• Dec- 2025 -
    6 December
    သတင်း

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေး အောင်မြင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ KIO ပြော

    “၂၀၂၅ နှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီးခုခံတိုက်ခိုက်နိုင်နေတာဖြစ်တယ်။ ဆက်ပြီးတော့လည်း ဗန်းမော်တိုက်ပွဲပြီးစီး အောင်မြင်သွားတဲ့အထိ တိုက်ခိုက်သွားဖို့ပဲရှိတယ်”လို့ပြောပါတယ်။

    Read More »
  • 5 December
    သတင်း

    ကချင်မှာ ခရစ္စမတ်ပွဲစောစီးစွာကျင်းပကြဖို့ စစ်ကောင်စီအမိန့်ပေးထား

    ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ ကျင်းပမယ့် မြို့/ရွာတွေမှာ ခရစ္စမတ်ပွဲကိုစောစီးစွာကျင်းပကြဖို့ စစ်ကောင်စီအမိန့်‌ပေးထားကြောင်း အစိုးရဌာနဆိုင်ရာရုံးနဲ့နီးစပ်သူများထံမှ သိရပါတယ်။ ပုံမှန်နှစ်တွေမှာ ခရစ္စစမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်နေ့ မှာသတ်မှတ်ပြီး ကျင်းပကြပေမယ့် ဒီနှစ်မှာ ရွေးကောက်ပွဲလုပ်မယ့် မြို့၊ရွာတွေအ‌‌နေနဲ့ ဒီဇင်ဘာ ၂၅…

    Read More »
  • 5 December
    သတင်း

    နန်းယွန်းမှာ လူနေအိမ်တစ်လုံးနဲ့ အိမ်ဆိုင်သုံးလုံးမီးလောင်မှုဖြစ်ပွား

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ်မှာ လူနေအိမ်တစ်လုံးနဲ့ နေအိမ် ဆိုင်ခန်းတွဲ သုံးလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၄ ရက် မနက်လေးနာရီတိတိအချိန်မှာ နန်းယွန်းမြို့ ရှရရပ်ကွက်ထဲမှာ လူနေအိမ်တစ်လုံးနဲ့ ဆိုင်ခန်းနဲ့လူနေအိမ်တွဲထားတဲ့ လူနေအိမ်ဆိုင်ခန်းတွဲသုံး စုစုပေါင်းလေးလုံးအထိမီးလောင်သွားကြောင်း သိရပါတယ်။ “မီးလောင်တဲ့အကြောင်းအရင်းအသေးစိပ်တော့မသိရဘူးဗျ လူပြောများနေတာကတော့ ဘုရားစင်မှာထွန်းထားတဲ့ဖယောင်းတိုင်းမီးကြောင့်လောင်တာလို့ပြောတယ်။ လူနေအိမ်ကနှစ်ထပ်ပျဥ်ထောင်အိမ်တစ်လူံးနဲ့ အိမ်ဆိုင်သုံးလုံး အထိလောင်သွားတယ်ဗျ အကုန်လုံးက တစ်ဆက်ထဲရှိနေတာ”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဆိုပါမီးလောင်မှုထဲမှာ ဦးခူးသ ရဲ့လူနေအိမ်နှစ်ထပ်တစ်လုံး ၊ဒေါ်ရှမ်းမ ရဲ့ အိမ်နဲ့ဆိုင်တွဲလျက်တစ်လုံး၊ ဦးသန်းကြွယ်ရဲ့ နေအိမ်နဲ့ဖုန်းဆိုင်တွဲတစ်လုံးနဲ့ ဒေါ်ခင်အုန်းမြင့်ရဲ့ နေအိမ်နဲ့ ဆိုင်တွဲတစ်လုံးတို့မီးလောင်ခဲ့တယ်လို့သိရပါတယ်။ အခုလိုလူနေအိမ်နဲ့အိမ်ဆိုင်လေးလုံးအထိ မီးလောင်မှုဖြစ်ပွားခဲ့တာဟာ နေအိမ်တွေနီးနီးကပ်ကပ်ရှိနေတာကြောင့် ဖြစ်သလို မီးသတ်ဦးစီးဌာနရဲ့ ပေါ့စမှုကြောင့်လည်းဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။ “မီးသတ်ကားကလာတယ် ဒါပေမယ့် မီးငြိမ်းသတ်တဲ့ကားကြီးကမရောက်လာဘူး လမ်းတစ်ဝက်မှာပျက်ပြီးရပ်သွားတာ ကားသေးသေးလေးတွေပဲလာတော့ ရေတွေများများမသယ်လာနိုင်ဘူးလေးအဲ့ကြောင့်လည်းပါတယ် နောက်ပြီးအိမ်တွေကလည်းနီးနီးကပ်ကပ်ဆိုတော့မီးကူးတာမြန်တယ်”လို့သူကပြောပါတယ်။ နေအိမ်မီးလောင်မှုကြောင့် အထက်ဖော်ပြပါနေအိမ်ပိုင်ရှင်တွေကို သက်ဆိုင်ရာက အရေးယူထားကြောင်းလည်းသိရပါတယ်။ နန်းယွန်းမြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့အကြီးဆူံးမြို့တွေထဲကတစ်ခုဖြစ်ပြီး အခုလိုဆုံးရှူံးမှုကြီးမားတဲ့မီးလောင်မှုမျိုးယခင်ကမရှိခဲ့ဖူးကြောင်းလည်းသိရပါတယ်။ By – Zaw Zaw

