လူ့အခွင့်အရေးချိုးဖောက်မှု

  • Aug- 2024 -
    27 August

    မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ

    မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    Read More »
  • 16 August
    Sabyit

    စစ်တပ်စခန်း ၂ ခုလက်လွတ်လိုက်တဲ့နောက် မနမှော်ရွာမှာ စစ်တပ်က တပ်စွဲနေရာယူ

    မနမှော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားကန့်ကနေ  ၁၅ မိနစ်ဝန်းကျင်သွားရတဲ့နေရာမှာရှိပြီး စစ်တပ်အနေနဲ့ ခုလို မနမှော်ကျေးရွာမှာ တပ်စွဲလိုက်တာဟာ KIA/KPDF ပူးပေါင်းတပ်က ဗျူဟာကုန်းကို ဝင်တိုက်မှာစိုးတာကြောင့် ရှေ့တန်းကာကင်းစခန်းအနေနဲ့ တပ်စွဲလိုက်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

    Read More »
  • 7 August

    ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆ ဦးအထိရှိလာ ဆိုင်ပေါင်း ၄၀၁ ခန်းမီးလောင် ပျက်ဆီး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၆ ဦးအထိရှိလာပြီး မြို့မဈေးက ဆိုင်ခန်းပေါင်း ၄၀၁ ခန်းမီးလောင်ပျက်ဆီးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က သတင်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့မဈေးနဲ့ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုက ဒေသခံတွေ အတွက် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “သက်ရောက်မှုကတော်တော်ကြီးတယ်။ အခုလောလောဆယ်ထိတော့ဈေးလည်းသွားမရောင်းရဲသေးဘူး။ အခုလောင်တဲ့နေရာတွေက တန်ဖိုးကြီးပစ္စည်းတွေရောင်းတဲ့ဆိုင်တွေများတယ်။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ကွတ်ခိုင်မြို့ခံတွေအားထားရာ မြို့မဈေးမှာ ဗုံး၂လုံး၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ဂေါ်ရခါးဘုရားကျောင်း အနီးတစ်ဝှိုက် ၄ လုံး နဲ့ ရပ်ကွက်၃ တာမိုးညဲလမ်းဘေး၌ ၁ လုံး ပေါင်၅၀၀ ဗုံးတွေပဲ ၇လုံးတိတိကြဲချခဲ့တာ ဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA ဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ဒီလုပ်ရပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်ပဲ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်လို့ မနေ့ကပဲ KNG ကိုပြောဆိုထားပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းကစလို့လက်ရှိအချိန်ထိတော့ အဲ့ဒီအနီးတစ်ဝှိုက် လူသူအသွား အလာကင်းမဲ့သွားပြီလို့ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဈေးနားတစ်ဝှိုက်ကတော့တစ်ချို့ရှောင်ကြပြီ တစ်ချို့တော့ပစ္စည်းတွေရွှေ့ပေါ့။ မြို့ကတော့ တော်တော် လေး ပြန်ခြောက်ကပ်သွားပြီ။ ဆိုင်တွေလည်းမဖွင့်ကြဘူး”လို့ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ်‌ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချ ကြောင်းထုတ်ပြန်ချက်ထုတ်ထားသလို တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာကိုလည်း စစ်တပ်ရဲ့ကျူးလွန်မှု တွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုထားခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးပြုလုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု ISP Myanmar က ဩဂုတ်လ ၅ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 6 August

    ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုဟာ အရပ်သားပစ်မှတ်လို့ TNLA ပြော

    သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အမျိုးသမီး၂ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရတာ လို့ မလွေးယေဦးကအတည်ပြုပါတယ်။

    Read More »
  • Jul- 2024 -
    19 July

    သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

    လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။   

    Read More »
  • 10 July

    လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး

    “ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူး”လို့ပြောပါတယ်။

    Read More »
  • 5 July

    လားရှိုးမြို့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု ၁၃ ဦးအထိရှိလာ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃ ဦးအထိရှိလာပြီလို့ တအာင်း တပ်မတော် TNLA သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နဲ့ မနေ့ကအထိ နှစ်ရက်အတွင်း မိသားစု ၆ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပါအဝင် ကလေးငယ် နဲ့အမျိုးသမီးတွေပါသေဆုံးခဲ့ရပြီး နှစ်ရက်အတွင်းမှာပဲ သေဆုံးသူက ၁၃ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ TNLA ရဲ့သတင်းထုတ်ပြန်ချက်တွေအရ လားရှိုးမြို့နယ်ထဲက ရပ်ကွက် ၁၊ရပ်ကွက် ၉၊ နမ့်ပေါင်ရွာ၊ ရပ်ကွက် ၁၁ နဲ့ ရပ်ကွက် ၅ တို့က ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ မနေ့က မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရပ်ကွက် ၉ က…

