စစ်ပြေးဒုက္ခသည်များ

  • Jul- 2024 -
    2 July

    ရေဘေးကြုံတွေ့နေကြတဲ့ နောင်းချိန်းနဲ့လဘန်ရွာ စစ်ဘေးရှောင်များ အစားသောက်နဲ့ဆေးဝါးကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေ

    ဝိုင်းမော်မြို့နယ် နောင်းချိန်းနဲ့ လဘန်ကျေးရွာမှာ ရေဘေးဒုက္ခကြုံနေတဲ့ စစ်ရှောင်ပြည်သူများတွက် အစားအသောက်နဲ့ ဆေးဝါးအကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တာဝန်ခံတွေကပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့ ဒီနေ့မနက်ပိုင်းကစပြီး ဧရာ၀တီမြစ်ရေတဖြည်းဖြည်းကျဆင်းသွားပြီဖြစ်ပေမဲ့ ရေကြီးမှုကြောင့်ပျက်စီးသွားတဲ့ အဆောင်တွေရှိသလို တစ်ချို့စစ်ရှောင်စခန်းမှာတော့ ရေပြည့်နေသေးတယ်လို့ ပြောပါတယ်။ “လောလောဆယ် ရေကျပြီဆိုပေမဲ့ နေစရာခက်သွားပြီ။ ဟိုတလောကပဲ စစ်ရှောင်ကူညီရေးအဖွဲ့ကပဲ ဆောက်ပေးထားတဲ့ အဆောင်တွေလည်း ရေထဲမျှောသွားတဲ့ဟာတွေလည်း ပါတယ်။ အခုက နောင်းချိန်းအထကကျောင်းမှာ အားလုံးစုပြုံနေကြသေးတယ်။ ရေကျနေတယ်ဆိုပေမဲ့ စစ်ရှောင်စခန်းတွေမှာ နေလို့မရသေးဘူး ရေပြည့်နေသေးတယ်။”လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဇွန် ၃၀ ရက်နေ့ညနေပိုင်းကစပြီး ကချင်ပြည်နယ်အထက်ပိုင်းကို မိုးသည်ထန်စွာရွာသွန်းတာကြောင့် ဧရာ၀တီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့အားလုံးနီးပါး ရေဘေးအန္တရယ်ကြုံနေရပြီး နောင်းချိန်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းနဲ့ လဘန်ကျေးရွာကစစ်ဘေးရှောင်စခန်းတွေမှာရေဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင်များ ရေလွတ်ရာ ရွှေ့ခဲ့ကြတာဖြစ်ပါတယ်။ မြစ်ရေကြီးလာတာနဲ့ နောင်းချိန်းရွာက စစ်ရှောင်ပြည်သူတွေကတော့ စစ်ရှောင်စခန်းကနေနောင်းချိန်းဘုရားကျောင်းကိုရွှေ့ခဲ့ပေမဲ့ နောင်းချိန်းဘုရားကျောင်းထိ ရေပြန်ရောက်လာတာကြောင့် နောင်းချိန်းအထက်တန်းစာသင်ကျောင်းကိုထပ်မံရွှေ့ခဲ့ကြတာဖြစ်ပါတယ်။ ခုလိုရေဘေးအန္တရယ်ကြုံတွေ့နေကြတဲ့ စစ်ရှောင်တွေမှာ ပစ္စည်းတွေသယ်ယူနိုင်ခဲ့တဲ့သူတွေရှိသလို အဝတ်တစ်ထည်နဲ့ကိုယ်လွတ်ရှောင်ခဲ့ရသူတွေလည်းရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံကပြောပါတယ်။ “အရေးပေါ် အစားအသောက်ဖြစ်တယ်။ တချို့က ဆန်တွေ၊ စပါးတွေ၊ အိပ်ယာတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ အကုန်ရေထဲပါသွားပြီ။ အဝတ်အစားနဲ့အိပ်ယာတွေ တချို့က ရလိုက်ပေမဲ့ တချို့ကမယူလိုက်ရဘူး။ ရေမြှင့်တက်နှုန်းကအရမ်းမြန်တော့ ပစ္စည်းတွေအားလုံးမထုတ်နိုင်သေးခင် ရေကအကုန်ပြည့်သွားတယ်။ ပစ္စည်းတွေ ရတဲ့သူက ရလိုက်တယ်။ မရတဲ့သူတွေက ဝက်တွေကအစ၊ နွားတွေကအစ အကုန်မျှောပါသွားတယ်။ ဒါကြောင့်အခု သောက်ရေတွေ ၊အဓိက အစားအသောက်တွေ ခက်ခဲနေတာပေါ့။” လို့ သူကဆက်ပြောပါတယ်။ နောင်းချိန်းကျေးရွာမှာ စစ်ဘေးရှောင်စခန်း ၁၄ ခုရှိပြီး လူဦးရေ ၂ ထောင်ကျော်စစ်ရှောင်နေပြီး လဘန်ကျေးရွာမှာတော့ စခန်း ၆ ခုလောက်ရှိပြီး လူဦးရေ ၁ ထောင်ကျော်ရှိကာ တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပါတယ်။ အဲဒီစစ်ရှောင်စခန်းတွေမှာ ဂါးရာယန်၊ ရွှေညောင်ပင်၊ အောင်မြေ ၁ ၊ အောင်မြေ ၂ ၊ ဝူယန်၊ လမြန် စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်ကာလ ၃ လခန့်ရှိလာပြီဖြစ်ပါတယ်။ စစ်ရှောင်တွေ အားလုံးနီးပါး စစ်ဘေးကနေ ရေဘေးဒုက္ခပြန်ပြီးကြုံတွေ့ရတာကြောင့် စိတ်ကျန်းမာရေးထိခိုက်နေတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒါအပြင် တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုဘေးဒဏ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။ “စစ်ဘေးဒုက္ခအတွေ့အကြုံရှိတဲ့သူတွေကအဲ့လောက်မဟုတ်ပေမဲ့ အတွေ့အကြုံမရှိသေးတဲ့သူတွေအများပိုင်း အဓိကစိတ်ကျန်းမာထိခိုက်နေတဲ့သူတွေလည်းပါတယ်။  အများပိုင်းက ရေကြီးပြီးနောက် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးခံစားတော့မှာ စိုးရိမ်နေတယ်။ အခုတောင် ဝမ်းပျက်၊ဝမ်းလျှော အဓိကဖြစ်နေသူတွေ ကျနော်တို့အဖွဲ့ထဲမှာတောင် ၁၀၀ မှာ ၃၀ ယောက်လောက်က ဖြစ်နေပြီ။ ဒါကြောင့် ဆေးဝါးတွေလည်း အဓိကလိုအပ်နေတယ်။” လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံကဆက်ပြောပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချူပ် KBC လူမှုကူညီရေးအဖွဲ့ HDD မှ ပြုစုထားတဲ့စရင်းအရ ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်စုစုပေါင်း ၃ သောင်းကျော် ၊ အိမ်ခြေ ၇ ထောင်ကျော် ထပ်တိုးခဲ့ကြောင်း သိရပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jun- 2024 -
    28 June

    စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ချို့မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေ အကူညီလိုအပ်နေတယ်လို့  စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကာကွယ်ဆေးထိုးရမှာဖြစ်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာကြောင့် ကာကွယ်ဆေးမထိုးနိုင်အပြင် ငွေကြေးနဲ့ စားနပ်ရိက္ခာတွေအကန့်အသတ်နဲ့သာရရှိနေတာကြောင့် ဆေးဝါးနဲ့အာဟာရရှိတဲ့အစားသောက်တွေလိုအပ်နေတယ်လို့  စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေက ဆိုပါတယ်။ “သူတို့အတွက် ဆေးခန်းတွေပြလို့ရအောင် စီစဉ်ပေးစေချင်တယ် ဗိုက်ထဲက ကလေးက နေကောင်းလား မကောင်းဆိုတာ သိအောင်ပေါ့ ပြီးတော့ အာဟာရပြည့်အောင် နွားနို့လိုဟာမျိုးတွေနဲ့ အားဆေးတွေ သောက်ရမှာဖြစ်ပေမယ့်လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။ လက်ရှိ  လဘန်(Laban)ကျေးရွာမှာရှိတဲ့ အောင်မြေ(၂)စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး နဲ့ နို့တိုက်မိခင် ၃ဦး၊ ခကွမ်ကျေးရွာစစ်ရှောင်စခန်း ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦး ဝန်းကျင်ရှိတယ်လို့ သိရပြီး အလားတူ အင်ဂန်းကျေးရွာမှာရှိတဲ့ နောင်ဟီးကျေးရွာစစစ်ရှောင်စခန်း  ကိုယ်ဝန်ဆောင်မိခင် ၇ ဦးနဲ့ မုတ်ကျတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင် မိခင် ၂၅ ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေဟာ မိုးကာနဲ့ယာယီတဲဆောက်လုပ်ထားတာကြောင့် မိုးရွာတိုင်း မိုးယိုတာတွေရှိနေပြီး စစ်ရှောင်စခန်းရေဝင်ရောက်ပြီး နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဖျားနာတာတွေလည်း ရှိနေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပြပါတယ်။ “မြေကြီးက စိုဆွတ်နေတော့ ကိုယ်ဝန်ဆောင်မိခင်တွေချော်လှဲတာမျိုး၊ဖျားတာတွေရှိတယ် တစ်ခုခု ဖြစ်မှာကို စိုးရိမ်တာပေါ့ ပြီးတော့ မိုးစိုတော့ ကလေးအနှီးတွေမြန်မြန်မချောက်တာမျိုးတွေ ကျန်းမာရေးမကောင်းတာတွေဖြစ်တာပေါ့”လို့ ဆိုပါတယ်။ လက်ရှိ စစ်ရှောင် စခန်းတွေမှာ ဆေးပေးခန်းတွေရှိပေမယ့်လည်း ကိုယ်ဝန်ဆောင် မိခင်တွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ ရရှိဖို့ ခက်ခဲနေတာဘဲ ဖြစ်ပါတယ်။ အလားတူ တစ်ဖက်မှာလည်း မိုးရာသီရောက်လာတာနဲ့ တစ်ပြိုင်နက် စစ်ရှောင်စခန်းတွေမှာ  သောက်ရေ၊ သုံးရေ၊ မသန့်ရှင်းမှုတွေသုံးနေရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဖြစ်နေတဲ့အပြင် ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေပါ ဖြစ်နေတယ်လို့ စစ်ရှာင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်နေတဲ့ ပြည်သူတွေထဲက အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေဟာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး  မေလ ၂၁ ရက်နေ့မှာတော့  ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MukChyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ By –…

