သတင်း
-
Oct- 2024 -31 October
အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်
ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။…
Read More » -
31 October
မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံး KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်တဲ့ စစ်ကောင်စီတပ်သားတွေက မိုးမောက်မရောက်မှီ ၆ မိုင်၊ ၇ မိုင် အောင်မြေကျေးရွာအနီးတဝိုက်မှာရှိနေပြီး KIA တပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။…
Read More » -
31 October
-
30 October
ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အောက်တိုဘာလတစ်လအတွင်း မူးယစ်ဆေးဝါးရှော့ဖြစ်လို့သေဆုံးသူနှစ်ဦးထိရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက KNGကို ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးက အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြပြီး ဝိုင်းမော်မြို့ ရပ်ကွက်(၃) လယ်ကွင်းပြင်နဲ့ မြို့မဘောလုံးကွင်း စတိတ်စင်အောက်မှာ အောက်တိုဘာ ၁၉ ရက်နေ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူက ခုလိုပြောပါတယ်။…
Read More » -
30 October
ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားသာဝင်ထွက်ခွင့်ပြုနေ
ကချင်အထူးဒေသ (၁) ဖီမော်မြို့နယ် နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ပိတ်ဆို့လိုက်ပြီး ကုန်စည်စီးဆင်းမှုမရှိတော့ပေမဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားတွေတော့ အဝင်အထွက်ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်အတွင်း ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက် မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေအကြား ပန်ဝါမြို့ကို KIA က သိမ်းပိုက်လိုက်တဲ့နောက်မှာတော့ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်အတော်များများကိုပိတ်လိုက်တာဖြစ်ပါတယ်။…
Read More » -
30 October
မီတာယူနစ်မဖတ်ဘဲ မီးကြေးကောက်ခံနေ
မြစ်ကြီးနားမြို့မှာ မီတာယူနစ်မဖတ်ဘဲ မီတာကြေးကောက်နေတယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ပြည်သူတွေပြောပါတယ်။ ပြိီးခဲ့တဲ့ ဇူလိုင်လ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ရေကြီး၊ရေလျှံမှုတွေဖြစ်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ ရမ်ပူ၊ကြက်ပေါင်ခြံ၊မြို့သစ်ကြီး၊ ကွက်ကစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့ရေနစ်မြုပ်ပြီး မီတာဘောက်အများပိုင်းပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။…
Read More » -
29 October
ဆိုင်းတောင်ပြည်သူတစ်ချို့နေရပ်ပြန်နေထိုင်ခွင့်ရ၊
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတစ်ချို့နေရပ်ပြန်လာနေထိုင်ခွင့်ရပြီဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ တစ်လဝန်းကျင်ကြာမြင့်ခဲ့တဲ့ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ကာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။…
Read More » -
29 October
ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအနီး KIA ပူးပေါင်းတပ်နဲ့ SNA တပ်တို့ တိုက်ပွဲဖြစ်နေ
စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA…
Read More » -
29 October
မြစ်ကြီးနားမှာ Wifi တပ်ဆင်ထားတဲ့ဆိုင်ရှင်တစ်ချို့ ဖမ်းဆီးခံရတာရှိနေ
ကချင်ပြည်နယ်မှာ မြစ်ကြီးနားမှာ WIFI အင်တာနက်ဆိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံစစ်ဆေးဖမ်းဆီးနေပြီး ဆိုင်ရှင်တစ်ချို့ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၂၇ မနေ့ မနက်ပိုင်း စစ်ကောင်စီဘက်က Wifi အင်တာနက်ဆိုင်တွေကို လိုက်လံဖမ်းဆီးနေပြီး မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ အင်တာနက်ဆိုင်၂ ခု ဝင်စီးခံရကာ ဆိုင်ရှင်တွေကို ဖမ်းဆီးသွားကြောင်း မြို့ခံတွေဆိုပါတယ်။ …
Read More » -
29 October
နန်းယွန်းဒေသမှာ ကျေးလက်ဆေးပေးခန်းများရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ကျေးရွာတွေမှာ ကျေးလက်ဆေးပေးခန်းတွေရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ် ကြိုင်ရိုင်ရွာ၊ ယောင်ငွေးရွာ၊ နမ္မလစ်ရွာ၊ဟားဝါးရွာအပါအဝင် ရွာအများစုမှာ ကျေးလက်ဆေးပေးခန်းများကို ဆောက်လုပ်ပြီးစီးထားပြီဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက် ဒေသခံပြည်သူများ ကျန်းမာရေးပိုင်းဆိုင်ရာအခက်အခဲဖြစ်နေကြတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More »









