• Oct- 2024 -
    11 October
    သတင်း

    မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ

    ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေကန့်ကွက်နေပါတယ်။ မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သုသာန်မြေနေရာကိုကြံစိုက်ခင်းလုပ်မည်ဟုဆိုကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကိုးကန့် MNDAA တပ်ခန့်ထားတဲ့ မုံးပေါ်အုပ်ချူပ်ရေးမှူးဆိုသူဟာ အသင်းတော်တာဝန်ရှိသူတွေကို သုသာန်မြေသိမ်းမယ့်အကြောင်း အကြောင်းလာတယ်လို့ မုံးပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “MNDAA ဘက်က မုံးပေါ်တာဝန်ရှိသူပေါ့ သူကလာပြီးပြောတာ။ သူတို့ကဟိုမှာ အားလုံးအဆင်သင့်လုပ်ထားပြီးသား…

    Read More »
  • 11 October
    သတင်း

    ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်း မကျရေး စစ်တပ်က လေကြောင်း အပြင်းထန်တိုက်ခိုက်နေ

    ပန်ဝါမြို့နှင့်အနီးဆုံး လုပြည် (ဒေသအခေါ်) လောက်ပြေကျေးရွာရှိ ၁၀၀၂ တပ်ရင်း ဌာနချုပ်မကျရေးအတွက် စစ်တပ်က လေကြောင်းအသုံးပြုပြီး အပြင်းထန်တိုက်ခိုက်နေတယ်လို့ ပန်ဝါဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲစတင်လာတဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်ကနေ ည သန်းခေါင်အထိ Y 12 လေယာဉ်တစ်စီးနဲ့ တိုက်ပွဲနေရာကိုဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့…

    Read More »
  • 10 October
    သတင်း

    ရှဒူးဇွပ်မှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ စစ်အင်အား ၃၀၀ ခန့် စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်နေ

    တနိုင်းလီဒိုလမ်းမပေါ်  ဝါရာဇွပ်ကျေးရွာအုပ်စု ရှးဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် နဲ့ ပုံမှန် စစ်အင်အားပြ စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်တပ်စခန်းရှိတဲ့ ရှဒူးဇွပ်ကျေးရွာအဝင် စံပြကျေးရွာမှာ အရင်ကထက် စစ်အင်အားပိုမိုတိုးချဲ့ထားပြီး စစ်အင်အားပြ…

