စစ်ပြေးဒုက္ခသည်များ
-
Jun- 2024 -25 June
ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။ “ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ ၄ သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။ By – အမိုး
Read More » -
24 June
ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ
ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့်ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင်တောင်ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။ လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်…
Read More » -
21 June
နေရပ်ပြန်လာကြပြီဖြစ်တဲ့ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေ
တိုက်ပွဲကြောင့် သုံးလဝန်းကျင်လောက် တောတွင်းနေရာတွေမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဆွမ်ပရာဘွမ့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြပြီး တိုက်ပွဲအတွင်းထိခိုက်ပျက်စီးမှုများတာကြောင့် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေ အိမ်ထောင်စုအားလုံးနီးပါခန့်က မြို့ထဲကို ပြန်ဝင်လာကြပြီး လက်ရှိမှာ မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီလို့…
Read More » -
19 June
ဝါးရှောင် စစ်ရှောင်ပြည်သူတွေ ငှက်ဖျားရောဂါဖြစ်နေပြီး ဆေးဝါးအကူညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဒေသခံပြည်သူတွေ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။ ဝိုင်းမော်– ဆဒုံး– ချီဖွေသွားလမ်းမပေါ် ၁၃ မိုင်ဂိတ်နဲ့အနီးဆုံးမှာရှိတဲ့ ဝါရှောင်ကျေးရွာ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောတောင်တွေနဲ့ နီးစပ်ရာနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ တောတောင်တွေမှာ ခက်ခက်ခဲခဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ နေရာထိုင်ခင်းမလုံလောက်မှု၊ အမိုးအကာမလုံလောက်တာတွေရှိနေတာကြောင့် ငှက်ဖျားရောဂါတွေလည်း အဖြစ်များနေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးကခုလိုပြောပါတယ်။ “တောမှာဆိုတော့ မိုးကာတွေလည်းမလုံ ငှက်ဖျားပိုးစစ်လိုက်လို့ရှိရင်လည်း အောင်တဲ့သူတွေဘဲ ဖြစ်နေတယ် မိသားစု ၅ယောက်မှာ ၂ယောက်ကပိုးရှိနေတယ်။ ဒါကြောင့် ကျွန်မတို့အတွက် မျှော်လင့်ချက်ကတော့ ဇီးရိုးအခြေအနေမှာ ရောက်နေတယ်”လို့ ပြောပါတယ်။ ဝါးရှောင်ရွာအထက်မှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်စခန်း ဆဒုံး၊ချီဖွေကနေ ဝိုင်းမော်မြို့ထဲဝင်တဲ့တစ်ခုတည်းသော စစ်တပ်ဂိတ်စခန်းဖြစ်ပါတယ်။ အဲဒီဂိတ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့နေ့ကစပြီး စစ်တပ်နဲ့ KIA တပ်တို့အကြား ဒီကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်တပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာတွေလည်း ရှိနေတာကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်ခဲ၊လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မြို့ပေါ်တက်ပြီး