ခလရ ၁၂၃

  • Jan- 2024 -
    24 January
    သတင်း

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကို အပြီးသိမ်းပိုက်လိုက်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

    ရှမ်းမြောက် နမ့်ဖတ်ကာမှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၂၃ အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက အတည်ပြုပါတယ်။ အဲဒီတပ်စခန်းကို KIA ဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းကနေ…

    Read More »
  • 15 January
    သတင်း

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်

    ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အထိုင်တပ်ဖြစ်တဲ့ ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီတပ်စခန်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ဒီမနက် ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ နမ့်ဖတ်ကာ တပ်ရင်းစခန်းထဲကို KIA က ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီက လေယာဉ်နဲ့ ဆက်လက်ပစ်ခတ်နေတဲ့အတွက် နယ်မြေရှင်းလင်းဖို့ လိုအပ်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလို ပြောပါတယ်။ “သတင်းကတော့ မှန်ပါတယ်။ ဒီမနက် ၅ နာရီလောက်ကနေ အပြင်းအထန်ပြန်တိုက်ပြီး ဒီမနက် ၉နာရီ ၂၄ မိနစ်မှာ သိမ်းပိုက်နိုင်ပြီ။ အပြီးစီးတော့ မဟုတ်သေးဘူးပေါ့။ စစ်တပ်စခန်းထဲ ဝင်ရောက်စီးနင်းနိုင်ပြီ သိမ်းနေဆဲအခြေအနေပေါ့ ဒါပေမဲ့အခြေအနေက မပြီးစီးသေးဘူး”လို့ KIA တပ်မဟာ ၄ ၊ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကြီးကို KIA အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့“သိမ်းပိုက်ရရှိပြီလို့ သတင်းတော့ ကျနော်တို့ဆီမှာ မရောက်လာသေးဘူး။ ပြီးခဲ့တဲ့ ရက်ကတည်းက နမ့်ဖတ်ကာမှာ တိုက်ပွဲတော်တော်ပြင်းထန်နေဆဲအခြေအနေတော့ ဟုတ်တယ်။” လို့ ပြောပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တပ်မဟာ ၄ ၊ တပ်မဟာ ၆ နဲ့ တပ်မဟာ ၁၀ ပူးပေါင်းတပ်ဖွဲ့တွေက ရက်ပေါင်း ၂၀ ရက်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ အပြင်းအထန်လာရောက် ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည်သူ  ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိပါတယ်။ လေယာဉ်ဗုံးကျဲမှုကြောင့် နမ့်ဖတ်ကာကျေးရွာထဲက…

    Read More »
Back to top button