တယ်လို့ ကားသမားတစ်ယောက်က ပြောပါတယ်။ “အဆိုးဆုံးကတော့လူသုံးဆေးဝါးတွေပေါ့ဗျာ။ ကျနော်တို့မှာ လိုင်စင်တွေအကုန်ပါတယ်။ လိုင်စင်ဆိုတာ က မြစ်ကြီးနားမှာဖွင့်ထားတဲ့ ဆိုင်လိုင်စင်ရှိမယ်။ မန္တလေးကနေတင်ပေးပါတယ်ဆိုတဲ့ ထောက်ခံစာရှိမယ်။ ကချင်ပြည်နယ်က ခွင့်ပြုပါတယ်ဆိုတာလည်းပါတယ်။ အဲ့တာကို နှစ်ဖက်လုံးက မရဘူးလို့ပြောတာ”လို့ပြောပါတယ်။ အခွန်ဆောင်ရတဲ့ငွေကြေးပမာဏဟာ ပုံမှန်မရှိပေမဲ့  ကျပ် ၂ သိန်းကနေ ၃ သိန်းဝန်းကျင်အထိ  ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ တစ်ဖက်မှာ ဆေးဝါးအပြင် ကားအပိုပစ္စည်းသယ်ယူရင်လည်း အခွန်ဆောင်နေရပြီး အခုလို နှစ်ဖက် လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတာများပြားတဲ့အတွက် ဆေးဝါးဈေးနှုန်းတွေက ပိုပြီးမြှင့်တက်လာ တာလို့ ကားသမားတွေကသုံးသပ်ကြပါတယ်။ “နှစ်ဖက်တပ်လုံးကဒီလိုလုပ်တော့ မြစ်ကြီးနားမှာဆေးဝါးတွေကဈေးတက်ကုန်တာ။ နောက်ထပ်ဆေးဝါး အပြင် ကန့်သတ်ချက်များတာက ကားအပိုပစ္စည်းတစ်ချို့ပေါ့။ ကားအပိုပစ္စည်းကတော့ ဘာလို့လည်းမသိ ဘူး သေချာလည်းနားမလည်ဘူး။”လို့ကသမားတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အရေးကြီးကုန်စည်လို့သတ်မှတ်ထားတဲ့ ဆေးဝါးတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီးတော့ ပို့ကုန်ရငွေပြနိုင်မှ တင်သွင်းခွင့်ပြုမယ်လို့ မူဝါဒချမှတ်ခဲ့ပါတယ်။ အဲ့ဒီလို အခြေနေတွေကြောင့် ဆေးဝါးပိုရှားပါးတာ၊ ဈေးမြှင့်တက်တာတွေဖြစ်လာနိုင်တယ်လို့ ဆေးဝါးလုပ်ငန်းရှင်တွေကသုံးသပ်ခဲ့ကြပြီး ပြည်တွင်းဆေးဝါးသယ်ယူရာမှာလည်း အခုလို နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံမှုတွေကြောင့် ဆေးဝါးဈေးနှုန်းပိုမိုမြှင့်တက် လာတာလို့ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင်  စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းနေရာတစ်ချို့ဖြတ်သန်းသွားလာလို့ မရတဲ့ အခြေနေရှိနေတာဖြစ်ပါတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေးတွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ်ကတည်းကဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 21 October
    သတင်း

    ဗန်းမော်မှာ ဖုန်းအသုံးပြုသူတွေ မသင်္ကာမှုနဲ့ စစ်ဆေးခံရတာတွေရှိနေ

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဖုန်းအသုံးပြုတဲ့ဒေသခံတွေကို မသင်္ကာလို့ဆိုကာ စစ်ဆေးတာမျိုးတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံလုံခြုံရေးတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ပေါ်အတွင်း ကင်းပတ်လေ့ရှိပြီး ဒေသခံတွေအများအပြားသွားလာတတ်တဲ့နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလုပ်တယ်လို့ ဗန်းမော်ဒေသခံ တစ်ယောက်ကပြောပါတယ်။ “အရင်က အင်တာနက်မဖြတ်ခင်ကတော့ VPN လောက်ပဲစစ်တာ။ အခုက အင်တာနက်ပြတ်သွားတော့ လက်ဖက်ရည်ဆိုင်တွေမှာ ဖုန်းသုံးတာတို့ဆို မသင်္ကာလို့ဆိုပြီးစစ်ဆေးတာမျိုးပေါ့။ တပ်ဘက်ကလူတွေက လက်ဖက်ရည်ဆိုင်တို့ လူများတဲ့နေရာတွေမှာ နေရာဝင်ယူထားတယ်။ စစ်ဆေးခံရ တာတွေလည်း များတယ်။ အဓိကစစ်ဆေးတာကတော့ ပုံတွေနဲ့ We Chat တွေကိုစစ်တယ်”  လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဖုန်းနဲ့အင်တာနက်လိုင်းမဖြတ်ခင်ကာလတွေမှာ လူငယ်တွေနဲ့ သက်လတ်ပိုင်း အမျိုးသားတွေကိုသာ ရှောင်တခင်စစ်ဆေးလေ့ရှိတာဖြစ်ပြီး အင်တာနက်ဖြတ်ပြီးကာလတွေမှာတော့ အမျိုးသား၊ အမျိုးသမီး အသက်အရွယ်မရွေးစစ်ဆေးတာတွေလုပ်နေတယ်လို့ ပြောပါတယ်။ မြို့တွင်းစစ်ဆေးတာတွေလုပ်တဲ့အခါမှာလည်း အရပ်ဝတ်နဲ့လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ချို့နဲ့ စရဖ( စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ ) တွေပူးပေါင်းပြီး စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်တစ်ဝှမ်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာ ဒီနေ့ဆိုရင် ၃ လပြည့်ပြီ ဖြစ်ပြီး ဗန်းမော်မြို့နယ်အတွင်းမှာ အော်ရီဒူးအင်တာနက်လိုင်းတော့ တစ်ခါတစ်ရံ ရတတ်တယ်လို့ ဒေသခံ တွေကပြောပါတယ်။ “ဆက်သွယ်ရေးကတော့တော်တော်လေးခက်တာပေါ့။ သူတို့က သမင်သကာကိုဖြတ်ထားတာ။ အော်ရီဒူးဆို လိုင်းပြန်ရရင်တောင် တိုက်ပွဲဖြစ်တဲ့အခြေနေပေါ်မူတည်ပြီးဖြတ်တယ်။ လောလောဆယ်တော့ အော်ရီဒူး ပြန်ရတယ်။ မနက်ခင်းပိုင်းနဲ့ ညပိုင်းကိုအချိန်အကန့်အသတ်နဲ့ပေးတယ်။ အင်တာနက်ကတော့လုံးဝမရ ဘူး”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြို့တော်မြစ်ကြီးနားမြို့မှာတော့ အင်တာနက်လိုင်းအသုံးပြု ဖို့ အခကြေးငွေပေးပြီးအသုံးပြုလို့ရတဲ့ဆိုင်တွေအများအပြားရှိလာပြီဖြစ်ပေမဲ့ ဗန်းမော်မြို့ပေါ်မှာတော့ အင်တာနက်အသုံးပြုနိုင်တဲ့နေရာတွေမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ အခုလို ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံရထားရတာ ၃ လကြာရှိလာတဲ့အခြေနေနဲ့ပတ်သက်လို့လည်း KNG က စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ဆက်သွယ်ခဲ့ပေမဲ့ဖုန်းစက်ပိတ်ထားပါတယ်။ By – အမိုး