ဆေးဝယ်ယူဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ ဝါးရှောင်ဒေသခံတွေဟာ ကိုယ်နည်းကိုယ်ဟန်နဲ့ နီးစပ်ရာနေရာဒေသတွေဆီ တစ်ကွဲတစ်ပြားထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက် တခြားစစ်ရှောင်တွေလို အကူအညီတွေရရှိဖို့လည်း ခဲယဉ်းနေတာကြောင့် တတ်နိုင်သူတွေအနေနဲ့ ဆေးဝါးကူညီထောက်ပံ့ပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။ တစ်ဖက်မှာလည်း ဒေသခံတွေဟာ ဒီနှစ်အတွက် မိုးစပါးမစိုက်ပျိုးနိုင်တဲ့အတွက် လာမယ့်နှစ်မှာ အငတ်ဘေးကြုံရမယ့်အခြေနေမှာလည်း ရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ပြည်သူတွေအတွက်တော့ စိတ်ပင်ပန်းတာကလွဲ တခြားဘာမှ မပြောပြတတ်တော့ဘူး နောင်နှစ်အတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူးပေါ့”လို့ ဝါးရှောင် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။ ဝါးရှောင်ကျေးရွာက ဒေသခံပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၁၇၇ ဦး၊ မ ၂၂၇၃ ဦး၊ လူဦးရေစုစုပေါင်း ၄၄၅၀ ဦး နေထိုင်တဲ့ ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ မြို့နဲ့အနီးတစ်ဝိုက်ရောက်လာပြီး မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၃၂၁ ကိုသိမ်းပိုက်လိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာအားလုံးနီးပါးနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ မြို့ဧရိယာထက် ကျေးလက်ဧရိယာအများဆုံးဖြစ်ပြီး ရွာပေါင်း ၂၀၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တစ်ခုဖြစပြီး ဒေသခံပြည်သူအများပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။ By – Hope
Read More » -
18 June
ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာမြေပြိုပြီး နေအိမ်၂လုံးပျက်စီး
KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အထက် ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာမြေပြိုကျပြီး စစ်ရှောင်နေအိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက KNGကို ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဇွန်လ ၁၇ ရက် မနက် ၁၁ခွဲဝန်းကျင် ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာ မြေကမ်းပါးပြိုကျခဲ့တာကြောင့် ဦးရှန်တိန့်လ( Shangting La) အိမ်နဲ့ ဦးမုတ်ရေခေါင်ဒေါင်(Mukyin Hkawng Dau) တို့ အိမ်နှစ်အိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နေအိမ်တွေထိခိုက် ပျက်စီးတာတွေဖြစ်သွားပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတော့ မရှိခဲ့ဘူးလို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “လူကတော့ ထိခိုက်ဖို့နည်းနည်းဘဲလိုတယ် ဦး ရှန်တိန့်လ( Shangting La) လဲနေတဲ့ ခုတင်ဘေးနားက နံရံမှာလာထိ ခုတင်တောင် ရွေ့သွားတယ်”လို့ ဆိုပါတယ်။ မြေကြီးပြိုကျလာတဲ့အချိန် ဦးရှိန်းတိန့်လ (Shingting La) နေအိမ်မှာရှိနေတာဖြစ်ပြီး အိမ်ထရံဘဲ ပျက်စီးသွားတဲ့အတွက် လူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ သို့သော် ဦးမုတ်ရေခေါင်ဒေါင်(Mawye Hkawng Dau) ရဲ့ နေအိမ်နဲ့ မီးဖိုချောင်အကုန်လုံး ပျက်စီးသွားပြီး လူမရှိတဲ့ချိန် ပြိုကျခဲ့တာလို့ ဆိုပါတယ်။…
