ဆောင်းပါး

  • Mar- 2026 -
    3 March

    ငြိမ်းချမ်းရေးအတွက်လား စစ်တပ်အာဏာတည်မြဲရေးအတွက်လား

    ဆန်းစစ်ချက် ဆောင်းပါး အာဏာသိမ်းစစ်တပ် ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အတိုင်း မတ်လ ၂၀ ရက်နေ့မှာ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်တွေကို ပြန်ခေါ်ထားပါတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက်ဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေအတွက် မေးခွန်းများစွာ…

    Read More »
  • Feb- 2026 -
    25 February

    ကချင်ဒေသက စစ်ဘေးရှောင်များ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ

    “အခုဒီမှာ လုပ်ကိုင်စားသောက်ဖို့ နေရာမရှိတော့ အရမ်းခက်ခဲတယ်။ကလေးတွေကများ သက်ကြီးရွယ်အိုတွေနဲ့ဆိုတော့လေ” လို့ ဝိုင်းမော်မြို့နယ်စစ်ရှောင်းစခန်းတစ်ခု စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ်နောက်ပိုင်း စစ်ရှောင်ဦးရေ ၇၅၀,၀၀ ပေမယ့် လက်ရှိ ၂၀၂၆ ဇန်နဝါရီ ၂၆ ရက်အထိ ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေဟာ ၂၄၃,၂၀၀ ဦးထိ ရှိလာပြီလို့ ဖော်ပြထားပါတယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း စစ်ရှောင်ဦးရေ ၁၆၈၂၀၀ အထိသိသိသာသာတိုးလာခဲ့တာ ဖြစ်ပါတယ်။ အခုလို စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကလည်း အရေးပေါ်လိုအပ်လာပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်အတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး အထူးသဖြင့် ဝိုင်းမော်၊ ဖားကန့်၊ ဗန်းမော် စတဲ့ဒေသတွေမှာ ၂၀၂၄ မတ်လဝန်းကျင်ကစပြီး စစ်ရေးအရှိန်မြင့်လာတဲ့အတွက် ပြည်သူတွေ ထပ်မံတိမ်းရှောင်ခဲ့ရပါတယ်။  စစ်ရှောင်ခါစ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ အစားအသောက်၊ ကျန်းမာရေး အထောက်အပံ့ရခဲ့ပေမယ့် ၂၀၂၅ ဇန်နဝါရီလ မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရ လက်ထက် နိုင်ငံတကာအကူအညီတွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။  အဲဒီနောက် WFP ကနေပြီးတော့ ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံက လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေ ရပ်ဆိုင်းရတော့မယ်လို့ ၂၀၂၅ မတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီရရှိဖို့ အစစအရာရာ ပိုမိုခက်ခဲလာပါတယ်။  ဒါ့အပြင် စစ်ရှောင်နေတဲ့သူတွေအများစုဟာ လယ်သမားတွေဖြစ်ကြပေမယ့် လက်ရှိ တိမ်းရှောင်နေကြတဲ့ နေရာဒေသတွေမှာ လယ်လုပ်ငန်းလုပ်ဖို့ မြေလည်း မရှိသလို ကိုယ့်ရပ်ရွာပြန်ပြီး လယ်လုပ်ဖို့ကြပြန်ရင်လည်း လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကို ကြောက်နေရတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အခုဒီမှာက ကလေးတွေများတယ်၊ ကျောင်းတတ်တဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ ဖျားနာတာတွေရှိတော့ တောဘက်တော့ ပြန်မသွားနိုင်၊ ဒီမှာလုပ်ကိုင်စားသောက်ဖို့ နေရာမရှိတာကြောင့် အရမ်းခက်ခဲနေတယ်”လို့ ဆိုပါတယ်။ ခုလို အခြေအနေတွေကြောင့် လက်ရှိစစ်ရှောင်နေတဲ့ ပြည်သူတွေဘဝဟာ ပိုပြီး ကြပ်တည်းလာနေပါတယ်။  ဒါ့အပြင် လူဦးရေသိပ်သည်းစွာနဲ့နေထိုင်နေရတဲ့စစ်ရှောင်တွေဟာ မိုးရာသီဆိုရင်လည်း ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းလျှောဝမ်းပျက် ရောဂါတွေ ပိုများပြီး ကာကွယ်ဆေးမရှိတာကြောင့် ကိုယ်ထူကိုယ်ထ ကုသနေရတာ ဖြစ်ပါတယ်။  ကချင်ကျန်းမာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ ပြောကြားချက်အရ စစ်ရှောင်ပြည်သူတွေဟာ နိုင်ငံရေးအခြေအနေကြောင့် ကူညီပေးနိုင်မှု ၂၀၂၃ အကုန်လောက်မှာ ပိုခက်လာပြီး အစိုးရအဖြစ် စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေတယ်လို့ ဆေးဝါးလိုက်လံကုသနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “ဆေးဝါးကုသရာမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်တယ်။ ပြည်သူတွေကို ဆေးဝါးသယ်ယူပို့ဖို့ခက်၊ လိုက်လံကုသဖို့ခက်နေတယ်။ ရှိသေးတဲ့ ဆေးဝါးတွေကို အချင်းချင်းကူညီပြီး ကုသတာလွဲပြီး မကျန်တော့ဘူး။ ဒါကြောင့် အချင်းချင်း ကူညီမှု အရေးကြီးတယ်”လို့ပြောပါတယ်။ စစ်ရှောင်စခန်းအများစုမှာ သာမန် ရောဂါတွေကို ကုသနိုင်ပေမယ့် ဝမ်းပျက်၊ ငှက်ဖျား၊ တုပ်ကွေး၊ အဆုတ်တီဘီလို ဝေဒနာရောဂါတွေကို ကုသဖို့ ပိုခက်လာနိုင်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ကြော့ပြန်တိုက်ပွဲကနေ ၁၀ နှစ်ကျော် စစ်ရှောင်နေခဲ့သူတွေလည်း နေရပ်ပြန်ပြီး အခြေချရန် အခက်တွေ့နေကြပါတယ်။ တစ်ကြော့ပြန် စစ်ရှောင်ဒုက္ခသည် ပြည်သူတွေအကြောင်း ပြောပြရမယ်ဆိုရင် ကချင်လွတ်လပ်ရေးတပ်မတော် စကစ ဗိုလ်ချုပ်ဦးနေဝင်းလက်ထက် ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ စကစတို့အကြား ၁၉၉၄ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ဟာ စကစဘက်က ကေအိုင်အေကို နယ်ခြားစောင့်တပ်အနေနဲ့ အသွင်းပြောင်းဖို့ ဖိအားပေးရာကစပြီး  ပျက်စီးလာခဲ့တာ ဖြစ်ပါတယ်။…

