စစ်ရေး

  • Nov- 2024 -
    18 November

    အရပ်သားပြည်သူနဲ့ ဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတယ်လို့ KIO ပြော

    အာဏာသိမ်းစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ နေရာဒေသက အရပ်သားပြည်သူ နဲ့ ဘာသာ‌ရေးကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ အလှမ်းဝေးသွားစေမှာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ အဖပ်ဖက်ကနေစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့…

    Read More »
  • 1 November

    ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တစ်ခါထွက်ရင်ကားနှစ်စီးသုံးစီးအပြည့်အပြည့်ထွက်တယ် ရှမ်းနီစစ်သားတွေကများတယ် ကားတစ်စီးကိုစစ်သားတွေက ၅ ယောက်လောက်ပဲပါတာ ကျန်တာရှမ်းနီးစစ်သားတွေပဲ လေးရက်လောက်ရှိပြီနေ့တိုင်းသွားတယ် ဖောင်းပြင်မြို့ထဲတပ်ကိုအင်အားဖြည့်တာတဲ့”လို့သူကပြောပါတယ်။ ဖောင်းပြင်မြို့ကို နိုဝင်ဘာလထဲမှာ ဟုမ္မလင်း PDF တပ်ပေါင်းစုသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေ လတ်တလောမှာပျံ့နှံ့နေတာကြောင့် မြို့တွင်းအထိုင်တပ်နှစ်ခုကို အောက်တိုဘာ၂၆ ရက်နေ့ကနေ မနေ့ကအထိ အင်အားဖြည့်နေတာလို့ သိရပါတယ်။ “ဖောင်းပြင်အနီးဝန်းကျင်မှာ PDF တွေ သုံးထောင်လေးထောင်လောက် ရောက်နေတယ် မြို့ကိုသိမ်းမယ်ဆိုပြီးကြားလို့တဲ့ ဒီဟုမ္မလင်းမြို့ထဲကတပ်တွေကော ၊နောင်ပိုအောင်တို့ဘက်ကကောပြီးတော့ ခန္တီးဘက်ကတွေကော အကုန်ဖောင်းပြင်ဘက်ကိုဆင်းသွားကြတာမြို့ကိုကာမယ်ဆိုပြီးတဲ့”လို့ ဟုမ္မလင်းမြိုခံ အမျိုးသားတစ်ဦး ပြောပါတယ်။ ဖောင်းပြင်မြို့ကိုကာကွယ်ဖို့အတွက် ဟုမ္မလင်းမြို့ပေါ်က SNA နဲ့စစ်ကောင်စီစစ်သားတွေအပြင် နောင်ပိုအောင်ဘက်က SNA တွေနဲ့ ဟုမ္မလင်း ခန္တီးလမ်းပိုင်းမှာထိုင်တဲ့ SNA ဂိတ်တွေပါရုတ်သိမ်းပြီး အင်အားဖြည့်နေတယ်လို့သိရပါတယ်။ အခုလို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ဟုမ္မလင်း– မုံရွာကားလမ်းပိုင်း ပိတ်မထားပေမယ့် အရပ်သားတွေသွားလာလို့မရဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “လေးငါးရက်ရှိပြီ သူတို့တွေ(SNA နဲ့စစ်ကောင်စီတပ်)သွားလာနေတော့ဘယ်သူမှမသွားလာကြဘူး ကျွန်မတို့ မုံရွာကနေပစ္စည်းမှာတာ ကားသမားတွေမုံရွာကနေဒီဘက်ကိုမလာရဲလို့တဲ့မှာလို့မရဘူး ကုန်းကြောင်းက ခြောက်လလောက်ပိတ်မယ်လို့လည်းကြားတယ်”လို့သူကပြောပါတယ်။ မုံမှန်အားဖြင့် ဟုမ္မလင်းမြို့နယ်ထဲကို ကုန်စည်တွေသယ်ယူဖို့ မုံရွာ–ဟုမ္မလင်းကားလမ်းနဲ့မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနှစ်ခုရှိပေမယ့် လက်ရှိ ကုန်းကြောင်းသွားလားလို့မရတာကြောင့် ဟုမ္မလင်းနယ်မှာကုန်အဝင်နှေးနေပြီးကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာယ ခုရက်ပိုင်း ဖောင်းပြင်ဘက်ကိုအင်အားဖြည့်နေသလို ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ် ဆယ်ဇင်းဘက်ကိုလည်းအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက PDF ပူးပေါင်းတွေဟာ ဒီနှစ်ထဲ ရွှေပြည်အေးမြို့နဲ့ လွှစင်ကုန်းတို့ကိုသိမ်းပိုက်ထားသလို ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားထဲက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2024 -
    28 October

