• Apr- 2025 -
    24 April
    သတင်း

    လားရှိုးမှာ ကိုးကန့်တပ်နောက်ဆုတ်ပြီးနောက် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ တပ်ချနေရာယူ

    ရှမ်းမြောက် လားရှိုးမြို့ကနေ ကိုးကန့်တပ်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်အင်အားတစ်ထောင်ဝန်းကျင်နဲ့ လားရှိုးတက္ကသိုလ်ဝင်းထဲ ဝင်ရောက်တပ်ချနေရာယူနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့က စစ်ကောင်စီတပ်ကိုပြန်လွှဲပေးပြီး နောက် ဧပြီလ ၂၂ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်ဘက်က ကားအစီး ၂၀၀ ၊ စစ်အင်အား တစ်ထောင်ဝန်းကျင်နဲ့ ရောက်ရှိလာပြီလို့ ဆိုပါတယ်။ “အစကတော့…

    Read More »
  • 23 April
    သတင်း

    မန္တလေးမှာ ကျောင်းတက်နေတဲ့ ကချင်ဒေသလူငယ်တွေ ငလျင်ဒဏ်ကြောင့် နေရာထိုင်ခင်းအခက်အခဲဖြစ်နေ

    ကချင်ပြည်နယ်ကနေ မန္တလေးမြို့မှာ ကျောင်းသွားတက်တဲ့ လူငယ်တွေ ငလျင်ဒဏ်ကြောင့် နေရာထိုင်ခင်း အဆင်မပြေမှု ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ကျောင်းတတ်တဲ့ ကချင်‌ဒေသက လူငယ်တွေဟာ ဆေးကျောင်း၊ သူနာပြုကျောင်း၊ နည်းပညာကျောင်း၊ တိုင်းရင်းဆေးကျောင်း၊ GED( General Educational…

    Read More »
  • 23 April
    သတင်း

    အပစ်ရပ်ကာလထပ်တိုးကြောင်းကြေညာနေတဲ့ စစ်ကောင်စီတပ် အင်းတော်ကြီးဒေသမှာ လေကြောင်းတိုက်ခိုက်နေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်က မြေပြင်စစ်အင်အားတိုးချဲ့နေတဲ့အပြင် လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဧပြီလ ၁၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ပူးပေါင်းတပ်ဟာ အင်းတော်ကြီးဒေသ KIA နဲ့ PDF ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ဆနွမ်းကုန်း(Sanun Kawng) ဘက်ကို စစ်ကြောင်းထိုးဝင်လာပြီး စစ်ရေးလှုပ်ရှားမှုတွေစတင်လာတာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းကို  KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ဧပြီလ ၂၂ ရက်နေ့…

    Read More »
  • 23 April
    သတင်း

    စစ်ကောင်စီလက်ချက်ကြောင့် တစ်လအတွင်းအမျိုးသမီး ၆၆ ဦးသေဆုံး

    မြန်မာနိုင်ငံတစ်ဝှမ်း ပြီးခဲ့တဲ့မတ်လ ၁ လအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် အမျိုးသမီး ၆၆ ဦးအထိသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ပါတယ်။ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းနဲ့မန္တလေးတို့ကို ဦးတည်ပြီးလှုပ်ခတ်ထားတဲ့ အားပြင်းငလျင်ကြောင့် သေဆုံးမှုထောင်နဲ့ချီရှိခဲ့ပေမဲ့လည်း စစ်ကောင်စီတပ်က…

    Read More »
  • 22 April
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ကမ္ဘာမြေကိုထိန်းသိမ်းကာကွယ်ဖို့ထက် ဖျက်ဆီးမှုပိုများလာတယ်လို့ သဘာဝပတ်ဝန်းကျင်တက် ကြွလှုပ်ရှားသူများပြော

    ကမ္ဘာမြေကိုထိန်းသိမ်းကာကွယ်ဖို့ထက် ဖျက်စီးတာတွေပိုများလာတဲ့အခြေနေမှာ လူတိုင်း မိမိဒေသသာယာလှပဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေကို လျစ်လျူမရှု့ကြရန် ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာမြေနေ့မှာ သဘာ၀ပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေ တိုက်တွန်းပြောဆိုထားပါတယ်။ ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ဟာ (၅၅) ကြိမ်မြောက် World Earth Day (ကမ္ဘာမြေနေ့) ဖြစ်ပြီး ဒီနှစ်ရဲ့ဆောင်ပုဒ်က “Our Power, Our Planet,”ကျွန်ုပ်တို့၏စွမ်းအား၊…