    Read More »
  • 10 October
    သတင်း

    ပန်ဝါမြို့အနီး လောက်ပြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေ

    ပန်ဝါမြို့အနီး လုပြည်(ဒေသအခေါ်) လောက်ပြေကျေးရွာမှာ KIA နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ပန်ဝါမြို့ပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကနေ တိုက်ပွဲစတင်လာတာဖြစ်ပြီး မနက် ၁၀ ဝန်းကျင်ကနေ စစ်တပ်က Y12 လေယာဉ်တစ်စီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပန်ဝါမြို့အနီးနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပြည်မှာ လေယာဉ်နဲ့ဆက်တိုက်ပစ်နေတယ် ခုထိလည်းပစ်နေတုန်း။ မနက် ၁၀ နာရီလောက်ကတည်းကနေ ပစ်နေတာ ခုထိမနားသေးဘူး ခုခု”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်ည ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် ချီဖွေ– ပန်ဝါလမ်းမတစ်လျှောက် စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တွေနဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေရာကနေ ဒီနေ့မနက် ပန်ဝါမြို့အနီးအထိ တိုက်ပွဲပြင်းထန်လာပြီဖြစ်ပါတယ်။ ဒီနေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ ပန်ဝါကနေ ဆိုင်ကယ်နဲ့ မိနစ် ၄၀ ခန့်ချီဖွေဘက်ကို ဆင်းတဲ့လမ်းဘေးမှာရှိတဲ့ရွာဖြစ်ပြီး နယ်ခြားစောင့်တပ်အဖွဲ့ ဂိတ်ထိုင်အခြေချထားတဲ့နေရာဖြစ်ပါတယ်။ ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဝါ၊ချီဖွေဒေသဟာ  နယ်ခြားစောင့်တပ်က မြေရှားထုတ်လုပ်မှုအများဆုံးလုပ်ဆောင်နေတဲ့နေရာဖြစ်ပြီး မေလအတွင်း ဝါးရှောင်ကျေးရွာအထက်မှာရှိတဲ့ စစ်တပ်ရဲ့စုပေါင်းဂိတ်နဲ့ဆဒုံးမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း တပ်သားတွေစုဆောင်းတာတွေစတင်လုပ်လာပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကိုသိမ်းလိုက်တဲ့နောက်ပိုင်း တပ်သားစုဆောင်းမှုဟာပိုဆိုးရွားလာပြီး ပန်ဝါမြို့ပေါ်တည်းခိုခန်းနဲ့ စားသောက်ဆိုင်နေရာတွေအပါအဝင် သတ္တုလုပ်ကွက်တွေအထိ တပ်သားသစ်စုဆောင်းမှု ခပ်စိပ်စိပ်လုပ်နေတယ်လို့ သိရပါတယ်။ စုဆောင်းဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို စစ်သင်တန်းပေးခြင်းမရှိဘဲ ရှေ့တန်းကိုတန်းပို့နေတယ်လို့ ပန်ဝါမြို့ခံအမျိုးသားတစ်ယောက် ထပ်ပြောပါတယ်။ “မနေ့ နေ့လည်နဲ့ညပိုင်းမှာလည်း သတ္တုလုပ်ကွက်တွေမှာ ဆက်တိုက်ဖမ်းနေတယ် ပြီးတော့ မနေ့ကလည်း အလုပ်သမားကဒ်လုပ်ဖို့သွားတဲ့သူတွေကိုလည်း အလုပ်သမားကဒ်မလုပ်ပေးနဲ့အားလုံးကိုထပ်ဖမ်းသွားတယ်။ ပြီးတော့ ရှေ့တန်းချက်ချင်းပို့ပြီလို့ သိရတယ်။ မနေ့ကဆို တော်တော်လေးပါသွားတယ်လို့ သတင်းရထားပါတယ်”လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ပန်ဝါဒေသမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ အလုပ်လုပ်ဖို့ သွားရောက်သူတွေများစွာရှိပြီး လုပ်ငန်းခွင်ထဲဆင်းရဖို့ အလုပ်သမားကဒ်လုပ်ရတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့နီးဝန်းကျင်မှာ ခုလိုတပ်သားသစ် အတင်းအဓ္ဓမစုဆောင်းခံရတာကြောင့် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ တရုတ်နယ်စပ်မှာရှိပြီး ကချင်အထူးဒေသ ၁ ဗဟိုဌာနချုပ်တည်ရှိရာတဲ့မြို့ဖြစ်ကာ ချီဖွေမြို့နဲ့ မိုင် ၄၀ အကွာ တည်ရှိပါတယ်။ By – Zami

    Read More »
  • 9 October
    အင်တာဗျူး

    စိန်ခေါ်မှုအခက်ခဲတွေကြား ရုန်းကန်နေကြရတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ

    မြန်မာနိုင်ငံကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံထိုင်းနိုင်ငံကို လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ် အတော်များများ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာကြပါတယ်။ ထိုင်းနိုင်ငံထဲကို ရောက်လာသူတွေဟာ နှစ်နိုင်ငံသဘောတူ MOU ကဲ့သို့ တရားဝင်နည်းလမ်းနဲဲ့ဝင်လာတဲ့သူတွေရှိသလို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့သူတွေလည်းအများအပြားရှိနေ ပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၂၀၂၃ ဒီဇင်ဘာလထိ ၂၃၃၀၁၉ ဦးထိရှိပြီး ၂၀၂၄ မတ်လမှာတော့ ၃၄၁၅၇၄၄ ဦးထိတိုးမြင့်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်အရတော့ တရားဝင်လုပ်သားနဲ့ တရားမဝင်လုပ်သားအားလုံးပေါင်းခန့်မှန်းချေ ၆ သန်းထိရှိနိုင်တယ်လို့ သိရပါတယ်။ ခုလို‌ရွှေ့ပြောင်းလုပ်သားတွေများပြားလာတာနဲ့အတူ ထိုင်းအစိုးရကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇွန်လ ၅ ရက်နေ့ကစပြီး ရက်ပေါင်း၁၂၀ စစ်ဆင်ရေးအနေနဲ့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးမှုတွေပြုလုပ်တဲ့အချိန် စက်တင်ဘာ ၁၉ရက်နေ့အထိ တရားမဝင်လုပ်သား၂၅၆၂၁၃ ဦးဖမ်းဆီးထားပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၃၄၃၀ ဦးထိရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီအစိုးရနေပြီးတော့ ထိုင်းရောက်အလုပ်သမားတွေကို အခွန်၂၅ ရာခိုင်နှုန်းပေးဆောင်ဖို့လုပ်ဆောင်မှုတွေအပြင် အလုပ်သမားကတ်သက်တမ်းတိုးပါက မြန်မာနိုင်ငံပြန်ပြီး လုပ်ရမယ့်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အခွန်တင်းကြပ်မှုနဲ့ထိုင်းအစိုးရရဲ့ ဖမ်းဆီးမှုတွေကြား  ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေရှိနေလဲဆိုတာနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားတာဘဲ ဖြစ်ပါတယ်။ အိမ်အကူလုပ်နေတဲ့အသက်၃၀အရွယ်အမျိုးသမီးတစ်ဦး ကျွန်မကအထောက်အထားမရှိတဲ့အတွက် ဘယ်ကိုသွားသွားပုန်းလျှိုးကွယ်လျှိုးနဲ့ဘဲ သွားနေရတယ် ကြောက်နေရတယ် ဖျားနာတာတွေဖြစ်ရင်တောင်မှ ကိုယ်ကဘယ်လိုဆက်သွယ်ရမလဲဆိုတာမသိဘူး  သည်းခံနေရတယ်။ ကိုယ်အတွက်အရမ်းအဆင်မပြေဖြစ်တာပေါ့ ဖျားနာလာခဲ့ရင်တောင် ဘာလုပ်ရမလဲဆိုတာကိုမသိဘူး အထောက်အထားမရှိတော့  ပြီးတော့ အိမ်ဘေးနားထောင်မထွက်ရဲဘဲ ကြောက်နေရတဲ့အခြေအနေဖြစ် ပြီးတော့ အလုပ်သမားကတ်သက်တမ်းတိုးတာတွေလည်း ကိုယ့်နိုင်ငံမှာမလုံခြုံလို့ သူများနိုင်ငံမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေရင်းနဲ့မှ ခက်ခက်ခဲခဲဘတ်ရိုက်နိုင်ပြီဆိုမှ  မြန်မာနိုင်ငံပြန်ပြီးလုပ်ရမယ်ဆိုတော့ စိုးရိမ်ကြောက်ရွံတာတွေဖြစ်ပြီး စိတ်ကဟိုးအောက်ဆုံးထိကျသွားတာမျိုးဖြစ်တာပေါ့။ ချင်းမိုင်မှာအလုပ်လုပ်နေတဲ့ အသက်၂၀ကျော်အရွယ်လူငယ်တစ်ဦး “ကျွန်တော်က