-
Nov- 2024 -23 Novemberသတင်း
ကျောက်ဝိုင်းကပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယက်
ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု မြောက်ကုန်းစစ်တပ်ကုန်းအနီး တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယူသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင် လုံးခင်းကျောက်ဝိုင်းကနေ ကားနဲ့ ပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦး (ဒေသအခေါ်) မြောက်ကုန်းစစ်တပ်ကုန်းရှေ့မှာ ဖမ်းဆီးခေါ်ခံရပြီးနောက် ငွေသိန်းတစ်ထောင်ကျော်လုယူခံလိုက်ရတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးပြောပြပါတယ်။ “လုံးခင်းကနေ ပြန်လာတဲ့ တရုတ်းအမျိုးသား ၂ ယောက် လုံးခင်းအကျော် မြောက်ကုန်း စစ်တပ်နေရာအောက်နားရောက်တော့ ခြုံမှာပုန်းနေတဲ့ စစ်သား ၃ ယောက် ထွက်လာပြီး သေနတ်ထောက်ခြိမ်းခြောက်တာတဲ့ ခနကြာတော့ စစ်တပ်ကုန်းထဲကို ခေါ်သွားပြီး ကားထဲမှာပါလာတဲ့ ပစ္စည်းတွေအကုန်လုံးထုတ်ပြခိုင်းတယ်တဲ့။ အဲ့ဒီ ၂ ယောက်မှာ ပါလာတဲ့ ငွေသိန်းတစ်ထောင်လောက်ကို ယူပေးလိုက်ပြီး ပြန်လွတ်လိုက်တယ်လို့ပြောတယ်”လို့ပြောပါတယ်။ သေနတ်ထောက်ခြိမ်းခြောက်မှုစလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးမှာ အရပ်ဝတ် ဝတ်ထားပြီး သေနတ်တိုကိုင်သူတစ်ဦး သေနတ်ရှည်ကိုင်သူတစ်ဦးအပြင် လက်နက်မကိုင်ပဲ လက်ဗလာနဲ့တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ တရုတ်အမျိုးသား ၂ ဦးကို စဖမ်းပြီး သေနတ်ထောက် မောက်လှဲခံထားရချိန် တစ်ဆက်တည်းမှာပဲ လုံးခင်းကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ လင်းမယား ၂ ဦးကိုလည်း ရပ်ခိုင်းပြီး အမျိုးသမီးဖြစ်သူ ဝတ်ဆင်ထားတဲ့ ဆွဲကြိုး၊လက်စွပ်စတဲ့ လက်ဝတ်ရတနာတွေလည်း လုယက်သွားတယ်လို့ ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တစ်ညထဲမှာပဲ ပြည်သူ ၄ ဦးဆီးက ရွှေ၊ ငွေ လုယက် သိမ်းယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ လမ်းသွားလမ်းလာအရပ်သားပြည်သူတွေကို လုယက်မှုလုပ်နေတဲ့ မြောက်ကုန်းနေရာဟာ လုံးခင်းတံဘောင်တံတားအသေးအကျော် စစ်ကောင်စီတပ်တစ်ခုတည်း အထိုင်ချထားတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ အဲဒီ တစ်ကြောမှာ စစ်ကောင်စီတပ်တွေသာ နေရာယူထားတဲ့ နေရာဖြစ်ပြီးတော့ မြောက်ကုန်း စစ်တပ်ကုန်းကနေ သွားတဲ့ လမ်းမကြီးဟာ မလန့်ကျေးရွာကို သွားတဲ့လမ်းမကြီးဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်ဒေသမှာရှိကြတဲ့ မှော်ပြည်သူအများပိုင်းက မြောက်ကုန်းစစ်တပ်ကုန်းမှာ စစ်တပ်ရှိတာကြောင့် နေ့ခင်းရံဖန် ရံခါလွဲပြီး ည ၈ နာရီနောက်ပိုင်းမှာ သွားလာသူမရှိသလောက်နည်းပါးတယ်လို့ သိရပါတယ်။ “အဲ့လမ်းက စစ်တပ်ရှိတာကြောင့် အများပိုင်းက သိပ်မသွားကြဘူး။ သွားရင်တောင် နေ့ခင်းပဲ သွားကြတာများတယ်။ ၈ နာရီနောက်ပိုင်းဆို သိပ်မသွားကြဘူး။ ပြီးရင် အဲဒီလမ်းမှာက တခြား ခိုးဆိုလုယက် သူခိုး ဓါးပြတွေ ရှိမယ့်နေရာလည်းမဟုတ်ဘူး။ အဲဒီတစ်ကြောက မျောက်ကုန်းစစ်တပ်တွေသာရှိကြတယ်။ အဲဒီနေရာက တောင်စောင်းလည်းဖြစ်တာကြောင့် ဘယ်သူက ဘာလုပ်တယ် ။ ဘယ်သူလာတယ် အကုန်လှမ်းမြင်ရတဲ့ နေရာဖြစ်တယ်”နောက်ထပ် ဖားကန့် ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ ဒါကြောင့် လုံးခင်းတံဘောင်တံတား အကျော် မြောက်ကုန်းအနီးတဝိုက် အရပ်သားပြည်သူတွေ ဆီကနေ လုယက်မှုလုပ်နေတာဟာ စစ်ကောင်စီတပ်တွေသာ ဖြစ်နိုင်တယ်လို့ ဖားကန့် ဒေသခံပြည်သူတစ်ချို့က သုံးသပ်ပြောဆိုနေတာလည်းဖြစ်ပါတယ်။ အလားတူ လက်ရှိ လုယက်မှုဖြစ်စဉ်မတိုင်မှီ ပြီးခဲ့တဲ့ ၄ ရက်အတွင်းမှာလည်း ဖြတ်သန်းသွားလာတဲ့ အမျိုးသား ၄ ဦးကို မြောက်ကုန်း စစ်တပ်ကုန်းထဲခေါ်ယူဝိုင်းရိုက်တာရှိခဲ့တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့လည်း ပြည်သူတွေကို မလိုအပ်ပဲ မြောက်ကုန်းစစ်တပ်ကုန်းရှိတဲ့ လမ်းမကြီးဘက်ကို သွားလာရေးဂရုစိုက်ဖို့…
Read More » -
21 Novemberသတင်း
ကန်ပိုင်တည်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIA က လိုက်လံဖမ်းဆီးရှင်းလင်း
မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်း ထွက်ပြေးလွတ်မြောက်နေသေးတာကြောင့် ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ မြို့တွင်း မြို့ပြင် နေရာအားလုံးကို လိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “မြို့ထဲမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတုန်း။ တိုက်ပွဲမှာ ထွက်ပြေးနေတဲ့ သူတွေကို လိုက်ဖမ်းနေတယ်။ ဒီကနေ့ လိုက်ဖမ်းတာ ၁၀ ယောက်လောက် ဖမ်းဆီးရမိတယ်လို့ကြားတယ်။ သေးစိတ်တော့ ပြောဖို့ခက်သေးတယ်။ စစ်သားတွေက တရုတ်ပြည် နယ်စပ်ဘက်ခြမ်းမှာ ထွက်ပြေးနေကြတယ်။ တရုတ်ပြည်ဘက်လည်း လမ်းတွေ ပိတ်လိုက်ပြီဆိုတော့ နယ်စပ်တစ်လျှောက်မှာ ရှိနေကြတယ် ထင်သားပဲ။ KIA က ရှင်းလင်းရေးလုပ်နေသေးတော့ သေနတ်ဖောက်သံတွေကြားနေရသေးတယ်”လို့ကန်ပိုင်တည်ဒေသခံတစ်ဦး ပြောပါတယ်။ ကန်ပိုင်မြို့တစ်ခုလုံးကို KIA သိမ်းလိုက်တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာပဲ ရက်ပိုင်းအတွင်း တရုတ်အစိုးရက ပြန်လည်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်ကိုလည်း တရုတ်ဘက်ခြမ်းက ထပ်မံပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် တိုက်ပွဲအတွင်းမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ နယ်စပ်တစ်ကြောမှာ ရှိနေကြပြီးတော့ KIA တပ်တွေ လိုက်လံပစ်ခတ်ရှင်းလင်နေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ KIA တပ်တွေက မြို့တွင်း မြို့ပြင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အပြင် အစိုးရရုံတစ်ချို့ကိုလည်း ချိတ်ပိတ်လိုက်ပြီးတော့ နယ်စပ်ဂိတ်အဝင်တွေမှာ ကချင်အမျိုးသားအလံ စိုက်ထူတဲ့ လှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လုံခြုံအရေးအတွက် စိုးရိမ်ရသေးတာကြောင့် ဒေသခံပြည်သူအားလုံးက နီစပ်ရာ နယ်စပ်ဒေသတွေမှာ တိမ်းရှောင်နေကြသေးတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “KIA ကလည်း နယ်မြေရှင်းလင်းရေးတွေ လုပ်နေသေးတော့ အထဲကို ဝင်ဖို့ မပြောကြသေးဘူး။ ပြည်သူတွေ စိုးရိမ်နေကြတာက လေယာဉ်လာပစ်မှာပဲ ကြောက်နေကြတယ်။ အဲကြောင့် ဘယ်သူမှလည်း မဝင်ရဲကြသေးဘူး။ ကိုယ်တိမ်းရှောင်နေတဲ့ နေရာမှာပဲ ရှိနေကြသေးတယ်”လို့ပြောပါတယ်။ ကန်ပိုင်တည်ဒေသခံ ပြည်သူတွေအနေနဲ့လည်း မြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီဖြစ်တဲ့အတွက် မြို့ခံပြည်သူတွေရဲ့ လုံခြုံကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးစေချင်တယ်လို့ တောင်းဆိုထားပါတယ်။ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ကန်ပိုင်တည်နယ်စပ်ဂိတ်ကိုလည်း တရုတ်အစိုးက ပိတ်ထားပြီးတော့ ကန်ပိုင်တည်ဘက်ခြမ်းမှာလည်း အဝင်အထွက်ဂိတ်ပိတ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် မြစ်ကြီးနား – ဝိုင်းမော်မြို့ နှစ်ခုကို သွားလာတဲ့ ဗလမင်းထင်တံတားကြီးကိုလည်း စစ်ကောင်စီတပ်တွေ ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်ကျင်ကနေ သွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ ဗလမင်းထင်တံတား သွားလာခွင့်ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ကန်ပိုင်တည်မြို့ကို KIA သိမ်းပိုက်လိုက်တာကြောင့် သွားလာရေးကန့်သတ်တဲ့အနေနဲ့ ပိတ်ထားတာလို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေ ပြောဆိုနေကြသလို တစ်ချို့ပြည်သူတွေကတော့ စစ်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မြစ်ကြီးနားမြို့ကို လာမယ်လို့ သတင်းတွေထွက်နေတာကြောင့် ယာယီပိတ်ထားတာလည်းဖြစ်နိုင်လို့ သုံသပ်ပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
20 Novemberသတင်း
နယ်ခြားစောင့်တပ်ရဲ့ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ
မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် ဒီညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှုစတင်လာပြီး မွန်းလွှဲ ၂ နာရီဝန်းကျင် မြို့အတွင်း၊မြို့ပြင် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ညနေပိုင်း ၅ နာရီခန့်မှာ ကန်ပိုင်တည် စစ်တပ်ကုန်းနဲ့ ရဲစခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းလိုက်ပြီ။ ကန်ပိုင်တည်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ခြမ်းကို နယ်မြေတံတိုင်းတွေ ကျော်ခွပြီး ထွက်ပြေးသွားကြကုန်ပြီ။ စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရဲစခန်းမှာလည်း ကျနော်တို့အားလုံးနေရာယူလိုက်ပြီ။ ဟော်တယ်နေရာတွေမှာ ရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလိုက်ပြီ။ အခုက လှိုင်ဂူဘက်မှာ နည်းနည်းလေးကျန်နေတယ် အဲလိုက်ဘက်မှာလိုက်ရှင်းနေတယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်က လက်ရှိ စစ်တပ်ကုန်းနဲ့ ရဲစခန်းနေရာတွေကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆောက်လုပ်ထားတဲ့ လှိုင်ဂူတံတားဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်ရှင်းလင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်းတရုတ်ပြည်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေရှိသလို လက်နက်ပစ္စည်းအပါ ဖမ်းဆီးရမိတာတွေရှိတယ်လို့ သတင်းအရင်းအမြစ် ပြောပေမယ့် အသေးစိတ်သိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်တိုက်ပွဲဟာ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ငြိမ်သက်သွားပြီး စစ်တပ်ကုန်းတစ်ခုလုံး မီးလောင်းပျက်စီးနေတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးကလည်း KNG ကို အခုလိုပြောပါတယ်။ “သိမ်းလိုက်တာမှန်ပါတယ်။ စစ်တပ်ကုန်းမှာ မီးလောင်နေဆဲဖြစ်တယ်။ လက်ဝါးကားတိုင်ရှိတဲ့ ဘက်မှာ သေနတ်သံအနည်းငယ်ကြားနေရသေးတယ်။ ဆက်ရှင်းနေသေးတာလားတော့ မသိဘူး။ ညနေပိုင်း ၅ နာရီလောက်မှာ တိုက်ပွဲက ငြိမ်သွားတာဟုတ်တယ်”လို့ပြောပါတယ်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေချိန် ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့လာရောက်ပစ်ခတ် တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ရန်အတွက် ကန်ပိုင်တည်မြို့နဲ့ ၁၅ မိနစ်ခန့်အကွာမှာရှိတဲ့ ဝေမောရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စစ်အင်အားထပ်မံတိုးချဲ့ပြီးနောက် ဒီမနက်ပိုင်း စတင်ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ကန်ပိုင်တည်မြို့ပေါ်မှာ စစ်အင်အား ၈၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဒီကနေ့ တစ်ရက်လုံး KIA တက်လာနိုင်တဲ့ လမ်းကြောင်း နေရာတွေကို လက်နက်ကြီး ပစ်ခတ်ခြောက်လန့်တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်မြို့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တတိယအကြီးဆုံး နယ်စပ်ဂိတ်ပေါက်ဝ မြို့တစ်ခုဖြစ်ပြီးတော့ ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကချင်အထူးဒေသ(၁) နယ်မြေထဲမှာရှိတဲ့ KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ နယ်စပ်မြို့ကို ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်မြို့တစ်ခုလုံး KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းကနေ KIA တပ်တွေဟာ ကချင်အထူးဒေသ(၁) နယ်မြေ တရုတ်နယ်စပ်တစ်ကြောက ချီဖွေ၊ ဆော့လော်၊ ပန်ဝါ မြို့နဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ရှိတဲ့ လုပီ၊ ၁၀၀၃ စင်ကြိုင် နဲ့ ၁၀၀၁ ဖီမော် နယ်ခြားစောင့်တပ်ရင်း ဌာနချုပ် အားလုံးကို တစ်လကျော်အတွင်းမှာပဲ အပြီးသတ်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ နယ်စပ်တစ်ကြောက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နှစ်ပေါင်း ၅၀ ခန့်အကြာ ထိန်းချုပ်လာတဲ့ မြို့နေရာ နဲ့ တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်လိုက်ပြီး ရက်ပေါင်း ၂၀ ခန့်အကြာမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုင်တည် နယ်စပ်မြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
20 Novemberသတင်း
ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ
မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျငစပြီး စစ်ကောင်စီတပ်တွေဟာ မြို့ထဲ စစ်တပ်ကုန်းနဲ့ ရဲစခန်းကနေ KIA တပ်ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းဘက်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကန်ပိုင်တည်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်က နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေပြီလို့ ပြောလို့မရသေးဘူး။ အခုပစ်နေတာက တစ်ဖက်ထဲပစ်တဲ့ အသံပဲ ကြားနေရတာဆိုတော့လေ။ ကန်ပိုင်တည်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဒီကနေ့မနက်ပိုင်း ၁၀ လောက်ကနေ တစ်ဖက်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ အခုချိန်အထိပါပဲ။ ဟိုးဘက်ကနေ တက်လာမှာကို စိုးရိမ်းပြီး ရမ်းသမ်းပစ်နေတာ။ ပြည်သူတွေကလည်းကြောက်လို့ အကုန်ထွက်ပြေးသွားကြပြီ။ မြို့ထဲမှာ ဘယ်သူမှမရှိတော့ဘူး”လို့ပြောပါတယ်။ နေ့လည် ၁၂ နာရီဝန်းကျင်အထိ ကန်ပိုင်တည်မြို့အဝင်အနီး ဘာဒေါန့် မရောက်မှီ လယ်ကွင်းအနီးတဝိုက်နဲ့ မြို့ပြင် တောင်ကုန်းနေရာဘက်ကို မရပ်မနားပစ်နေတယ်လို့ ပြောပါတယ်။ စစ်တပ်ဘက်က ခုလို မြို့တွင်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်လာတာဟာ ကန်ပိုင်တည်မြို့ မရောက်မှီ ဝေမောကျေးရွာမှာ KIA ဘက်က နိုင်ဝင်ဘာလ ၁၉ ရက်နေ့စပြီး