    Read More »
  • 22 April
    သတင်း

    နမ်စဘွမ်မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းများ တိမ်ကောသွားပြီလို့ ဒေသခံတွေပြော

    ကချင်နယ်ပြည်နယ် မချမ်းဘော့မြို့နယ် နမ်စဘွမ်ကျေးရွာမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းရေတွေအားလုံးနီးပါး တိမ်ကောပျက်စီးသွားပြီလို့ ဒေသခံတွေ ပြောပါတယ်။ ပူတာအိုမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ နမ်စဘွမ်ကျေးရွာမှာ ရွှေလုပ်ငန်းရှင်တွေက အုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လစပြီး နမ်စဘွမ်ကျေးရွာအဝင်ရှိ နမ့်စဘွမ်ချောင်းနဲ့ကပ်လျက်ရှိချောင်းငယ်တစ်ခုရဲ့ အထက်၊အောက်မှာ ရွှေအလွန်အကျွံတူးနေတာကြောင့် ချောင်းနှစ်ချောင်းစလုံးရေတိမ်ကောပြီးပျက်စီးသွားပြီလို့ ဒေသခံတွေဆိုပါတယ်။ “ရွာအဝင်မှာရှိတဲ့ အဲ့ချောင်းနှစ်ချောင်းစလုံးက ဘယ်တော့မှရေမခမ်းဘူး အခုရွှေတူးတဲ့နောက်မှ ရေခမ်းသွားတာရေချောင်းတောင်မရှိတော့ဘူး…

    Read More »
  • 22 April
    သတင်း

    ဆားမှော်ရွာ ပြည်သူတွေရဲ့တောင်ယာသွားလမ်း တစ်လနီးပါးကြာမြင့်လာတဲ့ထိ ပိတ်ခံထားရဆဲ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ဒေသခံပြည်သူတွေရဲ့တောင်ယာသွားလမ်း စစ်‌ကောင်စီတပ်ကပိတ်ထားတာ တစ်လကျော်ကြာမြင့်လာတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ဆိုပါတယ်။ ဆားမှော်ကျေးရွာ ဒေသခံတွေဟာ ကချင်အခေါ် နင်ခရွတ်(Nhkrut Pa)၊ အင်ဖရင်း( Nhpring Pa)၊ ကျန်ခန်( Chyanghka Pa)၊ ဘန်စိုင်း(…

    Read More »
  • 22 April
    သတင်း

    ကချင်ဒေသအပါအဝင် ငလျင်ကြောင့်မီးလောင်သွားတဲ့ဒေသကအဖြေလွှာတွေ ပြန်ဖြေဆိုရမယ်လို့ စစ်ကောင်စီထုတ်ပြန်

    ရာစုနှစ်တစ်ခုကျော်အတွင်း လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ဘေးမှာ မီးလောင်ပျက်စီးသွားတဲ့အဖြေလွှာတွေကို ပြန်ဖြေဆိုရမယ်လို့ စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းနဲ့မန္တလေးမြို့တို့ကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်ပျက်ဆီးမှုမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်က…

    Read More »
  • 21 April
    သတင်း

    ပိန်းခမ်းရွာအနီး အရပ်သား ၆ ဦးပစ်သတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်က တာဝန်ယူ‌ဆောင်ရွက် ပေးခြင်းမရှိသေး

    ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ဒေသခံတွေပစ်သတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က အမှုပြီးစီးအောင် တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ မုံးစီးကျေးရွာအုပ်စု ပိန်းခမ်းကျေးရွာအနီး ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့်…

    Read More »
  • 21 April
    သတင်း

    ခတ်ချိုမှာ အမျိုးသားတစ်ဦး ဓါးထိုးသွင်းဒဏ်ရာနဲ့သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ အသက်၂၈နှစ်အရွယ် အမျိုးသားတစ်ဦး ဓါးထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းကနေသိရပါတယ်။ ခတ်ချိုရွာကနေ တစ်နာရီဝန်းကျင်သွားရတဲ့ နောင်ပကလယ်တောတစ်‌နေရာမှာ ဓါးထိုးသွင်းဒဏ်ရာနဲ့သေဆုံးနေတဲ့အမျိုးသားတစ်ဦး‌တွေ့ရှိကြောင်း တာဝန်သိပြည်သူတွေကမွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကို ဧပြီလ ၂၀ ရက် မနက်၇နာရီဝန်းကျင်…

    Read More »
Back to top button