ICJ ဆုံးဖြတ်ချက်ချရာတွင် တိုင်းရင်းသားအရေးပါ ထည့်သွင်းသင့်

မြန်မာပြည်ရှိ နိုင်ငံရေးပြဿနာ လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်ကျူးလွန်မှုများ ဖြေရှင်းနိုင်ရန် ရိုဟင်ဂျာပြဿနာ တစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားဒေသမှအရေးများ ထည့်သွင်းဆွေးနွေးရန်လိုအပ်ကြောင်း နိုင်ငံတကာကို ပြောဆိုနေသည်ဟု ကချင်အမျိုးသမီးအဖွဲ့ပြောသည်။ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာပြည်ကိုတရားစွဲဆိုထားသည့်အမှုတွင် ကြားဖြတ်စီမံချက် (၄) ချက်ကို ဇန်နဝါရီ (၂၃) ရက်နေ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှ ချမှတ်ခဲ့သည်။ သို့သော်လည်း မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြေရှင်းရာတွင် တိုင်းရင်းသားအရေးကိစ္စများကို ထည့်သွင်းရမည်ဟု ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT အဖွဲ့တာဝန်ရှိသူ…