ခရီးသည်ယာဉ်

  • Jan- 2024 -
    17 January
    သတင်း

    ဖားကန့်သွားလမ်းကို စစ်တပ်ဘက်က သွားလာခွင့်ပိတ်ဆို့ထား

    စစ်ရေးတင်းမာမှုဖြစ်ပွားနေတဲ့ ဖားကန့်သွားကားလမ်းမကြီးတစ်လျှောက် ကုန်တင်ကားနဲ့ ခရီးသည်တွေကို စစ်တပ်ဂိတ် ၃ နေရာမှာ သွားလာခွင့်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ကားမိုင်းမြို့အဝင်ဂိတ်၊ နန့်ယားစစ်တပ်ဂိတ်၊ ဖားကန့်လယ်ပြင် ရမ်းချက်စစ်တပ်ဂိတ် နေရာတွေမှာ အတက် အဆင်း လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတယ်လို့ ကားမိုင်းဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကားမိုင်းတင်မဟုတ်ဘူး နန့်ယားနဲ့ လယ်ပြင် ရမ်းချက်ဂိတ် ဒီ ၃ နေရာမှာ ပိတ်ထားတယ်။ စစ်တပ်ဘက်ကနေ ပိတ်ထားတာ။ ဘာလို့ပြန်ပိတ်တာလဲတော့ သေချာမသိရဘူး။ ကားတွေက သူတို့ရောက်တဲ့နေရာမှာ သွားလို့မရဘဲ ရပ်စောင့်နေကြတာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ မိုးကောင်းမြို့နယ်ကနေ ဖားကန့်ဘက်ကို တက်လာတဲ့ ကုန်တင်ကားတွေက ကားမိုင်းမြို့အဝင်ဂိတ်နေရာမှာ ဆက်တက်လို့မရဘဲ ပိတ်ဆို့ခံထားရပြီး ဖားကန့်မြို့ဘက်ကနေ ဆင်းလာတဲ့ ကုန်တင်ကားတွေကလည်း လယ်ပြင်ရမ်းချက်စစ်တပ်ဂိတ်မှာ ပိတ်ဆို့ခံထားရတယ်လို့ သိရပါတယ်။ ဖားကန့်လမ်းကို စစ်ကောင်စီဘက်က ပိတ်ဆို့လိုက်တဲ့အကြောင်းအရင်းဟာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ နမ်တိန့်ကျေးရွာမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြားထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် တန်ပြန်ပိတ်ဆို့မှုဖြစ်နိုင်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဆိုင်းဖရာဒေသခံ အမျိုးသားတစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။ “၁၅ ရက်နေ့မှာဖြစ်တဲ့ တိုက်ပွဲမှာ အရာရှိတစ်ယောက်ထိသွားတယ်လို့ကြားတယ်။ အဲဒါဖြစ်တာနဲ့ တစ်ခါတည်း တိုက်လေယာဉ် ၂ စီးနဲ့လာခဲ့တာဟုတ်တယ်။ အဲဒီနောက်မှာပဲ လမ်းပိတ်တာတွေ ဖြစ်လာတာဟုတ်တယ်”လို့ပြောပါတယ်။ ဖားကန့်လမ်းကို ဇန်နဝါရီလ ၁၈ ရက်နေ့အထိ သွားလာခွင့်ပိတ်ဆို့ထားမယ်လို့ သိရပြီးတော့ လမ်းပိတ်ဆို့ခံထားရတာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်ပိတ်ဆို့ထားတာကို အသေစိတ်သိရှိဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို လမ်းကြောင်းပိတ်ဆို့ခံထားရတာကြောင့် ဖားကန့်လမ်းတစ်လျှောက်မှာရှိတဲ့ နန့်ယား၊ ဆိုင်းဖရာ၊ ဂေါ့လူယာန်၊ ပျားအုံ၊ တံတားညီနောင် နဲ့ ကပ်မှော် စတဲ့ ကျေးရွာနေပြည်သူတွေက သွားလာရေးအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်လောက်ကနေ ဖားကန့်သွား လမ်းမပေါ်မှာရှိတဲ့ နမ်တိန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား စတင်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် လက်ရှိမှာ နမ်တိန့်ကျေးရွာ အပြင် ကျေးရွာ ၇ က ဒေသခံပြည်သူတစ်ချို့လည့် တောတွင်းနေရာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြဆဲလည်းဖြစ်ပါတယ်။…

    Read More »
Back to top button