မင်းဇေသန့်အဖွဲ့ ဒရုန်းတိုက်ခိုက်ရေးသမားတစ်ဦး KIA ဖမ်းဆီး

ဖားကန့်မြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းဆရာတစ်ဦးကို KIA ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ “Sit Naing” ဆိုတဲ့ Facebook အကောင့်အသုံးပြုသူဖြစ်ပြီး KIA တပ်မဟာ ()၊ တပ်ရင်း () လက်အောက်မှာ ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ KIA သတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။

ဖားကန့်ဘက်မှာ ဟုတ်တယ်။ မင်းဇေသန့်ရဲ့ လူယုံတော်အဆင့်ရှိတယ်လို့လည်း ပြောတယ်။ သူက ဒရုန်းဆရာလည်း ဟုတ်တယ်လို့ အဲဒီသတင်းအရင်းအမြစ်က ဆိုပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းဆရာ Sit Naing ကို KIA က ဘယ်လိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့ အသေးစိတ်အခြေအနေကို မသိရသေးပေမယ့် ဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံတွေကတော့ ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

နောက်ထပ် KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးရဲ့ အဆိုအရ Sit Naing ဟာ တနိုင်း ပယင်းမှော်ဒေသ၊ ဝိုင်းမော်နဲ့ ဖားကန့်ဒေသတွေမှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ စစ်ရေးဖော်ဆောင်မှုတွေမှာ ဒရုန်းနဲ့ အဓိကတိုက်ခိုက်ရေးတာဝန်ယူနေသူဖြစ်တယ်လို့ သိရပါတယ်။

ကျနော်တို့ သိထားတာက အဲ့တစ်ယောက်က ဒရုန်းဆရာဟုတ်တယ်။ မြစ်ကြီးနားသွားတဲ့အကဲလမ်းပိုင်း၊ KIA တပ်မဟာ(တစ်လျှောက်၊ နောက်ပြီး ဖားကန့်စစ်ရေးတွေမှာလည်း တောက်လျှောက်ပါနေတာဟုတ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် သူအသုံးပြုတဲ့ Facebook အကောင့်ထဲမှာ KIA တပ်စခန်းတိုက်ခိုက်ရေးမှာ ပါဝင်ထားတဲ့ မှတ်တမ်းဗီဒီယိုဖိုင်တွေ ဖော်ပြထားပြီး KIA ကို စိန်ခေါ်ပြောဆိုထားတဲ့ အကြောင်းအရာတွေလည်း တွေ့ရပါတယ်။

မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်ပြီး ဖားကန့်၊ တနိုင်းနဲ့ ဝိုင်းမော်ဒေသတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ 

အထူးသဖြင့် ဖားကန့်ဒေသတိုက်ပွဲတွေမှာ စစ်ကူအဖြစ် ဝင်ရောက်တိုက်ခိုက်တာနဲ့ ဒရုန်းအသုံးပြုစစ်ရေးဖော်ဆောင်မှုတွေကြောင့် လူသိများလာတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button