ဆောင်းပါး
-
Oct- 2025 -8 October
လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ
“KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။ ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။
Read More » -
7 October
စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်
သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။…
Read More » -
Sep- 2025 -25 September
မြစ်ကြီးနားမြို့ရဲ့ မူးယစ်ဆေးဝါးဈေးတန်းအကြောင်း တစ်စေ့တစောင်း
“ရောင်းတဲ့သူတွေမှာ ဖြေဆေးရှိပြီးသား ရှော့ဖြစ်ပြီဆိုတာနဲ့ သူတို့ဆီကပါတဲ့ဆေးထိုးပေးလိုက်တာ” ဒါကတော့ ဘိန်းဖြူထိုးလို့ ရှော့ဖြစ်ရင်တောင် ဖြေဆေးကို အထူးဝန်ဆောင်မှုအနေနဲ့ထိုးပေး နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နဲ့ခေမာသီရိရပ်ကွက်က အခြေနေကို ရပ်ကွက်နေ ပြည်သူတစ်ဦး ပြောတာပါ။ အာဏာသိမ်းပြီး ၄ နှစ်နဲ့မှ…
Read More » -
Aug- 2025 -27 August
စစ်ရေးအရှိန်ပိုပြင်းထန်လာတဲ့ ဖားကန့်ဒေသ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ
စစ်တပ်အာဏာပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ်ရဲ့ အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားထောင်ချီဖြည့်တင်းနေရာယူလိုက်ပြီးနောက် ဖားကန့်ပြည်သူတွေကြား စစ်ရေးစိုးရိမ်မှုဟာ တစ်ထစ်တိုးလို့လာပါတယ်။ လတ်တလော ဖားကန့်ဒေသထဲကို ဝင်ရောက်ထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ လက်လွတ်လိုက်ရတဲ့နေရာတစ်ချို့ပြန်ရဖို့နဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် ကားမိုင်း…
Read More » -
Jul- 2025 -25 July
ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်လမ်းပိုင်းပိတ်ဆို့မှုအပြင်းအထန်လုပ်ဆောင်နေ
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကစလို့ စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် ဝေဟင်လေကြောင်းအကူနဲ့အဆက် မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး တန်ပြန်ထိုးစစ်ဆင်နေတာ ခုဆိုနှစ်လကျော်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။
Read More » -
Mar- 2025 -24 March
အခွန် စနစ်တကျကောက်ခံဖို့ ဖားကန့် ပြည်သူများ တောင်းဆို
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အခွန်ကောက်ခံရာမှာ ပွင့်လင်းမြင်သာမှု နဲ့ စနစ်တကျဖြစ်မှုကို စံထားဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ လက်ရှိ ဖားကန့်ဒေသတွင်း KIO ကောက်ခံနေတဲ့ အခွန်အမျိုးအစားတွေထဲမှာ ကွမ်းယာဆိုင် ၊ စျေးဆိုင်၊…
Read More » -
7 March
တအောင်း(ပလောင်) နဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် သည်းခံဖို့လိုတယ်လို့ KIO ပြော
တအာင်း (ပလောင်) နဲ့ ကချင်မျိုးနွယ်စုဆိုတာ ရှေးယခင်က အတူယှဉ်တွဲနေထိုင်လာပြီးတော့ တော်လှန်ရေးခရီးကို အတူလက်တွဲ လုပ်ဆောင်ခဲ့ကြတာကြောင့် မျိုးနွယ်စုအချင်းချင်း ပဋိပက္ခတွေ ဒီထက် မကြီးထွားလာစေဖို့ သည်းခံခြင်းနဲ့ သွားရမယ်လို့ KIO ဘက်က ပြောဆိုပါတယ်။ ရှမ်းမြောက်၊ ကချင်ဆပ်စတိတ် ( Kachin Substate) မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့…
Read More » -
Feb- 2025 -24 February
စစ်ကိုင်း – ကချင်အစပ် က KIA နဲ့ PDF တပ်စခန်းတွေ လက်လွှတ်နေရတာ ဘာကြောင့်လဲ
စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဲ့ ဗန်းမောက်မြို့နယ်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း တစ်ခု နဲ့ ၂နှစ်ကျော်ကြာ အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို သုံးရက်အတွင်းမှာပဲ လက်လွတ်လိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ အင်းတော်မြို့နယ်ထဲက ကာကင်းစခန်းတစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ…
Read More » -
Jan- 2025 -31 January
ကြွေလွင့်သွားသော ပန်ကလေးများ၏ ဥယျာဉ်မှူး
“ဆရာရေ ကျနော်တို့ဘယ်လိုဖြေသိမ့်ရမှာလဲ” ဆိုတဲ့အသံနှင့်အတူ တဟင့်ဟင့် ရှိုက်သံ တငင့်ငင့် ငိုညည်းသံများ ကြားနေရ သည်။ အသက် ၃၀ ကျော်အရွယ် အမျိုးသားနှင့်အမျိုးသမီး ၆ ယောက်ခန့် ယူကြုံးမရ ငိုညည်းနေကြခြင်း ဖြစ်သည်။ “သားတို့ရေ ဖြေသိမ့်ကြနော်…သားတို့လည်း ပင်ပန်းလာပြီ ” ဟု…
Read More » -
Dec- 2024 -6 December
အခက်ခဲကြား ရုန်းကန်နေကြတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းသမားများဘဝ
“လစာမှန်လည်း မမှန်လည်း နှစ်သိမ့်ပြီးတော့ နေနေရတာ အချိန်တန်လို့ သုံးလေးလလောက်စုပြီး ကိုယ်လစာရလာတဲ့အခါကျတော့ ကိုယ်ကချေးငှားစားထားတော့ပိုက်ဆံကမကျန် ပိုက်ဆံအကြောင်းလည်းနားမလည်တော့ ထမင်းစားရရင်ပြီးရောဆိုပြီးနေခဲ့တာ”လို့ဆိုပါတယ်။
Read More »