    Read More »
  • 20 October
    သတင်းဆောင်းပါး

    စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ 

    နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့…

    Read More »
  • 19 October
    သတင်း

    ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု

    ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီလောက် ပန်ဝါမြို့တွင်း နေရာအားလုံးကို ဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီကမနေ့ ၆ နာရီနဲ့ ၈ နာရီကြားမှာ နေရာအားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ကြားရတယ်။ ဒီအခြေအနေကို ကြားရသလောက်ဆို ရင်တော့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆက်သွယ်အခက်အခဲကြောင့် အထဲက အခြေအနေကိုတော့ အသေးစိတ်သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ ပန်ဝါတိုက်ပွဲမှာ မနေ့က ၅ နာရီလောက်ကတည်းကနေ ပန်ဝါ စစ်ဗျူဟာကုန်းနေရာမှာ တိုက်ပွဲစတင်ပြင်းဖြစ်ပွားလာခဲ့တာဖြစ်ပြီး  ၆ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၀ နာရီလောက်မှာ ဗျူဟာကုန်းကို အရင်ဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဗျူဟာကုန်း သိမ်းပိုက်မှုအပြီး KIA ပူးပေါင်းတပ်တွေဟာ ပန်ဝါမြို့တွင်းနေရာအားလုံးကို ထပ်မံသိမ်းပိုက်လိုက်ပြီးတော့ ၁၂ နာရီနောက်ပိုင်းမှာ လက်နက်သံတွေ ငြိမ်ကျသွားတယ်လို့ ပန်ဝါဒေသခံတွေကပြောပါတယ်။ ပန်ဝါမြို့မသိမ်းမှီ KIA ပူးပေါင်းတပ်တွေဟာ ချီဖွေနဲ့ ပန်ဝါကြားမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်းအကြီးတစ်ခုဖြစ်တဲ့ လုပီ(ဒေသခေါ်) ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ခန့်အကြာမှာ တပြိုင်နက် ပန်ဝါမြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA တပ်တွေ ပန်ဝါမြို့သိမ်းတိုက်ပွဲ တစ်ပြိုင်နက် ဆင်းနွှဲခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တိုက်ပွဲအခြေအနေက အထဲမှာ ဘယ်လို လုပ်ကြလဲတော့ သေချာမသိဘူး။ ပန်ဝါမြို့အနီးတဝိုက်မှာ KIA တွေရှိနေတာတော့ ကြာပြီ။ တစ်ဖက်မှာ ပြည်သူ့စစ်တွေကလည်း KIA တွေဝင်လာရင် ပြင်းပြင်းထန်ထန် တွန်းလှန်တော်လှန်ဖို့ ပြင်ဆင်ထားတာလည်း သိရှိရတာဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း သိထားပြီးသားဖြစ်တယ်။ ဒါကြောင့် စစ်ရေးခြေအနေပေါ်မူတည်ပြီးတော့ လုပ်ကြတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာကြောင့် KIA နယ်မြေတစ်ကြော ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်ကနေ ပိတ်ဆို့လိုက်တယ်လို့လည်း သိရပါတယ်။ တရုတ် ရင်ဂျန်းအစိုးရကနေ ပန်ဝါမြို့တစ်ခုလုံးကို KIA ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ လမ်းတံတားတွေပြုပြင်ရမယ်လို့ ပြောဆိုပြီး နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားမယ့် အသိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်လာတာ တွေ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်အစိုးရဘက်ကနေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ လက်လွတ်လိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဟာ ညတွင်းချင်မှာပဲ KIO လိုင်ဇာမြို့အနီး ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမိုင်ယန်ကျေးရွာက လင်မယားနှစ်ဦး ဗုံးကျမှန်ပေါက်ကွဲ သေဆုံးမှုရှိခဲ့ပါတယ်။ KIA တပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကနေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ချီဖွေ၊ ဆော့လော် မြို့နယ်တွေကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button