စစ်အင်အားထပ်မံဖြည့်တင်းနေတယ်ဆိုတဲ့သတင်းအပြင် တစ်ဖက်မှာ မြို့ထဲကိုလည်း ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှုမစခင် နိုဝင်ဘာလ ၁၉ ရက်ည ကန်ပိုင်တည်ဒေသခံပြည်သူတွေကို KIA တပ် မြို့ထဲဝင်ဖို့ ပြင်နေတာကြောင့် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မယ်ဆိုတဲ့အကြောင်း ကြိုတင်ပြောဆိုထားတာရှိတဲ့အတွက် ဒေသခံအများပိုင်း လုံခြုံရေးအတွက်စိုးရိမ်ပြီး ညတွင်းချင်း ထပ်မံတိမ်းရှောင်ထားကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ KIA ဘက်ကနေ ပြန်လည်ပစ်ခတ်တာတွေမရှိသေးပေမယ့် နှစ်ဖက်စစ်ရေးတင်းမာတဲ့ အခြေအနေဖြစ်နေတဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အခုချိန်မှာက နှစ်ဖက်စစ်တပ် တင်းမာနေတဲ့ အခြေအနေမှာတော့ ရှိနေတယ်လို့ ပြောလို့ရတယ်။ ပြောရရင် တစ်ယောက်နဲ့ တစ်ယောက်ခြိမ်းခြောက်နေကြတာပေါ့။ ဘာလို့လဲဆိုတော့ ကန်ပိုင်တည်မှာလည်း စစ်သားတွေက အများကြီး။ ပြီးရင် KIA တွေကလည်း ကန်ပိုင်တည်အနီးအနားမှာ ပြီးခဲ့တဲ့ စင်ကြိုင် နယ်ခြားစောင့်တပ်သိမ်းပြီးကတည်းက ဝေမေားရွာတွေမှာ နေရာယူထားကြတယ်ဆိုတော့ တိုက်ပွဲက ဖြစ်လာဖို့ဘဲရှိတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။…
Read More » -
19 Novemberသတင်း
မန္တလေး – မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး
မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး နဲ့ ခရီးသွား ၄ ဦးသေဆုံးခဲ့ရတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ…
Read More » -
19 Novemberသတင်း
မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ မူဆယ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် မူဆယ်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြီး အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို နှစ်ဖက်အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတာ တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး မူဆယ်မြို့ထဲမှာ ကုန်စျေးနှုန်းတွေမြင့်တက်ကာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ “တရုတ်ဘက်က ကုန်ပစ္စည်းတွေကို မန့်ဝိန်းဂိတ်ကနေပဲ သယ်ယူခွင့်ပေးတော့မယ်။ ဆိုတော့ ကုန်သည်တွေအားလုံးကလည်း အဲဘက်ကနေဝင်ဖို့ ဦးတည် သွားစောင့်နေတာပေါ့။ ဒါပေမဲ့ မန့်ဝိန်းဂိတ်ကို မြန်မာဘက်က မဖွင့်ပေးသေးတာ။ အဝင်အထွက်လက်မခံသေးတာပေါ့။ အခု အခြေခံစားသောက်ကုန်တွေ အဝင်မရှိဖြတ်သန်းခွင့် မရနေတာကြောင့် မူဆယ်ထဲ စားသောက်ကုန်တွေပြတ်လာတယ်။ နာရေး၊ သာရေး အစီအစဉ်ကြီးတွေလုပ်ဖို့ ပြင်ဆင်ထားသူတွေလည်း တရုတ်ဘက်က ကုန်ပစ္စည်းတွေပဲအဓိက သုံးကြတာဆိုတော့ ငါးရှာတာတောင် မတွေ့တော့ဘူး။ အာလူးလိုက်ရှာနေသူတွေ၊ ဥနီလိုက်ရှာဝယ်တာတွေ ရှာဝယ်လို့ မရတော့တာကြောင့် ခက်နေကြတာတော်တော်များပဲ။ ဒီလိုပဲ ကြာကြာပိတ်နေရင်တော့ ဒီဘက်မှာ စားသောက်ကုန်တွေ ပိုခက်လာဖို့ပဲရှိတယ်”လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့က အဓိက တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ခုဖြစ်တဲ့ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေ ပုံမှန်လည်ပတ်နေတဲ့အထဲ မန့်ဝိန်းဂိတ်ကိုပိတ်လိုက်ပြီး ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်ကိုသာ ပုံမှန်ဖွင့်ထားတာဖြစ်ပါတယ်။ နန်းတော်–ဂျေဂေါင်ဂိတ်ကနေ လူပဲဖြတ်သန်းခွင့်ပြုထားပြီး ဆင်ဖြူဂိတ်ကနေတော့ အခြေခံစားသောက်ကုန်တွေလောက်သာ သယ်ယူပို့ဆောင်ခွင့်ပြုထားတာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်အာဏာပိုင်တွေဘက်က အခြေခံစားသောက်ကုန်ပစ္စည်းတွေသာ သယ်ယူခွင့်ရနေတဲ့ ဆင်ဖြူဂိတ်ကို ပိတ်လိုက်ကာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မန့်ဝိန်းဂိတ်ကနေပဲ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ခုလို တရုတ်ဘက်ကနေ ဖွင့်ပေးပေမဲ့ မြန်မာဘက်က မန့်ဝိန်းဂိတ်ကို ဆက်လက်ပိတ်ထားတဲ့အတွက် တရုတ်ဘက်ကနေဝင်လာမယ့် ကုန်တင်ကားတွေကို အဝင်မခံသေးတာကြောင့် ကုန်သည်တွေအတွက် အခက်ကြုံနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နယ်စပ်ဂိတ် ၃ ခုစလုံးကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်လို့မရတာကြောင့် ကုန်သည်တွေအခက်ကြုံနေသလို မူဆယ်မြို့တွင်းမှာလည်း အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေပြီလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ “ဂျေဂေါင်ဂိတ်ကနေတော့ လူအဝင်အထွက်တွေလုပ်လို့ ရနေတယ်။ ကုန်ပစ္စည်းတွေပဲ သယ်ယူပို့ဆောင်ခွင့်မရတော့တာ။ တရုတ်ဘက်ကနေ အခြေခံစားသောက်ကုန်တွေ ဝင်လို့မရတော့တာ။ အဝတ်အစားတွေလည်း အသစ်ထုတ်တွေ တစ်ခုမှ ဝင်လို့မရဘူး။ မူဆယ်မှာ အခု စားသုံးဆီတော်တော်ခက်နေတယ်။ တစ်ပိဿာကို ၇၀,၀၀၀ ရောက်နေပြီ။ အစက ၃၀,၀၀၀ လောက်ပဲရှိတာကို အခုက ၇၀,၀၀၀ ရောက်နေပြီ”လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့က ကုန်ပစ္စည်းသယ်ယူခွင့်ပြုထားတဲ့ ဆင်ဖြူဂိတ်နဲ့မန့်ဝိန်းဂိတ်ကို ပိတ်ထားတာကြောင့် ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်ခွင့်မရဘဲ နယ်စပ်ဂိတ်နားမှာ စောင့်ဆိုင်းနေတဲ့ ကုန်စိမ်းတင်ကားတွေမှာ ကုန်စိမ်းအားလုံးပျက်စီးပြီး အလကားဖြန့်ဝေလိုက်ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒေသခံတချို့ပြောပြချက်အရ အခုလို နယ်စပ်ဂိတ်တွေပိတ်ထားတာ တစ်ပတ်လောက်ကြာနိုင်မယ်လို့ ပြောဆိုနေတာတွေရှိသလို နယ်စပ်ဂိတ်တွေကို အချိန်ကြာကြာပိတ်ထားရင် ဒေသခံတွေနဲ့ ကုန်သည်တွေအတွက် ပိုမိုကျပ်တည်းလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
19 Novemberသတင်း
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ဆက်ပိတ်ထားဆဲဖြစ်ပြီး KIO ဘက်က ပိတ်ထားခြင်းမရှိဘူးလို့ ဆို
ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ထိန်းချုပ်ထားတဲ့ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ဆက်ပိတ်ထားဆဲဖြစ်ပြီး KIO ဘက်က ပိတ်ထားခြင်းမရှိဘူးလို့ KIO ဘက်ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၁ ရက်ကစပြီး KIO ဌာနချုပ်ရှိရာ လိုင်ဇာ တရုတ်–မြန်မာနယ်စပ်ဂိတ်အပါအဝင် လွယ်ဂျယ်ဂိတ်တွေကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ဘက်က တန်ပြန်ပိတ်ထားလိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)အနေနဲ့ နယ်စပ်ဂိတ်တွေကို အထူးတလည် ပိတ်လိုက်တာမျိုးမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ကျနော်တို့ KIO အနေနဲ့တော့ တရုတ်–မြန်မာနယ်စပ်တံခါးပိတ်တာမျိုး မလုပ်ဘူး။ တရုတ်ဘက်က ပိတ်တယ်ဆိုပြီး လုပ်ထားတယ်။ သူတို့ဘက်က ပြန်ဖွင့်ပြီလို့ ကျနော်တို့ဆီ သတင်းပေးတာမျိုးလည်း မရှိဘူး။ ဒါကြောင့် ကျနော်တို့ တရုတ်ဘက်က