Read More » -
17 June
နောင်ဟီးကျေးရွာ စစ်ရှောင်များဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီတွေလိုအပ်နေတယမ်လို့ နောင်ဟီးစစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ နောင်ဟီးကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ သောက်ရေသုံးရေတွေခက်ခဲနေတဲ့အတွက် ဧရာဝတီမြစ်ရေကိုသာအသုံးပြုနေရပေမယ့် မြစ်ရေလည်း မသန့်ရှင်းတာကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတယ်လို့ နောင်ဟီးကျေးရွာ က စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “အသက်အရွယ်မရွေး ဖြစ်နေတာဟုတ်တယ် လူတစ်ထောင်လောက်ရှိတဲ့ထဲမှာ သုံးပုံတစ်ပုံလောက်က ဝမ်းလျှောနေကြတယ် အချို့ အရမ်းဆိုးပြီး မြစ်ကြီးနားဆေးရုံကြီး ပို့လိုက်ရတာက သုံးယောက်လောက်ရှိတယ်”လို့ ဆိုပါတယ်။ နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူတွေဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပြီး လက်ရှိ ဝိုင်းမော်မြို့နယ် အင်ဂန်း (Ngang) ကျေးရွာမှာ သွားရောက်ခိုလုံနေတာဖြစ်တယ်လို့ သိရပါတယ်။ အင်ဂန်ကျေးရွာရောက်နေတဲ့ စစ်ရှောင်တွေနေထိုင်ဖို့အတွက် အဆောင်တွေဆောက်ထားပေမယ့်လည်း အိမ်သာနဲ့ ရေတွင်းတွေဆောက်လုပ်နေဆဲဖြစ်တာကြောင့် ရွာမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေမှာဘဲ လူခွဲပြီးနေနေကြတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ရေကိုသာ သောက်ရေ၊သုံးရေအဖြစ်အသုံးပြုဖို့ ကျိုချက်ပြီးအသုံးပြုနေတဲ့ကြားက ဝမ်းပျက်ဝမ်းလျှောဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဝမ်းပျက်ဝမ်းလျှာ ရောဂါဖြစ်ပွားတာနဲ့ ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှ တော့ အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေဟာ သောက်ရေသုံးရေ မသန့်ရှင်းတဲ့အတွက် ဖြစ်ပွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် မြစ်ရေတွေကို ကျိုချက်လိုက်တဲ့အခါ ရေထဲမှာပါတဲ့ ရောဂါပိုးတွေကို သေစေနိုင်ပေမယ့်လည်း ရေထဲမှာပါတဲ့ ဓာတုအဆိပ်ကိုတော့ မပျောက်ပျယ်နိုင်ဘူးလို့ ပြောပါတယ်။ အခုလို မြစ်ရေထဲမှာ ဓာတုအဆိပ်တွေ များပြားနေတာဟာ ရွှေတူးတဲ့အခါ အသုံးပြုတဲ့ ပြဒါးတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကောင်းမွန်ပြီး သန့်ရှင်းတဲ့သောက်ရေသန့်ကို ရရှိဖို့အတွက် ကျောက်မီးသွေး၊ကျောက်ခဲ ၊သဲကျောက်၊ သဲ နဲ့ဖွဲကြမ်းလို ဟာမျိုးတွေကို အသုံးပြုပြီး အနည်းဆုံး အဆင့် ငါးဆင့်လောက်ထိရေကို စစ်ထုတ်နိုင်ပါက ပိုပြီး အန္တရာယ်ကင်းနိုင်တယ်လို့ သူက အကြုံပြုပါတယ်။ ဒါအပြင် ဝမ်းပျက် ဝမ်းလျှောဖြစ်တဲ့ အခါတွေမှာလည်း အဓိကအားဖြင့် ရေဓာတ်ခမ်းခြောက်တာဖြစ်တဲ့ အတွက် ဓာတ်ဆားကိုအဓိက သောက်သုံးပေးပြီး ဓာတ်ဆားမရှိပါက ဆား၊ သကြားနဲ့ ရေကို အသုံးပြုလို့ ရတယ်လို့ သူက ဆက်ပြောပါတယ်။ “အဖျားမတက်ဘူးဆိုရင် အဓိကတော့ ဓာတ်ဆားရေ များများသောက်ဖို့ လိုတယ် ဒါမမဟုတ် အဖျားတက်ပြီး ဝမ်းလျှောပြီဆိုရင် သေချာပြီး ဗိုက်မှာ ပိုးဝင်တာ ဖြစ်တဲ့ အတွက် ပိုးသတ်ဆေးတွေ သောက်ဖို့ လိုပြီး သေချာဆေးရုံမှာ ကုသဖို့ လိုတယ်”လို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့က ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ တစ်ပိုင်တစ်နိုင်ဆေးပေးခန်းတွေ ရှိနေပေမယ့်လည်း လူဦးရေများပြားတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ အရမ်းလိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ By – Hope
Read More » -
4 June
ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်
တနိုင်းသွားလီလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာမှာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလာတော့မယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူအများအပိုင်းက လုံခြုံရေးအတွက် စိုးရိမ်ပြီးကြိုတင်ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ စတဲ့ ကျေးရွာနေပြည်သူတွေကြားမှာ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ယာယီတိမ်းရှောင်နေရာတွေပြင်ဆင်ထားကြဖို့ မေလကုန်ပိုင်းလောက်ကနေ သတင်းထွက်ပေါ်နေတာကြောင့် ပြည်သူတစ်ချို့ရွှေ့ပြောင်းနေသူတွေရှိနေတယ်လို့ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “နမ့်ဗျူ(နမ့်ခမ်) ဘက်က စစ်ကောင်စီတပ်စခန်းတွေကို KIA တပ်တွေ သွားရောက်သိမ်းပိုက်ခဲ့တာတွေရှိနေတာကြောင့် အဲဒီနေရာဘက်ပြီးရင် ဒီဘက် လီဒိုလမ်းဘက်ကို ပြန်ဖြစ်လာမယ်လို့ ပြောဆိုနေကြတာ။ အဲဒါကြောင့် ဒီဘက်မှာလည်း ဖြစ်လာမှာစိုးလို့ ကြောက်တဲ့သူတွေ ထွက်ပြေးရွှေ့ပြောင်းနေကြတယ်။ ဒါပေမယ့် အခုချိန်အထိတော့ အေးဆေးရှိပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီလအတွင်းမှာ KIA တပ်မဟာ(၂) နဲ့ တပ်ရင်း နယ်မြေ ၁၄ နေရာမှာရှိတဲ့ နမ်ဗျူ(နမ့်ခမ်)၊ လပူမှော်အနီးရှိ နွယ်ဂျယ်ဘွမ့်၊ နမ်ကောန့် စတဲ့တပ်စခန်းတွေကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲမျက်နှာပြင်က ရှဒူးဇွပ် ခမရ ၂၉၇ တပ်ရင်းနဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေရှိနေတဲ့ နေရာဘက်ကို ဦးတည်လာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာစိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ရှဒူးဇွပ်ကျေးရွာအတွင်းမှာ လာရောက်နေထိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့နဲ့ စျေးသည်အများပိုင်းက ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ဆိုင်တွေပိတ်ထားပြီး မြို့ပေါ်ဘက်ကို သွားရောက်ရွှေ့ပြောင်းနေထိုင်ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလည်း ကတုတ်ကျင်းတူးဖော်တာတွေ၊ ယာယီပုန်းရှောင်ကြမယ့် စစ်ရှောင်နေရာတွေကို သတ်မှတ်ထားပြီး တစ်ချို့က မြို့ပေါ်နဲ့ နီးတဲ့ ဆွေမျိုးအိမ်တွေမှာ သွားရောက်ရွှေ့ပြောင်းနေထိုင်ကြပြီလို့သိရပါတယ်။ အခုလို ရွှေ့ပြောင်းနေထိုင်သွားကြတာနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးပြောတာကတော့ လက်ရှိ ကချင်ပြည်နယ်အတွင်း ဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီးဖြစ်ပွားနေတဲ့အလျောက် ရှဒူးဇွပ်ကျေးရွာနဲစံပြရွာမှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အခြေအနေကြောင့်ရွှေ့ပြောင်းနေထိုင်ကြတာဖြစ်တယ်လို့ ရှဒူးဇွပ်ဝါရာဇွပ်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ရှဒူးဇွပ်မှာက စစ်တပ်ရှိတာဖြစ်တဲ့အတွက် ကြောက်ပြီးတော့ ရှောင်နေကြတယ်လို့ပဲမြင်ပါတယ်။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရှောင်ကြတဲ့သဘောလည်းဟုတ်တယ်။ မနှစ်တုန်းကလည်း ရွာထဲမှာ ပုံမှန်ဖြစ်တော့ ပြန်ဖြစ်လာမှာကို ကြောက်နေကြတာ။ အခုလည်း တခြားနေရာတွေမှာက ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီးတွေးပူနေကြတာ”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဘက်ကလည်း ယာယီတိမ်းရှောင်နေထိုင်ထားကြဖို့ဒေသခံပြည်သူတွေကြားမှာ ပြောဆိုချက်တွေရှိနေပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြည်သူတွေ ရွှေ့ပြောင်းနေထိုင်တာတွေ ရှိလာတာကြောင့် ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ မင်းဇေသန့်က KIA ဘက်ကနေ တိုက်ပွဲဖော်ဆောင်လာရင် ဗုံးကြဲတိုက်ခိုက်သွားမယ်လို့ ပြောဆိုနေတာတွေရှိနေတယ်လို့လည်း ရှဒူးဇွပ်ဒေသခံတွေပြောပြပါတယ်။ ဒါ့အပြင် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကတွေက ရှဒူးဇွပ်ကျေးရွာအတွင်း KIA ဘက်က ဝင်ရောက်လာလို့မရအောင် ကျေးရွာပတ်ပတ်လည်လည် ဒရုန်းပျံဝဲစောင့်ကြည့်ခြင်း၊ ညအချိန် တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်း စစ်ဆေးမေးမြန်းတာတွေနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လ ၈ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက ရှဒူးဇွပ်ဒေသမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်စခန်း ၄ နေရာလောက်ကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
May- 2024 -29 May
ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနဲ့အမိုးအကာ အကူညီလိုအပ်နေ
ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာတွေပြတ်လပ်လုနီးပါးဖြစ်နေတဲ့အပြင် ဆေးဝါးနဲ့အမိုးအကာတွေလည်း အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင်ကျေးရွာအပါအဝင် နောက်ထပ် မေလ ၂၁ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ သယ်ယူလာတဲ့အစားအသောက်တွေလည်း ပြတ်လပ်လာတဲ့အပြင် စစ်ရေးတင်းမာနေဆဲချိန်ဖြစ်တာကြောင့် အလုပ်အကိုင်တွေရရှိဖို့လဲခဲယဉ်းတဲ့အတွက် စားဝတ်နေရေးစိုးရိမ်ပူပန်နေရတယ်လို့ ခကွမ်ကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စားနပ်ရိက္ခာတွေကတော့ အရင်ကတည်းက အိမ်ကအနည်းယူလာတဲ့ဟာတွေကို စားနေကြတာပေါ့။ အဲတာတွေကုန်ရင်တော့ ဒုက္ခရောက်ပြီပေါ့ အိမ်ကိုလည်း သွားသွားလာလာလုပ်လို့မရ စိုးရိမ်ရတော့ရှိနေတဲ့ ဆန်တွေတောင်မသွားယူရဲဘူးပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုစစ်ရှောင်နေတဲ့စစ်ရှောင်စခန်းတွေဟာ စားနပ်ရိက္ခာပြတ်လပ်လာရုံသာမက