-
Oct- 2024 -19 Octoberသတင်း
လိုင်ဇာမြို့အနီး စစ်တပ်ရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံး
KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး လမိုင်ယန်ကျေးရွာမှာ စစ်တပ်ကဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ KIO ပူးပေါင်းတပ်ဖွဲ့ဘက်က ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်ကောင်စီဘက်ကနေပြီးတော့ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီလေယာဉ်တွေကို တရုတ်ဘက်ကနေပြီးတော့ သတိပေးမီးကျည်တွေပစ်ပြီး ခြောက်လန့်ခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “ဒီမနက် ၁နာရီဝန်းကျင်လောက်မှာဟုတ်တယ် တရုတ်နယ်စပ်ဂိတ်ဘက်က လုံခြုံရေးယူဖို့…
Read More » -
18 Octoberသတင်း
လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင်
တနိုင်း– လီဒိုလမ်းမပေါ် ဒေသခံပြည်သူတွေဟာ စစ်ရေးခြေအနေကြောင့် လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် ဒေသအတွင်း အစားအသောက် ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။ လယ်ယာလုပ်ငန်းနဲ့အဓိကဝမ်းကျောင်းပြုနေကြတဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်စတဲ့ ကျေးရွာနေပြည်သူတွေဟာ လက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသအတွင်းမတည်မငြိမ်ဖြစ်ပြီး လယ်ယာလုပ်ကိုင်ဖို့ ခက်ခဲသွားတဲ့အခြေအနေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်တစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်ပြီးနောက် တနိုင်းလီဒိုလမ်းမဘက်ကိုလည်း တိုက်ပွဲစတင်လာနိုင်တဲ့အကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် ဝါရာဇွပ်ကျေးရွာအပါ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စတဲ့ ကျေးရွာနေရာပြည်သူတွေ မိုးကောင်၊ နမ္မတီး ဘက်ကို ကြိုတင်တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့ တိမ်းရှောင်နေရာတွေလုပ်ပြီး အဆင်သင့်ပြင်ဆင်နေပြီး နေနေရတယ်လို့သိရပါတယ်။ ဒါကြောင့် လီဒိုလမ်းမပေါ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ နှစ်စဉ်လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အထိ အခက်အခဲကြုံတွေ့ခဲ့တယ်လို့ ဝါရာဇွပ်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “မနှစ်တုန်းကတော့ တိုက်ပွဲဖြစ်တာတွေရှိပေမယ့် လယ်ယာလုပ်ငန်းတွေက လုပ်ကိုင်နိုင်ကြတယ်လို့ ပြောလို့ရမယ်။ ဒီနှစ်မှာတော့ တိုက်ပွဲတွေဖြစ်လာတော့မယ်ဆိုပြီး စစ်ရှောင်စခန်းတွေ လုပ်ရမယ် စသဖြင့် သတင်းတွေ ထွက်ပေါ်ခဲ့တော့ အားလုံးက စိုးရိမ်ပြီးမှပဲ နေကြတော့တယ်။ အဲ့လိုပဲ လယ်ယာလုပ်ကိုင်တဲ့ သူတွေကလည်း ဖြစ်လာမလား ဆိုပြီး တစ်ချို့က တန်းလန်း မစိုက်နိုင်ပဲ ရပ်နားလိုက်တဲ့ သူတွေရှိတယ်။ တစ်ချို့ဖြစ်သလို စိုက်လိုက်ရတဲ့ သူတွေရှိကြတယ်။ အရင်နှစ်တွေလို သေသေချာချာ မလုပ်ရဘူး”လို့ပြောပါတယ်။ နောင်မီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာတွေမှာ နှစ်စဉ်လယ်စပါးကို ဧကသိန်းချီစိုက်ပျိုးနိုင်တဲ့နေရာဖြစ်ပြီး ဧကရာချီစိုက်ပျိုးတဲ့ တောင်သူတွေက ဒီနှစ်မှာ ဧက ၂၀ နဲ့ ၃၀ ကြားသာ စိုက်ပျိုးနိုင်ပြီး တစ်ချို့တောင်သူတွေက ဧက ၅ ဧကလောက်သာ စိုက်ပျိုးနိုင်ကြတယ်လို့ပြောပါတယ်။ ခုလို ဒေသခံတောင်သူတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အကြောင်းအရင်းတွေဟာ စစ်ရေးအပြင် ကားလမ်းပျက်စီးပြီးကုန်ပစ္စည်းနဲ့ စက်သုံးဆီတင်ကား သွားလာဖို့ အခက်အခဲတဲ့ ပြဿနာလည်းပါဝင်တယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်နယ်တစ်ခုလုံး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် တနိုင်းသွားလမ်း နောင်းမီနဲ့ ဝါရာဇွပ် ကားလမ်းပိုင်းမှာ နှစ်လဝန်းကျင်အထိ ကုန်ကားသွားလာဖို့ ၆ နေရာလောက်မှာ လမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေမှာ ထွန်စက်အကြီးတွေနဲ့ အခကြေးငွေပေးပြီးဆွဲထူကာ သွားလာနေရတာကြောင့် စက်သုံးဆီနဲ့ ကုန်ပစ္စည်းစျေးနှုန်းလည်း အဆမတန်မြင့်တက်သွားတာဖြစ်ပါတယ်။ တစ်ဖက်မှာ ဒေသခံပြည်သူတွေ ကုန်စျေးနှုန်းမြင့်တက်ဒဏ်ကြုံတွေ့နေရကြားထဲ လယ်ယာလုပ်ငန်းမှာ စက်သုံးဆီအသုံးပြုဖို့အထိ ငွေကြေးမတတ်နိုင်တာကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူနည်းပါးသွားတယ်လို့ ဒေသခံတောင်သူတွေပြောပါတယ်။ အခုလို လယ်ယာလုပ်ငန်း လုပ်ကိုင်သူ နည်းပါးသွားတဲ့အတွက် ဒေသအတွင်း လာမယ့်နှစ်တွေမှာ အစားအသောက် အခက်အခဲတွေ ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဝါရာဇွပ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “ဒီအခြေအနေမှာ ကျနော်တို့ ဒေသခံတွေက ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ ငွေကြေးတတ်နိုင်ပြီး လုပ်နိုင်တဲ့ သူတွေလည်း အရင်းအနှီးအများကြီးထည့်ထားပြီဖြစ်တဲ့အတွက် ဆန်စျေးနှုန်းတွေက ဒီထက်ပိုပြီးတက်လာဖို့ပဲရှိတယ်။ တစ်ချို့ကလည်း တတ်နိုင်သလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း နိုင်ငံရေးအခြေအနေကြောင့် သေချာလေးဂရုမစိုက်နိုင်တဲ့အတွက် ထင်သလောက်ထွက်မှာမဟုတ်ဘူ”လို့ပြောပါတယ်။ ဝါရာဇွပ်ကျေးရွာ အုပ်စု၊ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲငြိမ်သက်သွားတာ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် ဒေသအတွင်း စစ်ရေးမတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းသွားလာလုပ်ကိုင်ဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ အခုလို အခြေအနေကြောင့် လီဒိုလမ်းမပေါ်မှာရှိကြတဲ့ ကျေးရွာတစ်ချို့ လာမယ့် ရာသီကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတွေကို ပြုလုပ်နိုင်ဖို့ အလားအလာမရှိဘူးလို့လည်း ပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
18 Octoberသတင်း
ဟုမ္မလင်းနယ်ထဲက SNA ဂိတ်တွေမှာ အခွန်အဆမတန်ကောက်ခံနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ဆေးရေးဂိတ် ၄ နေရာလောက်မှာ အခွန်အဆမတန်ကောက်ခံနေတဲ့အတွက် သွားလာတဲ့ ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ရှမ်းနီ SNA တပ်တွေ န်းချုပ်ထားတဲ့ ဟုမ္မလင်းအရှေ့ဘက်ခြမ်း နောင်ပိုအောင်၊ နောင်တော၊ မိုင်းကိုင်း၊ဆပ်ကယား စတဲ့ကျေးရွာတွေမှာ SNA ဂိတ်ထိုင်ထားပြီး…
Read More » -
17 Octoberသတင်း
