ကုန်စည်ပြတ်လပ်

  • Jun- 2025 -
    21 June
    သတင်း

    ဟုမ္မလင်းမှာ ကုန်အဝင်ရပ်တန့်‌ နေတဲ့အတွက် ကုန်စည်တစ်ချို့စတင်ပြတ်လပ်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ ကုန်းကြောင်း၊ရေကြောင်းအားလုံးပြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်တစ်ချို့စတင်ပြတ်လပ်လာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။ မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းဟာ မေလကတည်းက မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီးလက်ရှိအချိန်အထိသွားလာလို့မရနိုင်သေးသလို၊ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပိုင်းကလည်း တိုက်ပွဲတွေကြောင့် သွားလာဖို့ခက်ခဲနေတဲ့အတွက် ဟုမ္မလင်းမြို့နယ်ထဲကုန်စည်အဝင်ရပ်တန့်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်နဲ့တင်တဲ့ကုန်တွေလောက်ပဲရှိတယ်။ ကုန်းကြောင်းကောရေကြောင်းကော ဘာကုန်မှမဝင်တာဟိုလကတည်းကပဲ။…

    Read More »
  • 3 June
    သတင်း

    လမ်းပိုင်းမြေပြိုမှုကြောင့် ရေဘေးသင့်ချီဖွေဒေသမှာကုန်စည်ပြတ်လပ်နိုင်

    ကချင်ပြည်နယ်အထက်ပိုင်း မေခမြစ်ရှိရာဒေသတစ်ဝှိုက် မိုးသည်းထန်စွာရွာသွန်းနေလို့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်းမြေပြိုမှု တွေဖြစ်နေပြီး ရေဘေးဒဏ်ကြုံထားရတဲ့ချီဖွေဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လန်ဆယ် ဒေသတို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်း၊ ဒေသခံတွေနေအိမ်တစ်ချို့အပါအဝင်…

    Read More »
Back to top button