တရားမဝင်လာခဲ့တာဆိုတော့ စကစအစိုးရကိုတော့ အခွန်ပေးစရာမလိုဘူးလို့တော့ထင်တာ‌ဘဲ  အလုပ်ကတော့ မကောင်းဘူး။ ရတဲ့အလုပ်လုပ်နေရတယ် အရမ်းပင်ပန်းတယ် ရဲတွေကိုလည်းပြန်ကြောက်နေရ ထိုင်းလူမျိုးတွေနဲ့လည်း အဆင်မပြေဖြစ်တာပေါ့” တရားဝင်အလုပ်သမားကတ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးလူငယ်တစ်ဦး ၂၅ရာခိုင်နှုန်းအခွန်ဆောင်ရမှာနဲ့ပက်သက်ပြီးတော့က နိုင်ငံရေးသာကောင်းလို့ရှိရင်တော့ ပေးချင်ပေမယ့် ပြည်ပထွက်ပြီးအလုပ်လုပ်တဲ့သူတွေအတွက်ကမလွယ်ကူဘူးပေါ့ ဝင်ငွေကနည်းတဲ့ထဲမှာမှ စားဖို့သောက်ဖို့သုံးမယ်။ ပြီးတော့ အိမ်ကိုလည်းပြန်ပို့ပေးရတော့ အခုလို အခွန်ဆောင်ရမယ့်သတင်းထွက်လာတော့ အရမ်းကို စိုးရိမ်ပူပန်မှုတွေဖြစ်နေတာပေါ့  တစ်နေ့ထက်တစ်နေ့ ဖြတ်ကျော်ရတာမလွယ်တဲ့ကြားက ဗီဇာသက်တမ်းတိုးရင် ပြန်ရမယ်ဆိုတော့ အဲသတင်းက မမှန်ကန်တဲ့သတင်းဘဲ ဖြစ်ပါစေလို့တွေးနေမိတယ် အလုပ်လုပ်တဲ့သူတွေအတွက်ကတော့ ဗီဇာက အရေးကြီးဆုံးဘဲလေ ခုလိုသတင်းထွက်တော့ မြန်မာနိုင်ငံမပြန်ချင်တာတော့ မဟုတ်ပေမယ့် သူများနိုင်ငံမှာ မျက်နှာငယ်နဲ့ မနေချင်ဘူး…ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာက ဘာမှလုပ်ကိုင်စားသောက်လို့မရတော့အိမ်သားတွေက ဘာတွေလုပ်ကိုင်စားသောက်ပြီးနေရမှာလဲပေါ့..တကယ်ကိုပြည်သူတွေအတွက်တွေးတယ်ဆိုရင်  သူများနိုင်ငံမှာနေနေတဲ့ ကိုယ့်ရဲ့ပြည်သူတွေကို ဘယ်လိုလုံခြုံမှုပေးရမလဲဆိုတာကို‌တွေးပေးရင်တော့ ပိုကောင်းမယ်ထင်တယ်။ ကောစန်း(ပရံ)အလုပ်လုပ်ကိုင်နေတဲ့အိမ်ထောင်သည်အမျိုးသားတစ်ဦး ကိုယ်အနေနဲ့ ခုလိုအခြေအနေတွေဖြစ်လာတော့ အလုပ်လုပ်တဲ့အချိန်ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် သွားသွားလာလာ သတိနဲ့နေရတာပေါ့အရင်ကထက်စာရင် ကျွန်တော်တို့က သူတို့တိုင်းပြည်မှာ အလုပ်လုပ်ကိုင်ရင်းနဲ့ အမျိုးမျိုးမှီခိုနေထိုင်နေကြတာပေါ့ ကျနော်တို့ရဲ့တိုင်းပြည်မဟုတ်တဲ့အတွက် ရှာဖွေစားသောက်တဲ့အချိန် နေရာတိုင်းမှာ သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ ဥပ‌ဒေတွေကိုလိုက်နာပြီး လုပ်ကိုင်တာက ပိုကောင်းမယ်လို့ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။  ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျွန်တော်အနေနဲ့တော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီထက်ပိုပြီး စည်းကမ်းရှိရှိနဲ့နေသင့်တယ်လို့ မြင်မိတယ် ဘာလို့ဆိုတော့ ကျွန်တော်တို့ဘက်မှာ အထောက်အထားမစုံဘဲနဲ့ရောက်လာတဲ့သူတွေပိုများတယ် မြန်မာနိုင်ငံသားတိုင်းတော့ စည်းကမ်းမရှိတာတော့ မဟုတ်ဘူးလေ ထိုင်းလူမျိုးတိုင်းကလည်း မြန်မာနိုင်ငံသားတိုင်းကို မုန်းနေတာမဟုတ်ဘူး လက်ရှိအခြေအနေအရဆိုရင်လည်း အဖမ်းအဆီးအရမ်းများတော့ စိုးရိမ်နေရတာပေါ့ မြန်မာစကားဆိုလည်းရှောင်တယ် ရဲနဲ့တူတဲ့သူကိုတွေ့ပြီဆိုရင်ပုန်းနေလိုက်တာမျိုးပေါ့။ By…

