• Jul- 2025 -
    9 July
    သတင်း

    မုံရွာကနေတက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘော ဟုမ္မလင်းဘက်ကို ဦးတည်တက်လာနေဟုဆို

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း၊ ခန္တီးဘက်ကို ဆန်တက်လာနေတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ မုံရွာမြို့ သင်္ဘောဆိပ်ကနေထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကြီးတွေနဲ့ အဲဒီသင်္ဘောကိုလုံခြုံရေးယူပေးတဲ့ သံခွန်မော်တော်အပါအဝင် စုစုပေါင်း ၁၀ စီးခန့်ဟာ ဟုမ္မလင်းဘက်ကို ဦးတည်လာနေပြီး မနေ့က ကနီမြို့နယ်ထဲမှာဝင်ရောက်လာတယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အစီးရေအတိအကျကတော့အတည်ပြုနေတုန်း သံခွန်အသေးတွေကော သင်္ဘောအကြီးက ၆ စီးပြောတယ်။ ဟုမ္မလင်းအထိပဲလား ခန္တီးဘက်ထိဆက်တက်မလားတော့မသိရသေးဘူး မနေ့က ကနီနယ်ထဲဝင်တယ် ကနီတော့မရောက်သေးဘူး ဒီနေ့ရောက်မလားစောင့်ကြည့်ရမယ်”လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်သင်္ဘောတွေရဲ့အမိုးပေါ်မှာတော့ လက်နက်ကြီး၊စက်သေနတ်တွေတပ်ဆင်ထားပြီး သင်္ဘောထဲမှာတော့ လက်နက်ခဲယမ်းနဲ့ရိက္ခာတင်ဆောင်လာတယ်လို့ယူဆရကြောင်း သူက ဆက်ပြောပါတယ်။ “သင်္ဘောတွေက ကမ်းမကပ်ဘူးရယ် ရေလယ်ခေါင်ကနေပဲဆန်တက်လာတယ်ဆိုတော့ ဘာတွေပါမှန်းမသိရဘူး ယာဥ်တန်းနဲ့လာပြီဆိုကတည်းက စစ်သားနဲ့လက်နက်ခဲယမ်းတွေပဲပါမှာပဲ အလွတ်တော့ဘယ်လာမလဲ”လို့ သူကဆက်ပြောပါတယ်။ စစ်သင်္ဘောတွေဆန်တက်လာနေတာကြောင့် ဟုမ္မလင်းမြို့ပေါ်က စစ်ကောင်စီနဲ့ SNA စစ်သားတွေဟာ ရွှေပြည်အေးမြို့ဘက်ကို ဒီရက်ပိုင်းရေကြောင်းနဲ့ခပ်စိပ်စိပ်စစ်ရေးလှုပ်ရှားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ “သင်္ဘောတွေတက်လာတယ်ဆိုတော့ ဒီမြို့ထဲကနေစစ်သားတွေ ရွှေပြည်အေးဘက်သွားတယ် စက်လှေတွေနဲ့နှစ်စီး၊သုံးစီးတခါသွားရင်ကင်းလှည့်တာလားရွှေပြည်အေး ခြေနေသွားကြည့်တာဖြစ်နိုင်တယ်။ ရွှေပြည်အေးက pdf တွေထိုင်တယ်လေ”လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ရွှေပြည်အေးမြို့ဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းမှာရှိတာဖြစ်ပြီး လက်ရှိမှာတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်သင်္ဘောတွေဟာ ဟုမ္မလင်းမြို့ကို ဝင်ရောက်ဖို့အတွက်လက်ရှိကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ရဲ့သင်္ဘောဆိပ်ကိုဖြတ်ရမှာဖြစ်တဲ့အတွက် ရွှေပြည်အေးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် လက်ရှိဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်သယ်ယူဖို့ ရေကြောင်းကိုသာအသုံးပြုနေရတာဖြစ်ပါတ်။ ဒါပေမယ့်…

    Read More »
  • 9 July
    သတင်း

    ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြား စစ်ရှောင်ပြည်သူတွေ အဖက်ဖက်ကကြပ်တည်းလာ

    ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် တိုက်ပွဲဧရိယာအတွင်းနေထိုင်တဲ့ ကျေးရွာ ၁၀ ရွာခန့်က ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လမ်းပိုင်းပိတ်ဆို့ထားမှုတွေကြောင့် အစားအသောက်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ကနေစတင်ပြီး ဖားကန့်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံး ရှရော်ခ(Sharaw Hka) ညောင်ပင်ကုန်း၊ မော်မောလယန်နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)ကျေးရွာ စတဲ့ စစ်မျက်နှာ ၃ နေရာမှာ တိုက်ပွဲဖြစ်နေတာကြောင့် ရှရော်ခ၊ ဆွတ်ရာ(ကျောက်ဖြူ) ၊ မှော်ဝမ်းကလေး၊ မော်မောလယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ ဆိုင်းကြိုင်၊ မှော်ဝမ်းကလေး၊ ဆွတ်ငိုင်ယန်၊ အင်းမိုင်းယန် စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ “လက်ရှိမှာက ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ဆွတ်ငိုင်ယန်၊ အင်းမိုင်းယန် ဒီကျေးရွာတွေကတော့ လောလောဆယ် အလောတကြီး ပြေးနေရတာပေါ့။ အဲဒီကျေးရွာတွေက စစ်ကြောင်းတိုက်ရိုက်ထိုးနေတော့ မရှောင်လို့လည်း မရတော့ဘူး။ တစ်ချို့ပြည်သူတွေက တိုက်ရိုက်ကြီး စစ်ကြောင်းထိုးတာမရှိပေမယ့် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျတာတွေဖြစ်တော့ မရှောင်ချင်ဘဲ ရှောင်ကြရတာတွေရှိနေတယ်။ ဖားကန့် ဘာသာရေးဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာဆိုရင် စစ်ရှောင်တွေ ပြည့်လျှံနေကြပြီ။ အခုချိန်မှာဆို အဓိကတော့ အစားအသောက်ပိုပြီးခက်ခဲတယ်လေ။ လောလောဆယ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေပဲ ရသလောက်လုပ်ပေးနေတာပေါ့”လို့ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိ တိုက်ပွဲနေရာမဟုတ်တဲ့ ဖားကန့်မြို့နဲ့ ဆိုင်းတောင်၊ လုံးခင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် KBC ၊ ကက်သလစ် RC နဲ့ ဆွေမျိုးအိမ်တွေမှာ ခက်ခက်ခဲခဲတိမ်းရှောင်နေကြတယ်လို့သိရပြီး ဒီစစ်ဘေးရှောင်ပြည်သူတွေကို ဖားကန့်ဒေသက အရပ်ဖက်လူမှုကူညီရေးအဖွဲ့စည်းနဲ့ သက်ဆိုင်ရာ ဘာသာရေးကျောင်းအသီးသီးက တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုအောက်မှာ သွားနေတယ်လို့ ဆိုပါတယ်။ သို့သော် ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းဝင်းနေရာတွေမှာ စစ်ရှောင်ပြည့်လျှံသွားတဲ့အတွက် နေရာအခက်အခဲကြောင့် စစ်ရှောင်တစ်ချို့က သစ်ပင်အောက်တွေမှာ မိုးကာတဲထိုးကာ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ကစတင်ပြီး တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ကြတဲ့ ရှရော်ခ၊ ဆွတ်ရာ(ကျောက်ဖြူ) မှော်ဝမ်းကလေး၊ မော်မောလယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ ဆိုင်းကြိုင် စတဲ့ ကျေးရွာ ၇ ရွာထဲကနေ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ လက်အောက်မှာ စစ်ရှောင်ပြည်သူ စုစုပေါင်း အိမ်ထောင်စု ၂၀၄ ခု၊ လူဦးရေ ၇၀၀ ကျော်အထိရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ ဒါပေမယ့် KBC လက်အောက်ထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း ကားမိုင်း – ဖားကန့်လမ်း စစ်ကောင်စီတပ် ပထမအကြိမ် စစ်ကြောင်း စတင်ဝင်ရောက်လာချိန်ကတည်းက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ကပ်မှော်၊ ပျားအုံး စတဲ့ ကျေးရွာတွေထဲကနေ စစ်ရှောင်ပြည်သူတစ်ချို့ ဖားကန့် ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတာကြောင့် လက်ရှိ စစ်ရှောင်ပြည်သူ ၁၄၀၀ ကျော်အထိရှိနေပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ ကားမိုင်း – ဖားကန့် လမ်းဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေဆဲဖြစ်တဲ့အတွက် နေရပ်ပြန်နိုင်ခြင်းမရှိဘဲ ဖားကန့်ထဲမှာ တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။ KBC အသင်းတော် အောက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေ စုစုပေါင်း စစ်ရှောင်လူဦးရေ ၂ ထောင်ခန့်ရှိနေပြီး နောက်ထပ် ဘာသာရေးကျောင်းအသီးသီးမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေအပါဆိုရင် ဖားကန့်ဒေသမှာ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်အထိ ရှိနိုင်တယ်လို့ ဖားကန့် ပြည်သူတွေ ဆီကနေ သိရပါတယ်။ ယခုလို ဖားကန့်ဒေသထဲမှာ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ များပြားလာသလို တစ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို လမ်းပိုင်း ပိတ်ဆို့ မှုတွေလည်းရှိနေပါတယ်။ ဖာကန့်ဒေသဘက်ကို တိုက်ရိုက်သွားလာလို့ရတဲ့ မြစ်ကြီးနား – ကားမိုင်းကားလမ်းပိုင်းကို တိုက်ပွဲကြောင့် စစ်တပ်နဲ့ KIA နှစ်ဖက်က ပိတ်ဆို့ထားတာဖြစ်ပါတယ်။ လက်ရှိမှာ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းတစ်ခုတည်းသာ ကုန်းစည် စီးဆင်းနေပြီး အဲ့ဒီလမ်းပိုင်းကိုလည်း စစ်တပ်က ဆန်သယ်ယူမှုကို ကန့်သတ်ထားတာ တစ်လခန့် ကြာမြင့်လာပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ဘေးရှောင် ပိုမိုများပြားလာတဲ့ ဖားကန့်ဒေသမှာ ဆန်ပြတ်လပ်မှုတွေဖြစ်လာပြီး စစ်ရှောင်ပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ KBC လက်အောက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ နောက်ထပ် ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။…