    လုံရှာယန်နဲ့ဆွမ်ပီယန်ကြား စစ်တပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေ

    ပူတာအိုမြို့နယ် လုံရှာယန်နဲ့ ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ၂၀၂၃ ခုနှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လုံရှာယန်၊ဆွမ်ပီယာန် ဒေသခံတွေ ၂၀၂၄ နှစ်ဆန်းပိုင်း ပြည်သူတစ်ချို့နေရပ်ပြနလာပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ လယ်ယာ၊တောင်ယာ လာရောက်လုပ်ကိုင်ရင်း နေထိုင်နေကြတာဖြစ်ပါတယ်။  ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေ လွတ်လပ်စွာသွားလာခွင့်မရအောင် ရွာအဝင်အထွက် စစ်ဆေးတင်းကြပ်တာ၊ အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပြုပြီး တားဆီးပိတ်ပင်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲပြီးအခက်တွေ့နေတယ်လို့ ပြောပါတယ်။  “အပြင်တွေဘာတွေသွားတာတို့၊ တောင်ယာ အခင်းတွေဆီ သွားလာရေးမှာ အရမ်းတားမြစ်ပိတ်ပင်မှုဖြစ်တယ်။ အချိန်တွေကန့်သတ်ပေးတာတွေပေါ့။ တန်ဂျာယန်မှာလည်း စစ်တပ်စခန်းလည်းရှိနေတော့ အဲမှာလည်း အင်အားက ၅၀ လောက်ရှိမယ်။ ပြည်သူတွေက အခုချိန်က လယ်ယာစပါးတွေလည်း မှည့်တဲ့အချိန်ဆိုတော့ အလုပ်များတဲ့အချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမှာ အားလုံးက သတိဝီရိယနဲ့ပဲ စိုးရိမ်ပြီး သွားလာလုပ်ကိုင်နေကြရတာပေါ့။” လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆွမ်ပီယန့်နဲ့လုံရှာယန်ပြည်သူတွေဟာ လယ်ယာ၊တောင်ယာလုပ်ကိုင်ဖို့ တစ်ချို့တစ်ဝက်သာဝင်ရောက်လာတာဖြစ်ပြီး အများပိုင်း ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်နဲ့  လုံရှာယန်ကျေးရွာထဲ ဝင်ရောက်တပ်စွဲ စခန်းတည်ဆောက်လာတာဖြစ်ပြီး လတ်တလော စစ်အင်အားထပ်ဖြည့်ကာ တန်ဂျာကျေးရွာတွေထိ တပ်စခန်းတိုးချဲ့ပြီး ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအပြည့်နဲ့ လှုပ်ရှားနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။  “တန်ဂျာရွာမှာလည်း ဆောက်လုပ်ရေးရှိတဲ့နေရာတွေ၊ တံတားအောက်မှာတွေ တပ်စခန်းအကုန်ချထားတယ်။ အရင်စခန်းမရှိတဲ့နေရာတွေမှာ အကုန်တပ်စွဲပြီး ရွာပြင်၊ရွာထဲ အကုန်လုံခြုံရေးပြုထားတယ်။ လုံရှာယန်မှာက ခိုင်ခိုင်မာမာ ကတုတ်ကျင်းတွေ တူးဖော်ဆောက်လုပ်ပြီး လူအင်အားထပ်ဖြည့်၊ လက်နက်ကြီးလည်း ၃ ခုလောက်ထောင်ပြီး နေနေတယ်။ ဒီဒေသက ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေ အားလုံးတပ်ပေါင်းစုပြီး ဆွမ်ပီယန်ဘက်အထိ ရောရောနှောနှော လှုပ်ရှားနေကြတယ်။”လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒါ့အပြင် ဆွမ်ပီယန်ဘက်မှာတော့ ၂၀၂၄ ခုနှစ် မေလလောက်ကစပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ကာ နေအိမ်တွေကို ဖောက်ထွင်းခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လတ်တလော ဆွမ်ပီယန်၊ ၀ဒတ်ရွာနဲ့ အင်စီးယန် စတဲ့ကျေးရွာ ၃ ခုက ရွာသား ၁၅၀၀ ကျော်ဟာ လတ်တလော တောထဲ မိုးကာတဲတွေထိုးပြီး စစ်ဘေးရှောင်နေကြရလလောက်ကြာလာပြီဖြစ်ကာ ဖျားနသူတွေလည်း များပြားနေပြီး ဆေးဝါးလည်းမရှိ၊ အစားအသောက်လည်း မလုံလောက်ကာ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 18 October

    လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင်

    တနိုင်း– လီဒိုလမ်းမပေါ်  ဒေသခံပြည်သူတွေဟာ စစ်ရေးခြေအနေကြောင့် လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် ဒေသအတွင်း အစားအသောက် ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။ လယ်ယာလုပ်ငန်းနဲ့အဓိကဝမ်းကျောင်းပြုနေကြတဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်စတဲ့ ကျေးရွာနေပြည်သူတွေဟာ လက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသအတွင်းမတည်မငြိမ်ဖြစ်ပြီး လယ်ယာလုပ်ကိုင်ဖို့ ခက်ခဲသွားတဲ့အခြေအနေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်တစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်ပြီးနောက် တနိုင်းလီဒိုလမ်းမဘက်ကိုလည်း တိုက်ပွဲစတင်လာနိုင်တဲ့အကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် ဝါရာဇွပ်ကျေးရွာအပါ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စတဲ့ ကျေးရွာနေရာပြည်သူတွေ မိုးကောင်၊ နမ္မတီး ဘက်ကို ကြိုတင်တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့ တိမ်းရှောင်နေရာတွေလုပ်ပြီး အဆင်သင့်ပြင်ဆင်နေပြီး နေနေရတယ်လို့သိရပါတယ်။  ဒါကြောင့် လီဒိုလမ်းမပေါ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ နှစ်စဉ်လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အထိ အခက်အခဲကြုံတွေ့ခဲ့တယ်လို့ ဝါရာဇွပ်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “မနှစ်တုန်းကတော့ တိုက်ပွဲဖြစ်တာတွေရှိပေမယ့် လယ်ယာလုပ်ငန်းတွေက လုပ်ကိုင်နိုင်ကြတယ်လို့ ပြောလို့ရမယ်။ ဒီနှစ်မှာတော့ တိုက်ပွဲတွေဖြစ်လာတော့မယ်ဆိုပြီး စစ်ရှောင်စခန်းတွေ လုပ်ရမယ် စသဖြင့် သတင်းတွေ ထွက်ပေါ်ခဲ့တော့ အားလုံးက စိုးရိမ်ပြီးမှပဲ နေကြတော့တယ်။ အဲ့လိုပဲ လယ်ယာလုပ်ကိုင်တဲ့ သူတွေကလည်း ဖြစ်လာမလား ဆိုပြီး တစ်ချို့က တန်းလန်း မစိုက်နိုင်ပဲ ရပ်နားလိုက်တဲ့ သူတွေရှိတယ်။ တစ်ချို့ဖြစ်သလို စိုက်လိုက်ရတဲ့ သူတွေရှိကြတယ်။ အရင်နှစ်တွေလို သေသေချာချာ မလုပ်ရဘူး”လို့ပြောပါတယ်။ နောင်မီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာတွေမှာ နှစ်စဉ်လယ်စပါးကို ဧကသိန်းချီစိုက်ပျိုးနိုင်တဲ့နေရာဖြစ်ပြီး ဧကရာချီစိုက်ပျိုးတဲ့ တောင်သူတွေက ဒီနှစ်မှာ ဧက ၂၀ နဲ့ ၃၀ ကြားသာ စိုက်ပျိုးနိုင်ပြီး တစ်ချို့တောင်သူတွေက ဧက ၅ ဧကလောက်သာ စိုက်ပျိုးနိုင်ကြတယ်လို့ပြောပါတယ်။ ခုလို