    Read More »
  • 5 December
    သတင်း

    ပူတာအိုမြို့အထွက် ပြည်သူ့စစ်ဂိတ်ကို အချိန်ကန့်သတ်နဲ့ဖွင့်ပေးနေတာကြောင့် ဒေသခံတွေအခက်တွေ့

    ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်က ပူတာအို – နောင်မွန် – ခေါင်လန်ဖူးလမ်းဆုံမှာထိုင်ထားတဲ့ ပြည့်စစ်ဂိတ်မှာ ည ၉ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုထားတဲ့အတွက် မြို့ခံပြည်သူများ လမ်းသွားလမ်းလာအခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။ “ဂိတ်ကမြို့ပြင်ဘက်ကျပေမယ့် ဟိုဘက်ကမှာ လူနေအိမ်တွေအများကြီးရှိတယ် ဟိုဘက်ရပ်ကွက်ဒီဘက်ရပ်ကွက်သွားသွားလာလာအခက်အခဲတော့ဖြစ်တာပေါ့။ ည ၉ နာရီဆိုရင် ဂိတ်ပိတ်တယ်။ မနက်လည်း ၅ နာရီနောက်ပိုင်းမှာဖွင့်တယ် တစ်ခါတလေ စစ်ဆေးမေးမြန်းတာမျိုးလည်းလုပ်တယ်”လို့ ပူတာအိုမြို့ခံအသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အဲဒီပြည်သူ့စစ်ဂိတ်မှာ ပူတာအိုကနေ နောင်မွန်၊ခေါင်လန်ဖူး၊မချမ်းဘော့ဘက်တက်တဲ့ ကုန်ကားတွေနဲ့ ရွှေမှော်တက်သွားတဲ့ဆီကား၊ဆန်ကား၊သုံးဘီးကားတွေကအစ အခွန်ကောက်နေတာလို့သိရပါတယ်။ “မချမ်းဘော့ ဘက်ကရွှေမှော်တွေဘက်သွားတဲ့ ဆန်ကား၊ဆီကားတွေဆီကနေကောက်တယ်ပြီးနောက်ခေါင်လန်ဖူးနောင်မွန်ဘက်တက်တဲ့ကားတွေဆီကနေလည်းကောက်တယ် ကားတစ်စီးကို တင်တဲ့ကုန်ပေါ်မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိတော့ကောက်တယ်ပြောတယ်”သုံးဘီးပါမကျန်ဘူး အားလုံးကောက်တယ်”လို့ အထက်ဖော်ပြပါပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ ပူတာအိုမြို့အထွက်မှာတန်ဂူးတန်ပြည်သူ့စစ်ဂိတ်ထိုင်ထားသလို ပူတာအိုမြို့အဝင်ဘက်မှာလည်း စစ်ကောင်စီတပ်က မူလာရှီးဒီးမှာ ဂိတ်ထိုင်ထားပြီးအခွန်ကောက်တာ၊ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့သိရပါတယ်။ ပူတာအိုမြို့အထွက် တန်ဂူးတန်ပြည်သူ့စစ်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစထိုင်တာဖြစ်ပြီး ပူတာအိုမြို့ပေါ်က ပြည်သူ့စစ်ရဲ့တစ်ခုတည်းသောဂိတ်ဖြစ်ပါတယ်။ ပူတာအိုမြို့နယ်မှာအဓိကအားဖြင့် ရှမ်း၊ဂျိန်းဖော့၊ရဝမ်၊လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် မိုင်အရှည် ၂၀၇ မိုင်ခန့်အကွာမှာရှိတဲ့ မြို့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 5 December
    အင်တာဗျူး