သန်းခေါင်စာရင်း ဒီလကုန်အထိကောက်ယူမယ်လို့ စစ်ကောင်စီကြေညာ
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမယ်လို့ မနေ့ကစက်တင်ဘာလ ၁၆ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။ စစ်ကောင်စီတပ်ဘက်က သန်းခေါင်စာရင်းကောက်ယူမှု ရက်တိုးတဲ့အကြောင်းကြေညာရာမှာ အကြောင်း အမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူလို့မရသေးတဲ့နေရာတွေမှာ ပြန်လည်ကောက်ခံသွားမှာလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ…
Read More » -
17 Octoberသတင်း
မုန်ယာရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊နောက်ထပ် ၂ ဦးဒဏ်ရာရရှိ
ရှမ်းမြောက် မုံးကိုးခရိုင် မုံးပေါ်ဒေသ မုန်ယာ(Mungya mare)ကျေးရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ် ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲ မုန်ယာ(Mungya) ကျေးရွာ နမ့်မွေချောင်းအနီး ရွှေတူးဖော်နေချိန်…
Read More » -
17 Octoberသတင်း
ဆွမ်ပီယန်အပါအဝင် ရွာပေါင်း ၃ ရွာက ပြည်သူတစ်ထောင်ကျော် အစားသောက်၊ဆေးဝါးကူညီမှုလိုအပ်နေ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ရွာပေါင်း ၃ ရွာ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဝန်းကျင် တော၊တောင်ထဲထွက်ပြေးတိမ်းရှောင်နေတာ ၅ လကျော်ကြာလာပြီး ဖျားနာသူတွေများလာနေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေ ပြောပါတယ်။ ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်(Nsi Yang) ၊ ၀ဒတ်(Wadat) စတဲ့ကျေးရွာက ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင် နီးစပ်ရာတောတောင်မှာ မိုးကာတဲထိုးပြီး စစ်ရှောင်နေတာ ကာလအားဖြင့် ၅ လကြာမြင့်လာတဲ့အပြင် လက်ရှိဆောင်းတွင်းဝင်လာပြီဖြစ်တဲ့အတွက် အနွေးထည်၊ စောင်၊ ဆေးဝါး၊ အစားသောက်အခက်အခဲကြုံနေရတယ်လို့ ဆွမ်ပီယန်စစ်ရှောင်ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “မိုးကာတဲအောက်မှာ မိုးရွာရင် မိုးယို၊ နေပူရင်လည်း နေလို့မရပြန်၊ ခြင်ကကိုက်၊ လတ်တလော ဖျားနာတာတွေအရမ်းများနေတယ်။ ဆောင်းတွင်းဝင်လာပြီဆိုတော့ အနွေးထည်တွေမရှိ၊ စောင်ခြုံစရာမရှိလို့ အရမ်းခက်နေကြတယ်။ ချောင်းဆိုး၊ အဖျားတက် အဖြစ်အရမ်းများနေတယ်။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ဆွမ်ပီယန်ကျေးရွာထဲ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တပ်စွဲလာပြီး ကျေးရွာနေဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ဒေသခံအားလုံး နီးစပ်ရာ တော၊ တောင်ထဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာဖြစ်ပါတယ်။ တောတောင်ထဲ ခက်ခက်ခဲခဲစစ်ရှောင်နေကြတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ မိုးကြီး၊ရေလျှံမှုကြောင့် ထပ်မံရွှေ့ပြောင်းခဲ့ကြပြီး လတ်တလော ပူတာအို–ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် ကျေးရွာတစ်ချို့နဲ့ တောထဲမှာ တဲထိုးပြီးဆက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်တွေအတွက် အသင်းတော်အဖွဲ့အစည်းကနေ တတ်နိုင်သလောက်ထောက်ပံ့ပေးမှုနဲ့ အသက်ဆက်နေရပြီး