သတင်း

မန္တလေးမှာ ကျောင်းတက်နေတဲ့ ကချင်ဒေသလူငယ်တွေ ငလျင်ဒဏ်ကြောင့် နေရာထိုင်ခင်းအခက်အခဲဖြစ်နေ

ကချင်ပြည်နယ်ကနေ မန္တလေးမြို့မှာ ကျောင်းသွားတက်တဲ့ လူငယ်တွေ ငလျင်ဒဏ်ကြောင့် နေရာထိုင်ခင်း အဆင်မပြေမှု ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ကျောင်းတတ်တဲ့ ကချင်‌ဒေသက လူငယ်တွေဟာ ဆေးကျောင်း၊ သူနာပြုကျောင်း၊ နည်းပညာကျောင်း၊ တိုင်းရင်းဆေးကျောင်း၊ GED( General Educational Development)အစရှိတဲ့ကျောင်းတွေမှာတက်ကာ အပြင်အဆောင်ငှားရမ်းနေထိုင်သူများတယ်လို့ သိရပါတယ်။

ဒါပေမယ့် မတ်လ ၂၈ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်‌ကြောင့် မန္တလေးမြို့အဆောက်အအုံ တော်တော်များများ ပျက်စီးသွားခဲ့ရပြီး အဲထဲမှာ ကျောင်းသား၊သူတွေ ငှားရမ်းနေထိုင်တဲ့ အဆောင်တွေလည်း ပျက်စီးသွားတဲ့တွက် နေရာထိုင်ခင်းအခက်ကြုံ‌နေကြတယ်လို့ သိရပါတယ်။

နေစရာအဆင်မပြေဘူးလို့ ဆိုရလို့ရှိရင် နေနေတဲ့ အဆောင်တွေလည်း ပျက်စီးသွားတယ် အဲဒီထဲက ပစ္စည်းတွေပြန်သွားယူဖို့လဲ ခက် အိမ်ပြန်ဖို့ လမ်းခရီးအခြေအနေလည်း အဆင်မပြေ ဖြစ်နေတာ ပေါ့လို့ မန္တလေးမြို့မှာ ကျောင်းလာတက်တဲ့ ကျောင်းသူ တစ်ဦးက ဆိုပါတယ်။ 

ငလျင်ဘေးကြုံတွေ့ပြီးနောက်ပိုင်း မန္တလေး‌မှာ တက္ကသိုလ်တက်နေတဲ့ ကချင်ဒေသ ကျောင်းသား၊သူတွေဟာ ဘုရားကျောင်း၊ဘုန်းကြီးကျောင်း၊ ကျောင်းအနီးနားဝန်းကျင် ကွင်းပြင်တွေမှာတဲထိုးပြီး ယာယီနေထိုင်နေကြတယ်လို့ သိရပါတယ်။

မေလပိုင်းကျောင်းပြန်ဖွင့်ချိန်နီးလာပေမယ့် ကျောင်းသားlသူတွေက အဆောင်ငှားဖို့အဆင်မ‌ပြေတာ၊ နေရပ်ပြန်ဖို့ ခရီးစရိတ်မတတ်နိုင်တာအပြင် ကားလမ်းပိုင်းလုံခြုံရေးစိုးရိမ်ရတဲ့အတွက် အဖက်ဖက်ကနေ ခက်ခဲနေသူတွေများစွာရှိနေသေးတယ်လို့ ကျောင်းသား၊သူ တွေပြောပါတယ်။

ဒါကြောင့် ဘာသာရေးအဖွဲ့တွေအနေနဲ့ အတတ်နိုင်ဆုံးကူညီပေးစေလိုတယ်လို့ တက္ကသိုလ်ကျောင်းသားတစ်ဦး ခုလိုပြောပါတယ်။

ကျွန်တော့်ရဲ့ အမြင်ကို ပြောရမယ်ဆိုရင် ဘာသာရေးအဖွဲ့တွေကနေ ပြီးတော့ကူညီနိုင်မယ်လို့ မြင်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျောင်းနဲ့နီးတဲ့ နေရာတွေမှာ ဘုရားကျောင်းတွေရှိပါတယ်။ အဲဒီဘုရားကျောင်းတွေမှာ လက်ရှိကျောင်းတက်နေတဲ့သူတွေကို နေစရာပေးရင်တော့ သူတို့အတွက်လည်း ဝန်ထုပ်ဝန်ပိုး လျှော့သွာပါလိမ့်မယ်လို့ ဆိုပါတယ်။

မန္တလေးမှာ ကချင်ကနေ ကျောင်းတက်တဲ့ ကျောင်းသား၊သူတွေ ရာဂဏန်းရှိတယ်လို့သိရပြီး ငလျင်ဘေးကြုံတွေ့သူတွေဟာ လူဦးရေ ၁၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။

နေရာထိုင်ခင်းအဆင်မပြေတာအပြင်ထိခိုက်ပျက်စီးမှုတွေကြောင့် တချို့ဈေးဆိုင်ပိတ်သွားတဲ့အတွက် အစားအသောက်ဝယ်စားဖို့ ခက်ခဲလာသလို ရေနဲ့ အပြင်က အစားအသောက် မသန့်ရှင်းမှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ၇ဒဿမ ၇ ပြင်းအားရှိတဲ့ ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ရတာဘဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း အဲဒီမြို့တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လှုမှုကယ်ဆယ်ရေး အသင်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ မြန်မာအနုပညာရှင်တွေကနေပြီးတော့ လုပ်အားဖြင့် ငွေအားဖြင့် လှူဒါန်းမှုတွေ ပြုလုပ်နေဆဲဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button