လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကောင်ဂျာဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိ

ဗန်းမော် ခလရ ၄၇ တပ်ရင်းက အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာမှာ စစ်ကောင်စီဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးပြီး နောက်ထပ်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၂ ကျော် ၁နာရီဝန်းကျင်လောက်မှာ ဗန်းမော်မြို့ စစ်ကောင်စီတပ် ခလရ ၄၇ တပ်ဘက်ကနေ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲနဲ့အကြောင်းမဲ့ လက်နက်ကြီး  ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် ကောင်ဂျာကျေးရွာနေ ဦးလမာတူးရဲ့ ဇနီးဖြစ်သူ အသက် ၅၀ နှစ်အရွယ်အမျိုးသမီး တစ်ဦးလက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

ဗန်းမော်ဘက်ကနေ လက်နက်ကြီး နဲ့ ပစ်တော့ ကတုတ်ကျင်းမှာ ပုန်းနေကြတာဟုတ်တယ်။ နောက်တော့ သူ့ဝက်တွေကို နေရာသွားရွှေ့အုံးမယ်ဆိုပြီး ထွက်သွားတဲ့ချိန်မှာ လက်နက်ကြီးမှန်ပြီးလူရော ဝက်တစ်ကောင်ရောသေသွားတာ ဟုတ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုက နေအိမ်သုံးအိမ်လောက်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့အိမ်နီးနားခြင်းဖြစ်တဲ့ အသက် ၂၅ ဝန်းကျင်အရွယ် ကလေးအမေတစ်ဦးနဲ့ လက်နက်ကြီးထိမှန်ပြီးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

အဲကလေးအမေက မျက်စိအနားကို ထိပြီး မျက်စိတောင်မဖွင့်နိုင်တော့ဘူး အခုက ဗန်းမော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ တော့ ပြောတယ်လို့ သူမကဆိုပါတယ်။

ကောင်ဂျာကျေးရွာဟာ ဗန်းမော်မြို့နယ်ထဲကကျေးရွာ တစ်ခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်းစာရင်းမှာတော့ အိမ်ခြေ ၈၀၀ ကျော် ရှိတဲ့ရွာဖြစ်ပြီး လူဦးရေကတော့ ၂၆၉၉ ဦးရှိခဲ့တာ ဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တစ်ရက်တည်း ဗန်းမော်မြို့နယ် ကောင်းတုံရွာဘက်ကိုလည်း မံစီဘက်မှာအထိုင်ချထားတဲ့ စစ်တပ်ရဲ့ လက်နက်ကြီး  လုံးပစ်ခတ်မှုကြောင့် မိသားစုဝင်  ဦးကျည်ထိမှန်ပြီး ဗန်းမော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ  ရက်ကနေ ၂၀၂၄ ဇန်နဝါရီလ ၂၆ ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ အမျိုးသမီး ၃၂၉၉ ဦးဖမ်းဆီးခံထားရပြီး ၇၅၄ ဦး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ဇန်နဝါရီလ တစ်လအတွင်းမှာ သေဆုံးသူ ၅၈ ဦးထိရှိတယ်လို့ မြန်မာအမျိုးသမီးသမ္မဂအဖွဲ့က  ဖေဖော်ဝါရီလဆန်းပိုင်းမှာထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ အာဏာသိမ်းတဲ့ အချိန်ကနေ ၂၀၂၄၊ ဖေဖော်ဝါရီလ  ထိ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၃၁ဦးထိရှိခဲ့ပြီလို့ AAPP(Assistance Association for Political Prisoners (Burma) )ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

By – Hope

Show More

Related Articles

Back to top button