ပိတ်ထားလောက်တယ်ပဲ ကျနော်တို့သိတယ်။ ထိုနည်းတူ ကျနော်တို့ဘက်ကတော့ နယ်စပ်တံခါးပိတ်တယ်၊ မပိတ်ဘူး ဆုံးဖြတ်ထားတာမျိုး မရှိဘူး။ ဘယ်ဘက်ကလာတဲ့သတင်းလဲ မသိဘူးနော်။”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေတည်ရှိရာ ကချင်အထူးဒေသ ၁ အတွင်းက နယ်ခြားစောင့်တပ်ဌာနချုပ် ပန်ဝါမြို့အပါအဝင် ပြည်သူ့စစ်တပ်စခန်းတွေအပါအဝင် မြို့၊ရွာတွေကို သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်အာလုံးကို ပိတ်လိုက်တာဖြစ်ပါတယ်။ ကချင်ထူးဒေသ ၁ မြို့၊ ရွာအားလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့တစ်ခုသာကျန်နေတော့တာပဲဖြစ်ပါတယ်။ တစ်ဖက်မှာ တရုတ်ရဲ့ဖိအားကြောင့် KIA ဘက်က ကန်ပိုင်တည်ကို တိုက်ခိုက်ခြင်းမပြုပဲ လက်ရှိချိန် သေနတ်သံတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။ ဒေသခံတွေပြောဆိုချက်အရ တရုတ်အစိုးရဘက်က ကချင်မှာ ကန်ပိုင်တည်နယ်စပ်ဂိတ်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကိုသာ ဖွင့်ထားဖို့ KIO ကိုညှိနှိုင်းရာ KIO ဘက်က နယ်စပ်ဂိတ်တွေကိုဖွင့်မယ်ဆိုရင် အားလုံးကိုဖွင့်စေလိုကြောင်း ပြောဆိုမှုအပေါ် တရုတ်အစိုးရဘက်က လက်မခံတာကြောင့် KIO ဘက်ကလည်း နယ်စပ်ဂိတ်အားလုံးဖွင့်မှ ပြန်ဖွင့်မယ့်ဆိုတဲ့သဘောနဲ့ ပိတ်ထားလိုက်တာလို့ ပြောဆိုကြပါတယ်။ “တရုတ်ဘက်က ၃ ရက်လောက် သူတို့ရဲ့ ကုန်စည်တွေ၊ လူတွေဖြတ်သန်းဖို့ ယာယီပဲဖွင့်ဖို့လုပ်တော့ KIO ဘက်ကတော့ ဖွင့်လိုက်၊ ပိတ်လိုက် အဆင်မပြေဘူး၊ ဖွင့်မယ်ဆိုလည်း ကောင်းကောင်းဖွင့်ပေါ့၊ ပိတ်မယ်ဆိုလည်း ကောင်းကောင်းပိတ်၊ စည်းစနစ်တကျနဲ့ ထုတ်ပြန်စာတွေထုတ်ပြီး ကောင်းမွန်စွာ လုပ်ဆောင်စေချင်တာ။ အခုက အဲလိုမဟုတ်ဘဲ ကလေးကစားစရာလိုလို ဘာလိုလိုလာလုပ်တော့ KIO ဘက်က ပိတ်ထားလိုက်တဲ့အခြေအနေဖြစ်တယ်။ အခုတော့ နယ်စပ်တံခါးပိတ်ထားတော့ ကုန်သွယ်မှုမရှိနေတော့ ပြည်သူတွေအတွက်တော့ ပိုခက်လာတာပေါ့။”လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေမှာ ပြည်သူလူထုတွေအနေနဲ့ KIO ကထုတ်ပေးမယ့် မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်တွေနဲ့သာ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး ဒေသခံတွေကို မှတ်ပုံတင်ပြုလုပ်ပေးဖို့ ပြင်ဆင်နေတာလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်ဖို့လည်း တရုတ်အစိုးရဘက်က သဘောတူထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေးဖို့ နယ်စပ်ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
19 Novemberသတင်း
စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း
စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲတစ်ယောက်ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ By – Zami
Read More » -
19 Novemberသတင်း
မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ သွားလာရေးကန့်သတ်ခံရတဲ့အတွက် ခရီးသည်များတစ်ညအိပ်နဲ့ သွားနေရ
