ကုန်စျေးနှုန်း
-
May- 2024 -21 Mayသတင်းဆောင်းပါး
စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ပူတာအိုမြို့
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားတာ နှစ်လကျော် ကြာမြင့်လာတာနဲ့အမျှ ပူတာအို ဒေသမှာ စံချိန်တင် ကုန်စျေးနှုန်းမြင့်တင်ပြီး ဒေသခံတွေ အဆိုးရွားဆုံး ခက်ခဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မတ်လ ၈ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ပူတာအိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကားလမ်းပိတ်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ နှစ်လကျော်ကြာ ကားလမ်းပိတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ပူတာအိုဒေသမှာ အခြေခံ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်လာပြီး ဒေသခံတွေရဲ့ လူနေမှုဘဝ တစ်နေ့တခြား ပိုမိုခက်ခဲလာနေတယ်လို့ ပူတာအိုမြို့ လုံးစွတ် ရပ်ကွက်နေ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးက KNG ကို အခုလို ပြောပါတယ်။ “ပူတာအိုဒေသအတွက် ကတော့ ဒါဟာ ဘယ်ခေတ်ဘယ်အခါမှ မကြုံဖူးခဲ့တဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုရမှာပဲ။ ဘာလို့ဆိုအရင်က ကားလမ်းတွေဘာတွေပိတ်တာမျိုးရှိပါတယ်။ NLD လက်ထက်မှာတုန်းကလည်း ကြုံခဲ့ရတယ် ဒါပေမယ့်အဲ့တုန်းက အနီးစပ်ဆုံး ဆိုရင် ဓာတ်ဆီတစ်ပုလင်း ၁၂၀၀၀ အလွန်ဆုံးစျေးတက်ခဲ့တယ်။ သွားသွားလာလာရသေးတယ် အခုဟာက အထိန်းအကွပ် မရှိတော့ဘူး။…
Read More » -
11 Mayသတင်း
ပူတာအိုမှာ စစ်တပ်က အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့သယ်ယူထားပြီး စျေးအဆမတန်မြင့်တင်ရောင်းချနေ
ကချင်ပြည်နယ် ပူတာအိုဒေသအတွက် အခြေခံစားသောက်ကုန်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့သယ်ယူပြီး အစျေးအဆမတန်မြင့်တင်ပြီးရောင်းချပေးနေတာကြောင့် ဒေသခံတွေ ပိုပြီးအခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းသွားလာခွင့်ကိုပိတ်ထားပြီး ပူတာအိုဒေသအတွက်လိုအပ်နေတဲ့အခြေခံစားသောက်ကုန်တွေကို မေလ ၇ ရက်နေ့ကနေ လေကြောင်းနဲ့သယ်ယူနေပြီး မေလ ၁၀ ရက်နေ့ကစ ရောင်းချပေးနေပေမယ့် စျေးအဆမတန်စျေး မြင့်တင်ပြီးရောင်းချပေးနေတယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်က အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။…
Read More » -
Mar- 2024 -25 Marchသတင်း
ကွတ်ခိုင်မှာရေရှားပါးမှုကြုံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လျှပ်စစ်မီးမရရှိသေးတဲ့အပြင် စက်သုံးဆီဈေးနှုန်းမြှင့်တက်တာတွေကြောင့် ဒေသခံတွေ ရေရှားပါးတဲ့ပြဿနာနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ ရေကို အဝီဇိတွင်းတွေကနေသာအဓိကရယူကြတာဖြစ်ပြီး ရေရဖို့အတွက် လျှပ်စစ်မီးကိုအဓိကအသုံးပြုရတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအစမှာပဲ လျှပ်စစ်မီးတွေ လုံးဝမရပဲပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “လျှပ်စစ်မီးမရတာပေါ့နော် စက်သုံးဆီကိုအဓိကထားပြီးတော့…
Read More » -
Jan- 2024 -10 Januaryသတင်း
နာဂဒေသ အခြေခံစားသောက်ကုန်ဈေးအဆမတန်မြင့်တက်
စစ်ကိုင်းတိုင်း နာဂဒေသမှာရှိတဲ့ မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်များဈေးမြင့်တက်နေပြီးအသားငါး ပြတ်လပ်တာတွေထိရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာ–ဟုမ္မလင်း ချင်းတွင်းမြစ်ရေကြောင်းလမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စစ်တပ်က သွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ခန္တီးဒေသခံတစ်ဦးကပြောပါတယ်။ “အသားငါးက တစ်ပိဿာ ၄သောင်းကျော်နေတယ်။ ကြက်က CP…
Read More » -
Dec- 2023 -18 Decemberသတင်း
တလူး၊ တကားကျေးရွာဘက် ရေလမ်းကြောင်းပိတ်တာ တစ်လကျော်ကြာလို့ ဆန်စျေး စံချိန်တင် မြင့်တက်
တနိုင်းမြို့နယ် တလူးကျေးရွာ နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာဘက်ကို တစ်လကျော်ကြာ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် လက်ရှိမှာတော့ ဆန်တစ်အိတ် ကျပ် ၄ သိန်း ကျော်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေကြား တလူးနယ်မြေထဲမှာ တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို လက်ရှိမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အဲဒီဒေသဘက်ကိုသွားနိုင်တဲ့ တစ်ခုတည်းသော…
