မြေယာနှင့် သဘာဝပတ်ဝန်းကျင်
-
Jun- 2024 -20 June
နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မဇွပ်ယန်(Mazup Yang) ရွာကို ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်လာ
“မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်လိုက်မယ်တဲ့။ အဲ့ကြောင့် ဒီနှစ်ကနေ အိမ်ခြံဝင်းဝယ်ယူတာတွေရှိလာတယ်။ အခုတူးဖော်မယ့်ထဲမှာ ကျောင်းနေရာတွေလည်းအကုန်ပါတယ်။ ဒါကြောင့် ဒီနယ်မြေမှာရှိတဲ့ KIO တွေက အထက်ကနေ ညွန်ကြားချက်မရှိဘဲနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ ပြင်ဆင်နေကြပြီ။ အဲလိုအခြေအနေတွေတော့ဖြစ်လာတယ်။ သူတိုရဲ့ အာဏာပါဝါတွေသုံးပြီ လုပ်လာမယ့်ပုံစံတွေလည်းတွေ့နေရတယ်။ ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်တာများပါတယ်”လို့ပြောပါတယ်။
Read More » -
Apr- 2024 -22 April
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပြည်သူတစ်ဦးချင်းမှာတာဝန်ရှိတယ်လို့ သဘာဝပတ်ဝန်း ကျင်အရေးလှုပ်ရှားသူတွေဆို
“အရင်တုန်းကတည်းကလည်း ရှိခဲ့တယ်၊ ဒါပေမဲ့ ဒီအာဏာသိမ်းပြီးနောက်မှာ ပိုတွေ့လာရတာပေါ့၊ ပြောရမယ်ဆိုရင် မြစ်ဆုံအထက်ဘက်တွေမှာဆိုရင် ရွေတူးဖော်တာတွေ ပိုလုပ်လာကြတယ်၊ မြစ်ရေတွေဆိုရင်လည်း ပိုညစ်လာတယ်၊ မြေရှားတူးတဲ့အတွက်ကြောင့်လည်း မြေဆီလွှာတွေ ခြောက်သွေ့ပျက်စီးလာရတယ်၊ ပလက်စတစ်တွေ အသုံးများလာတယ်၊ စနစ်တကျမလုပ်ကိုင်တော့ ထိခိုက်မှုတွေအများကြီးရှိလာတယ်”လို့ ပြောပါတယ်။
Read More » -
22 April
စိန်လုံတောင် (Sinlum Bum) တစ်ကြော ဒေသခံတွေ ပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေရှားမတူးဖို့ ကန့်ကွက်
ဗန်းမော်ခရိုင် မိုးမောက်မြို့ နဲ့ လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တစ်ကြော ဒေသခံတွေပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေသတ္တုတူးဖော်မည့် စီမံကိန်းကို ဒေသခံတွေ ဆက်လက် ကန့်ကွက်နေတယ်လို့ သိရပါတယ်။ စိန်လုံတောင်အနီး ဗျဲန်ဝိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကလည်း ကျေးရွာဒေသခံတွေကို ၎င်းတို့လုပ်ငန်းခွင်ထဲ သွားလာခွင့်ပိတ်ပင်ခဲ့ပြီး KIA ကတော့ မြေရှားသတ္တု ဆက်လက်တူးဖော်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဗျဲန်ဝိုင်မှာ တိုက်ပွဲဖြစ်ပေမဲ့…
Read More » -
18 April
ဒိန်ဆင်းပါ မြေရှားတူးဖော်တဲ့စီမံကိန်းရပ်တန့်တာ တစ်နှစ်ရှိပြီး ဒေသခံများကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေရပြီလို့ဆို
ဗန်းမော်ခရိုင် ဒိန်ဆင်းပါဒေသ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေကို KIO အစိုးရက ရပ်တန့်ပေးခဲ့တာ ၁ နှစ်ပြည့်ပြီးနောက် ဒေသခံတွေဟာ အရင်အတိုင်းပြန်လည်လုပ်ကိုင်စားသောက် နေထိုင်ခွင့်ရပြီလို့ပြောပါတယ်။ မံစီမြို့အနီး ဒိန်ဆင်းပါဒေသတစ်လျှောက် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းကို ဒေသခံတွေ အပြင်းအထန် ကန့်ကွက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ၂၀၂၃ ခုနှစ် ဧပြီလ…
Read More » -
15 April
ဟူးကောင့်ဒေသမှာ ရွှေမှော်အသစ်တိုးချဲ့တာ၊ စည်းကမ်းမဲ့ရွှေတူးနေတာကို ရပ်တန့်ပေးဖို့ဒေသခံများတောင်းဆို
ကချင်ပြည်နယ် ဟူးကောင့်ဒေသတစ်လျှောက် တနိုင်းလီဒိုလမ်းမပေါ် မှာရှိတဲ့ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူး ဖော်မှုတွေကြောင့် ချောင်းရေများပျက်စီးပြီး ဒေသခံပြည်သူတွေရဲ့ ကျွဲ၊ နွားသေဆုံးတာအပြင် လယ်ယာမြေပျက်စီးဆုံးရှုံးတာလည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်KIA/KIO ရဲ့ ခွင့်ပြုချက်နဲ့ ရွှေမှော်အသစ်ဖွင့်လှစ်လိုက်တာကြောင့် ရွှေတူးဖော်မှုဟာပိုဆိုးရွာလာပြီး ဒေသခံတွေရဲ့ အိမ်ခြံမြေအနီးနားအထိ တူးဖော်လာနေတယ်လို့ ဆိုပါတယ်။ “ကားလမ်းမ ကမ်းပါးတွေအထိ ရွှေတူးဖော်လာတော့…
Read More » -
Mar- 2024 -14 March
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့အထိမ်းအမှတ်ကျင်းပ
မတ်လ ၁၄ ရက်နေ့ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင် ( International River’s Day) အထိမ်းအမှတ်နေ့ကို တန်ဖရဲမြစ်ဆုံမှာ မလိအင်မိုင်ဇွမ် အမျိုးသမီးအဖွဲ့ချုပ်က လှုပ်ရှားမှုတစ်ခု ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်…