ဒေသခံတောင်သူတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အကြောင်းအရင်းတွေဟာ စစ်ရေးအပြင် ကားလမ်းပျက်စီးပြီးကုန်ပစ္စည်းနဲ့ စက်သုံးဆီတင်ကား သွားလာဖို့ အခက်အခဲတဲ့ ပြဿနာလည်းပါဝင်တယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်နယ်တစ်ခုလုံး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် တနိုင်းသွားလမ်း နောင်းမီနဲ့ ဝါရာဇွပ် ကားလမ်းပိုင်းမှာ နှစ်လဝန်းကျင်အထိ ကုန်ကားသွားလာဖို့ ၆ နေရာလောက်မှာ လမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေမှာ ထွန်စက်အကြီးတွေနဲ့ အခကြေးငွေပေးပြီးဆွဲထူကာ သွားလာနေရတာကြောင့် စက်သုံးဆီနဲ့ ကုန်ပစ္စည်းစျေးနှုန်းလည်း အဆမတန်မြင့်တက်သွားတာဖြစ်ပါတယ်။ တစ်ဖက်မှာ ဒေသခံပြည်သူတွေ ကုန်စျေးနှုန်းမြင့်တက်ဒဏ်ကြုံတွေ့နေရကြားထဲ လယ်ယာလုပ်ငန်းမှာ စက်သုံးဆီအသုံးပြုဖို့အထိ ငွေကြေးမတတ်နိုင်တာကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူနည်းပါးသွားတယ်လို့ ဒေသခံတောင်သူတွေပြောပါတယ်။ အခုလို လယ်ယာလုပ်ငန်း လုပ်ကိုင်သူ နည်းပါးသွားတဲ့အတွက် ဒေသအတွင်း လာမယ့်နှစ်တွေမှာ အစားအသောက် အခက်အခဲတွေ ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဝါရာဇွပ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “ဒီအခြေအနေမှာ ကျနော်တို့ ဒေသခံတွေက ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ ငွေကြေးတတ်နိုင်ပြီး လုပ်နိုင်တဲ့ သူတွေလည်း အရင်းအနှီးအများကြီးထည့်ထားပြီဖြစ်တဲ့အတွက် ဆန်စျေးနှုန်းတွေက ဒီထက်ပိုပြီးတက်လာဖို့ပဲရှိတယ်။ တစ်ချို့ကလည်း တတ်နိုင်သလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း နိုင်ငံရေးအခြေအနေကြောင့် သေချာလေးဂရုမစိုက်နိုင်တဲ့အတွက် ထင်သလောက်ထွက်မှာမဟုတ်ဘူ”လို့ပြောပါတယ်။ ဝါရာဇွပ်ကျေးရွာ အုပ်စု၊ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲငြိမ်သက်သွားတာ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် ဒေသအတွင်း စစ်ရေးမတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းသွားလာလုပ်ကိုင်ဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ အခုလို အခြေအနေကြောင့် လီဒိုလမ်းမပေါ်မှာရှိကြတဲ့ ကျေးရွာတစ်ချို့ လာမယ့် ရာသီကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတွေကို ပြုလုပ်နိုင်ဖို့ အလားအလာမရှိဘူးလို့လည်း ပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 12 October

    အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်ထွက်မှာ SNA တပ်ဖွဲ့ စစ်ဆေးရေးတင်းကြပ်ပြီးတပ်သားစုဆောင်းနေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်အထွက်မှာ SNA တပ်က စစ်ဆေးရေးတင်းကြပ်ထားပြီး တပ်သားစုဆောင်းနေတယ်လို့ နန့်မွန်းဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ နန့်မွန်းမြို့အဝင်ဂိတ်မှာ လူငယ် ၄ ဦးကိုဖမ်းဆီးသွားတဲ့အပြင် အောက်တိုဘာလအတွင်းမှာလည်း ၈ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ဒေသခံတစ်ဦး  KNG ကိုခုလိုပြောပါတယ်။ “ဟိုနေ့က လူငယ် ၄ ယောက်ဖမ်းခံရတယ်။ ပြန်လွတ်သလား မလွတ်လားတော့ မသိဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့စ  SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ ဂိတ်အထိုင်ချပြီး စစ်ဆေးရေးတင်းကြပ်ကာ တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။  လက်ရှိ နန့်မွန်းမြို့ထဲ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာ၊ နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာ စုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ ဖမ်းဆီးစုဆောင်းထားတဲ့သူတွေထဲက တစ်ချို့ကို ပိုက်ဆံနဲ့ပြန်ရွေးယူခွင့်ပြုပေမယ့် အများပိုင်းက ပြန်လွှတ်ပေးတာမျိုးမရှိဘဲ ဖမ်းဆီးစုဆောင်းရသူတွေကို ဟုမ္မလင်းဘက်ပို့ပြီး စစ်သင်တန်းပေးနေတာတွေလုပ်နေတယ်လို့ နန့်မွန်းဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အခုမှပထမအသုတ်ဟုတ်တယ် အခုသင်တန်းတက်နေကြပြီ ပြီးတောင်ပြီးတော့မှာ အများကြီးပဲ အယောက် ၂၀၀ လောက်ရှိမယ် ကားဆယ်စီးနဲ့ရောက်လာခဲ့တာရွာပေါင်းစုံကနေ တချို့အသက် ၅၀ ကျော်တွေတောင်ပါတယ်”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာလည်း လမ်းသွားလမ်းလာ လူငယ် ၅၀ ဦးခန့်ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ခုလို လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာသူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့်  နန့်မွန်းမြိို့တွင်း လမ်းသွားလမ်းလာ နည်းပါးနေတယ်လို့သိရပါတယ်။  နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံက ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ် KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာ စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ တတိယပတ်ကတည်းကနေ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာဖြစ်ပါတယ်။ By – Zami

    Read More »
  • 10 October

    ရှဒူးဇွပ်မှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ စစ်အင်အား ၃၀၀ ခန့် စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်နေ

    တနိုင်းလီဒိုလမ်းမပေါ်  ဝါရာဇွပ်ကျေးရွာအုပ်စု ရှးဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် နဲ့ ပုံမှန် စစ်အင်အားပြ စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်တပ်စခန်းရှိတဲ့ ရှဒူးဇွပ်ကျေးရွာအဝင် စံပြကျေးရွာမှာ အရင်ကထက် စစ်အင်အားပိုမိုတိုးချဲ့ထားပြီး စစ်အင်အားပြ…

    Read More »
  • 4 October

    လားရှိုးမြို့ပြန်သိမ်းနိုင်ဖို့ စစ်တပ်က စစ်ရေးပြင်ဆင်လာတာကြောင့် မြို့ခံပြည်သူများ ထပ်မံတိမ်းရှောင်

    ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ဆင်ဆင်နေတဲ့အတွက် ဒေသခံပြည်သူများမြို့ထဲကနေ ပြန်လည်စွန့်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းလည်းထိုးစစ်ဆင်တိုက်ခိုက်ဖို့ လားရှိုးအရှေ့တောင်ဘက်ခြမ်းရှိ တန့်ယန်းဘက်ကနေ စစ်ရေးပြင်ဆင်နေတာတွေရှိတာကြောင့် ဒေသခံပြည်သူတွေ အားလုံးပြန်လည်ထွက်ခွာနေတယ်လို့  လားရှိုးဒေသခံတွေက ပြောပါတယ်။ “ဟိုတလောက ညတိုင်းလိုလိုပဲလေယာဉ်နဲ့ဗုံးကြဲတော့ အားလုံးကြောက်ပြီး အများပိုင်းပြန်ထွက်ကြတာများတယ်။ လေယာဉ်ကလည်း ခေါက်ရေအရမ်းစိတ်လာတာကြောင့်ရယ် ပြီးတော့ အခုက စစ်ကောင်စီတွေက တန့်ယန်းဘက်ကနေ ထိုးစစ်ဆင်ပြီး လားရှိုးကို ပြန်တိုက်မယ်ဆိုတဲ့ သတင်းတွေလလည်း ထွက်ပေါ်နေတယ်။“ လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လတ်တလေလာ လားရှိုးမြို့ထဲမှာ အိမ်စောင့်အဖြစ်ကျန်နေတဲ့ ပြည်သူတွေထဲက အများပိုင်းပြန်လည်ထွက်ခွာနေကြသလို ကိုးကန့် MNDAA ရဲ့ အုပ်ချူပ်ရေးယန္တရားထဲ တာဝန်ထမ်းဆောင်နေတဲ့သူတွေကလည်း ထွက်ခွာနေကြတယ်လို့  သိရပါတယ်။ လားရှိုးမြို့ထဲမှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အားလုံးနီးပါးပြတ်တောက်သွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့အထိ ၃ ရက်တာ လေကြောင်းတိုက်ခိုက်မှုမရှိပဲ တည်ငြိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၄ ရက်နေ့ ဒီနေ့ မနက်မှာတော့ လားရှိုးမြို့ ရပ်ကွက် ၅ နဲ့ ရက်ကွက် ၈ နေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄ ကြိမ်လာရောက်ဗုံးကြဲသွားပြီး ထိခိုက်ပျက်စီးမှု များတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။  ခုလို လေယာဉ်နဲ့ ဗုံးကြဲမှု ဆက်တိုက်ရှိလာတာကြောင့် လားရှိုးမြို့ပြည်သူတွေဟာ ဆိုင်တွေပိတ်သိမ်းကာ ကွတ်ခိုင်မြို့ဘက်ကို ထပ်မံစစ်ရှောင်ကြတာရှိသလို ရှမ်းတောင်ပိုင်းကို ဆက်လက်စစ်ရှောင်နေကြသူတွေများနေပြီး လားရှိုးတိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာ  စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ “အခုအဓိကတော့ လေကြောင်းအန္တရယ်ကို စိုးရိမ်တာက ပိုဆိုးနေတယ်။ ညဆို လုံး၀ အိပ်လို့မရဘူး။ ကိုးကန့်ရှိတဲ့နေရာတိုင်း၊ ကိုးကန့်နဲ့ နီးစပ်တဲ့နေရာတိုင်း၊ ဌာနဆိုင်ရာ၊ ရုံးတွေအားလုံးကို လေယာဉ်နဲ့ဗုံးလိုက်ကြဲတာ။ အဲလိုနေရာတွေကို ဗုံးကြဲပေမဲ့ နေရာတည့်တည့်မကျပဲ အရပ်သားတွေနေတဲ့ နေအိမ်တွေ နေရာတွေကိုပဲ ကျကျလာတော့  ပြည်သူတွေ သေဆုံးတာတွေ၊ ထိခိုက်တာတွေများလာတော့ အားလုံးကြောက်ကုန်ပြီး ပြန်ထွက်ကုန်တာ။” လို့ လားရှိုးဒေသခံက ဆက်ပြောပါတယ်။ လားရှိုးမြို့ ကိုးကန့်လက်ထဲရောက်သွားတဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကကတည်းကနေ စက်တင်ဘာလအထိ  ၃ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ရှိခဲ့ပြီး  အရပ်သား ၃၁ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၉၀ ခန့်ရှိတယ်လို့ ကိုးကန့် MNDAA က အောက်တိုဘာလ ၂ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ ကိုးကန့် NNDAA ဘက်ကတော့ လားရှိုးမြို့တွင်း အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်အောင်ကြိုးစားနေပေမယ့် စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့် လက်ရှိချိန်ထိ လည်ပတ်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကတည်း မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်ဖို့ ဖိအားပေးနေတာတွေလည်းရှိနေပါတယ်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံကနေ FTC 2000 G လေယာဉ်အသစ် ၆ စီး ထပ်မံဝယ်ယူထားရှိကာ အဲဒီတိုက်လေယာဉ်အသစ်တွေကို နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အများစုတွင် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ လဆန်းပိုင်းကစပြီး သူတို့လက်လွတ်လိုက်ရတဲ့နယ်မြေကို ပြန်သိမ်းယူမယ့် ရန်နိုင်မင်းစစ်ဆင်ရေးကို စတင်လာတာလည်းဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ နိုင်ငံအဆင့်စစ်ဆင်ရေးဖြစ်ပြီး စစ်ဆင်ရေးအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ အရင်ကထက်ပိုအသုံးပြုလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Sep- 2024 -
    25 September

