ကသာ

  • Mar- 2026 -
    9 March
    သတင်း

    ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် လက်နက်ကြီးကျပေါက်ကွဲမှုရှိနေ၊အရပ်သားတစ်ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကသာမြို့မှာ လက်တလောနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ အရပ်သားတစ်ဦးသေဆုံးခဲ့သလို နေအိမ်မီးလောင်မှုတွေလည်းရှိနေတယ်လို့ ကသာဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေကို ကသာမြို့ကိုသိမ်းပိုက်ဖို့ထိုးစစ်ဆင်နွှဲခဲ့ပြီး တစ်လကြာနှစ်ဖက်ပစ်ခတ်မှုတွေရှိပြီးတဲ့နောက် တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေခဲ့တာဒီနေ့အထိဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက ကသာမြို့ပြင်နေရာတချို့တွေမှာဆက်လက်နေရာယူထားဆဲဖြစ်သလို စစ်ကော်မရှင်တပ် ဘက်ကလည်း မြို့တွင်းနေရာတစ်ချို့မှာအထိုင်ချထားပြီး နှစ်ဖက်စစ်ရေးအခြေနေစောင့်ကြည့်နေဆဲအခြေနေလို့ စစ်ရေးအခြေနေ သိရှိတဲ့ ကသာမြို့ဒေသခံတွေကပြောပါတယ်။ “မြို့ထဲကတော့ မနေ့တုန်းက မီးလောင်တယ်ဆိုတဲ့သတင်းကြားတယ်။ ရှော့တိုက်ဒုံးလည်း ရပ်ကွက် ၆ ထဲကျတယ်။ တိုက်ပွဲက ဖြစ်နေလားဆိုရင်တော့ တိုက်ပွဲဖြစ်နေတယ်တော့မရှိဘူး။ ရှော့တိုက်ဒုံးကလည်းဘယ်ဘက်ကပစ်တယ်ဆိုတာမသိဘူး။ သိရသလောက် တစ်ပတ်တောင်မပြည့်သေးဘူး။ ဘူတာဈေးမှာလက်နက်ကြီးမှန်လို့ ဆိုင်ကယ်စီးလာတဲ့တစ်ယောက် ရပ်ကွက် ၅ ဇေယျာချောင်ထဲက အဲ့တစ်ယောက်သေတယ်။ အသက် ၃၀ ကျော်ဘဲရှိသေးတယ်”လို့ စစ်ရေးအခြေနေသိရှိတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ကသာမြို့တွင်း MEC ဆင်းကဒ်တစ်မျိုးသာဖုန်းလိုင်းရပြီး တခြားသောဖုန်းလိုင်းအားလုံးပြတ်တောက်နေတယ်လို့ သိရ ပါတယ်။ တစ်ဖက်မှာ ကသာမြို့တိုက်ပွဲစဖြစ်ကတည်းကဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြို့ခံတွေဟာ စစ်ဘေးရှောင် တာကြာရှည်လာတာနဲ့အမျှ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေပြန်ယူဖို့ မြို့ထဲယာယီပြန်ဝင်ကြတာတွေရှိနေပြီး တချို့တွေမြို့ထဲ ပြန်ဝင်ပြီးတဲ့နောက် ပြန်ထွက်မရတဲ့အခြေနေတွေလည်းကြုံနေရတယ်လို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ရေးအခြေနေကတင်းမာနေဆဲဖြစ်တာမို့ ကသာမြို့ထဲပြန်ဝင်လာဖို့ဒီနေ့အထိ ခွင့်ပြုထားတာမရှိသေးသလို စစ်ကော်မရှင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဘက်ကတော့ မြို့တွင်းပြန်ဝင်လို့ရပြီဖြစ်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာမျှဝေတာတွေရှိနေပါတယ်။ ဒါ့ကြောင့် ကသာမြို့ကလက်ရှိအခြေနေမှာပြန်ဝင်ဖို့ လုံခြုံမှုရှိမရှိသိရဖို့ မန္တလေးမြို့မှာစစ်ဘေးတိမ်းရှောင်နေတဲ့ ကသာမြို့ဒေသခံ တစ်ဦးကို KNG ကဆက်သွယ်မေးမြန်းချိန် အခုလိုပြောပါတယ်။ “မပြန်ရဲသေးပါဘူး။မပြန်ရဲဘူးဆိုတာက အခု လေယာဥ်တွေနဲ့က ရွာနီးခြောက်စပ်တွေကိုချနေတယ်ဆိုတော့။ ချတဲ့နေရာက လည်း ကိုယ်ပြန်မယ့်လမ်းတွေချည်းပဲ။အခုလူကြုံရှိတယ်အဲ့ဘက်ကိုပြန်မယ့်ဟာ ဒါပေမဲ့ အန်တီတို့လိုက်မသွားဘူး။ လမ်းစရိတ် ကလည်း အရမ်းကုန်တယ်။”လို့ အထက်ပါ ကသာဒေသခံအမျိုးသမီးကပြောပါတယ်။ ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ လက်ရှိတော့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပြီး ကသာမြို့ပြင် ဧရာဝတီ မြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါ အဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် ကသာမြို့သိမ်းတိုက်ပွဲဟာ ရုတ်တရက်စစ်ဆင်ရေးဖြစ်တာမို့လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတဲ့ ကသာမြို့ခံများစွာအတွက် အကူအညီများစွာလိုအပ်နေကြတယ်လို့သိရပါတယ်။ By – အမိုး

