သတင်း
-
Jul- 2024 -17 July
TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၆ ဦးပြန်လွတ်ပေးခြင်းမရှိသေး
လားရှိုးမြို့နယ် နမ္မတူမြို့မှာ ကချင်လူငယ် ၆ ဦးကို TNLA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ ၊ နမ်လာ(Namlalawk)ရပ်ကွက် ၈ ရှိ စားသောက်ဆိုင်တစ်ခုမှာရှိနေတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူငယ် ၆ ဦးကို ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ တအာင်းလွတ်မြောက် TNLA တပ်ဖွဲ့က ရိုက်နှိက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတွေ ပြောပါတယ်။…
Read More » -
17 July
အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။…
Read More » -
17 July
ဝါးရှောင်စစ်ရှောင်တွေ အစားအသောက်နဲ့ယာယီတဲဆောက်ဖို့အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာကနေ ဆိုင်လော်ရွာ(Sailaw Mare)ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေ အစားသောက်နဲ့ယာယီတဲဆောက်ဖို့ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။…
Read More » -
17 July
ဝိုင်းမော်မှာ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်စခန်းတွေကို ကာကွယ်ဖို့ ကတုတ်ကျင်းတူးပြီး လုံခြုံရေးတင်းကြပ်နေ
ဝိုင်းမော်မြို့နယ်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဝူယန်ပြည်သူ့စစ်တပ်စခန်းပတ်လည် ကတုတ်ကျင်းတူးတာ၊ ကျေးရွာအတွင်း လမ်းနေရာတစ်ချို့မှာ လုံခြုံရေးတင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝူယန်နဲ့ ခကွမ်(Hkakrum) ကျေးရွာသွားတဲ့လမ်းတစ်လျှောက် စစ်အင်အား ၁၀၀ ဝန်းကျင်အသုံးပြုပြီး လမ်းနေရာတစ်ချို့ကိုပိတ်ဆို့တာ၊ လမ်းကြားတစ်ချို့မှာ ကတုတ်ကျင်းတူးတာအပြင် လုံခြုံရေးတင်းတင်းကြပ်ကြပ်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။…
Read More » -
17 July
ရေဘေးကြောင့် နေအိမ် ၈၀ ကျော်ပျက်စီးသွားတဲ့ မြစ်ဆုံဒေသ ခန်းပူရွာပြည်သူတွေ ကူညီလိုအပ်နေ
မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ခန်းပူ(Hkang Pu)ကျေးရွာက နေအိမ် ၈၀ ဝန်းကျင်ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေပါတယ်။…
Read More » -
17 July
ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးခင်းအားလုံး ကြွက်ဝင်ရောက်ဖျက်ဆီး
ဗန်းမော်ခရိုင် မံစီမြို့နယ် ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးနဲ့ကောက်ပဲသီးနှံစိုက်ခင်းအားလုံး ကြွက်ဘေးဒဏ်ကျရောက်လို့ ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘွမ်အောင်ရွာမှာ အိမ်ထောင်စု ၃၈ စုရှိပြီး အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစပါးနဲ့ကောက်ပဲသီးနှံကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။…
Read More » -
16 July
ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်
မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့…
Read More » -
16 July
ကသာမှာ ရွာပေါင်း ၃၀ လောက်မှာ ရေဝပ်နေတဲ့အတွက် ရေဘေးကြုံခဲ့ရ
စစ်ကိုင်းနဲ့ကချင်အစပ်က ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွာပေါင်း ၃၀ လောက် ရေဘေးအန္တရာယ်ကြုံတွေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ကနေ…
Read More » -
15 July
မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကား ၈၀ ဝန်းကျင်ပိတ်မိနေ
မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးနေတဲ့အတွက် ကုန်တင်ကားအစီး ၈၀ ဝန်းကျင်ပိတ်မိနေဆဲဖြစ်ပြီး အချိန်တိုအတွင်းသွားလာနိုင်ဖို့ရန်အတွက် တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့ အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဇူလိုင်လဆန်းပိုင်းကနေ တစ်ပတ်လောက်အကြာ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြစ်ကြီးနား– ဆွမ်ပရာဘွမ့်– ပူတာအိုအထိ ကားလမ်းပိုင်းမြေပြိုကျပျက်စီးမှုဟာ ပေ ၂၀၀ ဝန်းကျင်အထိရှည်လျားပြီး ပျက်စီးနေတာကြောင့် အတက်၊အဆင်း လုပ်နေတဲ့ ကုန်ကား ၈၀ ဝန်းကျင် ပိတ်မိနေတာ ခုဆိုရင်ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီလို့သိရပါတယ်။…
Read More » -
15 July