    Read More »
  • 9 October
    သတင်း

    ပန်ဝါမြို့ပေါ်နဲ့ မြို့အနီး သတ္တုလုပ်ငန်းခွင်ထဲမှာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့နေ

    ကချင်အထူးဒေသ ၁ ဌာချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်တပ်က တပ်သားသစ်စုဆောင်းနေပြီး ရှေ့တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်မျက်နှာဟာ ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါဘက်ကို ဦးတည်လာနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပန်ဝါမြို့ပေါ်တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ တပ်သားသစ် အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပန်ဝါဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပန်ဝါမြို့ထဲမှာ ဆိုင်ထိုင်လည်းမရ ဆိုင်ထိုင်လည်းလိုက်ဖမ်းတယ်။ တည်းခိုခန်းတွေမှာလည်း လိုက်ဖမ်းတယ်။ ပြီးတော့ သတ္တုဆိုက်တွေမှာလည်း လိုက်ဖမ်းတယ်။ ဘာသင်တန်းမှမပေးဘဲ ခုတိုက်ပွဲဖြစ်နေတဲ့ ၁၁ မိုင်ဘက်ကို ပို့နေတာ။ဘာသင်တန်းမှလည်း မပေးဘဲ အဲလိုလုပ်နေတယ်”လို့ ပြောပါတယ်။ ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့ကိုလက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တပ်သားသစ်စုဆောင်းမှုဟာ ပိုဆိုးရွားလာတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်နဲ့မြို့ပေါ် ဖမ်းဆီးခံရတဲ့ လူဦးရေတွေဟာ  ၂ ရက်အတွင်း ၅၀ ထက်မနည်းရှိနိုင်တယ်လို့သိရပြီး အသက် ၃၀ ဝန်းကျင်အများဆုံးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ချီဖွေ၊ပန်ဝါ၊ဆော့လော်ဘက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြစ်ကြီးနား– ချီဖွေ– ပန်ဝါ ကားလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖွဲ့တပ်စလုံး သွားလာခွင့် ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်ဝယ်ယူဖို့ခက်ခဲလာတယ်လို့ ပန်ဝါမြို့ခံပြည်သူတွေပြောပါတယ်။ ဒါကြောင့် သတ္တုလုပ်ငန်းခွင်တစ်ချို့ ရိက္ခာဝယ်ယူဖို့ခက်ခဲလာပြီး လုပ်ငန်းခွင်တစ်ချို့ ရပ်နားလိုက်ရတာရှိသလို တပ်သားစုဆောင်းမှုများလာတာကြောင့် အလုပ်လုပ်ကိုင်သူတွေ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ သိရပါတယ်။ “ချီဖွေနဲ့ ပန်ဝါလမ်းမှာ ပြည်သူ့စစ်စောင့်ဘက်ကလည်း ဂိတ်တွေပိတ်ထားတယ်။ KIA ဘက်ကလည်း ပိတ်ထားတော့ ရိက္ခာတွေဝယ်ယူဖို့ခက်လာတယ်။ လောလောဆယ် မြို့နဲ့နီးတဲ့နေရာတွေကတော့ အများပိုင်းလုပ်နေသေးတယ်”လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ပြီးခဲ့တဲ့ မေလအတွင်း ထိန်းချူပ်ထားလိုက်ပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စတင်စုဆောင်းနေတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ ချီဖွေ၊ဆော့လော်၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်ဒေသမှာရှိပြီး မြေရှားသတ္တုအများဆုံးထုတ်ယူနေတဲ့ နေရာတွေဖြစ်ပါတယ်။ By – Zami