    ကြိုတင်မဲပေးကြဖို့ ထုတ်ပြန်ချက်အပေါ် ထိုင်းရောက်မြန်မာတွေဘာပြောလဲ

    မဲမသမာကြောင့်လိုဆိုကာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကဟာ  ထိုင်းရောက် မြန်မာ‌နိုင်ငံသား‌တွေကို ဘန်ကောက်မြို့ရှိ စစ်ကောင်စီအောက် မြန်မာသံရုံးမှာ လာမယ့် စနေနေ့နဲ့ တနင်္ဂနွေ ကြိုတင်မဲလာ‌ပေးဖို့ဆိုပြီး ဒီဇင်ဘာ ၁ရက်နေ့က ထုတ်ပြန်ကြေငြာထားတာဘဲ ဖြစ်ပါတယ်။ International Organization for Migration (IOM)  ရဲ့ ၂၀၂၅ ဇန်နဝါရီလထဲမှာ အစီရင်ခံချက်အရဆိုရင်  ၂၀၂၄ ခုနှစ် ဇူလိုင်အထိ ထိုင်းနိုင်ငံထဲမှာ  မြန်မာနိုင်ငံသားအားလုံး ပေါင်းရင် ခန့်မှန်းချေ ၁.၇သန်းရှိတယ်လို့ ဖော်ပြထားတာ  ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလူတွေထဲက ကြိုတင်မဲပေးမယ့်သူတွေဟာ ပြီးခဲ့တဲ့ ၁၀လပိုင်း ၁၅ ရက်နေ့ ပုံစံ ၁၅ပေးပို့ခဲ့တဲ့ သူတွေ ဖြစ်ရမှာ ဖြစ်ပြီးတော့ နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ်တူနဲ့ နိုင်ငံကူး လက်မှတ် မူရင်းလည်း ယူဆောင်လာရမယ်လို့ ရေးသား ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ပုံစံ ၁၅ ဆိုတာကတော့ မဲပေးမဲ့သူက ကိုယ့်နဲ့ သက်ဆိုင်တဲ့နေရာဒေသမှာ ရှိမနေတဲ့အချိန်မျိုးမှာ ကိုယ်ကလက်ရှိရောက်နေတဲ့နေရာက မဲပေးချင်တဲ့အခါ ဖြည့်ရတဲ့ ကိုယ်ရေးအကျဥ်းပုံစံမျိုး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ရွေးကောက်ပွဲ ဝေဖန်သူတွေနဲ့ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးသူတွေကို ပြင်းထန်စွာ ဖမ်းဆီးအရေးယူနေတာတွေအပြင် နေရာအနှံ့လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် သေဆုံးသူတွေလည်း အများအပြားရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ စစ်ကောင်စီအနေနဲ့ ထိုင်းနိုင်ငံမှာ ကြိုတင်မဲတွေ ကောက်ခံနေတဲ့ အပေါ် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေကနေပြီးတော့ ဘယ်လို မြင်ကြလဲဆိုတာကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဘန်ကောက်မြို့မှာ ကျောင်းတက်နေတဲ့ လူငယ်တစ်ဦး “ထိုင်းနိုင်ငံ မြန်မာသံရုံးကနေပြီးတော့ ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာတွေကနေပြီးတော့ ကြိုတင်မဲထည့်ဖို့ စာထုတ်ပြန်တာကို တွေ့ရတယ်။ ကျွန်တော်တစ်‌ယောက်တည်းရဲ့ အမြင်အရဆို တရားမျှတမှု မရှိဘူးလို့ မြင်တယ် ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ်တုန်းက ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ ‌ခေါင်းဆောင်တွေ ပါတီတွေကို မဲပေးခဲ့ပြီးပြီ။ ဒါပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ယုတ်မာမှုကြောင့် ကျွန်တော်တို့ ထည့်ထားတဲ့ မဲတွေက မဟုတ်တော့ဘူး။ ရွေးကောက်ပွဲရဲ့ ရလဒ်က မဟုတ်တဲ့ဘက်ကို ရောက်သွားတယ်။ ဒါကြောင့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲလည်း တရားမျှတမှု ရှိလာမှာ မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်မိတယ်။ ကျွန်တော်ကနေပြီးတော့လည်း ကြိုတင်မဲကို ထည့်လာဖို့ အကြောင်းမရှိဘူး။ တကယ်လည်း မဲပေးဖို့ အကြောင်းမရှိဘူး။ ကျွန်တော်တို့ ပြည်သူတွေလည်း တွေးကြည့်ရအောင် လွန်ခဲ့တဲ့အချိန်မှာတောင် တရားမျှတမှု မရှိခဲ့တာ စစ်ကောင်စီ ပြန်ခေါ်လုပ်တဲ့ ရွေးကောက်ပွဲကလည်း တရားမျှတမှု ရှိလာမှာ မဟုတ်ဘူးလို မြင်မိတယ်” ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ဦး “မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲကို ထောက်ခံလား မထောက်ခံလားဆိုတာကတော့ သိသာပါတယ်။ ကိုယ်တိုင်ကလည်း ဒီထိုင်းကိုရောက်နေတယ်။ ပြီးတော့ ဒီမှာဘဲ ကျောင်းမှာ ပညာဆက်သင်ယူနေတယ်ဆိုတော့ ရှင်းရှင်းပြောရရင်တော့ လုံးဝ မ‌ထောက်ခံဘူးပေါ့နော။ ဟိုမှာလည်း CDMလုပ်လာတဲ့ ကျောင်းသားဆိုတော့။ ဘာဖြစ်လို့ မထောက်ခံလဲဆိုတော့ ဒီရွေးကောက်ပွဲက ယုံကြည်ရတဲ့သူတွေ လုပ်တာလား မဟုတ်ဘူးလေနော။ မယုံကြည်ရတဲ့ သူတွေလေနော။ ပြီးတော့ ဒီရွေးကောက်ပွဲကို ကျင်းပနေတဲ့သူတွေက လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ သူတွေလို့ မြင်တယ်ပေါ့နော။ ကိုယ်တစ်ဦးတစ်ယောက်တည်း အမြင်အရဆိုရင် ကိုယ်က သူတို့ကို မဲပေးလိုက်ပြီဆိုရင် ကိုယ်ကလည်း လူအခွင့်အရေးချိုးဖောက်တဲ့သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်သွားမှာဘဲ။ ဆိုတော့ အဲဒီကိစ္စတွေကြောင့် ဒီဟာတွေက မဖြစ်သင့်ဘူးလို့ ထင်တယ်” ဘန်ကောက်မြို့ရှိ မြန်မာလူငယ် အမျိုးသားတစ်ဦး “ထည့်သင့် မထည့်သင့်ဆိုတာက ကိုယ်ရဲ့ စိတ်ကြိုက်ဘဲပေါ့။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ ထည့်ဖို့ မစဥ်းစားထားဘူး။ ဘာလို့လဲဆိုတော့ အရင်က ပြည်သူတွေရွေးချယ်ပြီတက်လာတဲ့ အစိုးရတွေကနေပြီးတော့လုပ်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ free…

    Read More »
  • 5 December
    သတင်း

    အင်းတော်နဲ့ မော်လူးမှာ လျှပ်စစ်မီးပြင်ဖို့ ကောက်ထားတဲ့ငွေ ပြန်အမ်းပေမယ့် အပြည့်မရဟုဆို

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နဲ့မော်လူးမြို့မှာ လျှပ်စစ်မီးပြုပြင်ဖို့ ပြည်သူတွေဆီကနေ ကောက်ယူထားတဲ့ငွေတွေကို ပြန်အမ်းပေးနေပေမယ့် အပြည့်မရကြောင်း ဒေသခံများထံမှ သိရပါတယ်။ အင်းတော်မြို့နဲ့ မော်လူးမြို့သိမ်းတိုက်ပွဲတွေကြောင့်  မီးကြိုး၊ဓာတ်တိုင်၊ထရန်စဖော်မာအများအပြားပျက်စီးခဲ့လို့ အင်းတော်နဲ့မော်လူးမြို့နယ်မှာ လျှပ်စစ်မီးလရှည်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် NUG အစိုးကရလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက ပျက်စီးသွားတဲ့ မီးကြိုး၊ဓာတ်တိုင်၊ ထရန်စဖောမာတွေကိုပြုပြင်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ယူခဲ့တာလို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။ “အိမ်သုံးဆိုရင် တစ်အိမ်ထောင်ငါးသောင်းကောက်တယ် ပြီးတော့ လုပ်ငန်းသုံး ဆီစက်၊ဆန်ဆက်လိုမျိုးဆိုရင် လုပ်ငန်းတစ်ခုကို ငါးသိန်းကောက်ပါတယ်။ ဒါပေမယ့်မီးကပြင်တော့ပြင်တယ် အခုထိမီးကမရသေးတော့ပြည်သူတွေက အရမ်းဝေဖန်ကြတော့ပြန်အမ်းပေးကြတယ် အပြည့်တော့ပြန်မအမ်းဘူးတဲ့”လို့ သူကပြောပါတယ်။ NUG အစိုးရလက်အောက်ခံလျှပ်စစ်ဝန်ထမ်းတွေက လျှပ်စစ်မီးပြုပြင်ဖို့ တစ်အိမ်ထောင်(အိမ်သုံး) ကျပ်ငါးသောင်းနဲ့ လုပ်ငန်းသုံး ကျပ်ငါးသိန်းအထိကောက်ယူခဲ့ပြီး မီးပြန်မရလို့ပြန်အမ်းရမှာတော့ တစ်အိမ်ထောင်(အိမ်သုံး)ကျပ်ငါးသောင်းအစား ကျပ်နှစ်သောင်းခွဲ၊လုပ်ငန်းသုံးကျပ်ငါးသိန်း ပြန်အမ်းငွေ ကျပ်နှစ်သိန်းခွဲသာ ပြန်အမ်းတယ်လို့သိရပါတယ်။ “ပြန်အမ်းတာ အကုန်တော့ပြန်မရကြသေးဘူးအိမ်ထောင်စုအနည်းအကျဥ်းပဲ ပြန်ရတယ် အများစုက ပြန်မရသေးဘူးတဲ့ ပြီးတော့အပြည့်လည်းပြန်မအမ်းဘူး တစ်ဝက်ပဲ ကျန်တဲ့တစ်ဝက်က ပြန်အမ်းမလားမအမ်းဘူးလာမသိရသေးဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ Indaw Revilution -IR ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာထုတ်ပြန်ထားချက်အရ ယခုနှစ်မေလအထိ  မော်လူးတမြို့နယ်လုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးဖိုး ကောက်ခံရရှိငွေ ၃၉၀,၈၅၀,၀၀၀(သိန်းပေါင်း သုံးထောင့် ကိုးရာ ရှစ်သိန်း ငါးသောင်း) အထိရရှိခဲ့ပြီးအဲ့ဒီထဲက မေလကနေ ယခု နိုဝင်ဘာလအထိ ၇ လအတွင်း မီးပြင်စရိတ် ၁၇၆,၄၉၀,၃၀၀(သိန်း တထောင့် ခုနှစ်ရာ ခြောက်ဆယ့်လေးသိန်းကိုးသောင်းသုံးရာ)ကျပ် သုံးစွဲခဲ့တယ်လို့သိရပါတယ်။ အထက်ဖော်ပြပါစာရင်းဟာ မော်လူးတစ်မြို့နယ်ထဲက ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး အင်းတော်မြို့နယ်ထဲက ကောက်ခံရရှိခဲ့တဲ့စာရင်းကိုသိရဖို့ မေးမြန်းထားဆဲဖြစ်ပါတယ်။ မော်လူးမြို့နယ်ထက် အင်းတော်မြို့နယ်ဟာ ကျေးရွာအုပ်စုနဲ့ အိမ်ထောင်စုပိုများကြောင်းလည်းသိရပါတယ်။ အင်းတော်မြို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရသလောက် လျှပ်စစ်မီးပြုပြင်ဖို့ ငွေကြေးကောက်ခံတဲ့ကိစ္စဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်ရိုက်ဆောင်ရွက်တာမဟုတ်ပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေက ဆောက်ရွက်တာလို့သိရပါတယ်။ အခုလို လျှပ်စစ်မီးပြန်ရရှိရေးအတွက် ငွေကြေးကောက်ခံခဲ့ပေမယ့် လျှပ်စစ်မီးပြန်မရတာ၊ ငွေပြန်အမ်းရာမှာလေးအပြည့်ပြန်မအမ်းတဲ့ကိစ္စတွေကြောင့်အင်းတော်နဲ့မော်လူးပြည်သူတွေဟာ NUG အစိုးရကိုအပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမော်လူးနဲ့အင်းတော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကိုတိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။ မော်လူးမြို့ကိုတော့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာသိမ်းပိုက်ခဲ့ပြီး အင်းတော်မြို့ကိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လမှာသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 4 December
    သတင်း