    Read More »
  • 25 June

    ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။ “ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ ၄ သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • 24 June

    ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ

    ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့  စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့်ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင်တောင်ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။ လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။  စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်…

    Read More »
  • 21 June

    နေရပ်ပြန်လာကြပြီဖြစ်တဲ့ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    တိုက်ပွဲကြောင့် သုံးလဝန်းကျင်လောက် တောတွင်းနေရာတွေမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဆွမ်ပရာဘွမ့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြပြီး တိုက်ပွဲအတွင်းထိခိုက်ပျက်စီးမှုများတာကြောင့် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေ အိမ်ထောင်စုအားလုံးနီးပါခန့်က မြို့ထဲကို ပြန်ဝင်လာကြပြီး လက်ရှိမှာ မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီလို့…

    Read More »
  • 19 June

    ဝါးရှောင် စစ်ရှောင်ပြည်သူတွေ  ငှက်ဖျားရောဂါဖြစ်နေပြီး ဆေးဝါးအကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဒေသခံပြည်သူတွေ  ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။ ဝိုင်းမော်– ဆဒုံး– ချီဖွေသွားလမ်းမပေါ် ၁၃ မိုင်ဂိတ်နဲ့အနီးဆုံးမှာရှိတဲ့ ဝါရှောင်ကျေးရွာ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောတောင်တွေနဲ့ နီးစပ်ရာနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ တောတောင်တွေမှာ ခက်ခက်ခဲခဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ နေရာထိုင်ခင်းမလုံလောက်မှု၊ အမိုးအကာမလုံလောက်တာတွေရှိနေတာကြောင့် ငှက်ဖျားရောဂါတွေလည်း အဖြစ်များနေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးကခုလိုပြောပါတယ်။ “တောမှာဆိုတော့ မိုးကာတွေလည်းမလုံ ငှက်ဖျားပိုးစစ်လိုက်လို့ရှိရင်လည်း အောင်တဲ့သူတွေဘဲ ဖြစ်နေတယ် မိသားစု ၅ယောက်မှာ ၂ယောက်ကပိုးရှိနေတယ်။ ဒါကြောင့် ကျွန်မတို့အတွက် မျှော်လင့်ချက်ကတော့ ဇီးရိုးအခြေအနေမှာ ရောက်နေတယ်”လို့ ပြောပါတယ်။ ဝါးရှောင်ရွာအထက်မှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်စခန်း ဆဒုံး၊ချီဖွေကနေ ဝိုင်းမော်မြို့ထဲဝင်တဲ့တစ်ခုတည်းသော စစ်တပ်ဂိတ်စခန်းဖြစ်ပါတယ်။  အဲဒီဂိတ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့နေ့ကစပြီး စစ်တပ်နဲ့ KIA တပ်တို့အကြား ဒီကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်တပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာတွေလည်း ရှိနေတာကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်ခဲ၊လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မြို့ပေါ်တက်ပြီး ဆေးဝယ်ယူဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ ဝါးရှောင်ဒေသခံတွေဟာ ကိုယ်နည်းကိုယ်ဟန်နဲ့ နီးစပ်ရာနေရာဒေသတွေဆီ  တစ်ကွဲတစ်ပြားထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက် တခြားစစ်ရှောင်တွေလို အကူအညီတွေရရှိဖို့လည်း ခဲယဉ်းနေတာကြောင့် တတ်နိုင်သူတွေအနေနဲ့ ဆေးဝါးကူညီထောက်ပံ့ပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။  တစ်ဖက်မှာလည်း ဒေသခံတွေဟာ ဒီနှစ်အတွက် မိုးစပါးမစိုက်ပျိုးနိုင်တဲ့အတွက် လာမယ့်နှစ်မှာ အငတ်ဘေးကြုံရမယ့်အခြေနေမှာလည်း ရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။  “ပြည်သူတွေအတွက်တော့ စိတ်ပင်ပန်းတာကလွဲ တခြားဘာမှ မပြောပြတတ်တော့ဘူး နောင်နှစ်အတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူးပေါ့”လို့ ဝါးရှောင် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။ ဝါးရှောင်ကျေးရွာက ဒေသခံပြည်သူတွေဟာ  လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၁၇၇ ဦး၊ မ ၂၂၇၃ ဦး၊ လူဦးရေစုစုပေါင်း ၄၄၅၀ ဦး နေထိုင်တဲ့ ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ မြို့နဲ့အနီးတစ်ဝိုက်ရောက်လာပြီး မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၃၂၁ ကိုသိမ်းပိုက်လိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာအားလုံးနီးပါးနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ မြို့ဧရိယာထက် ကျေးလက်ဧရိယာအများဆုံးဖြစ်ပြီး ရွာပေါင်း ၂၀၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တစ်ခုဖြစပြီး ဒေသခံပြည်သူအများပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။ By – Hope

    Read More »
  • 18 June

    ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာမြေပြိုပြီး နေအိမ်၂လုံးပျက်စီး

    KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အထက်  ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာမြေပြိုကျပြီး စစ်ရှောင်နေအိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက KNGကို ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဇွန်လ ၁၇ ရက် မနက် ၁၁ခွဲဝန်းကျင် ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာ မြေကမ်းပါးပြိုကျခဲ့တာကြောင့် ဦးရှန်တိန့်လ( Shangting La) အိမ်နဲ့ ဦးမုတ်ရေခေါင်ဒေါင်(Mukyin Hkawng Dau) တို့ အိမ်နှစ်အိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နေအိမ်တွေထိခိုက် ပျက်စီးတာတွေဖြစ်သွားပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတော့ မရှိခဲ့ဘူးလို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “လူကတော့ ထိခိုက်ဖို့နည်းနည်းဘဲလိုတယ် ဦး ရှန်တိန့်လ( Shangting La)  လဲနေတဲ့ ခုတင်ဘေးနားက နံရံမှာလာထိ ခုတင်တောင် ရွေ့သွားတယ်”လို့ ဆိုပါတယ်။  မြေကြီးပြိုကျလာတဲ့အချိန် ဦးရှိန်းတိန့်လ (Shingting La)  နေအိမ်မှာရှိနေတာဖြစ်ပြီး အိမ်ထရံဘဲ ပျက်စီးသွားတဲ့အတွက် လူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ သို့သော် ဦးမုတ်ရေခေါင်ဒေါင်(Mawye Hkawng Dau) ရဲ့ နေအိမ်နဲ့ မီးဖိုချောင်အကုန်လုံး ပျက်စီးသွားပြီး လူမရှိတဲ့ချိန် ပြိုကျခဲ့တာလို့ ဆိုပါတယ်။…

    Read More »
  • 17 June

    နောင်ဟီးကျေးရွာ စစ်ရှောင်များဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီတွေလိုအပ်နေတယမ်လို့ နောင်ဟီးစစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ နောင်ဟီးကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ သောက်ရေသုံးရေတွေခက်ခဲနေတဲ့အတွက် ဧရာဝတီမြစ်ရေကိုသာအသုံးပြုနေရပေမယ့် မြစ်ရေလည်း မသန့်ရှင်းတာကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတယ်လို့ နောင်ဟီးကျေးရွာ က စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “အသက်အရွယ်မရွေး ဖြစ်နေတာဟုတ်တယ် လူတစ်ထောင်လောက်ရှိတဲ့ထဲမှာ သုံးပုံတစ်ပုံလောက်က ဝမ်းလျှောနေကြတယ် အချို့ အရမ်းဆိုးပြီး မြစ်ကြီးနားဆေးရုံကြီး ပို့လိုက်ရတာက သုံးယောက်လောက်ရှိတယ်”လို့ ဆိုပါတယ်။ နောင်ဟီးကျေးရွာ  စစ်ရှောင်ပြည်သူတွေဟာ  အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပြီး လက်ရှိ ဝိုင်းမော်မြို့နယ် အင်ဂန်း (Ngang) ကျေးရွာမှာ သွားရောက်ခိုလုံနေတာဖြစ်တယ်လို့ သိရပါတယ်။ အင်ဂန်ကျေးရွာရောက်နေတဲ့ စစ်ရှောင်တွေနေထိုင်ဖို့အတွက် အဆောင်တွေဆောက်ထားပေမယ့်လည်း အိမ်သာနဲ့ ရေတွင်းတွေဆောက်လုပ်နေဆဲဖြစ်တာကြောင့် ရွာမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေမှာဘဲ လူခွဲပြီးနေနေကြတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ရေကိုသာ သောက်ရေ၊သုံးရေအဖြစ်အသုံးပြုဖို့ ကျိုချက်ပြီးအသုံးပြုနေတဲ့ကြားက  ဝမ်းပျက်ဝမ်းလျှောဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဝမ်းပျက်ဝမ်းလျှာ ရောဂါဖြစ်ပွားတာနဲ့ ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှ တော့ အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေဟာ သောက်ရေသုံးရေ မသန့်ရှင်းတဲ့အတွက် ဖြစ်ပွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် မြစ်ရေတွေကို ကျိုချက်လိုက်တဲ့အခါ ရေထဲမှာပါတဲ့ ရောဂါပိုးတွေကို သေစေနိုင်ပေမယ့်လည်း ရေထဲမှာပါတဲ့ ဓာတုအဆိပ်ကိုတော့ မပျောက်ပျယ်နိုင်ဘူးလို့ ပြောပါတယ်။  အခုလို မြစ်ရေထဲမှာ ဓာတုအဆိပ်တွေ များပြားနေတာဟာ ရွှေတူးတဲ့အခါ အသုံးပြုတဲ့ ပြဒါးတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။  ဒါကြောင့်  ကောင်းမွန်ပြီး သန့်ရှင်းတဲ့သောက်ရေသန့်ကို ရရှိဖို့အတွက်  ကျောက်မီးသွေး၊ကျောက်ခဲ ၊သဲကျောက်၊ သဲ နဲ့ဖွဲကြမ်းလို ဟာမျိုးတွေကို အသုံးပြုပြီး  အနည်းဆုံး အဆင့် ငါးဆင့်လောက်ထိရေကို စစ်ထုတ်နိုင်ပါက ပိုပြီး အန္တရာယ်ကင်းနိုင်တယ်လို့ သူက အကြုံပြုပါတယ်။ ဒါအပြင် ဝမ်းပျက် ဝမ်းလျှောဖြစ်တဲ့ အခါတွေမှာလည်း အဓိကအားဖြင့် ရေဓာတ်ခမ်းခြောက်တာဖြစ်တဲ့ အတွက် ဓာတ်ဆားကိုအဓိက သောက်သုံးပေးပြီး ဓာတ်ဆားမရှိပါက  ဆား၊ သကြားနဲ့ ရေကို အသုံးပြုလို့ ရတယ်လို့ သူက ဆက်ပြောပါတယ်။ “အဖျားမတက်ဘူးဆိုရင် အဓိကတော့ ဓာတ်ဆားရေ များများသောက်ဖို့ လိုတယ် ဒါမမဟုတ် အဖျားတက်ပြီး ဝမ်းလျှောပြီဆိုရင် သေချာပြီး ဗိုက်မှာ ပိုးဝင်တာ ဖြစ်တဲ့ အတွက် ပိုးသတ်ဆေးတွေ သောက်ဖို့ လိုပြီး သေချာဆေးရုံမှာ ကုသဖို့ လိုတယ်”လို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့က ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ တစ်ပိုင်တစ်နိုင်ဆေးပေးခန်းတွေ ရှိနေပေမယ့်လည်း  လူဦးရေများပြားတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ အရမ်းလိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ By – Hope