Read More » -
6 March
မိုးကောင်းမှာ ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတချို့နဲ့ ဒေသခံတချို့က ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေပြီး ဒေသခံတွေကလည်း အုပ်ချုပ်ရေးမူးတွေဆီ တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မိုးကောင်းမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ နန့်ရင်းရပ်ကွက်က မူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းမြေကိုဖို့ပေးမယ်လို့ဆိုကာ ည ၁၂ နာရီဝန်းကျင်လောက်ဆိုကျောက်စိမ်းတူးတာမျိုးတွေ ရှိတယ်လို့…
Read More » -
4 March
ဗဲန်ဝိုင်ကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံပြည်သူတွေက တောင်းဆို
စိန်လုံတောင်အနီး ဗဲန်ဝိုင်ကျေးရွာမှာ ဒေသခံပြည်သူအိမ်ခြေ ၂၀ ကျော်ရဲ့ ရှောက်ကောစိုက်ခင်းရှိတဲ့ လဂတ်တောင်တစ်ကြောကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒေသခံခြံပိုင်ရှင်တွေကိုခြံထဲဝင်ခွင့်ပိတ်ထားပြီး မြေရှားသတ္တုတူးဖော်ခွင့်ပြုနေတယ်လို့ ပြောပါတယ်။
Read More » -
2 March
မချမ်းဘောဆေးရုံ ရေဆိပ် နေရာတူးဖော်နေတဲ့ ရွှေလုပ်ကွက်အားလုံး ရပ်ဆိုင်း
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မချမ်းဘော့မြို့ ဆေးရုံရေဆိပ် နေရာမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို တစ်လတူးဖော်ခွင့်နဲ့ လုပ်ခွင့်ပေးခဲ့ပေမဲ့ တစ်လမပြည့်ခင်မှာဘဲ ရပ်ဆိုင်းလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွှေလုပ်ကွက်တွေကို မချမ်းဘော့မြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့စကာ တူးဖော်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ပူတာအိုမြို့နယ် စစ်တပ်ဗျူဟာမှူးကနေ ပူတာအိုမြို့နယ်ထဲမှာရှိတဲ့ ရွှေလုပ်ကွက်တာဝန်ခံတွေအားလုံးခေါ်ပြီး အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပြီး အဲဒီအစည်းအဝေးမှာ ပူတာအိုမြို့နယ်မှာ တရားမဝင်ရွှေလုပ်ကွက်ရှိသမျှတွေကို ဒီရက်ပိုင်း မီးရှို့ဖျက်ဆီးဖမ်းဆီးတာတွေ စလုပ်တော့မယ်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချမ်းဘောမြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစည်းအဝေးကနေအပြန် ရွှေလုပ်ကွက်ထဲ လာရောက်ပြီး လုပ်ကွက်အားလုံးရပ်နားလိုက်ပြီဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ရွှေတူးဖော်တာဟာ မြို့ရွာထိခိုက်စေမှာမဟုတ်ဘဲ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကြောင့် အတူပူးပေါင်းလုပ်ကြတာဖြစ်တယ်လို့ မချမ်းဘော့ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က ကျွန်တော်တို့ ဒေသခံတွေ အတူပူးပေါင်းလုပ်စားကြတာကို ဘာမှပြောစရာမရှိဘူး၊ မြို့ကိုလည်းမထိဘူး၊ အဲ့ဒီ သဲပြင်တွေကကို စုပ်ယူတာဘဲ ၊ ကျွန်တော်တို့က တစ်ခြားဝေးတဲ့နေရာတွေမှာလည်း မသွားနိုင်ကြဘူးလေ၊ သူတို့တွေ တူးကြရအောင်ဆိုပြီး လုပ်ကြတာကို အခုက နှစ်ရက်သုံးရက်နဲ့ ၅ သိန်းကထည့်ထားပြီးပြီကို ပိတ်ပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒေသခံတွေဟာ ရွှေတူးဖော်ဖို့အတွက် လုပ်ကွက်တစ်ကွက်မှာ ဝင်ကြေး ၂ သိန်းခွဲ၊ လစဉ်ကြေး ၂သိန်းခွဲ စုစုပေါင်း ၅ သိန်းထည့်ဝင်ပြီးရွှေတူးဖော်တာ စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံး၊လေးရက်သာလုပ်ခဲ့ရချိန် လုပ်ကွက်ကိုပိတ်လိုက်ရတာကြောင့် အုပ်ချုပ်ရေးမှူးဆီမှာအခွန်ဆောင်ထားတဲ့ ငွေတွေကို ပြန်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီလုပ်ကွက်မှာ စုစုပေါင်း ရေငုပ်ဆိုင်း ၄၀ကျော်ရှိတာဖြစ်ပြီး အဲ့ဒီ ရေငုပ်ဆိုင်းတွေအပါအဝင် ရွှေလုပ်ကွက်အားလုံး…
Read More » -
Feb- 2024 -29 February
စစ်အာဏာသိမ်းနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ ပိုများလာတဲ့ ပူတာအိုဒေသ
ကချင်ပြည်နယ် ပူတာအိုဒေသတစ်ခုလုံးမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြား ပိုများလာနေတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
Read More »