နေရာထိုင်ခင်းတွေလည်း ဝါး၊ မိုးကာတွေနဲ့သာဆောက်လုပ်ပြီးနေထိုင်နေတာဖြစ်တဲ့အတွက် မိုးသက်လေပြင်းကျရောက်ချိန်တိိုင်း နေရာ၊ထိုင်ခင်းအဆင်မပြေဖြစ်ရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အဆောင်တွေဆိုရင်လည်း မိုးကာတွေနဲ့ဘဲ တစ်ချို့ဆိုရင်နံရံတွေမှာ ဘာမှမကာထားဘူး မိုးရွာပြီဆိုရင် မိုးတွေယိုတယ်။ မိုးကာတွေကလည်း လှန်တော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ တစ်ဖက်မှာလည်း သောက်ရေသုံးရေ၊အိမ်သာအခက်အခဲနဲ့ ခြင်တွေပေါ်များမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတစ်ချို့ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဖျားနေသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ စစ်ရှောင်စခန်းတွေမှာ ယာယီဆေးပေးခန်းတွေရှိပေမယ့် လူဦးရေများတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေရဲ့ ဆေးဝါးလိုအပ်ချက်နဲ့ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှာတော့ အခုလိုပြောပါတယ်။ “မနေ့လောက်ကတည်းကနေ ကျွန်တော်တို့လည်းဆေးဝါးတွေပြတ်သွားပြီ အကူအညီတောင်းလာတဲ့သူတွေကိုရော ရှိသလောက်ကူညီပေးလိုက်တော့ ဆေးကပြတ်သွားပြီ။ donorတွေ ကျွန်တော်တို့ကို ဆေးဝါးတွေ ပြန်ကူညီပေးတဲ့ချိန်မှဘဲ ကူညီပေးနိုင်တော့မယ်ထင်တယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလက်ရှိစစ်ရှောင်ပြည်သူတွေမှာ ကလေးငယ်လေးတွေ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအဖြစ်များနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang)၊ နဲ့ လဘန် ကျေးရွာ ဒေသတစ်လျှောက်မှာ ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ ဟာ အိမ်ခြေ ၅၀၀ ကျော်ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ အလားတူဘဲ ဝူယန်ကျေးရွာပြည်သူတွေကလည်း ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကနေ KIA/KPDF တွေနဲ့ ဝူယန်ပြည်သူ့စစ်တွေကြား တိုက်ပွဲစတင်ဖြစ်လာချိန်ကတည်း နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။…
Read More » -
29 May
ဆွမ်ပီယန်စစ်ရှောင်တစ်ထောင်ကျော်အတွက် အရေးပေါ်အကူညီလိုအပ်နေ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအုပ်စုက ဒေသခံစစ်ဘေးရှောင်ပြည်သူတစ်ထောင်ကျော်အတွက် အစားအသောက်၊ ဆေးဝါးနဲ့နေရာထိုင်းခင်း အရေးပေါ် ကူညလိုအပ်နေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေဆီကနေ သိရပါတယ်။ ဆွမ်ပီယန်ကျေးရွာအုပ်စု ၀ဒတ်(Wadat) နဲ့ မစီးယန်(Nsi yang) စတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၃၀၀ ဝန်းကျင်၊ လူဦးရေ ၁၅၀၀ ကျော်ရှိတဲ့ ဒေသခံပြည်သူအားလုံးနီးပါးဟာ စစ်ရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကစပြီး တောထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါပေမယ့် တောထဲမှာ အစားအသောက်နဲ့ နေရာထိုင်ခင်းအခက်ခဲကြောင့် မေလ ၁၆ ရက်နေ့ တောထဲကနေပြန်ထွက်လာကြပြီး လက်ရှိ ခင်ဒူယန်( Hkindu yang) နဲ့ လမ်းမကြီးဘေး ကျေးရွာတစ်ချို့မှာ ယာယီခိုလှုံနေကြရတယ်လို့ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အစတော့ တောထဲတိမ်းရှောင်ကြတယ် တောထဲမှာ ထွက်လမ်းပိတ်မှာစိုးတာနဲ့ အစားအသောက်အရမ်းခက်လာလို့ ပြန်ထွက်လာကြပြီး အခု ကားလမ်းမဘေး ခင်ဒူယန်မှာ ခေတ္တရပ်နားရင်း ယာယီခိုလှုံနေကြတယ်။ အခုဒီကနေ အခြားအဆင်ပြေမဲ့နေရာတောတစ်နေရာဆီ ထပ်ရွှေ့ဖို့ပြင်ဆင်နေတုန်းဖြစ်တယ်။ လောလောဆယ်တဲတွေထိုးဖို့ မိုးကာတွေမလောက်တာအပြင် အစားအသောက်က ခက်တာနဲ့ ဒုက္ခရောက်နေကြတယ်။” မေလ ၁၆ ရက်နေ့ ကားလမ်းဘက်ထွက်လာတဲ့သူတွေဟာ ဆွမ်ပီယန်ကျေးရွာဒေသခံအများပိုင်းဖြစ်ပြီး မစီးယန်နဲ့ ၀ဒတ်ကျေးရွာ ဒေသခံပြည်သူအများစုက မလိခမြစ်ကမ်းဘက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဒီစစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရွာထဲစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာကာ ဒေသခံပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းပြုလုပ်လာတဲ့အပြင် စစ်ရေးအခြေအနေတင်းမာလာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ခြေ ၈ အိမ်လောက်က တောထဲကနေ မထွက်လာနိုင်သေးပဲ ဆက်လက် ခိုလှုံကာတိမ်းရှောင်နေသူတွေလည်း ရှိသလို ဒီစစ်ရှောင်တွေထဲက ကလေးနဲ့ သက်ကြီးရွယ်အိုတွေ များစွာရှိပြီး နာတာရှည်ရောဂါသည်များ၊ ဖျားနာသူတွေ များနေတာကြောင့် ဆေးဝါးအကူအညီအပြင် နေရာထိုင်ခင်းအတွက် မိုးကာများ၊ အစားအသောက်များ အရေးပေါ်လိုအပ်နေတာပဲဖြစ်ပါတယ်။ “ကလေးကများ၊ သက်ကြီးရွယ်အိုကများ၊ ဖျားနာနေသူလည်းများတယ်။ နာတာရှည်ဖျားနာနေတဲ့သူတွေလည်း များတယ်။ အစားအသောက်က ကိုယ့်မှာမပါရင် ပါလာခဲ့တဲ့ သူတွေဆီကနေ ခွဲဝေမျှစားနေတယ်။ အခုက ကူညီတာတွေလည်း မရှိသေးတော့ စစ်ရှောင်တွေနေဖို့ တဲအဆောင်တွေ ဆောက်တော့ ဆောက်နေပေမဲ့ မိုးကာမရှိလို့ မိုးကရွာ အရမ်းဒုက္ခရောက်နေတယ်။”ဟု ဆွမ်ပီယန်ဒေသခံက ဆက်ပြောပါတယ်။ …
Read More » -
22 May
မြစ်ကြီးနားမြို့ခံများ အိမ်ငှားရမ်းခစျေးလျော့ပေးကြဖို့ စစ်ရှောင်အရေးကူညီပေးနေသူများတောင်းဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်ကြတဲ့ပြည်သူတွေဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ကြီးနားမြို့ဘက်ကိုအဓိကထွက် ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်တစ်နေ့ထက်တစ်နေ့မြင့်တက်နေတဲ့ မြစ်ကြီးနားမြို့မှာ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ငှားရမ်းထားတဲ့စျေးအတိုင်း ငှားနိုင်ပေမယ့် တစ်ချို့စစ်ရှောင်တွေဟာ ငွေကြေးမတတ်နိုင်တာကြောင့် မြို့ခံတွေအနေနဲ့ စစ်ရှောင်တွေကို လူသားချင်းစာနာသောအားဖြင့် သက်သက်သာသာနဲ့ငှားရမ်းပေးကြဖို့လို မြစ်ကြီးနားမြို့မှာနေထိုင်တစ်ချို့ကလည်း သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့တွင်း နေစရာငှားရမ်းခတွေက ဈေးနှုန်းမြှင့်တက်သွားတာမျိုးတော့မရှိပေမဲ့ လက်ရှိဈေးနှုန်းကို စစ်ဘေးရှောင်တွေကတတ်နိုင်မှာမဟုတ်တဲ့အတွက် ဈေးလျော့ပေးတာဖြစ်ဖြစ် တတ်နိုင်ရင် အခကြေးမယူပဲနဲ့ကူညီသင့်ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။ “ဈေးနှုန်းတွေကတော့မြှင့်တက်သွားတာတော့မဟုတ်ဘူး