ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် နမ္မတီးမြို့တွင် ခိုလှုံနေကြသော ကဆုန်စစ်ရှောင်များသည် Covid-19 ကာလအတွင်း ၎င်းတို့ကို ထောက်ပံ့ပေးသည့် လူမှုကူညီရေးအဖွဲ့အစည်းများ မရှိသောကြောင့် စားနပ်ရိက္ခာ ကျပ်တည်းမှုဖြင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ (more…)
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ရက္ခိုင်တပ် AA တို့ တိုက်ပွဲကြောင့် ပြည်သူများ၏ အသက်ဆုံးရှုံးမှုများဖြစ်ပေါ်နေသောကြောင့် စစ်ပွဲရပ်တန့်ရန် လိုအပ်ကြောင်း ကချင်လူထုဘက်မှလည်း ပြောဆိုနေကြသည်။ (more…)
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် ရက္ခိုင်တပ်မတော် AA ကို ဆက်လက်ထားရှိလျှင် စစ်ရေးအရ တိုက်ခိုက်မည်ဟု တပ်မတော်မှ ပြောဆိုလာမှုအပေါ် ကချင်ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူများ၏ အမြင်ကို တင်ပြထားပါသည်။ (more…)
မြန်မာစစ်တပ်က ၎င်းလက်အောက် ကောင်းခါးပြည်သူ့စစ် ခေါ် ယခင် ကချင်ကာကွယ်ရေးတပ်မတော် (KDA) နယ်မြေမှ ယခု မတ်လ လဆန်းပိုင်းမှာ မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်စက်များ မြောက်များစွာ ဖမ်းဆီးရမိပြီးနောက် KDA ဌာနချုပ် Kawnghka နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အရှေ့ဘက် KDA ဌာနချုပ် Kawnghka နှင့် ၎င်း၏ တပ်မဟာ (၁) ဌာနချုပ် Loi Hkang
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ ကဆုန့်ကျေးရွာမှစစ်ရှောင် ၂ဦးသည် ကန့်သတ်နယ်မြေအတွင်း တောင်ယာခုတ်ရန် လိုက်ကြည့်ရာမှ မတ်လ ၅ ရက်နေ့တွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာဆိုးရွားစွာရရှိခဲ့သည်ဟု စစ်ရှောင်တာဝန်ခံများမှ သိရသည်။ (more…)
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဦးဆောင်ပြီး ကချင်စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကို ကချင်ပြည်နယ် ကျေးရွာ ၁၀ ခုတွင် နေရပ်ပြန်ပို့နိုင်ရန် စီစဉ်နေပြီဖြစ်သည်။ ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်း ကူညီမှုဖြင့်လုပ်ငန်းဖော်ဆောင်မည်ဖြစ်သော နေရပ်ပြန်ရေးနောက်ဆုံးအခြေအနေကို KBC ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာ ခါးလီကို ကချင်သတင်းဌာန KNG တွေ့ဆုံမေးမြန်းထားသည်။ (more…)
ကချင်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်မှုကြောင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ၂ ပတ်ကြာ ထိန်းသိမ်းထားခံခဲ့ရသော ကချင်ဓမ္မဆရာ ၂ဦးကို ယနေ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွတ်ပေးလိုက်ပြီဟု သိရသည်။ လွတ်မြောက်လာသည့် ဆရာ ၂ ဦးအပြင် ဖေဖော်ဝါရီ ၅ ရက်နေ့ ကချင်တော်လှန်ရေးနေ့ သရုပ်ဖော်ပြဇတ်တွင် ဦးဆောင်ခဲ့သော ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့မှ ဆရာ ၂ ဦးကိုလည်း အမှုမှ ရုပ်သိမ်းပေးလိုက်သည်ဟု သိရသည်။ မတရားအသင်း ဆက်သွယ်ရေး ပုဒ်မ ၁၇/၁ဖြင့် တရားစွဲခဲ့သော
မြစ်ကြီးနားအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော ကချင်ဓမ္မဆရာ ၂ဦးကို နောက် ၁ပတ်ခန့်အကြာထိ ထပ်မံ ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။ (more…)
ကချင်တော်လှန်ရေးနေ့အခမ်းအနားတွင် ပြဇတ်ဖျော်ဖြေမှုကြောင့် ထိန်းသိမ်းခံထားရသော ကချင်ခရစ်ယာန်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ယခုရွေ့ပြောင်းလိုက်ပြီဖြစ်သည်။ (more…)
မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ဆုတောင်းပွဲပြုလုပ်ရာတွင် ဥပဒေဘောင်ကျော်လွန်မှုများ ရှိသဖြင့် ထပ်မံ မဖြစ်ပွားစေရန် ထိန်းသိမ်းမည့်အကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးထံသို့ ကချင်အတိုင်ပင်ခံအဖွဲ့ WMR စာတင်လိုက်သည်ဟု သိရသည်။ (more…)