• Sep- 2025 -
    18 September
    သတင်း

    ဗန်းမောက်မြို့တိုက်ပွဲ ကာကင်းစခန်း ၆ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့တိုက်ပွဲ ၄ ရက်အတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ ကာကင်းစခန်း ၆ ခုကိုသိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေထိန်းချုပ်နေရာယူထားတဲ့ ဗန်းမောက်မြို့အနီးဝန်းကျင်ကိုပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ KIA နဲ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။…

    Read More »
  • 18 September
    သတင်း

    လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်

    ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ ဆိုင်းတောင်အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ရွာကို စစ်တပ်က စက်တင်ဘာလ ၁၇…

    Read More »
  • 17 September
    သတင်း

    ဟုမ္မလင်းစက်လှေဆိပ်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ငွေတောင်းခံနေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့က စက်လှေဆိပ်တွေမှာ သေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် စက်လှေသမားတွေအခက်အခဲကြုံနေရတယ်လို့ ‌‌စက်‌ လှေသမားများဆီက သိရပါတယ်။ ဟုမ္မလင်းမြို့အောက်ဘက် နောင်ပင်၊ မြင်သာဘက်ခြမ်း၊ ချင်းတွင်းမြစ်‌ဘေး ရပ်နားထားတဲ့စက်လှေတွေ နဲ့ ဖလက်ခွံတွေဆီကနေ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက သုံးကြိမ်တိတိသေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းတာကြုံတွေ့ခဲ့ရတယ်လို့…

    Read More »
  • 17 September
    အင်တာဗျူး

    မြစ်ကြီးနားမှာ PDF အမည်ခံပြီး ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်

    မြစ်ကြီးနားမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF)ဆိုတဲ့ အမည်ကို အသုံးပြုပြီး ခြိမ်းခြောက်ငွေညှစ် တာတွေ မကြာခဏကြားနေရပြီး ဒီနောက်ပိုင်းခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ ခြိမ်းခြောက်ငွေညှစ် ခံရသူတွေထဲမှာ လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ဖွင့်ထားတဲ့ သူတွေသာမက ကိုယ်ပိုင်စာသင်ကျောင်းတွေအထိပါ ခြိမ်းခြောက်ငွေတောင်းရမ်းတာတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။…

    Read More »
  • 17 September
    သတင်း

    ပူတာအိုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ချောင်းရေတွေကြီးပြီး လမ်းတံတားနဲ့ လယ်ယာစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းကနေ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် မြို့နဲ့ ၅ မိုင်အကွာဝေးတဲ့ အထက်ဆန်ခေါင်နဲ့ငါးနူခါးကျေးရွာကို ဖြတ်သန်းစီးဆင်းနေတဲ့ ပါတိတ်ချောင်းရေကြီးပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
  • 17 September
    သတင်း

    ဆိုင်းတောင်အုပ်စုထဲက ကျေးရွာတစ်ချို့ကို စစ်တပ်ကပြန်ပြီးနေရာယူ

    ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုထဲက မှော်တောင်းနဲ့ ဆန်းကြွယ်ကျေးရွာ နှစ်ခုစလုံးကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူလိုက်ပြီလို့ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းကနေ ဆိုင်းတောင် မှော်တောင်း၊ ဆန်းကြွယ်နဲ့ အေးမြသာယာအုပ်စု ရှရော်ခ ညောင်ပင်ကုန်း နှစ်နေရာကို တစ်ပြိုင်နက် မြေပြင်စစ်ကြောင်းထိုးပြီး…

    Read More »
  • 16 September
    သတင်း

    လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရာမှာ စစ်အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိပဲ လွတ်ပေးနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း စစ်တပ်၊ယာဉ်ထိန်းနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်းဆီးရာမှာ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိဘဲ လွတ်ပေးနေတာကြောင့် တရားမျှတမှုမရှိဘူးလို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေပြောဆိုနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကစပြီး မြစ်ကြီးနားမြို့အပါအဝင် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့အားလုံးနီးပါးမှာ စစ်တပ်၊ရဲ၊ ယာဉ်ထိန်းအဖွဲ့ပူးပေါင်းပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီး‌တာ…

    Read More »
  • 16 September
    သတင်း

    ကချင်အထူးဒေသ(၁) ပြန်ရဖို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က လမ်းကြောင်း ၃ ခုနဲ့စစ်‌ရေးပြင်ဆင်နေ

    မြစ်ကြီးနားမြို့ထဲရှိမြောက်ပိုင်းတိုင်စစ်ဌာနချုပ်(မပခ)နဲ့ မြို့မရောက်ခင် ၁၅ မိုင်ဝန်းကျင်မှာအကွာမှာရှိတဲ့ ပြည်ထောင်စစ်လေ့ကျင့်ရေးသင်တန်း‌ကျောင်းဟာ ကချင်ဒေသတွင်း ခေတ်အဆက်ဆက် စစ်တပ်ရဲ့အဓိက စစ်သင်တန်းပို့ချရာနေရာဖြစ်ပါတယ်။ ဒီစစ်လေ့ကျင့်ရေးသင်တန်း ကျောင်းနှစ်ခုမှာ စစ်တပ်အပြင် လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေ စစ်သင်တန်းပုံမှန်ပို့ချလျက်ရှိပြီး ပြီးခဲ့တဲ့ မေလမှာတော့ အင်အား ၅၀၀ ခန့် အများဆုံးသင်တန်းဆင်းခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့…

    Read More »
  • 16 September
    သတင်း

    မြစ်ကြီးနား – မန္တလေး – ရန်ကုန် လေယာဥ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ မန္တလေး – ရန်ကုန် လေကြောင်းလိုင်းရဲ့ လေယာဥ်လက်မှတ်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားကနေ မန္တလေး၊ ရန်ကုန်အထိ အတက်အဆင်း လေယာဥ်လက်မှတ်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကနေစပြီး စမြင့်တက်လာနေတာဖြစ်တယ်လို့…

    Read More »
  • 16 September
    သတင်းphoto - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်‌နေပြီး လေကြောင်းတိုက်ခိုက်မှုရှိနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်းရှိ‌နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ မနေ့ကစပြီး ဗန်းမောက်မြို့ပေါ်အနီးဝန်းကျင်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်တယ် လို့သိရပါတယ်။ “SNA ကအင်အားတအားများတယ်။ သူတို့နယ်မြေလေ…

    Read More »
Back to top button