    Read More »
  • 4 June
    Jahtuzup

    ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်

    တနိုင်းသွားလီလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာမှာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလာတော့မယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူအများအပိုင်းက လုံခြုံရေးအတွက် စိုးရိမ်ပြီးကြိုတင်ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ စတဲ့ ကျေးရွာနေပြည်သူတွေကြားမှာ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ယာယီတိမ်းရှောင်နေရာတွေပြင်ဆင်ထားကြဖို့ မေလကုန်ပိုင်းလောက်ကနေ သတင်းထွက်ပေါ်နေတာကြောင့် ပြည်သူတစ်ချို့ရွှေ့ပြောင်းနေသူတွေရှိနေတယ်လို့ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “နမ့်ဗျူ(နမ့်ခမ်) ဘက်က စစ်ကောင်စီတပ်စခန်းတွေကို KIA တပ်တွေ သွားရောက်သိမ်းပိုက်ခဲ့တာတွေရှိနေတာကြောင့် အဲဒီနေရာဘက်ပြီးရင် ဒီဘက် လီဒိုလမ်းဘက်ကို ပြန်ဖြစ်လာမယ်လို့ ပြောဆိုနေကြတာ။ အဲဒါကြောင့် ဒီဘက်မှာလည်း ဖြစ်လာမှာစိုးလို့ ကြောက်တဲ့သူတွေ ထွက်ပြေးရွှေ့ပြောင်းနေကြတယ်။ ဒါပေမယ့် အခုချိန်အထိတော့ အေးဆေးရှိပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီလအတွင်းမှာ KIA တပ်မဟာ(၂) နဲ့ တပ်ရင်း နယ်မြေ ၁၄ နေရာမှာရှိတဲ့ နမ်ဗျူ(နမ့်ခမ်)၊ လပူမှော်အနီးရှိ နွယ်ဂျယ်ဘွမ့်၊ နမ်ကောန့် စတဲ့တပ်စခန်းတွေကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲမျက်နှာပြင်က ရှဒူးဇွပ် ခမရ ၂၉၇ တပ်ရင်းနဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေရှိနေတဲ့ နေရာဘက်ကို ဦးတည်လာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာစိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ရှဒူးဇွပ်ကျေးရွာအတွင်းမှာ လာရောက်နေထိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့နဲ့ စျေးသည်အများပိုင်းက ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ဆိုင်တွေပိတ်ထားပြီး မြို့ပေါ်ဘက်ကို သွားရောက်ရွှေ့ပြောင်းနေထိုင်ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလည်း ကတုတ်ကျင်းတူးဖော်တာတွေ၊ ယာယီပုန်းရှောင်ကြမယ့် စစ်ရှောင်နေရာတွေကို သတ်မှတ်ထားပြီး တစ်ချို့က မြို့ပေါ်နဲ့ နီးတဲ့ ဆွေမျိုးအိမ်တွေမှာ သွားရောက်ရွှေ့ပြောင်းနေထိုင်ကြပြီလို့သိရပါတယ်။ အခုလို ရွှေ့ပြောင်းနေထိုင်သွားကြတာနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးပြောတာကတော့  လက်ရှိ ကချင်ပြည်နယ်အတွင်း ဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီးဖြစ်ပွားနေတဲ့အလျောက် ရှဒူးဇွပ်ကျေးရွာနဲစံပြရွာမှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အခြေအနေကြောင့်ရွှေ့ပြောင်းနေထိုင်ကြတာဖြစ်တယ်လို့ ရှဒူးဇွပ်ဝါရာဇွပ်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ရှဒူးဇွပ်မှာက စစ်တပ်ရှိတာဖြစ်တဲ့အတွက် ကြောက်ပြီးတော့ ရှောင်နေကြတယ်လို့ပဲမြင်ပါတယ်။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရှောင်ကြတဲ့သဘောလည်းဟုတ်တယ်။ မနှစ်တုန်းကလည်း ရွာထဲမှာ ပုံမှန်ဖြစ်တော့ ပြန်ဖြစ်လာမှာကို ကြောက်နေကြတာ။ အခုလည်း တခြားနေရာတွေမှာက ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီးတွေးပူနေကြတာ”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဘက်ကလည်း ယာယီတိမ်းရှောင်နေထိုင်ထားကြဖို့ဒေသခံပြည်သူတွေကြားမှာ ပြောဆိုချက်တွေရှိနေပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြည်သူတွေ ရွှေ့ပြောင်းနေထိုင်တာတွေ ရှိလာတာကြောင့် ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ မင်းဇေသန့်က KIA ဘက်ကနေ တိုက်ပွဲဖော်ဆောင်လာရင် ဗုံးကြဲတိုက်ခိုက်သွားမယ်လို့ ပြောဆိုနေတာတွေရှိနေတယ်လို့လည်း ရှဒူးဇွပ်ဒေသခံတွေပြောပြပါတယ်။ ဒါ့အပြင် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကတွေက ရှဒူးဇွပ်ကျေးရွာအတွင်း KIA ဘက်က ဝင်ရောက်လာလို့မရအောင် ကျေးရွာပတ်ပတ်လည်လည် ဒရုန်းပျံဝဲစောင့်ကြည့်ခြင်း၊ ညအချိန် တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်း စစ်ဆေးမေးမြန်းတာတွေနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လ ၈ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက ရှဒူးဇွပ်ဒေသမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်စခန်း ၄ နေရာလောက်ကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • May- 2024 -
    29 May

