ရွေးကောက်ပွဲဆိုင်ရာ
-
Oct- 2024 -17 October
သန်းခေါင်စာရင်း ဒီလကုန်အထိကောက်ယူမယ်လို့ စစ်ကောင်စီကြေညာ
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမယ်လို့ မနေ့ကစက်တင်ဘာလ ၁၆ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။ စစ်ကောင်စီတပ်ဘက်က သန်းခေါင်စာရင်းကောက်ယူမှု ရက်တိုးတဲ့အကြောင်းကြေညာရာမှာ အကြောင်း အမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူလို့မရသေးတဲ့နေရာတွေမှာ ပြန်လည်ကောက်ခံသွားမှာလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ…
Read More » -
15 October
ကသာမှာ သန်းခေါင်စာရင်းကောက်နေတဲ့အချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ သန်းခေါင်စာရင်းကောက်ယူနေတဲ့အချိန်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ လဆန်းကတည်းကစတင်လို့ ကသာမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်သားတွေအပါအဝင် ရဲတပ်ဖွဲ့တစ်ချို့လုံခြုံရေးယူကာ သန်းခေါင်စာရင်းစတင်ကောက်ခံနေတာဖြစ်ပြီး ကသာမြို့နယ် ရပ်ကွက်…
Read More » -
7 October
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ သန်ခေါင်စာရင်းစာတင်ကောက်ယူနေ
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး သန်ခေါင်စာင်းကောက်ယူနေပြီလို့ သိရပါတယ်။ တစ်နိုင်ငံလုံး စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား၊ တနိုင်း၊ပူတာအိုစတဲ့မြို့တွေမှာ စတင်ကောက်ယူနေပြီလို့ သိရပါတယ်။ “ခု မြစ်ကြီးနား တစ်ချို့ရပ်ကွက်တွေတော့ကောက်နေပြီဗျ ရမ်ပူတို့ သီတာတို့မှာစပြီ။ တပ်ကုန်းမှာလည်းလာမယ်လို့တော့အကြောင်းကြားထားပြီအိမ်တွေမှာလာတော့မကောက်သေးဘူး”လို့ ရမ်ပူဒေသခံတစ်ဦး ပြောပါတယ်။ ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာတော့ အောက်တိုဘာ ၂ ရက်နေ့ကနေစပြီး စတင်ကောက်ယူနေပြီလို့ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ “ပူတာအိုမှာလည်းစပြီမနေ့ကနေစကောက်နေတယ် တစ်အိမ်ဝင်တစ်အိမ်ထွက် ညမှာတော့မဟုတ်ဘူးနေ့ခင်းမှာကောက်နေတာ ဘယ်မှမသွားရဘူးတစ်အိမ်တစ်ယောက်စောင့်ရမယ်ဆိုလို့တစ်နေကုန်သူတို့ကိုစောင့်နေရတာ”လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီကအခုလိုသန်ခေါင်စာရင်းကောက်ယူရာမှာတော့ အိမ်ထောင်စုစာရင်းမှာပါဝင်တဲ့လူတစ်ဦးချင်းစီရဲ့အသက်၊ပညာအရေအချင်း၊ ကျန်းမာရေးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိမရှိ၊ အိမ်အသုံးအဆာင်ပစ္စည်းစတဲ့အချက်အလက်တွေပါတဲ့ မေးခွန်း ၆၀ ကျော်ပါတဲ့စာတမ်းနဲ့ကောက်ယူတာအပြင် Digital စနစ်နဲ့ကောက်ယူနေတာလို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ဘာတွေမေးမှန်းမသိဘူး ကျောင်းဘယ်နှစ်တန်းအထိတက်ခဲ့လဲ၊ အကြားအာရုံကောင်းလားအမြင်အာရုံကောင်းလား အဲ့တာကအစမေးတယ် အိမ်မှာအမျိုးသားဘယ်နှစ်ယောက်ရှိလဲ မေးတယ်။ ပြီးရင်သူတို့မေးတဲ့အချက်တွေကိုဖုန်းထဲမှာဖြည့်ပြီးတခါတည်းသိမ်းသွားတယ် သူတို့က ဆော့ဝဲထဲသိမ်းတာ။ ဖုန်းဆော့ဝဲထဲအချက်အလက်အကုန်သိမ်းသွားတယ်”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင်စစ်ကောင်စီက အိမ်ထောင်စုထဲကနေ ပြည်ပထွက်ခွာသူရှိပါက ပြည်ပမှာနေထိုင်နေသူရဲ့အချက်လက်အသေးစိတ်အချက်အလက်တွေကိုလည်းကောက်ယူသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက လက်ရှိကောက်ယူနေတဲ့ သန်ခေါင်စာရင်းတွေကို စစ်ကောင်စီပြင်ဆင်နေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက်အသုံးချဖို့ဖြစ်သလို ၎င်းတို့ပြဌာန်းထားတဲ့စစ်မှုထမ်း ဥပဒေအတွက် အသုံးချဖို့လည်းဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။ By – Zaw Zaw
