ပူတာအိုမှာ ဆီကားတွေရောက်ပေမယ့် ဝယ်ယူဖို့ခက်ခဲနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓါတ်ဆီကားတွေ ဝင်ရောက်လာပေမယ့် ဒေသခံတွေ ဆီဝယ်ယူဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။
မြစ်ကြီးနား – ပူတာအို ကားလမ်း မြေပြိုမှု ဆိုးဆိုးဝါးဝါးမဖြစ်ခင် ဇွန်လ ၂၈ ရက်နေ့တက်လာတဲ့ ဆီကားတွေ ဇူလိုင် ၈ ရက်နေ့ ညပိုင်းက ပူတာအိုမြို့ထဲရောက်လာခဲ့ပေမယ့် ဒေသခံတွေ ဒီကနေ့အထိဓါတ်ဆီဝယ်ယူဖို့ခက်ခဲနေတယ်လို့ ပူတာအိုနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။
“ဆီပန့်ဆိုင်တွေမှာ ဆီကရှိတယ်ဒီကောင်တွေသက်သက်နဲ့မရောင်းပေးတာ မနေ့က petro 7 ကတစ်ယောက်ကိုတစ်ဂါလံဆီတော့ရောင်းပေးတယ် တာပေမယ့်အားလုံးမရသွားဘူးလူပေါင်း ၂၀၀ လောက်လာတာ လူ ၈၀ ၊ ၁၀၀ လောက်ပဲရသွားတယ်တချို့ကမရဘူးပြန်ခေါက်သွားတယ် ဆီရှိလျက်နဲ့မရောင်းပေးတာ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။
ဇူလိုင်လ ၁၃ရက်နေ့က petro 7 ဆီဆိုင်မှာ လူတစ်ဦးကိုဓာတ်ဆီ တစ်ဂါလံနှုန်းနဲ့ တစ်ဂါလံ ကျပ် လေးသောင်းနဲ့ရောင်းချပေးခဲ့တာဖြစ်ပြီး ဆီဝယ်ဖို့လာတန်းဆီတဲ့လူပေါင်း ၂၀၀ ခန့်ထဲက ဆီမရပဲ ပြန်သွားတဲ့သူတွေကို ထပ််မံရောင်းချပေးမယ်လို့ပြောဆိုခဲ့ပေမယ့်ထပ်မံရောင်းချပေးတာမျိုးမရှိဘူး လို့ဒေသခံတွေကဆိုပါတယ်။
“အမှန် ကမနေ့က ဆီတွေမကုန်ဘူးရှိသေးတယ်နောက်နေ့ ရောင်းပေးမယ်ဆိုပြီးတံခါးပိတ်လိုက်တာ ဒီနေ့ (ဇူလိုင် ၁၅ရက်)အထိမရောင်းပေးဘူး တွေအများကြီးသွားတန်းစီကြတယ်မရောင်းပေးဘူး အားလုံးကိုပြန်ခေါက်ခိုင်းလိုက်တယ်”လို့ ပူတာအိုမြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ ရောက်လာတဲ့ဆီကားတွေထဲမှာ petro 7 ဆိုင်အပါ တိုင်းကျော်ဆီဆိုင်၊ ဇေယျာမင်း၊ Top ဆီဆိုင် ရွှေပိုးဝါ ဆီိနဲ့အခြားဆီပန့်ဆိုင်တွေထဲက ဆီကားတွေ ပါဝင်ပြီး ဇူလိုင်လ ၁၃ ရက်နေ့အထိ တိုင်းကျော်နဲ့ Petro 7 မှာသာ အကန့်အသတ်နဲ့ရောင်းချပေးခဲ့တယ်လို့သိရပါတယ်။
“ဟိုနေ့တော့ တိုင်းကျော်မှာ ဆိုင်ကယ်ပဲထည့်ပေးတယ်တစ်စီးတစ်သောင်းဖို့ပဲ ပုံနဲ့လည်းအများကြီးလာတယ်မရောင်းပေးဘူးဆိုင်ကယ်တောင် အရင်ရောက်တဲ့လူပဲထည့်ပေးတာနောက်ရောက်တဲ့လူကမရဘူးတံခါးပိတ်လိုက်တာ သူ့ဆို့ကမရောင်းပေးဘူးပြည်သူတွေကဆီရောက်တာသ်ိလို့ ဆီဆိုင်ရှေ့ပိတ်ရပ်ပြီးစောင့်နေကြလို့ရောင်းပေးတာ”လို့ ပူတာအိုမြို့ခံ လူငယ်တစ်ဦီးကပြောပါတယ်။
ဇူလိူင် ၁၂ရက်နေ့မတိုင်ခင်အထိ ပူတာအိုမြို့ခံတွေဟာ ဓာတ်ဆီတစ်ပုလင်း ကျပ်၂၅၀၀၀ နှုန်းပဲအပြင်ပုလင်းချိန်ဆိုင်တွေမှာ ဝယ်ယူလို့ရပေမယ့် လက်ရှိအပြင်ပုလင်းချိန်ဆိုင်တွေကိုလည်းရောင်းချခွင့်တားမြစ်ထားတာကြောင့် ဒေသခံတွေပိုမိုခက်ခဲလာနေတာလို့ဆိုပါတယ်။
“လောလောဆယ်မြို့ပေါ်မှာ အပြင်ပုလင်းချိန်ဆိုင်လည်းမရောင်းခိုင်းဘူးတဲ့ဆီဒိုင်တွေကဖမ်းမယ်ပြောလို့သိမ်းသွားကြတာ အပြင််မှာလည်းမရဆီဆိုင်တွေကလည်း အပြည့်အဝမရောင်းပေးလို့ခက်နေကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့လူငယ်က ဆက်ပြောပါတယ်။
ပူတာအိုမှာ ဇွန်လ လဆန်းပိုင်းလောက်ကနေစပြီး ဒီကနေ့အထိ ဆီကားတွေ နှစ်ကြိမ်ထက်မနည်းရောက်လာပြီဖြစ်ပေမယ့် ဆီပန့်ဆိုင်တွေဟာ ဆိုင်မှာ မရောင်းချပေးပဲအပြင်မှာ လက်ကားထုတ်ရောင်းနေတယ်လို့သိရပါတယ်။
လက်ရှ်ိ ပူတာအို–မြစ်ကြီးနားကြားဆွမ်ပရာဘွမ်မြိို့နယ်ထဲမှာ မိုးရွာသွန်းမှုကြောင့်ကားလမ်းပိုင်းမြေပြိုမှုတွေဆိုးဆိုးဝါးဝါးဖြစ်နေလို့ နောက်ထပ်ကုန်ကားတွေတက််မရဖြစ်နေချိန် အထက်ဖော်ပြပါဆီကားတွေဟာ လမ်းပိုင်းမြေပြိုမှုဆိုးဆိုးဝါးဝါး မဖြစ်ခင်တက်လာတဲ့ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှ်ိကချင်ပြည်နယ်ထဲ ဝင်မယ့်စက်သုံးဆီကားအများအပြားဟာ နန့်စီးအောင်ဂိတ်မှာပိတ်မိနေသလို လွယ်ဂျယ်ဂိတ်ကနေလည်း ဆီကားတွေ ဖြတ်ခွင့်မရတာကြောင့် ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စက်သုံးဆီတွေခက်ခဲနေတာ ဖြစ်ပါတယ်။
By – Zaw Zaw