    Read More »
  • 19 February

    ၃၈ မိုင်မြစ်ရိုးပေါ်က ရွှေတူးဖော်မှုနဲ့အာဏာဆက်စပ်မှု

    ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့၏ အထင်ကရ ဗလမင်းထင်တံတားအောက်မှ မြင်ကွင်းသည် စစ်ဘေးနှင့် စားဝတ်နေရေး အကျပ်အတည်း၊ တရားဥပဒေနှင့် နည်းလမ်းကျ တာဝန်ယူပေးမည့် အစိုးရမရှိပုံကို ဖော်ပြနေသည့် ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။ မြစ်ကြောင်း ရှင်းလင်းရေး၊ မြစ်ကမ်း နဘေးရေကာတာ တည်ဆောက်ခြင်း၊…

    Read More »
  • 7 February

    မြေရှားကြောင့် ဆိတ်သုဉ်းလာတဲ့ဒေသခံဘဝများ

    “ဒီကထွက်တဲ့ရှောက်ကောတွေ စျေးနှိမ်တယ် တစ်ချို့ဆိုဝယ်တောင်မဝယ်ကြဘူး” လို့ လုတ်ဝမ်ရွာခံ ဦးဝူလေး (အမည်လွှဲ) ကပြောပါတယ်။ ချိီဖွေမြို့ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ လုတ်ဝမ်ကျေးရွာဟာ တောတောင် လျှိုမြှောင်တွေကြား၊ တောင်စောင်းပေါ်မှာတည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ကချင်မျိုးနွယ်စုထဲက လီဆူမျိုးနွယ်စုဝင် ၄၉ အိမ်ထောင်စုနေထိုင်တဲ့ ဒီရွာမှာ ရှောက်ကောနဲ့သစ်ကြားသီးကို အဓိကအသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အေးမြခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာကြောင့် အခြားစားပင်၊ သီးပင်စိုက်ပျိုးလို့ မရနိုင်တဲ့ ဒီဒေသမှာ ရှောက်ကောနဲ့ သစ်ကြားသီးဟာ ဒေသခံတွေအတွက် “ရွေးချယ်စရာ” မဟုတ်ဘဲ “မဖြစ်မနေ” စိုက်ပျိုးကြရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေခံအသက်မွေးဝမ်းကျောင်းတွေဟာ ၂၀၁၅ ခုနှစ်ဝန်းကျင်က စတင်လာတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ကြောင့်တဖြည်းဖြည်း ခြေချော်ကျလာနေပါတယ်။ တောင်တန်းတစ်ခုမကျန် မြေရှားတူးဖော်(၂၀၂၅ ခုနှစ်…

    Read More »
  • Jan- 2026 -
    29 January

    နာဂလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပဋိပက္ခနှင့် နာဂဒေသရဲ့ လားရာ

    ကချင်ပြည်နယ်အနောက်ဖက် အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်ခွဲမှာ နှစ်ဆန်းပိုင်းက စတင်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K (ယုန်းအောင်) အဖွဲ့နဲ့ NSCN-K အန်းမိုင်း အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားလာပါတယ်။ ဇန်နဝါရီ (၉) ရက်နေ့ ပန်ဆောင်မြို့နဲ့ သုံးမိုင်ကျော်ဝေးတဲ့ ခမ္မတိုင်ကျေးရွာ၊ ဇန်နဝါရီလ ၁၂ ရက်နေ့ တကားကျေးရွာ နဲ့ နာမ်ဖာကျေးရွာကြားတို့မှာ အသီးသီး ဖြစ်ပွားခဲ့တာပါ။ ပထမအကြိမ် ဖြစ်ပွားခဲ့တဲ့ ခမ္မတိုင်ကျေးရွာတိုက်ပွဲမှာ NSCN-K အန်းမိုင်းအဖွဲ့က နှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။…

    Read More »
  • Dec- 2025 -
    3 December

    စွန့်ပစ်ပစ္စည်းဖြင့် ဖက်ရှင်ဖန်တီးသူဖြစ်လာတဲ့ မဆိုင်းအောန်

    မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ ထားတတ်ကြပါတယ်။ ဖျော်ဖြေရေး မီဒီယာတွေက မသန်စွမ်းသူတွေကို သနားစရာအဖြစ်သော်လည်းကောင်း၊ ရယ်စရာအဖြစ်သော်လည်းကောင်း ပုံဖော်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုလွှမ်းမိုးနေတဲ့ အယူအဆတွေကို ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ချေဖျက်ပစ်လိုက်တဲ့…

    Read More »
  • Nov- 2025 -
    16 November

    အောင်လအင်ဆန်၏ Hall of Fame ခရီးလမ်းက မြန်မာ့တိုက်ခိုက်ရေးအနာဂတ်ကို မည်သို့ ပြောင်းလဲစေခဲ့ပါသလဲ

    “မြန်မာနိုင်ငံ၊ ကမ္ဘာ့ချန်ပီယံတစ်ယောက် ရှိတာဘယ်လိုခံစားရသလဲ?”

    Read More »
  • Oct- 2025 -
    23 October

    ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    အောက်တိုဘာလဟာ ရက်စက်မှု‌အပေါင်းသရဖူ‌ဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့…

    Read More »
  • 8 October

    လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ

    “KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။  ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။

    Read More »
  • 7 October

    စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်

    သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။…

    Read More »
Back to top button