သတင်း

နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အထိုင်တပ်ဖြစ်တဲ့ ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီတပ်စခန်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ဒီမနက် ဇန်နဝါရီ ၁၅ ရက်နေ့ မနက်  နာရီခွဲလောက်မှာ နမ့်ဖတ်ကာ တပ်ရင်းစခန်းထဲကို KIA က ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီက လေယာဉ်နဲ့ ဆက်လက်ပစ်ခတ်နေတဲ့အတွက် နယ်မြေရှင်းလင်းဖို့ လိုအပ်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလို ပြောပါတယ်။

သတင်းကတော့ မှန်ပါတယ်။ ဒီမနက်  နာရီလောက်ကနေ အပြင်းအထန်ပြန်တိုက်ပြီး ဒီမနက် ၉နာရီ ၂၄ မိနစ်မှာ သိမ်းပိုက်နိုင်ပြီ။ အပြီးစီးတော့ မဟုတ်သေးဘူးပေါ့။ စစ်တပ်စခန်းထဲ ဝင်ရောက်စီးနင်းနိုင်ပြီ သိမ်းနေဆဲအခြေအနေပေါ့ ဒါပေမဲ့အခြေအနေက မပြီးစီးသေးဘူးလို့ KIA တပ်မဟာ   ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပါတယ်။

နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကြီးကို KIA အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့သိမ်းပိုက်ရရှိပြီလို့ သတင်းတော့ ကျနော်တို့ဆီမှာ မရောက်လာသေးဘူး။ ပြီးခဲ့တဲ့ ရက်ကတည်းက နမ့်ဖတ်ကာမှာ တိုက်ပွဲတော်တော်ပြင်းထန်နေဆဲအခြေအနေတော့ ဟုတ်တယ်။” လို့ ပြောပါတယ်။

နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တပ်မဟာ   တပ်မဟာ  နဲ့ တပ်မဟာ ၁၀ ပူးပေါင်းတပ်ဖွဲ့တွေက ရက်ပေါင်း ၂၀ ရက်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ အပြင်းအထန်လာရောက် ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည်သူ   ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိပါတယ်။

လေယာဉ်ဗုံးကျဲမှုကြောင့် နမ့်ဖတ်ကာကျေးရွာထဲက နေအိမ်အများအပြား ကျည်ထိပြီး ပျက်စီးနေတယ်လို့ နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ဇန်နဝါရီ ၁၄ ရက်နေ့က ဆက်သွယ်ရေးလိုင်းရှိတဲ့နေရာကို ရောက်လာပြီး KNG ကို သတင်းပေးပို့ခဲ့ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ ဗုံးထိမှန်တာကြောင့် သေဆုံး၊ ထိခိုက်တာတွေရှိသလို ကတုတ်ကျင်းထဲ ပုန်းခိုနေရင်း နှလုံးမခိုင်တာကြောင့် နဲ့ ကြောက်ရွံ့ပြီး အကြောင်းမျိုးမျိုးကြောင့် သေဆုံးသွားသူတွေလည်းရှိပြီ။ အဲ့လိုပုံစံနဲ့သေသွားသူတွေ စုစုပေါင်း  ဦးရှိပြီ။ စစ်တပ်က နေ့တိုင်း လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ လေယာဉ်ဗုံးကြောင့် အိမ်အမြောက်အများလည်း မီးလောင်သွားပြီ။” လို့ ပြောပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့နယ်မှာ ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် စစ်ပွဲကြားဒေသခံတွေကို တိုက်ရိုက်ဆက်သွယ် မေးမြန်းဖို့ ခက်ခဲနေပါတယ်။

နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ကြားက နမ့်ခိုင်တံတားစစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ နမ့်ဖတ်ကာ ဒေသခံပြည်သူတွေဟာ နီးစပ်ရာ နမ့်အွမ်၊ တီးမား၊ ဟူးဖျတ် စတဲ့ကျေးရွာတွေနဲ့ တောတောင်တွေမှာ ထွက်ပြေးခိုလှုံနေရပြီး အစားအသောက် ပြတ်လပ်မှုကိုလည်း ကြုံတွေ့နေရတယ်လို့ သိပါတယ်။

မူဆယ် နယ်စပ်ကုန်သွယ်ရေး၊ ပြည်ထောင်စုလမ်းမပေါ် ၊ ကွတ်ခိုင်မူဆယ်မြို့နယ် ကြားမှာ တည်ရှိတဲ့ နမ့်ဖတ်ကာကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၁ထောင်ကျော် ရှိပြီး စစ်တပ်ရဲ့ အခိုင်အမာ အမြောက်တပ်ရင်းလည်း တည်ရှိပါတယ်။

နမ့်ဖတ်ကာမြို့ မြောက်ဘက် မူဆယ် ၁၀၅ မိုင်၊ အနောက်ဘက် နမ့်ခမ်းမြို့နယ် နဲ့ ကွတ်ခိုင်မြို့နယ်တွေကို မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေက သိမ်းဆည်းထားပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button