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသည်တွေ တစ်ညအိပ်ခရီးသွားနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်း ပုံမှန်အားဖြင့် တစ်ရက်ခရီးသာရှိပေမယ့် ဩဂုတ်လကုန်ပိုင်းကစပြီး ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်နဲ့ ဖက်မာရွာ၊လုံရှာယန်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဂိတ်က ဖြတ်သန်းခွင့်ကန့်သတ်လိုက်တာလို့ ကားသမားတစ်ဦး KNG ခုလိုပြောပါတယ်။ “လမ်းမှာတစ်ညအိပ်နေရတာက ကြာပြီလားဆိုတော့ ပြီးခဲ့တဲ့ ရှစ်လကုန်ပိုင်းလောက်ကတည်းက ဟုတ်တယ် ဆွမ်ပရာဘွမ်ကျော်ပြီး ဟိုဘက်မှာရှိိတဲ့ စစ်တပ်ဂိတ်တွေက ဘယ်ဂိတ်မှညနေခြောက်နာရီနောက်ပိုင်းမဖြတ်ခိုင်းဘူး။ အဲ့ကြောင့်လမ်းမှာတစ်ည အိပ်ရတာ ဂိတ်မပိတ်ခင်အမှီသွားရအောင်ကလည်းလမ်းခရီးကဝေးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေး”လို့ ပြောပါတယ်။ ခုလိုစစ်ကောင်စီတပ်ဂိတ်တွေမှာ ညခြောက်နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပေးတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ ကုန်ကား၊ခရီးသည်ကားများ ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ကျန်းကျေးရွာတွေမှာ ညအိပ်ကြရတယ်လို့ သိရပါတယ်။ “စောစောထွက်တဲ့လူကတော့ဖုန်ကျန်းမှာအိပ်တယ် တချို့ဆွမ်ပရာဘွမ်မှာလည်းအိပ်တယ် ဖတ်မာတို့၊ လုံရှာယာန်တို့ကနီးပေမယ့် အဲ့မှာမအိပ်ရဲကြဘူး စစ်သားတွေရှိတယ်လေး”လို့ အခြားကားသမားတစ်ဦးကပြောပါတယ်။ ညဘက်ဖြတ်သန်းခွင့်ကန့်သတ်ထားတဲ့ဂိတ်တွေဟာ အထက်မှာဖော်ပြခဲ့တဲ့ မူလာရှီးဒီ၊ လုံရှာယာန်၊ ဖတ်မာ ဂိတ်သုံးဂိတ်အပြင် ပူတာအိုမြို့တွင်း သုတ္တန်ရပ်ကွက်နဲ့ မူလာရှီးဒီရပ်ကွက်ကြားထဲက ခလရ ၃၇ တပ်ဂိတ် စုစုပေါင်းလေးဂိတ်ရှိတယ်လို့သိရပါတယ်။ လမ်းပိုင်းကြန့်ကြာမှုကြောင့် ပူတာအိုမြို့ဒေသမှာ စားသောက်ကုန်နဲ့ လူသုံးကုန်စျေး ဆက်တက်နေဆဲဖြစ်တယ်လို့ ပူတာအိုမြိုအခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ပုံမှန်ဆိုရင်တောင်ကားဂိတ်တွေက တစ်ပတ်ကို သုံးကျော့လောက်ပဲရတယ် အသွားအပြန်နဲ့ဆိုရင်အခုက လမ်းမှာလည်းအိပ်ရတော့ တစ်ပတ်ကိုနှစ်ခေါက်လောက်ပဲရတယ်တဲ့ အဲ့ကြောင့်ပစ္စည်းအဝင်ကအရင်ကထက်းတော့နည်းတယ် အဲ့တာကိုအကြောင်းပြပြီးကုန်စုံဆိုင် တွေကစျေးတင်ပြီးရောင်းတာတွေရှိတယ်”လို့ ကောင်ကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဂိတ်တွေ ၅ ခုထက်မနည်းရှိပြီး အဲ့ဒီဂိတ်တွေမှာ အကောက်အခွန်အများအပြားပေးဆောင်ရတာကြောင့် ပူတာအိုဒေသမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့လည်း ပူတာအိုဒေသခံတွေပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကိုသိမ်းလိုက်တဲ့နောက် ပူတာအို–မြစ်ကြီးနားလမ်းကားလမ်းပိုင်းရဲ့၆၀ ရာခိုင်နှုန်းကို KIA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားပြီး မြို့တွင်းနဲ့ကျန်တဲ့နေရာကို စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့ရဲ့အထက်ဘက် မိုင် ၂၁၈ မိုင်အကွာမှာရှိပြီး ပြီးခဲ့တဲ့ ဇူလိုင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးရွားရွားပျက်စီးခဲ့ပေမယ့် ခုနောက်ပိုင်းပြန်လည်ပြုပြင်ပြီး ပုံမှန်တိုင်းသွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
18 Novemberစစ်ရေး
အရပ်သားပြည်သူနဲ့ ဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတယ်လို့ KIO ပြော
အာဏာသိမ်းစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ နေရာဒေသက အရပ်သားပြည်သူ နဲ့ ဘာသာရေးကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ အလှမ်းဝေးသွားစေမှာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ အဖပ်ဖက်ကနေစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့…
Read More »