    Read More »
  • 9 July
    သတင်း

    KIO ဥက္ကဋ္ဌ ဖမ်းဆီးခံရမှုနဲ့ မြေရှားသတ္တုနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအကျယ်ချုပ်ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းနဲ့ ဗန်းမော်ထိုးစစ်မရပ်ရင် တရုတ်အစိုးရက မြေရှားမဝယ်တော့ဘူးဆိုတဲ့ သတင်းအကြောင်းအရာ နှစ်ရပ်စလုံးက အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေသာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ ကျန်းမာရေးကိစ္စနဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီးနောက်…

    Read More »
  • 8 July
    သတင်း

    ဖားကန့်မြို့နယ်ထဲ စစ်တပ်ကဆန်သယ်ယူခွင့်ပိတ်ဆို့တာ တစ်လဝန်းကျင်ရှိလာ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို စစ်ကောင်စီတပ်ကဆန်သယ်ယူခွင့်ပိတ်ဆို့တာ တစ်လဝန်းကျင်ရှိလာတာကြောင့် ဒေသခံတွင်း ဆန်ဝယ်ယူရတာခက်ခဲလာတယ်လို့ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်ကို အဓိကကုန်စည်စီးဆင်းရာ ကာမိုင်း – ဖားကန့်လမ်းကြောင်းမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ် တွေအကြားတိုက်ပွဲကြောင့် သွားလာခွင့်တွေကိုနှစ်ဖက်တပ်တွေကပိတ်ဆို့ထားတယ်လို့သိရပါတယ်။ တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ အင်းတော်ကြီး–ဝှေခါ လမ်းကြောင်းမှာတော့…