    ဖားကန့်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ ရာနဲ့ချီစွန့်ခွာနေ

    ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဖားကန့်မြို့ထဲက ပြည်သူတွေ ရာနဲ့ချီနေ့စဉ် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်တွေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဖားကန့်ဒေသမှာရှိကြတဲ့ ပြည်သူတွေအများအပြားဟာ…

    Read More »
  • 25 September

    ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ

    ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းယူဖို့ ပူတာအိုခရိုင်အခြေစိုက် ခလရ ၁၃၇ တပ်နဲ့ ၄၆ တပ်ကစစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ပူတာအိုPDF နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “၁၃၇ နဲ့နီးစပ်တဲ့လူတွေပြောတာတော့ ဆွမ်ပရာဘွမ့်ကိုသူတို့ပြန်သိမ်းမယ်တဲ့ ဘယ်လမှာဆိုတာတော့အသိအကျမသိရဘူး နှစ်မကုန်ခင်ပြန်သိမ်းဖို့ရှိတယ်လို့တော့သတင်းထွက်နေတယ်။ ပြီးတော့သူတို့ဘက်ကစစ်ရေးပြင်ဆင်တာတွေကြည့်ရင်တော့မကြာလောက်ဘူးအခုတောင်ည ညဆိုစစ်ကားတွေသွားသွား လာလာရှိတယ်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းကနေ စစ်အင်အားတွေကို လေကြောင်းနဲ့ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ့်မြို့ကြားထဲက လုံရှာယာန်၊ ဖက်မာစတဲ့ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ပို့ဆောင်ထားတယ်လို့သိရပါတယ်။ “စစ်သားတွေတော့အခုထပ်မပို့လာတော့ဘူး ပြီးခဲ့တဲ့ ၇ လပိုင်းကတော့ အောက်ပိုင်းကနေ စစ်ရယာဥ်နဲ့အများကြီးလာချတယ်။ ပြီးတော့ ခရီးသည်တင်တဲ့လေယာဥ်နဲ့လည်း ပူတာအိုထဲလာချတယ်အရပ်သားပုံစံနဲ့ အခုကတပ်ဖြန့်ထားပြီလေး နေရာတိုင်းမှာ”လို့ပူတာအို မြို့ လေယာဉ် ကွင်းရပ်ကွက်နေအမျိုးသား တစ်ဦးကပြောပါတယ်။ ဒါ့အပြင် အရင်ကတပ်စွန့်ခွာခဲ့တဲ့ထဝါဒမ်းထောက်ပို့တပ်ထဲမှာလည်းအင်အားအများအပြားနဲ့တပ်ပြန်ထိုင်နေတယ်လို့သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးတဲ့နောက် ပူတာအိုအခြေစိုက် တန်ဂူးတန်ပြည်သူ့စစ်တပ်နဲ့ စစ်ကောင်စီတပ်ပူးပေါင်းပြီး ဆွမ်ပရာဘွမ်ကိုပြန်သိမ်းဖို့မကြာခနစစ်ကြောင်းထိုးခဲ့ပေမယ့် KIA၊KPDF ပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ “သူတို့ကတော့ခနခနသွားနေတာပဲ စစ်ကားတွေနဲ့ လွန်ခဲ့တဲ့ ၇လပိုင်းအထိပေါ့ သူတို့အထိနာပြီးပြန်ပြန်ဆုတ်လာတာပဲ အခုအဲ့ဘက်ကိုစစ်ကြောင်းမထိုးပဲငြိမ်နေတာ ဒီတစ်ခေါက်ကအင်အားအလုံးအရင်းနဲ့ပြန်ထိုးဖို့ဆိုပြီးပြင်ဆင်နေတာတဲ့”လို့ပူတာအိုမြို့ခံတစ်ဦးကပြောပါတယ်။  