,
တပ်မတော် အာဏာသိမ်းပြီးနောက် ၁ ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသော ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးတချို့သည် ယနေ့ နေ့လည် ပြန်လည်လွှတ်မြောက်လာပြီဖြစ်သည်။ လက်ရှိအချိန် ဝန်ကြီးချုပ်သည် ဝန်ကြီးအိမ်ယာတွင် ပြန်လည်ရောက်ရှိနေပြီ ဟုလည်း သိရသည်။ [caption id="attachment_8435" align="aligncenter" width="1920"] ဖမ်းဆီးထိန်းသိမ်းခံရသောနေရာမှ အိမ်ယာပြန်လည်ရောက်ရှိလာသော ဝန်ကြီးချုပ် ဒေါက်တာခက်အောင်[/caption] (more…)
ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲစာရင်းမှားယွင်းမှုဖြစ်နိုင်သော စာရင်းများကို တပ်မတော်က ထုတ်ပြန်နေသည့်အပြင် ထပ်မံ စစ်ဆေးရန်လည်း တောင်းဆိုနေသည့် အချိန်ဖြစ်သည်။ (more…)
လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရသစ်ဖွဲ့စည်းရေး၊ လွှွတ်တော်အကြီးအကဲ ရွေးချယ်ရေးလုပ်ငန်း ပါဝင်မည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေး ပြန်လည်စတင်ရန် ကြေညာခဲ့သည့်အပေါ် ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲဖြစ်သည့်အတွက် ခေါ်ယူရန် မသင့်ကြောင်း ဝေဖန်မူများစွာရှိနေသည်။ (more…)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆင့်ဆင့်ညွှန်ကြားချက်အရ ဖားကန့်မြို့နယ်၏ ၂၀၁၅ မဲစာရင်းဟောင်းများကို ဇန်နဝါရီလ ၈ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲအရာရှိထံ မှ သိရသည်။ (more…)
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးလှသိန်း အပါအဝင် ၁၉ ဦးတို့ကို တိုင်ကြားထားသည့် တရားစွဲဆိုတိုင်ကြားချက်များအား လက်ခံရန် သင့်မသင့် လာမည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကနဦး ကြားနာဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။ (more…)
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းမပေါ်ရှိ ပြည်သူများသည် မြေယာပြသာနာနဲ့ ရင်ဆိုင်နေကြရသည်မှာ ဆယ်စုနှစ်တစ်ခု ရှိလာပြီဖြစ်သည်။ ဟူးကောင်းဒေသတစ်ခုလုံးအား စတုရန်းမိုင်ကီလိုမီတာ ၂၁၈၉၀ မိုင်အား ၂၀၀၄ ခုနှစ်တွင် ပြည်ထောင်စုအစိုးရမှ (WCF) ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ၂၀၀၄ ခုနှစ်မှ စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ (more…)
ရွေးကောက်ပွဲအနိုင်ရ NLD နှင့် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများ တွေ့ဆုံခဲ့သည့်အခြေအနေများ၊ ဖက်ဒရယ်တည်ဆောက်ရေးအတွက် အနာဂတ်အလားအလာများနှင့်ပတ်သက်၍ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒု-ဥက္ကဌ ၂ ဦးကွမ်ကရောင်အောင်ခမ်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။ (more…)
ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ နေရာများကို ပါတီတစ်ခုထဲကပဲ တာဝန်ယူခြင်းမဟုတ်ဘဲ ပါတီခြားမှခန့်အပ်ပေးရန် ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ NLD ပါတီနှင့် တိုင်းရင်းသားအနိုင်ရကိုယ်စားလှယ်များတွေ့ဆုံရာတွင် တင်ပြခဲ့သည်ဟု သိရသည်။ (more…)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပထမဆုံးအကြိမ် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည့်အစီစဉ်တွင် Party to Party တွေ့ဆုံခြင်းမဟုတ်ပဲ အနိုင်ရ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံခြင်းသာဖြစ်သည်ဟု သိရသည်။ (more…)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့်တွေ့ဆုံဆွေးနွေးသွားမည့်အစီစဉ်တွင် ပထမဆုံးအဖြစ် ကချင်ပြည်နယ်ကို လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ နေပြည်တော် NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ သိရသည်။ (more…)