ပုံမှန်ဈေးနှုန်းနဲ့ငှားရမ်းနေတာတော့ဟုတ်တယ်။ စစ်ရှောင်တွေနဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်တော့မလွယ်ဘူးလေ တစ်ယောက်နဲ့တစ်ယောက် လူသားချင်းစနာပြီးတော့ ဒုက္ခရောက်တဲ့အချိန်တွေမှာတော့ အိမ်ငှားခလက်ရှိဈေးနှုန်းကိုတစ်ဝက်လောက် ချပြီး ငှားစေချင်တာပေါ့”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တစ်ချို့ဟာ နေရာထိုင်ခင်းအခက်အခဲတွေရှိနေသေးတာကြောင့် မြစ်ကြီးနားမြို့ခံတွေအနေနဲ့ တတ်နိုင်ပါက အိမ်ငှားရမ်းခစျေးလျော့ပေးတာ၊ အခကြေးငွေမယူပဲကူညီပေးကြဖို့အတွက် ဒေသခံတစ်ချို့ကတောင်းဆိုနေကြပါတယ်။ တစ်ဖက်မှာတော့ အခုလို မြစ်ကြီးနားဘက်ကို စစ်ဘေးရှောင်တွေများပြားလာတဲ့အတွက် ခရစ်ယာန် ဘာသာရေးကျောင်း၊ ဘုန်းကြီးကျောင်းတွေဘက်ကလည်း လာရောက်တည်းခိုလို့ရကြောင်း ကြေညာနေတာတွေလည်းရှိပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်က ဒေသခံတွေအများစုဟာ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ နဂိုရှိပြီးသား စစ်ဘေးရှောင်စခန်းတစ်ချို့နဲ့နီးစပ်ရာဆွေမျိုးတွေဆီမှာ အဓိကတိမ်းရှောင်နေကြတယ်လို့ ဝိုင်းမော်မြို့ကနေ မြစ်ကြီးနားဘက်စစ်ဘေးရှောင်နေရတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “မြစ်ကြီးနားဘက်ကိုရှောင်ကြတာပိုများပါတယ်။ သူတို့ကတော့ အရင်တုန်းကတည်းက ရှိတဲ့ camp တွေ ပေါ့အဲ့မှာနေကြတယ် တစ်ချို့တွေကတော့ ကိုယ့်ဆွေမျိုးအိမ်တွေမှာနေကြတယ်။ စစ်ရှောင်တွေကိုကူညီပေး ကြပါလို့ပြောချင်တယ်။ အိမ်ငှားတဲ့သူတွေအနေနဲ့လည်း ဈေးနှုန်းအတတ်နိုင်ဆုံးလျော့ပေးဖို့ပေါ့ ကူညီတဲ့ အနေနဲ့ပေါ့ သူတို့ကလည်း အကြာကြီးရှောင်မှာမဟုတ်ဘူးလေနော်”လို့ပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ် အိမ်ဌားခနဲ့ပတ်သက်ပြီး အိမ်အမျိုးအစားပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိနေတဲ့အပြင် အိမ်ငှားခကို အနည်းဆုံး ၆ လစာအပြတ်ပေးပြီးချုပ်ဆိုကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေအနေနဲ့ ငွေအလုံးအရင်း စာချုပ်နိုင်ဖို့အဆင်မပြေတာတွေကြောင့် တစ်လချင်းပေးချုပ်စေတာမျိုးလည်း ကူညီပေးကြဖို့ တောင်းဆိုနေကြတာပါ။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစတင်လို့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ပြည်သူ့စစ်တပ်စခန်းတွေကို တကျော့ပြန်တိုက်ခိုက်နေတာ ဖြစ်ပြီးတော့ မနေ့ည မေလ ၂၁ ရက်နေ့ကပဲ ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ် ခမရ ၃၂၁ ကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီတပ်ရင်းနဲ့ တပ်စခန်းတွေကို သိမ်းပိုက်တဲ့တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ နှစ်ဖက်တပ်တွေက အသုံးပြုတဲ့လက်နက်ကြီးနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့က အရပ်သားတွေလည်း မြစ်ကြီးနားမြို့အပြင် ဘေးလွှတ်ရာနေရာတွေကိုတိမ်းရှောင်နေကြပြီး ဝိုင်းမော်မြို့ပြင်မှာရှိတဲ့ ရွာပေါင်း ၂၀ ကျော် ဘေးလွှတ်ရာ မှာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ By – အမိုး
Read More »