Read More » -
2 October
မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်းစတင်ကောက်ခံ
ရွေးကောက်ပွဲဖြစ်မြောက်အောင်ကြိုးစားနေတဲ့ စစ်ကောင်စီက မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီလို့ ဒေသခံတွေပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ မနေ့ညပိုင်းကစလို့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးမှာ ရပ်ကွက်တာဝန်ရှိသူတွေကို သန်းခေါင်းစရင်းတွေ လိုက်လံကောက်ခံခိုင်းနေပြီဖြစ်တယ်လို့ ဂျန်မိုင်ကောာင်ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ရက်ကွက်တချို့မှာတော့ စက်တင်ဘာ ၃၀ ရက်နေ့ညကစပြီး စကောက်နေပြီ။ အများပိုင်းကတော့ ဒီနေ့ညမှလိုက်ကောက်နေတယ်။ စစ်တပ်က အုပ်ချူပ်ရေးမှူးတွေကို စာရွက်တွေပေးထားတယ်။ အုပ်ချူပ်ရေးမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင်စရင်းဖြည့်ဖို့ စာရွက်လိုက်ပေးတယ်။ ပြန်ဝင်ယူမယ်နော် ဆိုပြီး တစ်အိမ်ကို စာရွက် ၂ ရွက်စီ လိုက်ပေးတယ်။” လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ညွှန်ကြားမှုနဲ့ ရပ်ကွက်တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တချို့မှာ သန်းခေါင်စရင်းစကောက်ခံခဲ့တာဖြစ်ပြီး မနေ့ညအထိ ရပ်ကွက်အားလုံးနီးပါးမှာ လိုက်လံကောက်ခံနေပြီလို့ ဆိုပါတယ်။ သန်းခေါင်စာရင်းအတွက် နာမည်တွေဖြည့်စွက်ဖို့ စာရွက်တွေကို ရပ်ကွက်၊နယ်မြေမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်လံပေးထားပြီး ပြန်ဝင်ယူတဲ့ပုံစံနဲ့ လိုက်လံကောက်ပေးနေတာလို့ သိရပါတယ်။ အဲဒါအပြင် သန်းခေါင်စရင်းကောက်ခံဖို့ ပညာရေးဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက တာဝန်ပေးအပ်ထားကြောင်း ဆက်လက်သိရပါတယ်။ “တစ်နှစ်မဟုတ် တစ်နှစ်တော့သူတို့ ရွေးကောက်ပွဲလုပ်နိုင်အောင် ကြိုးစားနေတာပေါ့။ အခုက ကချင်မှာဆို အကြပ်အတည်းပိုဖြစ်လာတော့ သူတို့လည်း တစ်ဖက်မှာ ရွေးကောက်ဖြစ်အောင်တော့ ကြိုးစားနေတာတွေ့ရတယ်။ ပညာရေးဝန်ထမ်းတွေ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုလည်း ဖိအားပေးတာတွေရှိနေတယ်လို့ ပြောတယ်။ အဲဒါကြောင့် နယ်မြေမှူးတွေ၊ ဆရာ၊ဆရာမတွေ လုပ်သာလိုက်လုပ်ပေးနေတာ သူတို့လည်းလုံခြုံရေးကိုက စိုးရိမ်ရနဲ့ ဖြစ်နေတယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၅ ရက်ကြာ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ ပညာရေးဝန်ထမ်းတွေနဲ့ ရပ်ကွက်နယ်မြေမှူးတွေကို ဖိအားပေး ခြိမ်းခြောက်မှုတွေလည်း မြို့နယ်တော်တော်များများမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားတွေလည်းရှိပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Apr- 2023 -6 April
စစ်ကောင်စီထံ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်နေကြတဲ့ ကချင်ပါဝင်များ
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီအောက် ရွေးကောက်ပွဲ ကော်မရှင်ထံပါတီမှတ်ပုံတင်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ အထိရှိနေပြီလို့ စစ်ကောင်စီက မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီထဲမှာ ကချင်နိုင်ငံရေးပါတီတွေလည်း ပါတီဆက်လက်တည်ရှိခွင့်အတွက် ပါတီမှတ်ပုံတင်အသစ် ပြန်တင်တဲ့အတွက် ကချင်ပြည်သူတွေ ဝေဖန်နေကြတာပါ။…
Read More » -
Feb- 2023 -28 February
