ခင်ဦး ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့သဖြင့် ကျေးရွာ ခုနှစ် ရွာမှ ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် စစ်ကောင်စီတပ် မီးတင်ရှို့နေပြီး အနီးဝန်ကျင်ရှိ ကျေးရွာ ခုနှစ်ရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ ၆ ရက်နေ့ နောက်ပိုင်း ခင်ဦး ညောင်ကြီးစုရွာနှင့် အင်တိုင်းရွာဘက်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ ကံသစ်ရွာကို မီးရှို့နေသောကြောင့် အနီးနား ကျေးရွာများသည်လည်း ထွက်ပြေးနေရကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ ပြောသည်။