ကချင်ပြည်နယ်အစိုးရနှင့် ကချင်လူငယ်အဖွဲ့တို့၏တွေ့ဆုံမှု အားရကျေနပ်မှု မရှိဟုဆို

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ညွန်ကြားချက်ဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကချင်လူငယ်အဖွဲ့တို့သည် မေလ ၂၈ရက်နေ့တွင် တွေ့ဆုံခဲ့ကြသော်လည်း ရလဒ်အပေါ်အားရကျေနပ်မှုမရှိကြောင်း လူငယ်များက ပြောသည်။ ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေရာတွင် တင်ပြထားသည့်အချက်များစွာရှိသည့်အနက် စစ်ရှောင်လူငယ်များ၏ ပညာရေးနှင့် မူယစ်ဆေးဝါးပြသနာအကြောင်းကိုသာဆွေးနွေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ခြင်း မရှိဟု တွေ့ဆုံရာတွင် ပါဝင်သော ကချင်လူငယ်တစ်ဦး ဆွတ်ဆိုင်းထွယ် က ပြောသည်။ “NRPC က ပြည်နယ်အစိုးရကို လူငယ်တွေက တင်ပြထားတဲ့အကြာင်းတွေကို ထပ်မံပြီး ရှင်းလင်းခိုင်းလိုက်တာပေါ့နော်။ သူတို့ရဲ့ ရှင်းလင်းမှုမှာ…