    Read More »
  • 8 July
    သတင်း

    ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံး၊တစ်ဦးရုပ်အလောင်းပြန်တွေ့

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် နမ့်ထွမ်ချောင်းမှာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းပြန်တွေ့ကြောင်းဒေသခံများထံမှ သိရပါတယ်။ ရေနစ်သေဆုံးတဲ့ အမျိုးသမီးနှစ်ဦးဟာ ပူတာအိုမြို့နယ် နာမ်ထူခူးကျေးရွာထဲကဖြစ်ပြီး ဇူလိုင်လ  ၅ ရက်နေ့မွန်းလွဲပိုင်းမှာ အခင်းကနေ နေအိမ်ပြန်လာတဲ့လမ်းရှိ နမ့်ထွမ်ချောင်းဖြတ်ကူးစဥ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပြန်လာတာက သုံးယောက်တဲ့ယောက်ကျားလေးတစ်ယောက်နဲ့အဲ့မိန်းကလေးနှစ်ယောက်ပေါ့။ ယောက်ကျားလေးကရှေ့ကနေဦးဆောင်ပြီးချောင်းကူးတာ။ အဲ့မှာတွဲထားတဲ့လက်ကပြုတ်သွားတာရေစီးသန်တော့ လက်တွဲပြုတ်သွားတော့နှစ်ယောက်စလုံးရေနစ်သွားတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးက နာမ်ထူခူးရွာခံ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်ပြီး မြေအဖွားတော်စပ်သူတွေဖြစ်ကြောင်းသိရပါတယ်။ “အဖွားရဲ့ရုပ်အလောင်းကိုတော့ မနေ့က ပြန်တွေ့တယ်။ ရွာသားတွေရှာတော့ပြန်တွေ့တာကလေးမရဲ့ရုပ်အလောင်းကတော့ပြန်မတွေ့သေးဘူးပြောတယ်”လို့ ဖြစ်စဥ်သိတဲ့အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ နာမ်ထူခူးကျေးရွာဟာ ပူတာအိုမြို့ရဲ့တောင်ဘက် မြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာတည်ရှိတာဖြစ်ပါတယ်။ ပူတာအိုမှာပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းကနေ မိုးတွအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိနမ့်ထွမ်ချောင်းရေကြီးရေလျှံနေတဲ့အပြင် နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံပါရေကြီးမှုကြောင့်စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နာမ့်ထွမ်ချောင်းရေကြီးပြီး ရေအားလျှပ်စစ် စက်ရုံစက်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုဖြစ်သွားတာကြောင့် ပူတာအိုမှာ တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးတွေပြတ်တောက်နေတာ ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က အမျိုးသမီးနှစ်ဦးရေနစ်မြှပ်မှုဖြစ်သွားတဲ့ နာမ့်ထွမ်ချောင်းမှာ ၂၀၂၄ ခုနှစ်တုန်းကလည်း ပူတာအိုအထက်တန်းကျောင်းက ကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့တဲ့ချောင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 7 July
    သတင်း

    အသစ်ဖွဲ့လိုက်တဲ့ SNCN-K လှုပ်ရှားတပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူမည်ဟုဆို

    ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN-K အန်းမိုင်းတပ်ဖွဲ့ကနေ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ SNCN-K  လှုပ်ရှားတပ်ဖွဲ့ဟာ ခန္တီးမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ NSCN-K အန်းမိုင်းတပ်ဖွဲ့ဟာ အမှတ် –၆ လှုပ်ရှားတပ်ဖွဲ့ဖြစ်တဲ့  SNCN-K ကို ဇူလိုင်လထဲမှာ တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယင်းတပ်ဖွဲ့အနေနဲ့ ခန္တီးဒေသနဲ့ ၊ခီယမ်နီဂန်ဒေသထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် လှည့်လည်ပြီးလုံခြုံရေးတာဝန်ယူသွားမှာဖြစ်တယ်လို့ NSCN-K အန်းမိုင်းတပ်ဖွဲ့မှတာဝန်ရှိိသူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှတ် ၆ တပ်ဖွဲ့ကို အားဖြည့်ထားတယ် ဒီနာဂတပ် အမှတ် ၆ လှုပ်ရှားတပ်က  မဟာဗျူဟာကျပြီး အသွားအလာကန့်သတ်တဲ့နေရာတွေဖြစ်တဲ့ ခန္တီးဒေသ၊ ခီယမ်နီဂန်ဒေသတွေမှာ လှည့်ပတ်သွားမှာဖြစ်ပါတယ်။ ဒီနာဂတပ်ရင်းက ချင်းတွင်းမြစ်ကြောင်းမှာ နေထိုင်သူတွေအတွက် နယ်မြေလုံခြုံရေး ကင်းလှည့်ဖို့ တာဝန်ရှိပါတယ်”လို့သူကပြောပါတယ်။ အဲ့ဒီအသစ်ဖွဲ့လိုက်တဲ့ အမှတ်–၆ တပ်ဖွဲ့ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က SNCN-K အန်းမိုင်းရဲ့ထိန်းချုပ်နယ်မြေထဲမှာပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ဟာ မြို့နယ်ချင်းထိစပ်နေတာဖြစ်ပြီး ဟုမ္မလင်းနယ်ထဲက ချင်းတွင်းမြစ်ကြောင်းရဲ့ နေရာအတော်များများကို ဟုမ္မလင်း PDF တွေက ထိန်းချုပ်ထားကြောင်းသိရပါတယ်။ “ချင်းတွင်းမြစ်ဒီဘက်တကြောက  pdf တွေထိန်းချုပ်ထားတဲ့အပိုင်းတွေရှိတယ်  သူတို့လှုပ်ရှားမယ်ဆိုတာက ဘယ်အထိဖြစ်လာမလဲပေါ့ ဒီဘက်ကိုရောက်လာရင်တော့ သူတို့နှစ်ဖွဲ့ပစ်ကြခတ်ကြမလား ဒီနေ့ထိတော့ နာဂလက်နက်ကိုင်အဖွဲ့နဲ့ ဒီကကာကွယ်ရေးတပ်တွေတော့အေးဆေးပဲပါ့”လို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ခန္တီးနဲ့ဟုမ္မလင်းဟာ ချင်းတွင်းမြစ်ကြောင်းပေါ်မှာတဆက်တည်း ရှိနေတာဖြစ်ပြီး ခန္တီးမြို့နယ်အစပ်မှာရှိတဲ့ ဟုမ္မလင်းနယ်ထဲက လင်းဖား၊ ထမံသီစတဲ့နေရာတွေမှာတော့ SNA နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့တပ်ဖွဲ့ဟာ  စစ်ကောင်စီတပ်၊ SNAတပ်ဖွဲ့တွေနဲ့ နားလည်မှုယူထားတဲ့တပ်ဖွဲ့ဖြစ်ပြီး ခုလို ချင်းတွင်းမြစ်ပေါ်လုံခြုံရေးစတင်ယူလာတာဟာ ဟုမ္မလင်းနယ်ထဲ PDF ပူးပေါင်းတပ်က နယ်မြေစိုးမိုးမှုကျယ်ပြန့်လာနေတာကြောင့်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN…