    Read More »
  • Jan- 2026 -
    20 January
    သတင်း

    တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ပြင်ဆင်နေ

    မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ဘက်ကပြင်ဆင်နေတယ်လို့ကသာမြို့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကော်မရှင်က ကျောင်းသား/သူ နဲ့ Non-CDM ဆရာ/မ စုစုပေါင်း ၄၀၀ ကျော်ကို ကသာမြို့ကိုဝင်ရောက်စေပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ပြင်ဆင်နေတာလို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်ကော်မရှင်ကကျောင်းပြန်ဖွင့်ဖို့ကြိုးစားတာဟာ…

    Read More »
  • 15 January
    သတင်း

    ကသာမြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူ သောင်းကျန်းနေတဲ့ အုပ်စုဖွဲ့သူခိုးများထဲ အမျိုးသမီးတွေပါဝင်

    မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့က ဒေသခံတွေဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေရချိန် အုပ်စုဖွဲ့ကာနေအိမ် ဖောက်ထွင်း ခိုးယူတာတွေဖြစ်ပွားနေပြီး အဲ့ဒီသူခိုးအဖွဲ့မှာ အမျိုးသမီးတွေပါ ပါဝင်နေတယ်လို့ ကသာမြို့ကနေထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ကပြောပါတယ်။ ကသာမြို့ခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့နေ့ကစလို့ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာ…

    Read More »
  • 14 January
    သတင်း

    ကသာမြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးပျောက်ဆုံးနေ

    မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာမြို့တွေမှာတိမ်းရှောင်နေကြရပြီး ကသာမြို့ကနေ မန္တလေးမြို့ကိုတိမ်းရှောင်နေတဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦး မိသားစုတွေနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင် ကသာမြို့ကနေ မန္တလေးမြို့ကို ပထမဆုံးရောက်တဲ့နေ့ ၃၈/၅၈–၅၉…

    Read More »
  • 6 January
    သတင်း

    ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ

    ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေး‌ရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။ ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့…

    Read More »
  • Dec- 2025 -
    30 December
    သတင်း

    ကသာမြို့ပတ်လည်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင်တွေထပ်တိုးလာနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မနေ့ညပိုင်းကစလို့ ဒီကနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ယမန်နေ့ညပိုင်း ၉ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်နဲ့ အကြိမ် ၆၀ ကျော်နီးပါး မြို့ပတ်ပတ်လည်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး…

    Read More »
  • 29 December
    သတင်း

    ကသာမြို့ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်

    လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ဒီဇင်ဘာလအစကတည်းက ခပ်စိပ်စိပ်ကြားနေရတဲ့ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်နေ ပြီလို့သိရပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲနေ့ ‌ဒီဇင်ဘာလ…

    Read More »
  • Oct- 2025 -
    30 October
    သတင်း

    ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ်…

    Read More »
  • Sep- 2025 -
    15 September
    သတင်း

    ဖမ်းဆီးခံရတဲ့ ကသာမြို့ခံ ၃ ဦး စစ်သင်္ဘောကနေ ထွက်ပြေးလွတ်မြောက်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ခံအမျိုးသား ၃ ဦးကိုဖမ်းဆီးသွားပြီးနောက် စစ်သင်္ဘောနဲ့အတူ ခေါ်ဆောင်သွားချိန် သင်္ဘောပေါ် ကနေ ခုန်ချလွတ်မြောက်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ စစ်တပ်ရဲ့ စစ်သင်္ဘောများ ကသာမြို့နယ် သံပုရာရွာဆိပ်ကမ်းရောက်ချိန်…

    Read More »
  • 3 September
    သတင်း

    ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတစ်ဝှိုက်မှာ သံခွန်သင်္ဘော ၅ စီး ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကိုစစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀…

    Read More »
Back to top button