ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
"သိန်း ဆယ်ချီ ရင်းထားပြီးတော့ ၁ သိန်း ၂ သိန်းပဲ ကျန်ဖို့ မလွယ်ဘူး။ ကျနော် အံ့ဩသွားတယ်။ ကျနော်လည်း အလုပ်ရှိ ယုံတမယ် မှေးလုပ်နေရတာ" ဟု မြန်မာပြည် အရှေ့မြောက် နယ်စပ် ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောသည်။ ငွေကြေးဖောင်းပွမှု ဂယက်နှင့် ဗဟိုဘဏ်ငွေလဲလှယ်မှု ပုံသေ သတ်မှတ်ချက်များ၊ ခက်ခဲသော နယ်စပ်ကုန်သွယ်မှု ပေါ်လစီ အဆင့်ဆင့်၊ လမ်းကြေး ပေးဆောင်ရမှု နှင့် အခွန်အကောက်များမှုများသည်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျင်းစန်းကျော့ နယ်စပ်ဂိတ်နဲ့ ထိစပ်နေသော တရုတ်ဘက် ဝမ်တိန်တွင် ဇွန်လ ၁ ရက်နေ့မှစကာ သစ်သီးကားများ ဆေးစစ်မှု ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ "အသီးကားတွေ ဆေးစစ်စရာမလိုတော့ဘူး။ ကားချိန်းပြီးတာနဲ့ မိမိသွားလိုတဲ့ မြို့ကို သွားလို့ရပါပြီ။ တိုက်ရိုက်" ဟု နယ်စပ် ကုန်သည် တစ်ဦးက ပြောသည်။ ယခင်က မြန်မာနိုင်ငံဘက်မှ တင်ပို့လာသော သစ်သီးများ တင်ဆောင်သည့် ကားများကိုပေကျင်း၊ ရှန်ဟိုင်းကဲ့သို့သော တခြားမြို့များသို့ သွားမည်ဆိုပါက
မြန်မာ- တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ - မန့်မိုင်(ဝမ်တိန်)မှ တရုတ်ဘက်သို့ တင်ပို့နေသည့် သစ်သီးကားများအား စစ်ဆေးမှု ၄ နေရာထိ ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။ ယခင် ဖရဲ၊ သခွားသီးများကို စစ်ဆေးရာ နေရာ ၈ နေရာ၊ သရက်သီးကားများ စစ်ဆေးရာနေရာသည် ၁၀ နေရာထိ ရှိခဲ့သော်လည်း မေလ ၂၂ ရက်နေ့မှစကာ တရုတ်ပြည်ဘက်မှ ၄နေရာထိ လျော့ချပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်းစန်းကျော့ မြန်မာ - တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်သို့ မြန်မာကုန်တင်ယာဉ်များ ပြန်လည်ဝင်ထွက်ခွင့်ပြုပြီဖြစ်ကြောင်း ကုန်သည်တွေထံမှ သိရသည်။ မြန်မာ့အရှေ့မြောက်စီးပွားရေးတံခါးပေါက်၏ အဓိက ကုန်သွယ်ရာဂိတ်တခုဖြစ်သည့် ကျင်းစန်းကျော့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ မေလ ၁၆ ရက်နေ့မှစကာ မြန်မာကုန်ကားများအား ပြန်လည်ဝင်ထွက်ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း သိရသည်။ "မနေ့က မှ စဝင်ဖို့ မြန်မာ ကုန်ခြောက်ကား ၃ စီးတန်းထားတာ ပထမနေ့ ၆ စီး၊ ဒုတိယနေ့
မူဆယ်၊ ကျင်စန်းကျော့ ဂိတ်သစ် မှ ကြံများကို မေလ ၁၅ ရက်နေ့ကစပြီး တင်ပို့နေပြီဖြစ်ကြောင်း ကြံလုပ်ငန်း ကုန်သည်များထံ မှ သိရသည်။ "မြန်မာပြည်ဘက်က ကြံကားတွေကို ကရိန်းကားနဲ့ ချိတ်ပြီး တရုတ်ဘက် ကားပေါ်တင်ပို့ ရတာပါ။ မနေ့က၇ စီးဝင်တယ်။ ကျင်စန်းကျော့ နောက်တပေါက်ကနေ" ဟု မြန်မာ လုပ်ငန်းရှင် တဦးက ပြောသည်။ တစ်ရက်လျှင် ကြံအစီး ၅၀ ထိ တင်ပို့နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး