• Nov- 2025 -
    12 November
    သတင်း

    လစ်လပ်သွားတဲ့ အင်းတော်မြို့နယ် (ပအဖ)တာဝန်ခံကို NUG အစိုးရကတိုက်ရိုက်ခန့်အပ်

    စစ်ကိုင်းတိုင်း‌ဒေသကြီး အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံနေရာကို အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ အကြီးအကဲတွေက တိုက်ရိုက်ခန့်အပ်လိုက်တယ်လို့ အင်းတော်မြို့ခံတွေဆီကသိရပါတယ်။ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့( ပအဖ)တာဝန်ခံနေရာကို မြို့နယ်အတွင်းရှိနေတဲ့ ဌာနဆိုင်ရာတာဝန်ခံတွေထဲကဘဲ သတ်မှတ်ကာ…

    Read More »
  • 11 November
    သတင်း

    ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်တစ်ကြိမ်သာဖွင့်ပေး

    စစ်ကောင်စီတပ်ဘက်က ပိတ်ထားတဲ့ ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းသွားလာခွင့် တစ်ပတ်တစ်ကြိမ်သာဖွင့်ပေးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တဲ့ပူတာအို–မြစ်ကြီးနားလမ်းပိုင်း လက်ရှိအချိန်အထိ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ခံထားရဆဲဖြစ်တယ်လို့ ပူတာအို ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “တစ်ပတ်ကိုတစ်ခါပဲလွတ်ပေးတယ်ဗျ။ တစ်ခါတလေစနေနေ့ကိုလွတ်ပေးတယ် တစ်ခါတလေကျတော့…

    Read More »
  • 11 November
    သတင်း

    ဖားကန့်မှာ စစ်တပ်က အရပ်ပြည်သူတွေရှိတဲ့ အဆောက်အဦး ဟိုတယ်တွေအထိ တပ်စွဲလာ

    ဖားကန့်မှာ စစ်ရေးအသာရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်က စစ်ရေးနေရာမဟုတ်ဘဲ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ခိုင်ခံ့တဲ့အဆောက်အဦး ဟိုတယ်နေရာတွေမှာ တပ်စွဲဝင်ရောက်နေရာယူလာတာကြောင့် နှစ်ဖက်စစ်တပ် စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အရေးပါတဲ့ မြို့နေရာ၊ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ဖို့အတွက်…

    Read More »
  • 11 November
    သတင်း

    ပွဲခင်းထဲ လျှောက်လည်နေတဲ့ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပွဲလမ်းသဘင် တစ်ခုမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၁၀ ရက် မနေ့ည ၁၁ နာရီဝန်းကျင်အချိန် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင်…

    Read More »
  • 10 November
    သတင်း

    ကသည်းလက်နက်အဖွဲ့ နာဂဒေသထဲဝင်‌ရောက်နိုင်ဖို့ ကြိုးပမ်းနေ

    အိန္ဒိယနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေထဲကို ဝင်ရောက်ဖို့ကြိုးပမ်း‌နေတယ်လို့ သိရပါတယ်။ မဏီပူပြည်နယ်မှာအခြေစိုက်ထားတဲ့ ကသည်း(Meitei) လူမျိုးစုအခြေပြုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကသည်းလက်ကိုင်အဖွဲ့ဟာ နိုဝင်ဘာလန်ဆန်းပိုင်းကနေစပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲကို ဝင်ရောက်ဖို့ချဥ်းကပ်လာ နေပြီး လက်ရှိ လေရှီးအနောက်ဘက်ခြမ်းရောက်နေပြီလို့ ‌‌‌လေရှီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
  • 10 November
    သတင်း

    ရှိန်းခေါင်နဲ့ လန်ဆယ်ကြားက တံတားတွေဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံများသွားလာရေးအခက်ကြုံနေ 

    ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက ရှိန်းခေါင်နဲ့ လန်ဆယ်ကျေးရွာကိုဆက်သွယ်ထားတဲ့ တံတားအားလုံးဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ခေါင်လန်ဖူး၊ ရှိန်းခေါင်ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာချိန်ကစလို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက အဲဒီလမ်းပိုင်းမှာရှိတဲ့ တံတားအားလုံးကို ပုဆိန်တွေနဲ့ ခုတ်ပြီး ဖျက်ဆီးထားတယ်လို့ဆိုပါတယ်။ “အဓိက လဟယ်ဆင်ကနေ ရှိန်းခေါင်ဘက်သွားလမ်းပေါ်က တံတားတွေအားလုံးကိုဖျက်ဆီးလိုက်တာဟုတ်တယ်။ ဒီဒေသမှာက ကား၊ဆိုင်ကယ်လမ်းမပေါက်ဘူး လူသွားလမ်းပဲရှိတယ်။ ဒေသခံတွေက ဒီလမ်းတံတားတွေကနေပဲ တစ်ရွာပြီးတစ်ရွာသွားကြတာ။ ဒီလမ်းတံတားတွေမရှိရင် ရွာခံတွေ လိုအပ်တာတွေ သွားယူဖို့၊ သွားဝယ်ဖို့ ခဲယဉ်းနေတယ်။” လို့ ရှိန်းခေါင်ဘက်က KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။ လန်ဆယ်ကနေ ရှိန်းခေါင်– ခေါင်လန်ဖူးဘက်သွားလမ်းတွေဟာ ဝေးလံခေါင်ဖျားလွန်းတဲ့အပြင် ကား၊ဆိုင်ကယ်လမ်းမရှိပဲ လူသွားလမ်းတစ်ခုတည်းသာရှိတယ်လို့ ဆိုပါတယ်။ ဒီလမ်းတွေဟာ ကျေးရွာတစ်ခုနဲ့ တစ်ခုကို ဆက်သွယ်ထားတဲ့လမ်းတွေဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ ချောင်းကူးကြိုးတံတား၊ ပျဉ်တံတားတွေဟာ ဒေသခံပြည်သူတွေအတွက် အရေးပါတဲ့တံတားတွေဖြစ်တာကြောင့် ကျေးရွာနေပြည်သူတွေက ဝိုင်းဝန်းပြီး ကိုယ်ထူကိုယ်ထနဲ့ တည်ဆောက်ထားတဲ့ ကြိုးတံတားတွေ များတယ်လို့ ဆိုပါတယ်။    အခုလို တံတားတွေကို ဖျက်ဆီးလိုက်ရတာဟာ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်က ရှိန်းခေါင်၊ ခေါင်လန်ဖူးဘက် ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေးကျွမ်းကျင်သူ ကချင်အမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။ “အဓိက အခု ခေါင်လန်ဖူးဘက်မှာ ရွေးကောက်ပွဲကျင့်ပဖို့ရှိတာကြောင့် KIA တွေရဲ့ ထိုးစစ် ခေါင်လန်ဖူးဘက်ထိ မရောက်လာအောင် တော်တော်တားဆီး၊ တားမြစ်နေတဲ့အနေအထားရှိတယ်။ KIA ရဲ့ ထိုးစစ်အဲဘက် ရောက်လာရင်တော့ သူတို့ရွေးကောက်ပွဲလည်း ပျက်လာနိုင်တယ်လေ။ ဒါကြောင့် ရှိရှိသမျှ လမ်းတံတားတွေ အားလုံးဖျက်ဆီးပြီး ဆုတ်ခွာသွားကြတာဖြစ်တယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။ လတ်တလော လန်ဆယ်နဲ့ ရှိန်းခေါင်ကြားမှာ လက်ရှိ ပြည်သူ့စစ်နဲ့ စစ်တပ်တွေ ဖျက်ဆီးလိုက်တဲ့ တံတားပေါင်း ၆ ခု ရှိတယ်လို့ သိရပါတယ်။ ထဖုန်ကျေးရွာ ၊ နမ်ချိန်၊ ငဂျာလရွာ၊ မတ်ခွာမိ( Mahkwa Mi) ရွာ နဲ့ ရှီလာန်ဒမ်းကျေးရွာ စတဲ့ထဲက ကြိုးတံတားတွေ ဖျက်ဆီးခံထားရတာဖြစ်ပြီး လက်ရှိ ပြည်သူ့စစ်တွေဖျက်ဆီးထားတဲ့ လမ်းတံတားတွေကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ လိုက်လံပြင်ဆင်ပြီး တံတားပြုလုပ်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဓိက လန်ဆယ်အထက်  အဲဒီကျေးရွာတွေထဲက ဒေသခံတွေဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အစားအသောက်၊ ပစ္စည်းတွေကို လန်ဆယ်ဘက်ဆင်းပြီး သွားဝယ်ယူလျက်ရှိပေမယ့် ခုလိုလမ်းတံတားတွေဖျက်ဆီးခံထားရတာကြောင့် လမ်းသွားလမ်းလာ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။   ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်ဘက် ရှိန်းခေါင်ဘက်ကို လက်ရှိ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာဖြစ်ပြီး ရှိန်းခေါင်မရောက်ခင် နယ်စပ်မှတ်တိုင် (၃၀) နယ်မြေမှာ နိုဝင်ဘာလ ၁၀ ရက် ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ မနေ့ကလည်း ရှိန်းခေါင်ဒေသဘက် နယ်စပ်မှတ်တိုင် (၃၀) ရှိ ဟဲဇတိ (He Zeti) ကျေးရွာက  ပြည်သူ့စစ်နဲ့ စစ်တပ်စခန်း ကာကင်း ၁ ခုကို KIA ဘက်က ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တပ်တွေက လန်ဆယ်ကို ပြန်လည်သိမ်းပိုက်ဖို့ KIA ရှိရာ လန်ဟီဆင်တောင်ကုန်းပေါ်ကို ထိုးစစ်ဆင်လာခဲ့ပေမဲ့ တိုက်ပွဲအရေးနိမ့်ခဲ့တာကြောင့် နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ KIA ဘက်က ရှိန်းခေါင်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ပြည်သူ့စစ်နဲ့ စစ်တပ်က ခံစစ်နဲ့ ခုခံနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ နဲ့ နိုဝင်ဘာလဆန်းအတွင်း  လန်ဆယ် နဲ့ ရှိန်းခေါင်ကြားက စစ်တပ်နဲ့ ပြည်သူ့စစ်စခန်း ၄ ခု ထက်မနည်းကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။ By…

    Read More »
  • 10 November
    သတင်း

    ပူတာအိုမှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး  ကျပ်သိန်း ၄၀၀ ဝန်းကျင်ပါသွား

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ မနေ့ည ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၄၀၀ ကျော်ပါသွားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။ ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်ထဲမှာ နိုဝင်ဘာလ ၉ ရက် မနေ့က ည ၈ နာရီတိတိအချိန်မှာ SK အမိန့်ရအပေါင်ဆိုင်…

    Read More »
  • 10 November
    သတင်း

    ရဲတပ်သားအပါ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ထိခိုက်မှုရှိနေ

    ကားမိုင်း - နန့်ယားလမ်းအတိုင်း တက်လာတဲ့ စစ်ကြောင်းတွေ ဖားကန့်အဝင် လုံးခင်းနဲ့ မှော်ဆီစာကျေးရွာ မိန်းလမ်းမတစ်လျှောက် တိုက်ခိုက်ခံရကာ ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်စဉ်မှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။

    Read More »
  • 10 November
    သတင်း

    အင်းတော်မှာ စစ်တပ်ကင်းစင်သွားပြီဖြစ်ပေမယ့် စစ်ရှောင်တစ်ချို့နေရပ်မပြန်နိုင်သေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်ပေမယ့် စစ်ဘေးရှောင်တစ်ချို့နေရပ်မပြန်နိုင်သေးကြောင်း သိရပါတယ်။ အင်းတော်မြို့နယ်ကို တော်လှန်ရေးပူးပေါင်းတပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် NUG အစိုးရအောက်အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ ၆ လ ကျော်ရှိလာပြီဖြစ်ပါတယ်။ သို့ပေမယ့် အင်းတော်– ဗန်းမောက်လမ်းမပေါ်ရှိ မော်တိတ်ဒေသထဲက…

    Read More »
  • 9 November
    သတင်း

    လစ်လပ်သွားတဲ့အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာ ပြည်သူတွေ မဲပေးရွေးချယ်ဖို့လို

    စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာကို ပြည်သူတွေရဲ့ဆန္ဒနဲ့အညီမဲပေးရွေးချယ်လိုကြောင်း ဒေသခံတွေဆီကသိရပါတယ်။ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးနီတိုး (ခ) ဦးရွှေရဆိုသူဟာ အောက်တိုဘာလ ပထမအပတ်လောက်မှာ ကျန်းမာရေး အခြေနေကြောင့် တာဝန်ခံနေရာကနေ အနားယူသွားခဲ့တာလို့ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိလစ်လပ်နေတဲ့…

    Read More »
Back to top button