    Read More »
  • 7 July
    သတင်း

    ကသာ-အင်းတော်လမ်းပိုင်းရှိ တံတား ၃ စင်း မိုးများလို့ကျိုးကျ

    စစ်ကိုင်းတိုင်းဒေသကြီး ကသာနဲ့အင်းတော်မြို့တွေကိုချိတ်ဆက်ထားတဲ့ ဗျူဟာလမ်းပိုင်းက တံတား ၃ စင်း မိုးများလို့ပျက်စီး ကျိုးကျသွားတာကြောင့် ကုန်စည်တင်ပို့်တာနဲ့ ဒေသခံတွေသွားလာနေထိုင်ရေးအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ အချက်အချာကျတဲ့မြို့နှစ်မြို့ကိုချိတ်ဆက်ထားတဲ့လမ်းကြောင်းဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့လမ်းပိုင်းပိတ်ဆို့မှုကြောင့် ကွင်းလမ်းကိုအသုံးပြုနေကြရတဲ့ မန္တလေး–မြစ်ကြီးနားကားသမားတစ်ချို့လည်း ဒီလမ်းပိုင်းကိုအသုံးပြုကြတာဖြစ်ပါတယ်။ လက်ရှိတော့အဲ့ဒီလမ်းပိုင်းကို ကားတွေလုံးဝသွားလာလို့မရတာ တစ်ပတ်ကျော်ကြာရှိလာပြီလို့ဒေသခံတစ်ယောက်ကအခုလို ပြောပါတယ်။ “အခုကအပျက်ကြီးကိုမှဖြစ်သလိုပဲ သစ်တွေဝါးလုံးတွေတစ်ချောင်းထိုးနှစ်ချောင်းထိုးပြီး ဆိုင်ကယ်တွေသွားလို့ရအောင် လုပ်ပြီးမှသွားနေကြတာ ကားတွေကတော့လုံးဝသွားလို့မရဘူး ဆိုင်ကယ်တွေပဲသွားလို့ရတာ” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပျက်စီးနေတဲ့ တံတားတွေကတော့ ကသာမြို့–ကြာအင်း–သံပုရာ–ကျောက်ပုံ စတဲ့ကျေးရွာတွေကိုချိတ်ဆက်ထားတဲ့တံတားတွေ ဖြစ်ပြီး တံတားတွေကမကြီးပေမယ့် သွားလာရေးအတွက်အလွန်အခက်တွေ့စေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ လက်ရှိအဲ့ဒီလမ်းပိုင်းတွေကိုတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့လက်အောက်ခံ ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး လမ်းပိုင်းအမြန်ဆုံးပြန်ပြင်ပေးနိုင်ဖို့အတွက် ဒေသခံတွေကမျှော်လင့်နေကြပါတယ်။ “ကသာမြို့နယ်ကရွာတွေအားလုံးက ကသာမြို့ကိုကျန်းမာရေးရော၊ လူမှုနေထိုင်မှုကအစအားကိုးရတာဆိုတော့ လမ်းကအခုလို ဖြစ်သွားတော့ လုံးဝအဆင်မပြေဘူး။ကုန်စည်စီးဆင်းမှုတွေကအစဒီလမ်းကိုအသုံးပြုရတော့ လမ်းကဆိုးရွားနေတော့ အကုန် ပြတ်တောက်ကုန်တာပေါ့” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒီတံတားတွေပျက်စီးသွားတာဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က အင်းတော်မြို့နယ်မှာရှိတဲ့ နန့်သဲချောင်းရေကြီးမှုဖြစ်တဲ့ တစ်နေ့ တည်းမှာဘဲ ဖြစ်ပျက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ်အပါအဝင် မြန်မာပြည်တစ်ဝှမ်းမှာ ဒီနှစ်ပိုင်းတွေအတွင်း အချိန်အခါမဟုတ်မိုးကြီးတာတွေကြောင့် တောင်ကျ ချောင်းတွေရေလျှံတာ၊မြစ်ရေလျှံတာတွေမကြခဏဖြစ်ပေါ်လာပြီး ဒီဖြစ်ရပ်တွေဟာ သစ်တောပြုန်းတီးမှု၊ သဘာဝသယံဇာတ တူးဖော်မှုတွေကြောင့်လို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကဆိုကြပါတယ်။ ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကလည်း မြန်မာပြည်မြောက်ဖျားပိုင်းဒေသ ချီဖွေ၊ ပူတာအို အပါအဝင် မြစ်ကြီးနား၊ ဝိုင်းမော် နဲ့ ဗန်းမော်ဒေသတွေမှာ မိုးကြီးခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ဘေးကိုရင်ဆိုင်နေကြရတဲ့ဒေသခံ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်မှာဆိုရင် နိုင်ငံတစ်ဝှမ်းစံချိန်တင်ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး နေအိမ်၊ အဆောက်အဦးတွေပါပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သလို လူသေဆုံးတဲ့အထိရေကြီးရေလျှံတာကိုဒေသခံတွေကြုံတွေ့ခဲ့ကြရပါတယ်။ By – အမိုး

    Read More »
  • 7 July
    သတင်း

    ဖားကန့်မှာ စစ်တပ်က တိုက်ပွဲဆက်ဖော်ဆောင်နေတဲ့အတွက် နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်

