ခလရ ၄၇

  • Apr- 2025 -
    28 April
    သတင်း

    ဗန်းမော်တိုက်ပွဲ စကခ(၂၁)၊ ခလရ ၄၇ နဲ့ တက္ကသိုလ်ဝင်းနေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ

    ဗန်းမော်မြို့တွင်း သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ ဗန်းမော်တက္ကသိုလ်အပါအဝင်  စကခ (၂၁)၊ ခလရ ၄၇ နဲ့ တခြားစစ်ကောင်စီတပ် နေရာယူထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စကခ(၂၁)၊ ခလရ ၄၇ ၊ စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light Hotel၊ ကန်ဦးကျောင်း၊ အထက(၁) ကျောင်းနဲ့ Galaxy KTV နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်တိုက်ခိုက်လျက်ရှိနေပြီး တိုက်ပွဲပြန်လည်ပြင်းထန်နေတာ ၄ ရက်နေ့မြောက် တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို KIA ရှေ့တန်း သတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက ဒီကနေ့ ဆိုရင် ၄ ရက်ရှိပြီ။ KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်။ မြို့တွင်းဘက်တွေမှာလည်း ရှင်းလင်းတိုက်ခိုက်နေသလို စကခ (၂၁) ဘက်မှာလည်း ဖြစ်နေတယ်။ ခလရ ၄၇ ဘက်မှာလည်းဖြစ်နေတယ်။ တိုက်ပွဲဖြစ်တာ ၄ ရက်အတွင်းမှာ တစ်ချို့ တပ်စခန်းတွေကို ပြန်သိမ်းယူနိုင်ခဲ့တယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲအခြေအနေမှာ KIA ပူးပေါင်းတပ်တွေ စကခ (၂၁) တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်တိုက်ခိုက်နေပြီး စကခ (၂၁) တပ်ရင်းထဲက ဗဟိုကင်းအထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဗန်းမော်မြို့တွင်း စုပေါင်းရုံး၊ စည်ပင်ရုံးနဲ့ ကာကင်းတပ်စခန်းတစ်ချို့ KIA လက်လွတ်လိုက်ရပြီး တိုက်ပွဲပြန်ဖြစ်တဲ့ အခုရက်ပိုင်းအတွင်းမှာပဲ ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသအတွင်းစစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ကချင်စုရပ်ကွက်ရှိ Robert KBC ဘုရားကျောင်းဝင်းနဲ့ စာသင်းကျောင်းတွေမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၂၇ ရက်နေ့ ပြန်လည်လက်လွတ်လိုက်ရတယ်လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ နောက်ပိုင်း ဧပြီလ ၂၅ ရက်နေ့မှာ တစ်ကျော့ပြန် ထိုးစစ်ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေကလည်း ဗန်းမော်လက်မလွတ်ရေးအတွက် လေကြောင်း၊ ခေတ်မှီ ဒရုန် လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗန်းမော်မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့  KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကနေ ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲကာလ ၄ ကြာမြင့်လာတဲ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲဖော်ဆောင်နေရ့သေးသလို လက်ရှိမှာ စစ်တပ်က KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ဖာကန့်ဒေသဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ပါတယ်။ မြေငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာထားတဲ့ စစ်တပ်က ကချင်ပြည်နယ်ထဲက အရေးပါတဲ့ မြို့ကြီး နှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Feb- 2024 -
    12 February
    သတင်း

    ကောင်ဂျာဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိ

    “ဗန်းမော်ဘက်ကနေ လက်နက်ကြီး နဲ့ ပစ်တော့ ကတုတ်ကျင်းမှာ ပုန်းနေကြတာဟုတ်တယ်။ နောက်တော့ သူ့ဝက်တွေကို နေရာသွားရွှေ့အုံးမယ်ဆိုပြီး ထွက်သွားတဲ့ချိန်မှာ လက်နက်ကြီးမှန်ပြီးလူရော ဝက်တစ်ကောင်ရောသေသွားတာ ဟုတ်တယ်”လို့ ပြောပါတယ်။

    Read More »
Back to top button