    တနိုင်းဘက် မဲဆွယ်သွားတဲ့ ပါတီ ၃ ခုလမ်းခုလတ်ကနေ ပြန်ခေါက်လာရ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA ၁၀ နှစ်အပြည့်အခမ်းအနားမှာ ရွေးကောက်ပွဲမှာဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားထားပေမယ့် ကချင်ဒေသမှာတော့ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမဲဆွယ်ဆင်းလို့မရတဲ့နေရာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ဘက် မဲဆွယ်ဖို့တက်သွားတဲ့ ပါတီ ၃ ခုလုံခြုံရေးအခြေနေကြောင့် လမ်းခုလတ်ကနေ ပြန်ခေါက်လာရတယ်လို့ ပါတီနဲ့နီးစပ်သူတွေပြောပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့ မိုးညှင်းမြို့ဘက်ကို ပါတီအောင်နိုင်ရေး မဲဆွယ်အပြီး တနိုင်းဘက်ကို ဆက်ပြီး မဲဆွယ်တက်သွားတဲ့  ပြည်ထောင်ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ( USDP) ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ ဒီမိုကရေစီပါတီသစ် (ကချင်) ၊ ၃ ခုက လမ်းတစ်ဝက်မှာ ပြန်ခေါက်လာရတာဖြစ်တယ်လို့ PPP ပါတီနဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။ “မိုးညှင်းဘက်ပါတီအောင်နိုင်ရေးလုပ်အပြီး တနိုင်းအတက်မှာ ပြန်ခေါက်ရတယ်။ ဟိုဘက်ကနေ ဖုန်းနဲ့လှမ်းချိတ်လာတာတဲ့ မလာကြဖို့ လုံခြုံရေးယူမပေးနိုင်ဘူး။ စကစဘက်က လမ်းလုံခြုံရေးမယူပေးနိုင်ဘူးဆိုလို့ပြန်ခေါက်လာရတာ”လို့  PPP ပါတီနဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦး ပြောပါတယ်။ စစ်ကောင်စီအောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကာလကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ကစတင်ကြောင်း ကြေညာထားပြီး ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားကာ ဒီဇင်ဘာ ၂၇ ရက် က Silent Day အဖြစ် ကြေညာထားပါတယ်။ ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့ ပြင်ဆင်ထားတဲ့ စစ်ကောင်စီရဲ ကြေညာချက်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လုပ်မယ့်ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအိုနဲ့ မိုးညှင်းမြို့နယ်တို့ပါဝင်နေပါတယ်။ ဒါကြောင့် ကချင်ဒေသတွင်းဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေက  ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီး ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေပေမယ့် လုံခြုံရေးအခြေနေအရ သွားလာလို့မရတဲ့နေရာတွေလည်း များစွာရှိနေကြပါတယ်။ “အဓိကတော့ တိုင်းရင်းသားဒေသတွေမှာ သူတို့က မြို့ပေါ်လောက်ပဲလှုပ်ရှားနိုင်တာ သူတို့ရဲ့ပါတီအောင်နိုင်ရေးက ထင်ထားသလိုတော့ဖြစ်လာမှာမဟုတ်ဘူးလေ အားလုံးသိထားပြီးသား။ ဒါပေမယ့် တစ်ဖက်ကပြောရရင် ပါတီအောင်နိုင်ရေးဆိုတာ ဟန်ပြလောက်ပါပဲ အစကတည်းက သူတို့မှာစီစဉ်ထားပြီးသားပဲ။ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲက ယုံကြည်ရတဲ့ရလဒ်ဆိုတာ ဘယ်တုန်းမှရှိလာမှာမဟုတ်ဘူး”လို့ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲ အပိုင်း ၂ မှာတော့  ကချင်ပြည်နယ်က မိုးကောင်း၊ ဝိုင်းမော် နဲ့ မချမ်းဘော မြို့နယ်တို့ပါဝင်ပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ် ရှိပြီး စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ၆ မြို့နယ်၊ အပိုင်း ၂ မှာ ၃ မြို့နယ်ပါဝင်တာကြောင့် စုစုပေါင်း ၉ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့ကြေညာထားပြီး ရွေးကောက်ပွဲမလုပ်တဲ့ မြို့နယ်တွေကတော့ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန် မြို့နယ်တို့ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အာဏာသိမ်းစစ်တပ်က…