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနဲ့အမိုးအကာ အကူညီလိုအပ်နေ

    ဝိုင်းမော်မြို့နယ်ထဲက  စစ်ဘေးရှောင်ပြည်သူများ  စားနပ်ရိက္ခာတွေပြတ်လပ်လုနီးပါးဖြစ်နေတဲ့အပြင် ဆေးဝါးနဲ့အမိုးအကာတွေလည်း အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင်ကျေးရွာအပါအဝင် နောက်ထပ် မေလ ၂၁ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ သယ်ယူလာတဲ့အစားအသောက်တွေလည်း ပြတ်လပ်လာတဲ့အပြင် စစ်ရေးတင်းမာနေဆဲချိန်ဖြစ်တာကြောင့် အလုပ်အကိုင်တွေရရှိဖို့လဲခဲယဉ်းတဲ့အတွက် စားဝတ်နေရေးစိုးရိမ်ပူပန်နေရတယ်လို့ ခကွမ်ကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စားနပ်ရိက္ခာတွေကတော့ အရင်ကတည်းက အိမ်ကအနည်းယူလာတဲ့ဟာတွေကို စားနေကြတာပေါ့။ အဲတာတွေကုန်ရင်တော့ ဒုက္ခရောက်ပြီပေါ့ အိမ်ကိုလည်း သွားသွားလာလာလုပ်လို့မရ  စိုးရိမ်ရတော့ရှိနေတဲ့ ဆန်တွေတောင်မသွားယူရဲဘူးပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုစစ်ရှောင်နေတဲ့စစ်ရှောင်စခန်းတွေဟာ စားနပ်ရိက္ခာပြတ်လပ်လာရုံသာမက နေရာထိုင်ခင်းတွေလည်း ဝါး၊ မိုးကာတွေနဲ့သာဆောက်လုပ်ပြီးနေထိုင်နေတာဖြစ်တဲ့အတွက် မိုးသက်လေပြင်းကျရောက်ချိန်တိိုင်း နေရာ၊ထိုင်ခင်းအဆင်မပြေဖြစ်ရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အဆောင်တွေဆိုရင်လည်း မိုးကာတွေနဲ့ဘဲ တစ်ချို့ဆိုရင်နံရံတွေမှာ ဘာမှမကာထားဘူး မိုးရွာပြီဆိုရင် မိုးတွေယိုတယ်။ မိုးကာတွေကလည်း လှန်တော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ တစ်ဖက်မှာလည်း သောက်ရေသုံးရေ၊အိမ်သာအခက်အခဲနဲ့ ခြင်တွေပေါ်များမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတစ်ချို့ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဖျားနေသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ စစ်ရှောင်စခန်းတွေမှာ ယာယီဆေးပေးခန်းတွေရှိပေမယ့် လူဦးရေများတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ ဆေးဝါးလိုအပ်ချက်‌တွေရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေရဲ့ ဆေးဝါးလိုအပ်ချက်‌နဲ့ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှာတော့ အခုလိုပြောပါတယ်။ “မနေ့လောက်ကတည်းကနေ ကျွန်တော်တို့လည်းဆေးဝါးတွေပြတ်သွားပြီ အကူအညီတောင်းလာတဲ့သူတွေကိုရော ရှိသလောက်ကူညီပေးလိုက်တော့  ဆေးကပြတ်သွားပြီ။ donorတွေ ကျွန်တော်တို့ကို ဆေးဝါးတွေ ပြန်ကူညီပေးတဲ့ချိန်မှဘဲ ကူညီပေးနိုင်တော့မယ်ထင်တယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလက်ရှိစစ်ရှောင်ပြည်သူတွေမှာ ကလေးငယ်လေးတွေ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအဖြစ်များနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang)၊ နဲ့ လဘန် ကျေးရွာ ဒေသတစ်လျှောက်မှာ ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ ဟာ အိမ်ခြေ ၅၀၀ ကျော်ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ အလားတူဘဲ ဝူယန်ကျေးရွာပြည်သူတွေကလည်း  ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကနေ KIA/KPDF တွေနဲ့ ဝူယန်ပြည်သူ့စစ်တွေကြား တိုက်ပွဲစတင်ဖြစ်လာချိန်ကတည်း  နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။…

    Read More »
Back to top button