Read More » -
12 Decemberသတင်း
ဟုမ္မလင်းနယ်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေပြီး ကြက်ဥတစ်လုံး တစ်ထောင်ကျပ်အထိပေးဝယ်နေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့ သယ်ယူနေရတာာကြောင့် ကုန်စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပုံမှန်အားဖြင့်ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်နဲ့အခြားကုန်ပစ္စည်းတွေကို ပင်လည်ဘူး၊ကောလင်း ဘက်ကနေ ကုန်းကြောင်းနဲ့သယ်ယူကြသလို ချင်းတွင်းမြစ်ကြောင်းအတိုင်းရေကြောင်းနဲ့လည်း သယ်ယူကြတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ကောလင်းဘက်နဲ့ကနီနယ်တွေထဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကုန်းကြောင်းကော ရေကြောင်းသွားလာလို့မရတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို…
Read More » -
5 Decemberသတင်း
ဗန်းမော်မြို့ထဲ ကုန်ဈေးနှုန်း၊ ဓာတ်ဆီဈေးတွေ မြင့်တက်နေ
ကချင်ပြည်နယ် ဗန်းမော်မြို့ထဲ ကုန်စည်စီးဆင်းတဲ့ ကားလမ်းမကြီး ၂ ခုစလုံး ပိတ်ခံလိုက်ရတဲ့နောက် ကုန်ကားအဝင်နည်းသွားတဲ့အတွက် ကုန်ဈေးနှုန်း၊ ဓာတ်ဆီဈေးတွေ မြင့်တက်နေပြီး ပြည်သူတွေသွားလာရေးမှာလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ လဆန်းကစပြီး ဗန်းမော် –…
Read More » -
Nov- 2023 -20 Novemberသတင်း
မြစ်ကြီးနားမြို့မှာ ကုန်စျေးနူန်းတွေ စံချိန်တင်ထိုးတက်
စစ်ကိုင်း– ကချင် ပြည်ထောင်စုလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ သွားလာခွင့်ပိတ်ဆို့လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းတွေ စံချိန်တင်ထိုးတက်လာတယ်လို့ မြို့ခံလူထုက ပြောပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ပြည်ထောင်စု ကားလမ်းတွေပိတ်ဆို့လိုက်ပြီးနောက် ၃ ရက်အကြာမှာတော့ကုန်ဈေးနှုန်းတွေဟာ နာရီပိုင်းခြားအတွင်း ထိုးတက်နေတာဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “ဈေးကတစ်ချိန်နဲ့ တစ်ချိန်တောင်မတူဘူး၊ မုန်ညှင်းအစည်း ၁၀ စည်းပါတစ်ခုကို ၈၀၀၀ ဆိုပြီး…
Read More » -
Sep- 2023 -20 Septemberသတင်း
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မသန်စွမ်းတွေ စားဝတ်နေရေးပိုခက်ခဲလာ
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းလာ တာနဲ့ ကုန်ဈေးနှုန်းမြှင့်တက်လာတာတွေကြောင့် နိုင်ငံတစ်ဝှမ်းကမသန်စွမ်းတွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ မသန်စွမ်းအရေးကူညီနေသူတွေဆီကနေ သိရပါတယ်။ အလားတူ ကချင်ပြည်နယ်မှာလည်း စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် မသန်စွမ်းတွေဟာ အလုပ်အကိုင်ရှားပါးလာပြီး အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာတယ်လို့ ကချင်ပြည်နယ်အတွင်းက မသန်စွမ်းအရေးဆောင်ရွက်နေတဲ့ တွဲလက်မေတ္တာ ပရဟိတအသင်းက ဆရာအဇောင်းက“အရင်ကဆို မသန်စွမ်းတွေအတွက်အခွင့်အရေးက ကူညီတဲ့အဖွဲ့အစည်းတွေက သူတို့အတွက်အစားအသောက်အကူညီတွေရတယ် ပြီးတော့ သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရှိတယ်အခုတော့မရှိတော့ ဘူး အားလုံးကခက်ခဲသွားကြတော့ အလုပ်တွေကရှားသွားတာပေါ့“လို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းတစ်ချို့ဟာ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ မသန်စွမ်းတစ်ယောက်ကို…
Read More » -
Aug- 2023 -27 Augustသတင်း
ဖားကန့်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း မြင့်တက်နေပြီး ခရမ်းချဉ်သီးတစ်ပိဿာ ၁ သောင်းခွဲထိ ပေးဝယ်နေရ
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကားမိုင်း– ဖားကန့်လမ်းပိုင်း ပိတ်ထားတာကြာမြင့်လာတဲ့အတွက် ဖားကန့်မှာတော့ ခုရက်ပိုင်းအခြေခံစားသောက်ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာနေကြောင်း လုံးခင်းဒေသခံတွေဆီက သိရပါတယ်။ အဲဒီလမ်းပိုင်းကို ဩဂုတ်လ ၂၂ ကားမိုင်းကနေ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က နန့်ယား မရောက်ခင်…
Read More »