    Read More »
  • 4 December
    သတင်း

    မန်ဝိန်းကြီးမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူနှစ်ဦး ဒဏ်ရာပြင်းထန်

    ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဥ်ကတော့ မန်ဝိန်းကြီး– ဗန်းမော်၊မိုင်ဂျာယန်ဘက်သွားတဲ့ လမ်းမကြီးမှာ ဒီဇင်ဘာလ ၃ ရက် နေ့လည် ၁၂နာရီဝန်းကျင်အချိန် ကားနဲ့ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ…

    Read More »
  • 3 December
    သတင်း

    နမ့်ဖတ်ကာမှာ တအာင်းလူမျိုးဇနီးမောင်နှံနှစ်ဦးဓါးခုတ်ခံရ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊နမ့်ဖတ်ကာမြို့မှာ တအာင်း ( ပလောင်) ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံသွားရတဲ့အမှုတော်ဆောင် ဆရာ ၂ ဦးထဲက တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်ဖတ်ကာမြို့ရဲ့ လွယ်ကန်တောင်ခြေ လယ်တောတစ်နေရာမှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေခင်းပိုင်း ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး ဓါးခုတ်ခံထားရပြီးနောက် ည ၈ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ အနီးဝန်းကျင်က ခြံပိုင်ရှင်တွေဖြစ်တဲ့ နမ့်ဖတ်ကာမြို့ KBC အသင်းတော်က အမှုတော်ဆောင်ဆရာ ၂ ဦးကို လာဖမ်းသွားတာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ပြဿနာက သစ်ခိုးခုတ်နေတဲ့ အဲဒီလင်မယားနှစ်ဦးကို ဘယ်သူဘယ်ဝါမှန်းမသိဘူး ဓားနဲ့လာခုတ်သွားတာ။ အမျိုးသမီးဖြစ်သူက နားတောင်ပျက်ခါနီးနီးပဲ။ အမျိုးသားကတော့ တော်တော်ပြင်းထန်တယ်။ အဲလိုဖြစ်တော့ ပလောင်ရွာသားတစ်ချို့က TNLA ကိုတိုင်တယ် TNLA အဖွဲ့ကလည်း ဖြစ်စဉ်ဖြစ်တဲ့နေရာက ဘယ်နေရာ၊ အဲဒီအနီးအနားက ခြံပိုင်ရှင်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို စုံစမ်းပြီး ခြံပိုင်ရှင်တွေဖြစ်တဲ့ အမှုတော်ဆောင်ဆရာတွေကို မနေ့ည အတင်းအဓမ္မလာဖမ်းသွားတာဟုတ်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောဆိုပါတယ်။ TNLA အဖွဲ့က ဖမ်းဆီးသွားတဲ့ အမှုတော်ဆောင် ဆရာ ၂ ဦးမှာ သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန် နဲ့ ဆရာဘရန်အောင်တို့ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ဒီနေ့ညနေပိုင်းမှာတော့  သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန်ပြန်လည်လွတ်မြောက်လာတယ်ပြီလို့ သိရပါတယ်။ ဓားခုတ်ခံရတဲ့ ပလောင်ဇနီး‌မောင်နှံ၂ ဦးမှာ ဦးအိုက်လိုင် ( အသက် ၄၇ နှစ်) နဲ့ ဒေါ်အိမီး( အသက် ၄၃ နှစ်) တို့ဖြစ်ပြီး အမျိုးသမီးဖြစ်သူက နားမှာ ခုတ်ဒဏ်ရာရရှိပြီး အမျိုးသားဖြစ်သူမှာ မျက်နှာတစ်ခြမ်းလုံးဓားဒဏ်ရာနဲ့ ဒဏ်ရာပြင်းထန်ကာ လက်ရှိ နှစ်ဦးလုံးကို ကွတ်ခိုင်ဆေးရုံသို့ ပို့ထားတယ်လို့ ဆိုပါတယ်။  ဒေသခံတွေပြောတာတော့ ဓားခုတ်မှု