စစ်တပ်က ကျင်းပဖို့ကြံစည်နေတဲ့ ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့အမြင်
မဲမသမာမှုရှိတယ်ဆိုပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကကျင်းပမယ့် ဒီရွေးကောက်ပွဲက ကချင်ပြည်နယ်မှာကော တကယ်ဖြစ်နိုင်မလား ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲအစရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ခြေအလားအလာတွေကို ကချင်ပြည်နယ်မြို့နယ်အချို့က လူငယ်တွေရဲ့အမြင်ကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မိုးညှင်းဒေသခံလူငယ်တစ်ဦး “ရွှေးကောက်ပွဲလုပ်တာက သူတို့လုပ်ခဲ့တဲ့…
Read More » -
14 February
လူထုဆန့်ကျင်နေတဲ့ ရွေးကောက်ပွဲအတွက် ဆုံးဖြတ်ချက် ချမှတ်ရေး ကချင်ပါတီများ အခက်အခဲ ဖြစ်နေ
အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတစ်ချို့ ဟာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်ဖို့အထိ အခက်ခဲဖြစ်နေပါတယ်။ ကချင်ပြည်နယ်မှာ အခုနှစ်ဆန်းကစပြီးတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် နဲ့ ဗန်းမော် စရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက လူဦးရေစာရင်း လိုက်လံကောက်ခံခဲ့ပြီးတော့ မြို့နယ်တစ်ချို့မှာတော့ လက်နက်အင်အားအသုံးပြုပြီးတော့ ကောက်ခံခဲ့တာပါ။ အခုလို စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပအရေးအတွက် ကြိုးစားလုပ်ဆောင်နေတဲ့အပေါ်မှာ ကချင်နိုင်ငံရေးပါတီတစ်ချို့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ သဘောထားဆန္ဒတစ်စုံတစ်ရာ ချမှတ်ဖို့ ခက်ခဲနေသေးသလို…
Read More » -
Jan- 2023 -26 January
စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ
စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံး ဖောက်ခွဲခံရမှု ဇန်နဝါရီလတစ်လအတွင်း ၅ ကြိမ် အထိရှိလာပြီလို့ သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်က ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက်သာဖြစ်တာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ “ဒီရွေးကောက်ပွဲကလူထုဆန္ဒကိုမျက်ကွယ်ပြုပြီး တစ်စုတစ်ဖွဲ့အတွက် ရပ်တည်ထားတဲ့အတုအယောင် ရွေးကောက်ပွဲဖြစ်နေလို့ တိုက်ခိုက်နေတာ” လို့ အင်းတော် တော်လှန်ရေးအင်အားစုတစ်စုမှ တာဝန်ရှိသူတစ်ဦးက…
Read More » -
24 January
ကချင် စစ်ကိုင်းအစပ် မြို့နယ်များမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား (မေးမြန်းချက်)
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန်စီစဉ်နေတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၉ ရက်ကစပြီး လူဦးရေသန်းခေါင်စာရင်းကို စတင်ကောက်ခံနေပြီဖြစ်ပါတယ်။ ယခုလို လူဦးရေသန်းခေါင်စာရင်းကောက်ယူရမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းနဲ့ စစ်ကိုင်း–ကချင်အစပ်ဒေသတွေမှာတော့ စစ်တပ်လုံခြုံရေးအပြည့်နဲ့ လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်က ကျင်းပမယ့် ဒီရွေးကောက်ပွဲက တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့…
Read More » -
20 January
မြင်းမူတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုလုပ်နေစဥ် စီးနင်းမီးရှို့ခံရ
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိ လ.ဝ.က ရုံးတွင် ယမန်နေ့ ညပိုင်း ၇ နာရီခန့် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုလုပ်နေစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်မှ မကြာခင်ပြုလုပ်မည့်…
Read More »