လမ်းခရီးအခက်အခဲနဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ကူညီမှုတွေ အလုံအလောက်မရရှိကာ ဒုက္ခကြုံနေကြရတာဖြစ်ပါတယ်။ “ဒီနားမှာအခု ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်နဲ့ ၀ဒတ် ဒီရွာ ၃ ခုက အုပ်စုတွေကို တစ်စုလုပ်ထားပြီး ဖုန်ငိုင်ယန်စစ်ရှောင်လို့ သတ်မှတ်ထားတယ်။ အခုတော့ KBC HDD နဲ့ KMSS ကကူညီမှုတွေတော့ ရနေတယ်။” လို့ ဆွမ်ပီယန်ဒေသခံစစ်ရှောင်က ဆက်ပြောပါတယ်။ လက်ရှိ ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တပ်ချနေဆဲဖြစ်ပြီး ကျေးရွာတစ်ဝိုက် စစ်ရေးအခြေအနေမတည်ငြိမ်သေးတာကြောင့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာလို့မရသေးတာဖြစ်ပါတယ်။ တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့ ကျေးရွာ ၃ ခုက ဒေသခံပြည်သူ အိမ်ခြေ စုစုပေါင်း ၂၂၅ ရှိပြီး လူဦးရေ ၁၁၈၄ ဦးရှိတဲ့အထဲ အမျိုးသမီး ၅၉၆ ဦးပါရှိပါတယ်။ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ပူတာအိုဘက် ဆွမ်ပီယန်တစ်ဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတာလက်ရှိချိန်ထိဖြစ်ပါတယ်။ By –…
Read More » -
16 Octoberသတင်း
၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ နမ့်အွမ်ရွာသား ၂ ဦးသေဆုံး
ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် နမ့်အွမ်ကျေးရွာအနီး မပေါက်ကွဲသေးတဲ့ ၆၀ မမလက်နက်ကြီး ယူဆောင်လာတဲ့အမျိုးသားနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့အမျိုးသားနှစ်ဦး နေအိမ်အတူရှိနေချိန် လက်နက်ကြီးပေါက်ကွဲတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတစ်ဦး…
Read More » -
16 Octoberသတင်း
ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသ တိုက်ပွဲဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ KIO ပြော
ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင်…
Read More » -
16 Octoberသတင်း
ချီဖွေပြည်သူများ မြို့ထဲပြန်ဝင်ခွင့်မရသေး
ကချင်ပြည်နယ် ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လေကြောင်းရန်ကြောင့် မြို့ခံတွေ ပြန်ဝင်ခွင့်မရသေးဘူးလို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့နဲ့ ၈၈ မိုင်အကွာမှာရှိတဲ့ ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲငြိမ်သက်သွားတာ ၂ ပတ်ကျော်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ချီဖွေမြို့နဲ့…
Read More » -
16 Octoberသတင်း
ဟုမ္မလင်းနယ်မှာ လူငယ်အများအပြားဖမ်းဆီးခံနေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ လူငယ်တွေအများအပြားဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ ဟုမ္မလင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ကမဖမ်းပါဘူး အခုနောက်ပိုင်းမှာမှဖမ်းလာတာ စစတုန်းကတော့ ခရီးသွားတဲ့လူငယ်တွေပြီးတော့ညဘက် လမ်းပေါ်ထွက်တဲ့လူငယ်တွေလောက်ဖမ်းတာ။ အခုနောက်ပိုင်းက အိမ်ထဲထိကိုခြင်ထောင်ထဲထိကိုဝင်ဖမ်းတော့တာ မကတော့ဘူးနော် သုံး–လေး ရာတောင်မကလောက်ဘူးတစ်နယ်လုံးဆိုရင်”လို့ အသက် ၅၀…
Read More »