    Read More »
  • 3 July

    လားရှိုးမှာ လက်နက်ကြီးကျပေါက်ကွဲလို့ မိသားစုဝင် ၆ ဦးသေဆုံး

    ရှမ်းမြောက် လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မိသားစု ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၃ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့ ရပ်ကွက်(၁)ဗျူဟာလမ်းထဲက နေအိမ်တစ်အိမ်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီး ၂ ဦး၊ ကလေး ၃ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ အိမ်နီးချင်းက ဒေသခံတွေဆီကနေ သိရပါတယ်။ “လက်နက်ကြီးသံတွေပဲ ကြားနေရတယ်။ ဒီမနက်တော့ ဘယ်ကပစ်လိုက်တဲ့လက်နက်ကြီးလည်း မသိဘူး အိမ်တစ်အိမ်မှာလာကျပြီး မိသားစု ၅ ဦးသေဆုံးသွားတာ။ လက်နက်သံတွေ ဆိုးဆိုးရွားရွားမြည်လာတော့ အိမ်နဲ့လည်းအရမ်းနီးတာနဲ့ ကျမတို့လည်း ကတုတ်ကျင်းထဲပဲပြေးဝင်နေချိန် အိမ်နားကပဲ အဲလိုဖြစ်သွားတာ။” လို့ အနီးနားရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ သေဆုံးသွားသူ မိသားစုမှာ မုဆိုးမဖြစ်သူ ဒေါ်မခေါ်မာဂျီနဲ့ သားကြီး ဇနီးမောင်နှံအပြင် သားငယ်တစ်ဦး နဲ့ အိမ်မှာကျောင်းလာတက်ရင်းနေနေတဲ့ ကလေး ၂ ဦး  စုစုပေါင်း ၆ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းကိုတော့ အသင်းတော်အဖွဲ့အစည်းက ဘုရားကျောင်းကိုသွားရောက်သယ်သွားခဲ့ပေမယ့် အလောင်းကိုစစ်ဆေးရမယ်လို့ဆိုကာ လူမှုကူညီရေးအသင်းပြန်လာသယ်ယူပြီး လက်ရှိရင်ကွဲရုံကိုပြန်ပို့ထားတယ်လို့ သိရပါတယ်။ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား မနေ့ည သန်းခေါင်ချိန်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်တယ်လို့ဆိုပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဘက်က လားရှိုးမြို့ပတ်ပတ်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လားရှိုးမြို့ထဲကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု ပြေးမယ်ဆိုလည်း ဘယ်ကိုပြေးရမှန်းမသိနေဘူး။ ဘာကြောင့်ဆို ကွတ်ခိုင်ဘက်လမ်းလည်း တူးဖော်ဖြတ်တောက်ထားတယ်။ တန့်ယန်းလမ်းတစ်ခုပဲပေါက်တာလည်း ဒီမနက်ကပဲ တံတားထိထားတယ်ကြားတယ်။ မြို့အပြင်ထွက်ဖို့ လမ်းမတွေ့တော့ဘူး။ အခုလောလောဆယ်က ကိုယ့်အိမ်ဝင်းထဲက ကတုတ်ကျင်းတွေမှာပဲ ခိုလှုံနေကြရတယ်။”လို့ လားရှိုးဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ကျော်လောက်ကစပြီး လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေကြား စစ်ရေးတင်းမာလာတာဖြစ်ပြီး စစ်တပ်ဘက်က လားရှိုးမြို့ကို ဝင်တဲ့အထက်ပိုင်းလမ်းကြောင်းအားလုံးကို ဘတ်ဖိုးနဲ့တူးကာ လမ်းတွေဖြတ်တောက်လိုက်တာဖြစ်ပါတယ်။  ၁၀၂၇ စစ်ဆင်ရေးပြီးနောက် တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ညီနောင်မဟာမိတ်တွေရှိတဲ့ဘက်ကို လက်နက်ကြီးအပါအဝင်လေကြောင်းနဲ့အကြိမ်ကြိမ်လာရောက်ပစ်ခတ်တာတွေ ပြုလုပ်တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းတစ်ဖန်ပြန်လည် စတင်နေတာဖြစ်ပါတယ်။ By –…

    Read More »
  • Jun- 2024 -
    26 June

    ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းခန့် ဖားကန့် မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ  ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်ထဲ ကျမှန်ပေါက်ကွဲခဲ့ရာ ဘုန်ကြီးကျောင်းအနီးတဝိုက်က လက်ဖက်ရည်ဆိုင်နဲ့ရွှေပန်းတိမ်ထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးမှာကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးရှိခဲ့တယ်လို့ ဖားကန့် ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “လက်နက်ကြီးက စိန်မြသုခဘုန်းကြီးကျောင်းဝင်ထဲမှာကျကွဲတော့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ကောင်လေးတစ်ယောက်က လက်တစ်ဖက်ကျိုးသွားတယ်။ ဆိုင်မှာလာထိုင်နေတဲ့ တစ်ယောက်ကပွဲချင်းပြီး သေဆုံးသွားတယ်။ ရွှေဆိုင်က ပန်တိမ်ဆရာတစ်ယောက်လည်းထိသွားတယ်”လို့ပြောပါတယ်။ အလားတူဘဲ ဖားကန့်စစ်တပ်ကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ရှမ်းကုန်းရပ်ကွက် နေအိမ်တစ်အိမ်မှာလည်း တစ်လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ကရင်ကောင်လေးတစ်သီးလည်း ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပေမယ့် ရှမ်းကုန်းဘက် လမ်းတွေပိတ်ထားတာကြောင့် ဆေးကုသဖို့ခက်ခဲနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက် စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဆိုင်းတောင်ကျေးရွာအနီးတဝိုက်ပတ်ပတ်လည်မှာ သုံး၊ လေး နေရာလောက်မှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် စုစုပေါင်း အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ စားပွဲထိုးနဲ့ ရွှေပန်တိမ်ဆိုင်ကတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့တွက် ဆေးကုသခံယူနေပြီး ရှမ်းကုန်းဘက်က အမျိုးသားကတော့ ဆေးကုသခွင့်မရသေးဘူးလို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်အထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေသေးတာကြောင့် လက်နက်ကြီး ထိမှန်သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူတွေရဲ့ အချက်အလက်အသေးစိတ်ကို သိရှိဖို့ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဖားကန့် ဆိုင်းတောင်နဲ့ လုံးခင်းကျေးရွာတွေမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး စစ်တပ်ဘက်က ကျေးရွာအနီးတဝိုက် စစ်အင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်း စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် ဆိုင်းတောင်အနီးတဝိုက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး KIA ပူးပေါင်းတပ်တွေရှိတဲ့နေရာဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာ နှစ်ရက်ဆက်တိုက်ရှိပြီလို့ သိရပါတယ်။ တစ်ဖက်မှာ KIA ပူးပေါင်းတပ်တွေဘက်ကလည်း စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားသွားလာလို့မရအောင် စစ်တပ်ရှိတဲ့နေရာတွေဘက်ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နဲ့ နီးတဲ့ ကျေးရွာတွေမှာ စစ်တပ်ဘက် အခုလိုစစ်ရေးလှုပ်ရှားလာပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုရက်ပိုင်းအတွင်း အင်းတော်ကြီးဒေသ နဲ့ ဖားကန့် အစပ် ဝှေခါလမ်းတစ်ကြော စစ်တပ်နဲ့ ရှမ်းနီးပြည်သူ့စစ်တပ်စခန်းတွေကို KIA တပ်တွေ တိုက်ခိုက်သိမ်းပိုက်တာတွေရှိနေတာကြောင့် လုပ်ဆောင်လာတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “ဆိုင်းတောင်အနီးတဝိုက်မှာလည်း KIA တပ်တွေပုံမှန်ရှိတယ်လေ။ စစ်တပ်က စစ်ကြောင်းသွားလာတာတွေရှိလာတော့ ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့သဘောပါ။ အဲကြောင့် လက်နက်ကြီးတွေ ပစ်နေတာ။ အခုထိလည်းပစ်နေတုန်း တစ်ညလုံးလည်းပစ်တယ်။ အခုတလော မိုးညှင်း – အင်းတော်ကြီးဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတော့ စစ်တပ်က ခြေဆွဲတဲ့ ပုံစံနဲ့ စစ်ရေးလှုပ်ရှားလာတာလို့မြင်တယ်။ အရမ်းကြီး သွားလာဖို့လည်း အင်အားတော့မရှိဘူး။ ပြည်သူတွေရှိတဲ့ နေရာတွေမှာ အကာအကွယ်ယူပြီးတော့ သွားလာနေတာဟုတ်”လို့ပြောပါတယ်။ မနေ့က ဇွန်လ ၂၅ ရက်နေ့မှာလည်း ဖားကန့် ဗျူဟာကုန်းက တစ်ရက်လုံး လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လုံးခင်းရပ်ကွက် ကျောက်စိမ်းပြတဲ့ စျေးတန်းအနီးက နေအိမ်တစ်ခုမှာ လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မတ်လလောက်အထိ KIA က စခန်းသိမ်းတိုက်ပွဲတွေဖော်ခဲ့တာဖြစ်ပေမယ့်  ၂ လကျော်လောက်အထိ တိုက်ပွဲတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။ နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 25 June

    စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ အင်းတော် နားခါးရွာသားတစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နားခါးကျေးရွာသားတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့ကြောင်းသိရပါတယ်။ အင်းတော်မြို့အပြင်ဘက် နဘားလမ်းဆုံအနီး(ဒေသအခေါ် ) ဂျပန်လိုင်ဂူထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၂၄ ရက်နေ့ ည ၉နာရီအချိန်မှာ…

    Read More »
Back to top button