နေအိမ် မီးရှို့ခံရသော ယင်းမာပင် ပြည်သူသုံးထောင်ကျော် စစ်ဘေးရှောင်နေရ
,
ဖားကန့်မြို့နယ် ၊ ရှဒူးဇွပ်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းရှိ စစ်ရှောင်များက မြေနေရာ အသစ်တစ်ခုတွင် ရွှေ့ပြောင်းနေထိုင်ရန် ခုတ်ထွင်ရှင်းလင်းရန် လုပ်ငန်းများ စတင်တော့မည်ကြောင်း သိရသည်။
မြစ်ဆုံရေကာတာစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာသို့ အတင်းရွှေ့ပြောင်းခံထားရသောဒေသခံများသည် ယခင်တန်ဖရဲကျေးရွာအနီး အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ် ဧရိယာအတွင်းက မြေဧက ၄၀၀၀ ကျော်ကို ဒေသပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်း (CF) သတ်မှတ်ပေးရန် လျှောက်ထားသည်ဟု သိရသည်။
ဖားကန့်မြို့နယ် ဟူးကောင့် လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်း ၂ခုက ရေရှည်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် ယုဇနကုမ္ပဏီက သိမ်းပိုက်ထားသည့် မြေနေရာ ဧက ၂၀၀ ကျော်ကို ဆိုင်းဘုတ်စိုက်ထူ စစ်ရှောင်များက သတ်မှတ်ယူထားသည်ဟု သိရသည်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ်အတွင်းရှိ ဖုန်အင်ယာန်ကျေးရွာတွင် ကျေးရွာ တားမြစ်နယ်နမိတ်ဧရိယာအတွင်း ရွှေသတ္ထုတူးဖော်ရန် လုပ်ဆောင်နေသဖြင့် အဆိုပါစီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။
ဆိုးရွားသည့် ရေကြီးရေလျံမှုကြောင့် ရေဘေးဒဏ်ကြုံတွေ့ရသော လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ချောင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်သော်လည်း ဒေသခံများ၏ သဘောတူညီမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ဒေသခံများ ပြောသည်။
မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တန့်စေရန် လာမည့်အစိုးရအဆက်ဆက်တွင်လည်း ဆက်လက်ကန့်ကွက်သွားမည်ဖြစ်သည်ဟု စီမံကိန်းယာယီရပ်ဆိုင်းခြင်း ၉နှစ်ပြည့်နေ့တွင် ဒေသခံများက ပြောဆိုခဲ့သည်။
ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပန်နန်းဒင်မြို့သွားသည့်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်များပြိုကျကာ လမ်းပိတ်ဆို့မှုရှိနေသဖြင့် အလွန်ခက်ခဲနေကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့ နောင်မွန်းမြို့မှ ပန်နန်းဒင်မြို့သို့ သွားသောလမ်းမကြီးတွင် တောင်ကမ်းပါးများပြိုကျပြီး၊ ကြိုးတံတားလည်း ပျက်စီးသွားကြောင်း နောင်မွန်းဒေသခံ ဦး ကူရှင်မင်းထံမှ သိရသည်။ “ပြီးတဲ့အပတ်မှာဘဲ မိုးတအားရွာတော့ နောင်မွန်းကျေးရွာနဲ့ ပန်းနန်းဒင်ဘက် သွားတဲ့ လမ်းမကြီးပေါ်မှာ ၃နေရာလောက်မှာ မြေပြိုကျပြီး လမ်းတွေလူသွားလို့မရအောင်ပိတ်ဆို့နေတယ်။ နောက်ပြီး ပန်နန်းဒင်ကိုသွားတဲ့ လမ်းပေါ်က…
ဖားကန့်မြို့နယ် ရှဒူးဇွပ်(Ja Htu Zup) ကျေးရွာတွင် ယခုနှစ်အတွင်း တတိယအကြိမ် ထပ်မံ ရေကြီးလာသောကြောင့် ပြန်လည်ထူထောင်ရေးနှင့် အစားအသောက်များကူညီထောက်ပံ့ရန် လိုအပ်နေသည်ဟု ဒေသခံများပြောသည်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် (Hpung Ing Yang) ကျေးရွာတွင် အစိုးရတရားဝင်ခွင့်ပြုထားသည့် ရွှေတူးဖော်လုပ်ကွက်မြေနေရာထက်ကျော်လွန်ပြီး ကျေးရွာ၏ နယ်နမိတ်အတွင်းထိ ဝင်ရောက်တူးဖော်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံဒေသ တန်ဖရဲကျေးရွာဒေသခံများ သောက်သုံးနေသည့် တောင်ကျချောင်းတစ်လျှောက် သစ်ထုတ်လုပ်မှုများကြောင့်ကျေးရွာအတွင်း သောက်သုံးရေ ရရှိရန်ခက်ခဲလာသည်ဟု ဒေသခံများဆိုသည်။