    ဖားကန့်မှာ စစ်တပ်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံးနေရာတွေဖြစ်တဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန်နဲ့ ရှရော်ခ ညောင်ပင်ကုန်းစတဲ့ စစ်မျက်နှာပြင် ၃ နေရာမှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ လမောင်ကုန်း(Lamawng Kawng) နဲ့ မော်မောဘွမ့်(Mawmaw Bum)စတဲ့နေရာတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ဦးတည်ပြီး ဖြည်းဖြည်းချင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့အထိ အရေးပါတဲ့ ၃ နေရာမှာ တိုက်ပွဲဖြစ်နေဆဲဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခု စစ်တပ်က သူတို့ရဲ့ မိန်းနေရာဖြစ်တဲ့ ဗျူဟာကုန်းကို အရင်လုံခြုံမှုရှိအောင် အရင်လုပ်နေတယ်လို့မြင်တယ်။ နောက်တစ်ခုက ဒေသကို လွမ်းမိုးချင်နေတာတစ်ပိုင်း။ လက်လွတ်လိုက်ရတဲ့ စခန်းကုန်းတွေကို မရရအောင် ယူမယ့် သဘောမျိုးရှိတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ အမှိုက်ပုံနေရာ၊ မော်မောလယန် ၊ ရှရော်ခ ညောင်ပင်ကုန်းနေရာတွေက ဖားကန့်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံးနေရာတွေဖြစ်တယ်။ အဲလိုနေရာတွေ လုံခြုံသွားပြီဆိုရင် အခုပြောနေတဲ့ လမောင်ကုန်း၊ မော်မောဘွမ့်ဆိုတာတွေက ရဖို့ အရမ်းလွယ်သွားပြီ။ အဲ့ကြောင့် သူတို့က ဖြည်းဖြည်းချင်းနဲ့ လုပ်နေတာ”လို့ပြောပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ၊ မော်မောလယန်၊ ရှရော်ခ ညောင်ပင်ကုန်း စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က အလုံးစုံထိန်းချုပ်ခြင်းမရှိသေးဘဲ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်စခန်းအနေနဲ့ လက်လွတ်ဆုံးရှုံးလိုက်တာတွေမရှိသေးပေမယ့် သွားလာလှုပ်ရှားနေတဲ့ လမ်းကြောင်းတစ်ချို့ကို ဆုတ်ခွာလိုက်ရတာတွေရှိတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။ “KIA နဲ့ တော်လှန်ရေးအဖွဲ့တွေက သူတို့စိုးမိုးထားတဲ့ နယ်မြေဒေသအရ ပြောရမယ်ဆိုရင် နယ်မြေကျဉ်းလာတယ်လို့တော့ ပြောလို့ရပါတယ်။ ပြောရမယ်ဆိုရင် လုံးခင်း မှော်ဆီစာကနေ အမှိုက်ပုံကျေးရွာတစ်ကြော တော်လှန်ရေးအင်အားစုတွေ အသုံးပြုတဲ့ လမ်းတွေဖြစ်တယ်။ ဒီလမ်းကြောင်းတွေက စစ်တပ်က ပြန်လည် ထိန်းချုပ်လိုက်တဲ့ အနေအထားမှာရှိသွားတာပေါ့နော်။ ဒီလမ်းတွေကနေ အရင်က စိတ်ကြိုက် သွားနေရာကနေ စိတ်ကြိုက်သွားလို့မရတော့ဘူးပေါ့။ ပြောရမယ်ဆိုရင် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ဆုတ်လိုက်ရတဲ့သဘောပါ”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မော်မောလယန် ကျေးရွာအဝင်ပေါက်ရှိ တာဝါတိုင် အနီးတဝိုက်မှာ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေပြီး အလားတူ ဆွတ်ဘွမ့်နဲ့ ရှရော်ခ ညောင်ပင်ကုန်းနေရာတွေမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ ဆွတ်ဘွမ့်(အမှိုက်ပုံ)ကျေးရွာဟာ ဖားကန့်ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းမှာ တည်ရှိပြီး မော်မောလယန်နဲ့ ရှရော်ခ ညောင်ပင်ကုန်းကျေးရွာ နှစ်ခုက ဘယ်ဘက်ခြမ်းမှာ တစ်ဆက်တည်း တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ မော်မောဘွမ့်ဟာ ဆွတ်ဘွမ့်ကျေးရွာ ဘက်ခြမ်းမှာရှိပြီးတော့ လမောင်ကုန်း တပ်စခန်းက မော်မော်လယန်နဲ့ ရှရော်ခကျေးရွာဘက်ခြမ်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီတပ်တွေက ဖားကန့် ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်း လမ်းကြောင်း နှစ်ခုစလုံးကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အရေးပါတဲ့ ၃ နေရာမှာ တိုက်ပွဲဖြစ်နေတာပါတယ်။ ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခစတဲ့ ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာလောက်ရှိတဲ့ ဒေသခံပြည်သူထောင်နဲ့ချီဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်းဆိုပါတယ်။ အခုလို တိုက်ပွဲကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန် တစ်ဖက်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို အဓိကဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုနေတယ်လို့ တော်လှန်ရေးမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြလာပါတယ်။ “တိုက်ပွဲအခြေအနေက မော်မောလယန်၊ ရှရော်ခ ၊ ကျောက်ဖြူတို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ၃ နေရာလောက်မှာ တိုက်ပွဲဖြစ်နေတာပေါ့။ အဲ့ဒါကြောင့်လည်း ပြည်သူတွေကို စစ်ရှောင်ခိုင်းတယ်။ ပြီးရင် ဒီရက်ပိုင်း လူငယ်တွေကို အဓိကထားပြီး ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်နေတယ်။ တိုက်ပွဲတွေဖြစ်တဲ့ နေရာမှာပဲဖြစ်နေတာ။ ဆွတ်ဘွမ့်နဲ့ မော်မောလယန်မှာ လူသားဒိုင်း ဖမ်းဆီးခံထားရတဲ့သူတွေကိုတောင် ပြန်မလွတ်သေးဘူးတဲ့။ တိုက်ပွဲပြန်ပြင်းထန်လာတဲ့ ဒီ ၃ ရက်အတွင်းမှာ ဖမ်းဆီးခံရတဲ့သူ ၂၀၀ လောက်ရှိမယ်ဗျာ။ ဘယ်မှပြန်မလွတ်လာသေးဘူးလို့ကြားတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခ စတဲ့ကျေးရွာမှာ တွေ့ရာလူငယ်တွေကို အဓိကဖမ်းဆီးထားပြီး စစ်တပ်ရှိတဲ့နေရာမှာ လူသားဒိုင်းအသုံးပြုနေတယ်လို့ သိရပါတယ်။ ဖားကန့်မှာ တိုက်ပွဲပိုမိုပြင်းထန်လာတဲ့ ဇူလိုင်လ ၄ ရက်နေ့နောက်ပိုင်း ဖားကန့်ဒေသထဲကို ကုန်ကားတွေ သွားလာခွင့်ရနေတဲ့တစ်ခုတည်းသော ဂွေခါလမ်းမှာ စစ်တပ်က ဆန်သယ်ယူခွင့် ပိတ်လိုက်တယ်လို့လည်း ဆက်သိရပါတယ်။ ဒါကြောင့် လက်ရှိ ဖားကန့်မြို့တွင်းမှာ ပြည်သူတွေလူထုတွေက စျေးဆိုင်တွေမှာ ဆန်အလုအယက် ဝယ်ယူနေကြပြီး တစ်ချို့စျေးဆိုင်တွေမှာ ဆန်ပြတ်လပ်မှုတွေရှိနေပြီလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကနေ  အကြောင်းပြချက်မရှိဘဲ ဖားကန့်ဒေသထဲကို ဆန်သယ်ယူခွင့် ပိတ်လိုက်တဲ့အတွက် ပြည်သူလူထု စစ်ပွဲကြား  ပိုပြီးကြပ်တည်းလာမှာကို စိုးရိမ်နေကြပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေတဲ့အတွက် အပြန်အလှန်ပစ်ခတ်ရာကနေ လက်နက်ကြီးတစ်ချို့က ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခ စတဲ့ကျေးရွာရှိ လူနေအိမ်၊ ဘုန်းကြီးကျောင်းနေရာတွေမှာ လက်နက်ကြီး ကျမှန်ပေါက်ကွဲ ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှုရှိသလို လူနေအိမ်ထိခိုက်ပျက်စီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။…

    Read More »
  • 5 July
    သတင်း

    ဖားကန့်မှာ စစ်ကြောင်း သုံးခုကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ

    ဖားကန့်စစ်ရေးအတွက် အရေးပါတဲ့ လမောင်ကုန်း(Lamawng Kawng) နဲ့  မော်မောဘွမ့် (Mawmaw Bum) နှစ်နေရာကို စစ်ကောင်စီတပ်က ပြန်လည်ရရှိဖို့ စစ်ကြောင်း ၃ ကြောင်းနဲ့ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဇူလိုင် ၅ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းကနေ…

    Read More »
  • 4 July
    သတင်း

    ကချင်မှာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၃၀ ဦးထိရှိလာ

    ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ  ၂၀၂၅ ဇွန်လထိ သေဆုံးသူ ၂၃၀ ဦးထိရှိခဲ့တယ်လို့ Kachin Human Rights Watch(KHRW) ကနေသိရပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအထိပါဝင်ပြီး အသက် ၁၈ နှစ်အထက် အမျိုးသားသေဆုံးမှု အများဆုံးဖြစ်ပြီး ဖြစ်စဉ်တွေထဲမှာ လေကြောင်းပစ်ခတ်မှုကြောင့်…

    Read More »
Back to top button