ဆွမ်ပရာဘွမ်မြို့ပြန်သိမ်းမယ့်သတင်းဟာ လက်ရှိပူတာအို ဒေသခံတွေကြားမှာလည်းကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရတယ်လို့ ပူတာအိုမြို့လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဆွမ်ပရာဘွမ်ပြန်သိမ်းမယ်လို့တော့သတင်းထွက်နေတာပဲ တစ်လလောက်ရှိပြီဘယ်နေ့လဲတော့မသိဘူး တိုက်ပွဲဖြစ်ရင်လမ်းကပိတ်ကုန်စျေးကကြီးအုံးမှာတွေးပြီးစိုးရိမ်နေရတယ်တချို့တော့ကြိုတင်ပြီးဆီတွေ၊ဆန်တွေလှောင်ထားကြတယ်ပိုက်ဆံရှိတဲ့သူတွေပေါ့”လို့ အသက် ၃၂ နှစ်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ပူတာအိုဒေသအတွက်တစ်ခုတည်းသောကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတာကြောင့် တိုက်ပွဲဖြစ်ရင်ကားလမ်းပိတ်သွားမှာဖြစ်တာကြောင့် ပူတာအိုဒေသခံတွေအထူးစိုးရိမ်နေရပြီး တစ်ချို့က စားနပ်ရိက္ခာတွေ၊စက်သုံးဆီတွေကြိုတင်စုဆောင်းတာမျိုးရှိနေတယ်လို့သိရပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဆွမ်းပရာဘွမ်မြို့ကို သိမ်းပိုက်ဖို့ ဒီနှစ် မတ်လပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ရာမေလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာစစ်ရေးပြင်းထန်ပြီး မြို့တွေ၊ရွာတွေနဲ့ ရှေ့တန်းစခန်းအများအပြားဆုံးရှုံးနေတဲ့စစ်ကောင်စီဟာ ကချင်တစ်ပြည်နယ်လူံးကို ဇွန်လ ၂၁ ရက်နေ့ကစ ဖုန်း အင်အာနက်လိုင်းတွေအားလုံးဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုပြန်သိမ်းမယ့် ရန်နိုင်မင်းစစ်ဆင်ရေးအမည်နဲ့တစ်နိုင်ငံလုံးအဆင့် စစ်ရေးစတင်လှုပ်ရှားနေတယ်လို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့အကြား …

    Read More »
  • 20 September

    ရန်နိုင်မင်း စစ်ဆင်ရေးစတင်လာတဲ့အတွက် ပြည်သူတွေစစ်ရေးအထူးသတိရှိကြဖို့  KIO ပြော

    ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်သိမ်းပိုက်မယ့် စစ်ကောင်စီတပ်ရဲ့ ရန်နိုင်မင်းစစ်ဆင်ရေးဟာ တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်နေပြီ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးက နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်သလို စစ်ဆင်ရေးအတွင်း ခေတ်အဆက်ဆက်အသုံးပြုလာတဲ့ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကို ကျင့်သုံးနေတာကြောင့် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ပြည်သူတွေ စစ်ရေးအထူးသတိရှိကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ…

    Read More »
Back to top button