အမှုခင်းဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက် သစ်ခြံတွေရှိတဲ့အတွက် သစ်ခိုးမှုနဲ့ပတ်သက်ပြီး ဒေသခံတွေကြား ပုံမှန်ပြဿနာဖြစ်တဲ့‌နေရာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်မှာလည်း ဓားခုတ်ခံရတဲ့ လင်ဇနီး‌မောင်နှံနှစ်ဦး သစ်ခိုးခုတ်နေစဥ်အတွင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။ နမ့်ဖတ်ကာရှိ TNLA အဖွဲ့က ဆရာ ၂ ဦးကို အတင်းအဓမ္မလာရောက် ဖမ်းဆီးသွားတဲ့အပေါ် ဒေသခံတွေကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပြီး မနေ့ညအထိတော့ ဆရာ ၂ ဦးဟာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသက်ဆိုင်ကြောင်း၊ မဟုတ်ကြောင်း ငြင်းဆိုလက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။  “နမ့်ဖတ်ကာမှာက ဒီလို ပြဿနာတစ်ခုခုဆို လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခပုံစံမျိုး ဖမ်းပြီး ဖြေရှင်းတာမျိုးတွေ ပုံမှန်ဖြစ်ပွားနေတယ်။ နမ့်ဖတ်ကာက KIO/KIA အုပ်ချုပ်နေတာဖြစ်တယ်။ ဒါပေမဲ့ TNLA လုပ်ဆောင်နေတဲ့ လုပ်ရပ်က မှန်တယ်၊ မှားတယ် သိပ်မကြည့်ပဲ သူတို့တွေ့တာ မိတာဆို လူမျိုးရေးဆန်ဆန် ဖြေရှင်းလျက်ရှိတယ်။ အခြားလူမျိုးတွေ ဖြစ်ရင်က သူတို့အဲလိုမဟုတ်ဘူး။ တစ်ခုခု ကချင်နဲ့ပတ်သက်တာဆို ပြဿနာထဲမပါလည်း ဘာမှမဟုတ်တဲ့နေရာမှာ အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်တဲ့ လုပ်ရပ်ပဲလုပ်တယ်။ ဒီနေ့ TNLA လုပ်ဆောင်နေတာက ရဲတပ်ဖွဲ့ဆိုပြီး ဥပဒေအတိုင်းသွားသလိုတော့ လုပ်နေတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက်က အရမ်းကို မသင့်တော်တဲ့ အုပ်ချုပ်မှုပုံစံပဲ လုပ်နေတယ်လို့ မြင်တယ်။ “လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။  နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIO/KIA အစိုးရအောက် တည်ရှိနေတဲ့ မြို့လို့ဆိုပေမဲ့ ဒီမြို့ထဲမှာ ကိုးကန့်တပ်ဖွဲ့ရုံးအပြင် TNLA အုပ်ချုပ်ရေးရုံး၊ TNLA ရဲတပ်ဖွဲ့ဌာန စဖြင့် ဌာနအသီးသီးလည်းရှိတာဖြစ်ပါတယ်။ များသောအားဖြင့် တအာင်း(ပလောင်) လူမျိုးတွေကြား ဖြစ်ပွားတဲ့ ပြဿနာ ကိစ္စရပ်တွေအားလုံးကို တအာင်း(ပလောင်) ဒေသခံတွေက TNLA ကို တိုင်တန်းတာမျိုးတွေ ပြုလုပ်ကာ TNLA တပ်ဖွဲ့က တာဝန်ယူပြီး ဖြေရှင်းလျက်ရှိတယ်လို့ ဆိုပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 3 December
    ဆောင်းပါး

    စွန့်ပစ်ပစ္စည်းဖြင့် ဖက်ရှင်ဖန်တီးသူဖြစ်လာတဲ့ မဆိုင်းအောန်

    မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ ထားတတ်ကြပါတယ်။ ဖျော်ဖြေရေး မီဒီယာတွေက မသန်စွမ်းသူတွေကို သနားစရာအဖြစ်သော်လည်းကောင်း၊ ရယ်စရာအဖြစ်သော်လည်းကောင်း ပုံဖော်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုလွှမ်းမိုးနေတဲ့ အယူအဆတွေကို ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ချေဖျက်ပစ်လိုက်တဲ့…

    Read More »
Back to top button