    Read More »
  • 9 October
    သတင်း

    အင်းတော်မှာ နောက်ဆုံးကျန်နေတဲ့ စစ်တပ်ခစန်းနှစ်နေရာကို လေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းနှစ်နေရာကို စစ်ကောင်စီကလေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အင်းတော်မြို့နယ်ရဲစခန်းတစ်ခုလုံးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ ရိက္ခာကုန်းအထိုင်တပ်နဲ့ အင်းတော်မြို့ပြင်ရှိ နဘားလမ်းဆုံအနီးက ဂျပန်လိုင်ဂူထဲက တပ်စခန်းတို့ကို လေကြောင်းသုံးပြီးအပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အခုလောလောဆယ် မြို့ထဲကရိက္ခာကုန်းထဲမှာနည်းနည်းကျန်သေးတယ်။ ပြီးတော့ ဂျပန်လိုင်ဂူထဲမှာလည်း ကျန်နေသေးတယ် စစ်သားတွေကနည်းနည်းပဲကျန်နေတော့တာ။ ဒါပေမယ့်သူတို့လေယာဥ်နဲ့နေ့တိုင်းလာကြဲနေတော့ဒီဘက်ကဝင်မရဘူး တစ်ရက်ကို နှစ်ကြိမ်တစ်ခါတလေးတစ်ကြိမ်အမြဲလာကျဲတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့ဧရီယာကိုဗုံးကြဲတာအပြင်  ဒရုန်းနဲ့ပုံမှန်ကင်းထောက်နေတာတွေကြောင့် တော်လှန်ရေးတပ်တွေဘက်က မြို့သိမ်းနိုင်ဖို့ခက်ခဲနေပြီး စက်တင်ဘာလကုန်းပိုင်းကတည်းကတိုက်ပွဲတစ်ဖြတ်ရပ်နားထားရတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အင်းတော်မြို့ထဲမှာ ထိခိုက်ပျက်စီးမှုတွေရှိသလိုမြို့နဲ့နီးတဲ့အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၅ ရွာထက်မနည်းထိခိုက်ပျက်စီးမှုတွေများတယ်လို့ သိရပါတယ်။ “မြို့သိမ်းလာပြီဆိုကတည်းကသိတဲ့အတိုင်းပဲစကစကတော့မြို့ပျက်အောင်လုပ်မှာပဲလေ။  မြို့နဲ့နီးတဲ့နားနောင်တို့ ကျော်ရွာတို့ နန့်ကင်ရွာတို့ ဘက်တွေလည်းဗုံးသီးကျလို့လူနေအိမ်ပျက်စီးတာတွေရှိတယ်”လို့ အင်ပင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကအခုလိုနေယာဥ်နဲ့ဗုံးကြဲနေတဲ့အပြင် ရိက္ခာကုန်းကနေလည်း ညတိုင်းလက်နက်ကြီးပစ်ခတ်တာတွေရှိနေပြီး မြို့ဝင်မြို့ထွက်ကိုလည်းတင်းကြပ်ထားတယ်လို့ သိရပါတယ်။ အင်းတော်မြို့ခံတွေဟာ အင်းတော်မြို့မှာတိုက်ပွဲတွေစဖြစ်လာတဲ့ သြဂုတ်လကတည်းက မဲဇာရွာ၊မော်လူးနဲ့ မော်တိတ်ဒေသဘက်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ “အရင်ကတော့ ကျွန်မတို့ အင်ပင်တို့နန့်သာတို့ဆိုတာပြေးနေရတဲ့ရွာတွေအခုကအေးအေးဆေးဆေးဖြစ်နေပြီအားလုံးပြန်ကြပြီ။ အခုမြို့ထဲကလူတွေပဲကျွန်မတို့ရွာတွေထဲပြေးနေရတာ တစ်ပတ်တစ်ခါလောက်မြို့ထဲအိမ်ကြည့်ဘာကြည့်တော့သွားလာလို့ရတယ်ပြန်လို့တော့မရကြသေးဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့အင်ပင်ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီက အင်းတော်မြို့နယ်တစ်ခုလုံးကိုဖုန်းလိုင်းဖြတ်တောက်ထားပြီး လေကြောင်းနဲ့နေ့တိုင်းဗုံးကြဲနေသလို အင်းတော်မြို့ကိုလည်းစစ်ကောင်စီတပ်ကထိန်းသိမ်းထားဆဲဖြစ်တာကြောင့် စစ်ရှောင်နေရတဲ့အင်းတော်မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ မလွယ်ကူသေးဘူးလို့ အင်းတော်ဒေသခံတွေပြောပါတယ်။ အင်းတော်မြို့ရဲစခန်းကို KIA၊ABSDF နဲ့အင်းတော် PDF၊LPDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းမှာသိမ်းပိုက်ခဲ့ပြီး လက်ရှိမြို့ကိုသိမ်းဖို့ကျန်ရှိနေသေးတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ အင်းတော်မြို့ဟာ ကသာခရိုင်အလယ်ပိုင်းကျသော မြို့နယ်ဖြစ်ပြီး စစ်ကိုင်း– ကချင်အစပ်၊ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိပါတယ်။  By – Zaw Zaw

