-
Apr- 2025 -9 Aprilသတင်း
မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ
မန္တလေး –မြစ်ကြီးနား လေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်းခက်ခဲတယ်လို့ ခရီးသည်တွေပြောပါတယ်။ လက်ရှိ မန္တလေး–မြစ်ကြီးနားကိုပြေးဆွဲနေတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊ မန်းရတနာပုံ၊ အေးကမ္ဘောဇလေကြောင်းလိုင်းတွေရဲ့လက်မှတ်ဈေးနှုန်းတွေဟာ ကျပ် ၇ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကKNG ကိုပြောပါတယ်။ “မန္တလေးကနေ မြစ်ကြီးနားထိ ၆ သိန်းကျော် ၇ သိန်းဝန်းကျင်ရှိတယ်။…
Read More » -
9 Aprilသတင်း
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းမိ
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလွှတ်မြောက်သွားတဲ့တပ်မမှူးနဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ကသာမြို့နယ်တစ်နေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ KNG ကစုံစမ်းသိရပါတယ်။ အင်းတော်မြို့ဟာ စစ်ကောင်စီရဲ့ တပ်မ ၇၇ ရှေ့တန်းဌာနချုပ်အခြေစိုက်တဲ့မြို့ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့ ညပိုင်း ၈…
Read More » -
9 Aprilသတင်း
ဝန်းသိုမှာ စစ်တပ်ဗုံးကြဲလို့ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၃၀ ဦးခန့်သေဆုံး
စစ်ကိုင်းတိုင် ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် နဲ့ ၇ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်လို့ ကလေးသူငယ်အပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးကြောင်း ကနဦးသတင်းအရ သိရပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်…
Read More » -
9 Aprilသတင်း
တနိုင်းလီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်များ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ အခက်ကြုံနေ
ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်များ နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအခက်ကြုံနေတယ်လို့ စစ်ရှောင်များထံကနေ သိရပါတယ်။ တနိုင်းလီဒိုလမ်းမပေါ် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့မင်းဇေသန့်ပြည်သူ့စစ်တပ်တို့အကြား ဇန်နဝါရီလစတင်လာတဲ့ တိုက်ပွဲကြောင့် ဝါရာဇွပ်ဒေသခံတွေအပါအဝင် ကွမ်စိုင်ယန်၊ ဒွမ်ဘန်၊ လဝါးစတဲ့ကျေးရွာတွေထဲက ဒေသခံပြည်သူအများပိုင်း တောမှာ ကတုတ်ကျင်းတူးပြီး မိုးကာတဲတွေနဲ့ တိမ်းရှောင်နေသူတွေရှိသလို နမ္မတီးမြို့ပေါ် ရှိ လမ်းခွ၊ ကံလှ၊ ဝအောင်…
Read More » -
9 Aprilသတင်း
စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ်စီရင်လိုက်ပြီလို့ KIO ပြော
KIO ဌာနချူပ်လိုင်ဇာမြို့အနီး ဂျေယန်စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူတရားခံကို KIO တရားရုံးက သေဒဏ်ချမှတ်ပြီး အမှုစီရင်ပြီးပြီလို့ ဆိုပါတယ်။ စစ်ရှောင်မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲသတ်ဖြတ်တာအပြင် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့တရားခံဦးအုန်းဆောင်းဒွဲအောင်ကို တရားရုံးကနေ သေဒဏ်အဖြစ်တရားစီရင်ချက်ချမှတ်ထားတဲ့အတိုင်း ဧပြီလ ၇ ရက်နေ့မှာ တရားခံကို သက်ဆိုင်ရာကနေသေဒဏ်စီရင်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပါတယ်။ “တရားခံအတွက်…
Read More » -
8 Aprilသတင်း
မိုးညှင်းမြို့၊ဘီလူးမြို့အပါအဝင် ရွာ ၂ ရွာကို SNA ပူးပေါင်းတပ်က အဝင်အထွက်ကန့်သတ်
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဘီလူးမြို့အပါအဝင် ရွာ ၂ ရွာကို SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ကအဝင်အထွက် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၃ ရက်နေ့ မိုးညှင်းမြို့တွင်း ဗုံးပေါက်ကွဲမှု၊ ဧပြီလ ၇ ရက်နေ့…
Read More » -
8 Aprilသတင်း
အင်းတော်မြို့ကို ၈ လနီးပါးအကြာမှာအပြီးသတ်သိမ်းပိုက်
ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီး အရင်းနှီးကြီးခဲ့တဲ့တိုက်ပွဲဖြစ်သလို တစ်ဖက်မှာ…
Read More » -
8 Aprilသတင်း
တနိုင်း-မြစ်ကြီးနားကားလမ်းပိုင်း စစ်ရေးတင်းမာနေလို့ ခရီးသွားပြည်သူတွေအခက်ကြုံ
ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်းလီဒိုကားလမ်းပိုင်းမှာ KIA နှင့်မင်းဇေသန့်ပြည်သူ့စစ်တပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ခရီးသွား ပြည်သူတွေအခက်အခဲကြုံနေရတယ်လို့သိရပါတယ်။ တနိုင်း – မြစ်ကြီးနား လီဒိုကားလမ်းပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာထိုင်ထားတဲ့ KIAတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က မတ်လ ၁၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေမကြာခနဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ မြစ်ကြီးနားရောက်နေတဲ့တနိုင်းဒေသခံတစ်ဦးကပြောပါတယ်ြ…
Read More » -
7 Aprilသတင်း
ပူတာအိုမြို့လယ်မှာ လောင်းကစားဝိုင်းဖွင့်လှစ်
ကချင်ပြည််နယ် ပူတာအိုမြို့လယ်ခေါင်မှာ လောင်းကစားဝိုင်းဖွင့်လှစ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာရှိတဲ့ ”ရွှေတောင်”ဂိုဒေါင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလစပြီး ခြောက်ကောက်ဂျင်၊ ငါးပစ်ဂိမ်း၊ရှမ်းကိုးမီးနဲ့စတဲ့ လောင်းကစားဝိုင်းတွေဖွင့်လှစ်ထားတယ်လို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦး KNG သတင်းဌာနကိုပြောပါတယ်။ “လမ်းမကြီးဘေးမှာပဲ လုံးစွတ်နဲ့လေယာဥ်ကွင်းရပ်ကွက်အစပ်ပေါ့ အဲ့ရွှေတောင်ဂိုထဲမှာအကြီးကြီးပဲဆောက်ထားတာ။ အဲ့ထဲဖွင့်ထားတယ် ဘိလိယက်ခုံးလည်းဖွင့်ထားတယ် ငါးပစ်ဂိမ်း ခြောက်ကောင်ဂျင်ဝိုင်းတွေရှိတယ်”လို့…
Read More » -
4 Aprilသတင်း
မိုးညှင်းမြို့ ဆန်းသစ်စတိုးဆိုင်အနီး ပေါက်ကွဲမှုဖြစ်
ကချင်ပြည်နယ် မိုးညှင်းမြို့ နားခါမြောက်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ၊ ဆန်းသစ်စတိုးဆိုင်အနီးပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဧပြီလ ၄ ရက် ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင် အသံဗုံးတစ်လုံးပေါက်ကွဲတာလို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အသံဗုံး…
Read More »









