နေအိမ် မီးရှို့ခံရသော ယင်းမာပင် ပြည်သူသုံးထောင်ကျော် စစ်ဘေးရှောင်နေရ
,
ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာတွင် ဒေသခံများ၏ စိုက်ပျိုးမြေအဖြစ်သတ်မှတ်ထားသည့် နေရာတွင် လုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးများဖြင့် တူးဖော်လုပ်ကိုင်နေသဖြင့် မေလ ၁၇ ရက်နေ့တွင် ဒေသခံများက သွားရောက်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် (Hpung Ing Yang) ကျေးရွာတွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် ရွှေတူးဖော်သူများက ကျေးရွာနယ်နမိတ်အတွင်းထိ ဥပဒေမဲ့ တူးဖော်လာကြသည်ဟု ဒေသခံများပြောသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင် ရေဝေရေလဲဒေသဖြစ်သော မြစ် ချောင်းများတွင် ရွှေနှင့်အခြား သဘာဝသယံဇာတများကို စက်ယန္တယားများဖြင့် တူးဖော်နေခြင်း လုံး၀ခွင့်ပြုမည် မဟုတ်ကြောင်း ဂွမ်ရောင်ဂွမ်စာ (Gumrawng Gumtsa) ဌာနေအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီထံမှ သိရသည်။
ကချင်ပြည်နယ် ဖားကန့်မြို့ ကသိုင်းတောင်(Kaseng Bum)တွင် သံအမျိုးအစားသတ္တုတစ်မျိုးဖြစ်သည့် Uranium ကို စီမံကိန်းကြီးတစ်ခုအဖြစ် တူးဖော်ရန် ပြည်ထောင်စုအစိုးရက ပြင်ဆင်နေသည့်အပေါ် ကန့်ကွက်ရန် ပူးပေါင်းကော်မတီတစ်ခုကို ဖားကန့်ဒေသခံ ကချင်လူမှုအဖွဲ့အစည်းများက ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဖားကန့် ကသိုင်းတောင် (Kaseng Bum) တွင် သံအမျိုးစားသတ္ထုတစ်မျိုး Uranium တူးဖော်ရန်အတွက် ပြည်ထောင်စုအစိုးရကလုပ်ဆောင်နေသော်လည်း ဒေသခံဌာနေသားတို့၏ အမြင်သဘောထားရယူမှု မရှိသေးကြောင်း သိရသည်။
တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်ရှိ ပန္နက်ကျေးရွာနယ်နိမိတ်တွင် တဝမ် ဆင်စခန်းတစ်ခုရှိနေသောကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲနေသဖြင့် ၎င်းဆင်စခန်းအား နေရာရွေ့ပြောင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာရှိ KBC စစ်ရှောင်များရွှေ့ပြောင်းအခြေချရန်စီစဉ်နေသော မြေနေရာသည် ယုဇနကုမ္ပဏီပိုင်မဟုတ်ပဲ သစ်တောဌာနပိုင်မြေနေရာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၃ရက်နေ့ သစ်တောအဖွဲ့မှ လာရောက်ကန့်ကွက်ခဲ့သည်ဟု စစ်ရှောင်များပြောသည်။
တနိုင်းမြို့နယ် လီဒိုလမ်းမပေါ် ရှင်လုံဂါးကျေးရွာရှိ ဘေးမဲ့တောစီမံကိန်း (WCS) သတ်မှတ်နယ်မြေတွင် သစ်ထုတ်လုပ်နေမှုများကို ရပ်တန့်စေပြီး ဒေသခံများကို လုပ်ကိုင်စားသောက်ခွင့် မြေနေရာပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။
NLD အစိုးရ ၅ နှစ်သာ သက်တမ်းအတွင်း ကချင်ပြည်နယ် မြေလွတ် မြေလပ် မြေရိုင်း လုပ်ပိုင်ခွင့်ချထားပေးသည့် မြေဧကပေါင်း ၁၀ သန်းနီးပါး (၉၇၁၅၄၃၁ ဧက) ရှိကြောင်း ကချင်ပြည်နယ် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ (SNU) ၏ ဒီဇင်ဘာလ ၁၉ ရက်နေ့ လူထုအမြင်ဖွင့် ပညာပေးအစီအစဉ် မှ သိရသည်။
လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Ja Htu Zup) ကျေးရွာတွင် နှစ်စဉ်ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ချောင်းရှင်းလင်းရေးပြုလုပ်ရန် ခွင့်ပြုချက်ရရှိထားသောကုမ္ပဏီကို ဥပဒေနှင့်အညီ ရွှေ တူးဖော်ခွင့်ပြုထားသည်ဟု သိရသည်။