    Read More »
  • 8 October
    သတင်း

    မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် အချက် ၆ ချက်ပါ အိတ်ဖွင့်ပေးစာကို အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်ထံ ပေးပို့

    အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုကို ရပ်တန်ဖို့အပါအဝင် အချက် ၆ ချက်ပါဝင်တဲ့ အိဖွင့်ပေးစာကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေကို ပေးပို့ခဲ့ပါတယ်။ အိတ်ဖွင့်ပေးစာမှာ ပါဝင်တဲ့ တောင်းဆိုချက် (၆)ချက်ထဲမှာ မြန်မာ စစ်ကောင်စီကို အာဆီယံတွေအနေနဲ့ စီးပွားရေးအရ ပက်သက်မှုတွေကို ဖြတ်တောက်ပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ရှုံ့ချဖို့၊ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေး ကဏ္ဍတိုင်းမှာ ချန်လှပ်ထားဖို့အပြင်…

    Read More »
  • 8 October
    သတင်း

    ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ် လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်နေ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးအသုံးပြုပြီး လေကြာင်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ခုလေယာဉ် ၄ စီးနဲ့ လာပစ်နေတယ် ၇ ကြိမ်ရှိသွားပြီ။ ပေါင် ၃၀၀ ရှ်ိတဲ့ဗုံးတွေနဲ့ချနေတယ်”လို့ ပြောပါတယ်။…

    Read More »
  • 8 October
    သတင်း

    တစ်လခန့် တိုက်ပွဲပြင်းထန်နေတဲ့ ဆိုင်းတောင် Lucky Men Hotel ကို KIA သိမ်းပိုက်ရှင်းလင်း

    တစ်လအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲက စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အား ၅၀ ခန့် တပ်စွဲထားတဲ့ Lucky Men Hotel ကို KIA တပ်တွေ အောက်တိုဘာလ ၇ ရက်နေ့ကနေ ပြင်းပြင်းထန်ထန် ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးတော့ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဝင်ရောက်ရှင်းလင်းလိုက်ပြီဖြစ်တယ်။ ဟိုတယ်ထဲကနေ ထွက်သွားတဲ့ စစ်သားတစ်ချို့ကို လိုက်လံပစ်ခတ်နေတယ်။ ဖမ်းဆီးရမိတာက ၂၂ ယောက်လောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ တိုက်ပွဲမှာ ဆုံးသွားပြီ။ Lucky Men Hotel ထဲမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူး။ ဆိုင်းတောင်မှာလည်း စစ်ကောင်စီတပ်တွေမရှိတော့ဘူး”လို့ပြောပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီအရာရှိတစ်ချို့နဲ့ တပ်သား စုစုပေါင်း ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ချို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဒီနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်အထိ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ် လိုက်လံပစ်ခတ်ရှင်းလင်းနေတယ်လို့ သတင်းအရင်းအမြစ်တွေပြောပြပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ၇ ရက်လောက်ကနေ စစ်ကြောင်း ၃ ခုနဲ့ ဆိုင်းတောင်ကျေးရွာထဲကို ဝင်ရောက်လာပြီး Lucky Men Hotel နဲ့ ကပ်ယက်ရှိသော KTV  နှစ်နေရာမှာ စစ်အင်အား ၅၀ လောက် တပ်စွဲထားတာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဘက်ကလည်း ဆိုင်းတောင်ကျေးရွာ အဝင်ပေါက် အားလုံးကို ပိတ်ဆို့ထားပြီး Lucky Men Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်လကြာမြင့်သွားတာဖြစ်ပါတယ်။ ဆိုင်းတောင် Lucky Men Hotel ကို KIA တပ်တွေ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နေ့လည် ၂ နာရီလောက်မှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။…

    Read More »
Back to top button