ကောင်ဂျာရွာ

  • Jan- 2026 -
    28 January
    သတင်း

    ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော

    ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ တာဝန်ပေးညှိနှိုင်းဆောင်ရွက်ထားပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဆေးရုံတက် ကုသပေးနေတဲ့ တစ်ချို့က ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခိုင်းတာတွေတော့ရှိနေပါပြီ။ ကလေးငယ် နှစ်ယောက်နဲ့ လူကြီးပိုင်း ၆ ယောက်ခန့်က ဒဏ်ရာပြင်းထန်တော့ အချိန်ယူပြီး ကုသရအုံးမှာပါ။ နောက်နေအိမ်ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားပါပြီ”လို့ပြောပါတယ်။ လက်ရှိမှာ ကလေးငယ် သုံးဦးအပါ ပြည်သူ ၆ ဦးခန့်က ပြင်းထန်ဒဏ်ရာကြောင့် အချိန်ယူကုသရအုံးမှာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်  အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး ၂၂ ယောက်က ပွဲချင်းပြီးသေဆုံးမှုရှိခဲ့ပါတယ်။ အသက်လွတ်မြောက်လာတဲ့ ပြည်သူ ၂၈ ယောက်ထဲမှာ အယောက် ၂၀ ကျော်က ဆေးရုံတင်ကုသခံယူခဲ့ရပြီး အဲဒီထဲမှာ လသားအရွယ်ကလေးငယ် တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးပါဝင်တယ်လို့သိရပါတယ်။ လသားအရွယ်ကလေးငယ်က မျက်နှာပေါ် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးနှစ်ဖက်စလုံးလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူဆက်ဆိုပါတယ်။ “လသားအရွယ်ရှိတဲ့ ကလေးငယ်ကလည်း တော်တော်လေးကောင်းမွန်လာပြီ။ မျက်နှာပေါ်ထိသွားတယ်ဆိုတော့ မျက်လုံးတွေလည်း အခုကပွင့်လာပြီ။ နောက် ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက်လည်း ကျန်မာစွာရှိနေပါတယ်”လို့ပြောပါတယ်။ အဆိုပါ လသားကလေးငယ်တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ နီးစပ်တဲ့ပြည်သူတွေက အကူအညီတောင်းခံနေတာလည်းတွေ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့ ထီးလင်း၊ ကောင်ဂျာရွာတဝိုက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ နာရေးဆုတောင်းပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ နေအိမ်မှာ ကျမှန်ခဲ့တာကြောင့် အရပ်သားပြည်သူ အများစွာထိခိုက်သေဆုံးမှုရှိခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 23 January
    သတင်း

    ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်၊ သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ KIO ပြော

    ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ  နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိလာပြီလို့ KIO ပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄…

    Read More »
  • Feb- 2024 -
    12 February
    သတင်း

    ကောင်ဂျာဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိ

    “ဗန်းမော်ဘက်ကနေ လက်နက်ကြီး နဲ့ ပစ်တော့ ကတုတ်ကျင်းမှာ ပုန်းနေကြတာဟုတ်တယ်။ နောက်တော့ သူ့ဝက်တွေကို နေရာသွားရွှေ့အုံးမယ်ဆိုပြီး ထွက်သွားတဲ့ချိန်မှာ လက်နက်ကြီးမှန်ပြီးလူရော ဝက်တစ်ကောင်ရောသေသွားတာ ဟုတ်တယ်”လို့ ပြောပါတယ်။

    Read More »
Back to top button