ကတ်သစ်လစ်

  • Apr- 2024 -
    12 April
    သတင်း

    မိုးညှင်း ကစ်သစ်လစ်သာသနာပြု ဘုန်းတော်ကြီးတစ်ပါးသေနတ်ခတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေ (၂)ရပ်ကွက် ကတ်သစ်လစ်ဘုရားကျောင်းမှာကတ်သစ်လစ်ဘုန်းတော်ကြီးတစ်ပါး ဝတ်ပြုကိုးကွယ်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ စိန်ပတ်ထရစ်ဘုရားကျောင်းထဲအသင်းသားတွေနဲ့ဝတ်ပြုကိုးကွယ်နေတဲ့အချိန် အမည်မသိလူ ၂ ယောက်ဝင်လာပြီး သေနတ်ပစ်သွားတာဖြစ်တယ်လို့ မိုးညှင်းဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “၆ နာရီလောက်မှာ ဘုရားကျောင်းထဲ မစ္ဆာတရားပေးနေတဲ့အချိန် လူနှစ်ယောက်ဝင်လာပြီး ဝင်ပစ်သွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ အခုမြစ်ကြီးနား ဆေးရုံဘက်ပို့လိုက်ပြီ။ သေနတ်ဒဏ်ရာက ၃ နေရာလောက်မှာ ထိသွားတယ်”လို့ပြောပါတယ်။ သေနတ်ပစ်ခတ်ခံရတဲ့ဘုန်းတော်ကြီးဆရာတော်ဟာ အသက် ၄၀ ကျော်အရွယ် ဖာသာရ်ပေါလ်ခွေရှင်းအောင်ဆိုသူဖြစ်ပြီး ပေါင်တစ်ဖက်၊ မေးစေ့နဲ့ လက်တစ်ဖက် ၃ နေရာမှာသေနတ်ဒဏ်ရာရရှိထားတယ်လို့ ပြောပါတယ်။ ဘုရားကျောင်းဝင်းထဲကိုရောက်လာပြီး သေနတ် ၅ ကြိမ်ထက်မနည်း ပစ်ခတ်သွားတဲ့ လူ ၂ ယောက်က မျက်နှာတစ်ခုလုံးအုပ်ထားပြီး ထွက်ပြေးသွားတာကြောင့် ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကို မသိလိုက်ရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် အခုလို ဘုရားကျောင်းဝင်းအတွင်းအထိ လာရောက်ပစ်ခတ်သွားတဲ့ အဖွဲ့အစည်းတွေဟာ ကချင်လူမျိုးတွေကိုမလိုလားအပ်တဲ့ အဖွဲ့အစည်းတစ်ခုခုကသာ ဖြစ်တယ်လို့ မိုးညှင်းဒေသခံ အမျိုးသားက သုံးသပ်ပြောဆိုပါတယ်။ “ဒီအခြေအနေကို ကြည့်ရမယ်ဆိုရင် ကချင်လူမျိုးတွေကို မလိုလားအပ်တဲ့ သူတွေသာဖြစ်တယ်။ အခုဆိုရင် ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်လာတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဘယ်အဖွဲ့အစည်းလဲဆိုတာ အားလုံးသိမှာပါ”လို့ပြောဆိုပါတယ်။ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပွားနေတဲ့အခြေအနေတစ်ခုမှာ ဘာသာရေးအသီးသီးက သင်းအုပ်၊ သင်းထောက်၊ ဘုန်တော်ကြီးတွေနဲ့ ရိုးရာလူကြီးတွေ အသက်အန္တရာယ်စိုးရိမ်ရနေရတဲ့ကာလဖြစ်နေပြီလို့ဆိုပါတယ်။…

    Read More »
Back to top button